Showing posts with label (n) ကွန်ပျူတာ ဗိုင်းရပ်ဆိုင်ရာများ. Show all posts
Showing posts with label (n) ကွန်ပျူတာ ဗိုင်းရပ်ဆိုင်ရာများ. Show all posts

Sunday, February 17, 2013

Explorer.exe ကို ဖျက်ပစ်လိုက်တဲ့ virus လေးအကြောင်း
















ကျွန်တော် https://groups.google.com/forum/?fromgroups=#!topic/myanmaritmen/vGhcvzQFinE  မှာ တင်ထားတာတွေ့လို့ မူရင်းရေးသားချက်အတိုင်း ပြန်တင်ပေးလိုက်ပါတယ် ။

ကျွန်တော့် Game ဆိုင်က စက်တစ်လုံး window တက်လာပြီး mouse ပဲ လှုပ်လိုရတယ်။ ဘာမှလုပ်လို ့မရတော့ဘူး။ Task Manager ပဲဖွင့်လို ့ရတယ်။
အဲ့ဒါဘာဖြစ်လဲလို ့ ကျွန်တော်လိုက်စဉ်းစားလိုက်တော့ task Manager ရဲ ့process ထဲမှာ explorer.exe ကို မတွေ ့ရတော့ဘူး။ ဒါနဲ ့ပဲ ကျွန်တော် ITmen က အကိုတစ်ယောက်ရေးတဲ ့အတိုင်း explorer.exe ကို copy ကူးတာမရဘူး။ ဒါနဲ ့ပဲ ကျွန်တော် နှစ်ရက်လောက် အဲ့ကွန်ပြူတာကို ပစ်ထားလိုက်တယ်။
ကျွန်တော် library ထဲမှာ regedit စာအုပ်တစ်အုပ်တွေ ့တော့ winlogon အကြောင်းဖတ်ကြည့်တာ အဲ့ထဲမှာ explorer.exe က regedit
ထဲမှာဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ရေးထားတယ်။ ကျွန်တော်လဲအဲ့အတိုင်းလိုက်လုပ်ကြည့်တာ အဆင်ပြေသွားတယ်။ ကျွန်တော့်စက်ထဲက
virus က winlogon ရဲ ့shell value data ကို remove လုပ်ပစ်လိုက်တယ်.။

ဘယ်လိုလုပ်ရမလဲ ဆိုတော့

၁.Window တက်လာတဲ့အခါ Task Manager ရဲ ့ new process ကနေ regedit
ကိုဖွင့်ပါ။

၂.HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion
\Winlogon ကိုရောက်အောင်သွားပါ။

၃.အဲ့ဒီအထဲမှာ shell value ကို explorer.exe လို ့ပြောင်းလိုက်ပါ။

၄.Restart လုပ်လိုက်ပါ။

အဆင်ပြေသွားမှာပါ ။

**  Htar Waie Thar  **

Friday, February 15, 2013

Virus ကာကွယ်ရေးအစီအမံ ရ ချက်(Ebook)

















ဗိုင်းရပ်ကာကွယ်ခြင်းအကြောင်း စာအုပ်လေးဒေါင်းလို့ရတာလို့ ပြန်မျှဝေလိုက်မယ်နော် ။

စာအုပ်မှာ Antivirus Program ကို အသုံးချခြင်း အကြောင်းအရာကို အဓိကဖော်ပြထားပါတယ် ။

နောက် ကွန်ပျူတာ မှာ ဖိုင်တွေကို Backup ပြုလုပ်ခြင်းကို လည်းဆွေးနွေးထားတာ တွေ့ရပါတယ် ။

