Wednesday, September 4, 2013

Dot TK Domain Name Free တစ်နှစ်စာ ရယူနည်း ( မြန်မာစာအုပ် )

















Domain Name အကြောင်းကတော့ ဘလော့တွေ ဝက်ဆိုဒ်တွေ ရေးသားသော သူများအတွက် သိပ်ပြီးတော့ ပြောပြစရာ မလိုဘူးလို့ထင်ပါတယ်။

ကျွန်တော်တို့ အင်တာနက်အပေါ်မှာ ဘလော့ဂ်စာမျက်နှာ၊ ဝက်ဆိုဒ်တွေ ရေးသားဖို့အတွက် သက်ဆိုင်ရာ အမည်အလိုက် Domain Name တွေကို အသုံးပြုရပါတယ်။

အခု ကျွန်တော့် ဘလော့ဂ် www.htarwaietar.blogspot.com ဆိုရင် ကိုဂူဂယ်လ်က ဖရီးပေးထားသော .blogspot.com  ဆိုသော ဒိုးမိန်းအမည်ပဲ ဖြစ်ပါတယ်။

ဘယ်ဘလော့ဂ်၊ ဆိုဒ်မဆို ကိုယ့်ရဲ့ စာသားတွေ ဖော်ပြချက်တွေ အင်တာနက်မှာ ရှင်သန်ဖို့ ဒိုမိန်းတစ်ခုခုတော့ အသုံးပြုရမှာပါ။

ပိုက်ဆံတက်နိုင်သော ဘလော့ဂ်တွေကတော့ .net , .com , .org , .info , .edu , .com.mm  စသော ဒိုမိန်းအမည်များကို အခကြေးငွေပေးဝယ်ကာ အသုံးပြုကြတာကို မိတ်ဆွေတို့လည်း တွေ့မှာပါ။

အခုကတော့ .tk အမည်နဲ့ ဒိုမိန်းလေးကို တစ်နှစ်စာ လျှောက်ထားပြီး ကိုယ့်ဘလော့ဂ်လေးအတွက် အသုံးပြုသော နည်းလမ်းအကြောင်းစာအုပ်လေးရထားလို့ ကျွန်တော် ပြန်မျှလိုက်ပါတယ်ခင်ဗျား။

စာအုပ်ကို ရေးသားသူကတော့ Kiddo Monstar  ပဲ ဖြစ်ပါတယ်။ www.kiddomonstar.com ဆိုဒ် ပိုင်ရှင် ဖြစ်ပါတယ်။

စာအုပ်ကို လေ့လာလို့ရအောင် ကျွန်တော် အောက်မှာ ဒေါင်းလုပ်ခ်လင့်ပေးထားပါတယ်ခင်ဗျား။

စာအုပ်ဖိုင်ဆိုဒ်က 504 KB လောက်ပဲ ရှိပါတယ်။

စာအုပ်ထဲမှာ ဖရီးဒိုးမိန်းရယူနည်း၊ နောက် ဘလော့ဂါမှာ ပြန်လည် အသက်သွင်းနည်း စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။


Download


**  S Seven

0 comments:

Post a Comment