ကျွန်တော်စာအုပ်ကို တော့ ကီးကီးဆိုဒ်က ဒေါင်းထားတာပါ ။

Download

**  Htar Waie Thar  **

Thursday, February 14, 2013

Bot Virus ကာကွယ်ရေးအစီအမံ



















ကျွန်တော် ကီးကီးဆိုဒ်မှာ စာအုပ်တွေဒေါင်းရင်း တွေ့လို့ ပြန်မျှဝေလိုက်ပါမယ် ။

စာအုပ်ထဲမှာ ပါဝင်တာတွေက

၁) Bot ဆိုသည်မှာ
၂)Bot Network ၏ခြမ်းခြောက်မှု
၃)ဘယ်လို ကူးစက်ပြန့်ပွားသလဲဆိုရင်
၄)ကူးစက်ပြန့်ပွားပြီးနောက် လုပ်ဆောင်ပုံ
၅)မိမိကွန်ပျူတာ၏ Version up နှင့် Sever ညွှန်ကြားချက်များ၏ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခြင်း
၆)ယေဘူယျအသုံးပြုသူများ သတိပြုရမည့်အချက်များ

အစရှိသလို ရေးသားထားပါတယ် ။

Download

  **  Htar Waie Thar  **

Saturday, February 2, 2013

Virus Remover Tools သုံးစွဲမှုများ


















ကွန်ပျူတာ ဗိုင်းရပ်များကို သတ်နိုင်သော နည်းလမ်းများတွင် Virus Remover Tools သုံးသောနည်းသည် များစွာအသုံးဝင်သလို လွယ်လည်းလွယ်ကူပါတယ် ။

Virus Remover Tools များကို ကျွန်တော် ထိတွေ့ခဲ့ရတာတော့ OK Virus Cleaner CD တွေထဲမှာပါ ။

Virus Remover Tools များသည် အစွမ်းထက်သော နည်းလမ်းများဖြစ်သလို လွယ်ကူစွာသုံးနိုင်သော်လည်း ဗိုင်းရပ်အမျိုးအစားကို ခွဲခြားနိုင်ဖို့အတွက် ဗဟုသုတများရှိပါမှ သုံးစွဲရနိုင်သော နည်းလမ်းတခုဖြစ်သည် ။

ကျွန်တော်တို့ကသာ ကွန်ပျူတာမှာ ဘယ်လိုမျိုးသော ဗိုင်းရပ်ကိုက်သည်ကို သိရှိပါမှ သူ့ကိုနိှမ်နှင်းနိုင်သော Virus Remover Tools ကိုရွေးချယ်အသုံးပြုနိုင်ပါတယ် ။

ဥပမာ Recycler ကဲ့သို့သော ဗိုင်းရပ်မျိုးဆိုရင် ကျွန်တော်တို့က Recycler Virus Cleaner ကိုအသုံးပြုတာနှင့် အဆင်ပြေသွားပါလိမ့်မည် ။

Virus Remover Tools ကိုအသုံးပြုရတာ လွယ်ကူသော အနေအထားမှာ ရှိသည်ဖြစ်သော်လည်း ကျွန်တော်ပြောသလို Virus နှင့်ပက်သက်သော ဗဟုသုတရှိပါမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ် ။

ဒီတော့ ကျွန်တော်တို့က ဗိုင်းရပ်များ၏ ပုံစံအနေအထားများကို ပထမဆုံးလေ့လာခြင်းဟာ ကောင်းမွန်သော ချဉ်းကပ်မှုပါပဲ ။

ဥပမာ ကွန်ပျူတာတလုံးဟာ ဗိုင်းရပ်ကိုက်သည် Folder များကို .exe အဖြစ်သို့ပြောင်းလဲသည် ။ ထိုကဲ့သို့သော Virus များကို အကြမ်းဖျဉ်း Folder.exe Virus လို့သတ်မှတ်ကာ သူနှင့်အကိုက်ညီဆုံးသော Virus Remover Tools ကို ရွေးချယ်ကာ ဖြေရှင်းနိုင်ပါတယ် ။

နောက်ထပ်ဥပမာ တခုက Copy of shortcut 1,2,3,4 Virus ပုံစံပါ ။ ထိုဗိုင်းရပ်ကိုက်ပါက Memory Stick တွေမှာ Copy of shortcut 1,2,3,4 စသော အရာလေးခုရောက်လာပါတယ် ။ ကျွန်တော်တို့က ထိုဗိုင်းရပ်ကို Copy of shortcut Virus လို့ခေါ်ဆိုကာ Virus Remover Tools ဖြင့်ဖြေရှင်နိုင်သွားတာမျိုးတွေ ရှိခဲ့ပါတယ် ။

ဗိုင်းရပ်တွေရဲ့ သတင်းကို မြန်မာအင်တာနက်ဂျာနယ် နှင့် မြန်မာ ဘလော့တွေမှာ ဖော်ပြပေးလေ့ရှိပါတယ် ။

ဗိုင်းရပ်တွေရဲ့ Remover Tools တွေနဲ့ ပုံစံတွေ ဖြေရှင်းနည်းတွေကို ဖော်ပြပေးတက်ပါတယ် ။

ကျွန်တော် Virus Remover Tools တွေ Share လုပ်ပေးသော Site တစ်ခုကို ညွှန်းချင်တာက http://www.scanwith.com  ပါ ။

ထို ဆိုဒ်မှာ Virus Remover Tools တွေ Share လုပ်ပေးပါတယ်ခင်ဗျား ။

Virus Remover Tools ကို အသုံးပြုခြင်းများဟာ Anti-Virus တင်ထားတာလောက်အလုပ်မရှုပ်သော်လည်း Virus များရဲ့ အနေအထားလေးတွေကို သိရှိပါမှ သုံးပြုနိုင်သော နည်းလမ်းတခုလို့ ရေးသာလိုက်ရပါတယ် ခင်ဗျား ။

                                                        **  Htar Waie Thar  **

Malware Cleaner


















Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ ့virus လို program တွေပါပဲ..

အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရ့ဲ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်...

Malware တစ်ခုမှာ Computer Virus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါ၀င်လေ့ရှိပါတယ်...

ကဲ့ဒီ မကောင်းတဲ့ Malware တွေကိုဖြေရှင်းဖို့ လက်နက် ကွန်ပျူတာမှာ တပ်ဆင်ဖို့လိုပြီလို့ထင်တယ် ။

Malware တွေပပျောက်စေချင်ရင် Malware Clener လေးကို ကွန်ပျူတာမှာ တပ်ထားလိုက်ပေါ့ဗျား ။

လိုချင်သူများ Download ဆွဲကြပါ ။

File Size က 12 MB လောက်ရှိပါတယ် ။

Download   

                           **  Htar Waie Thar  **









Virus တွေ အသုံးများသော Super Hidden

















ကျွန်တော် အရင်ကတော့ Super Hidden ပြုလုပ်ပုံကို မသိပါဘူး ။

ကျွန်တော် ဆရာသန်းထိုက် ရွှေရိပ် ရဲ့ ကွန်ပျူတာပိုးမွှားများနှင့် ခုခံကာကွယ်ရေးနည်းပညာ စာအုပ်ကို ဖတ်တော့မှ သိလာပါတယ် ။

ကျွန်တော်တို့ Windows OS System တွေမှာ File,Folder တွေကို Hidden ( ဖုံးကွယ် ) ထားလို့ရပါတယ် ။

ပြုလုပ်ပုံက File , Folder > Right Click > Properties > Properties ကိုရောက်ရင် General Tab ရဲ့အောက်ဆုံးမှာ Read Only , Hidden စတာတွေရှိပါတယ် ။

Hidden ကို Check လုပ်ပါက ကွန်ပျူတာမှာ Hidden ပြုလုပ်ထားသော ဖိုင်ကို မြင်ရတော့မှာ မဟုတ်ပါဘူး ။

ပြန်လည်မြင်ချင်ပါက Folder Options > View > Show Hidden Files and Folders ကို Checked ကို ပြုလုပ်ပါက Hidden လုပ်ထားသော Files , Folders များကို မှိန်မှိန်လေးမြင်ရပါတယ် ။

ပုံမှန်အတိုင်းပြန်ဖြစ်ချင်ပါက ထို Files , Folders > Right Click > Hidden ကို Uncheck ပြုလုပ်တာနဲ့ ရပါပြီ ။

ဒါ ကျွန်တော်တို့ အရင်က သိခဲ့သော ပုံစံပါ ။

Super Hidden ကတော့ Hidden ပြုလုပ်သော အဆင့်ကို လုပ်ပြီးတာနှင့် Registery Editor ထဲတွင် Value တစ်ခုဝင်ရေးလိုက်တာပါ ။

ရေးသည့်ပုံစံက HKEY_LOCAL_MACHINE >SOFTWARE>Microsoft>Windows>CurrentVersion>Explorer>Advanced>Folder>Hidden>SHOWALL စသော အဆင့်ဆင့်ဝင်ရောက်ပြီး SHOWALL ၏ညာဘက်ချမ်း CheckedValue > Right Click > Modify > Value နေရာတွင် 1 ဖြစ်နေတာကို 0 ပြန်ပြင်ရေးလိုက်တာပါ ။

ထိုကဲ့သို့ Super Hidden လုပ်လိုက်ပါက Hidden လုပ်ထားသော Files,Folders များကို Folder Options ဖြင့်ပြန်လည် မဖော်နိုင်တော့ပါ ။

Folder Options ထဲ Show Hidden လုပ်သော်လည်း နောက်တကြိမ်ပြန်ဖွင့်ပါက Don't Show ကိုသာ မြင်ရပါမည် ။ဘယ်လောက် Show လုပ်လုပ် Don't Show ကိုသာ ပြန်လည်ရရှိမှာ ဖြစ်ပါတယ် ။

Registery Editor ထဲသို့သွားရောက်ကာ SHOWALL , CheckedValue ကို 1 လို့ပြန်ပြင်ပါမှ Folder Options ဖြင့် Files, Folders များကို ဖော်နိုင်မှာဖြစ်ပါတယ် ။

                                             **  Htar Waie Thar  **

Thursday, January 31, 2013

Shortcut Virus ကို အပြတ်သတ်ရှင်းမယ်
















ကွန်ပျူတာ ဗိုင်းရပ်တွေထဲမှာ Shortcut Virus ဟာအတော်ကို အာရုံနောက်စေပါတယ် ။

အဲဒီ Virus ကိုကူးလို့ကတော့ USB Stick တွေမှာ Folder တွေကလည်း Shortcut တြွေဖစ်လို့ဖြစ် ကွန်ပျူတာ Folder တွေကလည်း Shortcut တြွေဖစ်လို့ဖြစ် ရှုပ်နေတာပါပဲ ။

ကျွန်တော်ကတော့ အကူးမခံရပါဘူး ကျွန်တော်ကူညီဖူးသော စက်တွေမှာတွေ့ဖူးတာပါ ။

အခုတော့ Shortcut Virus ကိုဖြေရှင်းနိုင်တဲ့ Tools ကောင်းကောင်းတွေ့ထားပါပြီး ။

ကျွန်တော်သုံးတာတော့ အဆင်ပြေပါတယ် ။

ကျွန်တော် ithelper ဘလော့က မလာတာပါ ။

လိုချင်သူများ Download လုပ်ကြပါ ။

Download

                                                **  Htar Waie Thar  **

Wednesday, January 30, 2013

Incaseformat.txt Virus (recycler virus) Remover Tools
















ကျွန်တော်တွေ့ဖူးသော စက်မှာ ကိုက်သော Virus ကို ဖြေရှင်းပေမဲ့ Remover Tool လေးရလာပါပြီ ။

ကျွန်တော် မြန်မာမိသားစု ဖိုရမ်မှာ မေးမြန်းရင်းရလာသော Virus Remover Tools လေးပါ ။

Virus ကူးစက်ခံရသော ကွန်ပျူတာမှာ Local Disk D:, E: စသော Disk တွေမှာ Incaceformat.txt ဆိုတာပဲပေါ်ပါတယ် ။ ကျန် Folder များမရှိတော့ပါ ။

Stick တွေကွန်ပျူတာမှာ ထိုးလိုက်ပါကလည်း Folder များ ပျောက်သွားပြီး recycler Folder တစ်ခုပိုလာတာတွေ့နိုင်မှာပါ ။

ကျွန်တော်က recycler virus  killer ကို အသုံးပြုတာ အဆင်ပြေသွားပါတယ် ။

Download

                                                                  **  ကိုကိုဇော်  **

Serverx.exe ကို သတ်ပစ်ဖို့နည်းလမ်းတစ်ခု


















ကျွန်တော် http://mmithelper.blogspot.com က မလာတာပါ ။
သူ့ပို့စ်အတိုင်းပဲ ပြန်ရေးသားလိုက်ပါမယ်။

erverx.exe ဟာ Web ပေါ်ကနေကူးစက်လာတဲ့ malicious အသစ်စက်စက် တစ်မျိုးဖြစ်ပါတယ်.. အဲဒီကောင် ကိုက်ရင် Taskmanager , registry editor နဲ့ folder option တွေကို Disable လုပ်ပစ်ပါတယ်.. Internet Explorer, MSN, NetMeeting, Outlook Express တွေကို သူ့ဖိုင်တွေနဲ့ ချိတ်ဆက်လိုက်ပါတယ်.. ဆိုလိုတာက Internet Explorer, MSN, NetMeeting, Outlook Express တွေကို သုံးရင် သူ့ဖိုင်ကို သုံးတာနဲ့ အတူတူပဲပေါ့..

ဒီတော့ manual နည်းနဲ့ အရင်သတ်ကြည့်ရအောင်..
ကျွန်တော်အကြံပေးချင်တဲ့နည်းလမ်းကတော့.
Hiren's Boot CD နဲ့ ၀င်းဒိုးတက်ပါတယ်.. ပြီးတော့
C:\windows\system32\Serverx.exe
C:\windows\system32\autorun.ini
C:\windows\IEXPLOREi.exe
C:\windows\system32\IEXPLOREi.exe
C:\windows\system32\WORD.exe ဖိုင်ကို ဖျက်ပစ်ရပါမယ်... Hiren နဲ့ ၀င်းဒိုးတက်တဲ့အခါ C လို့တော့ တစ်ထစ်ချ ပုံသေမှတ်ယူလို့မရပါဘူး.. Windows ရှိတဲ့ Partition ကို C လို့သတ်မှတ်ရမှာဖြစ်ပါတယ်..
တကယ်လို့အထက်မှာဖေါ်ပြခဲ့တဲ့ ဖိုင်တွေမဟုတ်ရင်
C:\windows\system32\Serverx.exe
C:\AUTORUN.INF
C:\explorer.exe
C:\windows\system32\iexplorer.exe
C:\windows\system32\wuauc1t.exe
C:\windows\system32\urlurl.dll  ဖိုင်တွေကို ရှာပြီးဖျက်ပစ်ရပါမယ်..
ပြီးတော့ registry ထဲကို ၀င်ပြီး
HKCU\Software\Microsoft\Windows\CurrentVersion\Run\Yahoo Messengger: “%SysDir%\IEXPLOREi.exe”
HKLM\Software\Microsoft\Windows NT\CurrentVersion\Winlogon\Shell: “Explorer.exe IEXPLOREi.exe”  ကီးတွေကို Delete လုပ်ပစ်ရပါမယ်..

## Hiren's Boot CD နဲ့ ၀င်းဒိုးတက်သော ကိစ္စတွင် Safemode ဖြင့််လည်း Windows တက်နိုင်ပါကလည်း တက်နိုင်ပါတယ် ခင်ဗျား Safemode ကို ကွန်ပျူတာ ပါဝါဖွင့်ပြီးတာနဲ့ F8 Key ကိုနှိပ်ထားခြင်းဖြင့် အသုံးပြုနိုင်ပါတယ် ။   ** Htar Waie Thar 

Software ဖြင့်သတ်သော နည်းလမ်းကိုလည်း မူရင်းပို့စ်မှာ ဖော်ပြထားပါတယ် ။မူရင်းပို့စ် Link က

http://mmithelper.blogspot.com/2013/01/serverxexe.html

Saturday, January 26, 2013

Anti-Virus Software များသုံးစွဲရာတွင်

















ကွန်ပျူတာ ဗိုင်းလ်ရပ် တွေအတွက် လူတော်တော်များများက Anti-Virus Software များကို သုံးစွဲကြပါတယ် ။

Anti-Virus Software တွေကို Free Version ဖြင့့့်ဖြန့်ချီသလို့ အခကြေးငြွေဖင့်လည်း ဝယ်ယူသုံးစွဲနိုင်ပါတယ် ။

Cracked Version များကိုလည်းသုံးစွဲသူတွေမနည်းတာ တွေ့ရပါတယ် ။

Anti-Virus Software များသုံးစွဲသည့်အခါ သိသင့်သော အချက်အနည်းငယ်ကို ကျွန်တော် Share လုပ်ပါမယ် ။


** ကွန်ပျူတာ စနစ်တခုတည်းမှာ Anti-Virus Program နှစ်ခု၊သုံးခု တင်မသုံးသင့်ပါ ။

တချို့သော ကွန်ပျူတာအသုံးပြုသူများက ကွန်ပျူတာမှာ Anti-Virus Program ကို နှစ်မျိုး ၊သုံးမျိုး တင်သုံးတက်ပါတယ် ။

လုံးဝမလုပ်သင့်ပါ ။  ကိုယ် အကြိုက်ဆုံး Anti-Virus Program တစ်မျိုးကိုပဲ တင်သုံးသင်ပါတယ် ။

မဟုတ်ပါက Anti-Virus Program တစ်မျိုး Scan လုပ်နေစဉ် နောက် Anti-Virus Program ကို Virus ဆိုပြီး ဖျက်ဆီးတက်ပါတယ် ။


** Up To Date ဖြစ်အောင် မြဲလုပ်ထားပါ ။

Virus များသည် နေ့စဉ်နှင့်အမျှ ထွက်ပေါ်လာသည့်အတွက် Virus Definition ( Update ) များကို အမြဲလုပ်ပေးရပါမယ် ။

Free Version Anti-Virus Program များအတွက်က Data Base ကို Update လုပ်ပေးသင့်ပါတယ် ။

Virus Definition ( Update ) များကို Online , Offline ပုံစံနှစ်မျိုးဖြင့် ရယူနိုင်ပါတယ် ။


**  Cracked Version Anti-Virus Program အသုံးပြုသူများ ရှောင်သင့်သည်မှာ ။

Anti-Virus Program ကို Free Version သုံးသူများအနေဖြင့် Database Update , Definition Update ကို Online မှ တိုက်ရိုက်ရယူနိုင်သော်လည်း Cracked သုံးသူများ Online မှ Update လုပ်ခြင်းကို ရှောင်သင့်ပါတယ် ။

မဟုတ်ပါက Program ပြဿနာများရှိလာတက်ပါတယ် ။


**  မပြီးပြည့်စုံသော Anti-Virus

Anti-Virus Program ကို အမြဲ Update လုပ်ပြီးသုံးပေမဲ့လည်း Virus များ ကွန်ပျူတာတွင် မကိုက်နိုင်ဘူးလို့မထင်ပါနဲ့ ။

တချို့သော Virus များသည် Anti-Virus ၏ အားနည်းချက်ကို ရယူကာ ဝင်ရောက်တက်ကြပါသည် ။

သို့သော်လည်း Anti-Virus Program ကိုသာ အသုံးပြုလို့ကတော့ Virus တွေကို 75% လောက်တော့ စိတ်အေးရတာပေါ့ဗျာ ။

                                                                             **  Htar Waie Thar  **

Sunday, January 20, 2013

Virus ကြောင့် ပျောက်နေတဲ့ USB, Memory Card ထဲက ဖိုင်တွေ ပြန်ရှာမယ်






















www.winkabarkyaw.blogspot.com မှ ပို့စ်ကို Share လုပ်ထားခြင်းသာ ဖြစ်သည် ။

အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ USB Memory Card လေး ထဲကို Virus ဝင်သွားပြီး
အထဲမှာရှိတဲ့ အချက်အလက်တွေ ရှာမတွေ့တော့ဘူး ဆိုရင် စိတ်ပျက်မသွားပါနဲ့။ USB Show ဆိုတဲ့ ဆော့ဖ်ဝဲလေးက ကူညီ ဖြေရှင်း ပေးပါလိမ့်မယ်။ ဒီဆော့ဖ်ဝဲ လေးရဲ့အကူအညီနဲ့ ကိုယ့်ရဲ့ပျောက်ကွယ် နေတဲ့ ဒေတာ အချက်အလက်တွေကို ပြန် ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလေးဟာ ဆိုရင် 190 KB သာရှိလို့ အလွန် ပေါ့ပါးသေး ငယ်ပြီး သူ့ကို အသုံးပြုဖို့အတွက် Install လုပ်ပေးစရာလည်း လိုမှာမဟုတ် ပါဘူး။ ဆော့ဖ်ဝဲကို ဖွင့်လိုက်ပြီးတာနဲ့ Remover hide files ဆိုတဲ့နေရာလေး ကို နှိပ်လိုက်ပြီး ကွန်ပျူတာထဲမှာရှိတဲ့ မိမိရဲ့ USB Device ကိုညွှန်ပေးလိုက် တာနဲ့ Virus က ဝှက်ထားတဲ့ဖိုင်တွေ ကို အလိုအလျောက် ဖော်ထုတ် ပေးသွား မှာပါ။ ပြီးသွားရင်တော့ USB, Memory Card ကို ကွန်ပျူတာမှာသွားကြည့်လိုက် ရင် ပျောက်သွားတဲ့ဖိုင်တွေ အကုန်ပြန် ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ USB Show ဆော့ဖ်ဝဲလေးကို အသုံးပြုချင် တယ်ဆိုရင်တော့ အောက်က Link မှတဆင့်Download  ပြုလုပ်ပြီး ရယူသုံးစွဲနိုင်ပါတယ်။
 
 

                                                                **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Saturday, January 5, 2013

Zaw Gyi Fonts နဲ့ Virus များကိုလှည့်စားမယ်















ကျွန်တော်တို့ ကွန်ပျူတာတွေမှာ Virus တွေကိုက်တဲ့ အခါ Folder တွေက Folder.exe အဖြစ်သို့ပြောင်းသွားတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြပါတယ် ။

အဲ့လို Folder.exe ပြောင်းသွားတာဟာ Virus program ရဲ့ ဖြစ်စဉ်တစ်ခုပါပဲ ။

အဲ့လိုမျိုး Virus ကို ဥပမာ အနေနဲ့ ပြောရရင် ကျွန်တော်စက်က Virus ကိုက်နေတဲ့ စက်ဆိုပါတော့ Virus က Local Disk D မှာ ရှိသမျှ Folder တွေကို ပြောင်းမယ်လို့ရေးထားပါက ကျွန်တော်စက် Local Disk D: က Folder များကို ဖွင့်လို့ရတော့မည် မဟုတ်တော့ပါ ။

Virus က ရှိသမျှ Folder များကို exe files အဖြစ်သို့ပြောင်းလဲလိုက်သော ကြောင့်ဖြစ်သည် ။

Virus ကြောင့် exe files အဖြစ်ရောက်သွားတဲ့ Folder တွေကို Show လိုက်တော့ ထူးခြားတာ တစ်ခုတွေ့ပါတယ် ။

အဲ့ဒါဘာလဲဆိုတော့ Virus ကိုက်ထားတဲ့ Folder Name အားလုံးက English Name တွေပဲ ဥပမာ Music, Video .

ကျွန်တော်က Zawgyi Font အကူနဲ့ Folder တွေကို မြန်မာလိုပေးပြီး Virus ကိုက်မယ့် နေရာမှာ Folder ကို သွားထားတော့ Virus က အဲ့ဒီ မြန်မာလို Folder ကို exe file မပြောင်းတော့ဘူးဗျ ။

 အဲ့တော့ ကျွန်တော်တို့စက်တွေမှာ ရှိတဲ့ Folder တွေကို မြန်မာလိုသာပေးထားရင် Folder တွေကို ဖျောက်ပြီး exe files ပြောင်းမယ့် Virus တွေအားလုံးတိုင်ပတ် ကုန်မှာ သေချာပါတယ် ။

Folder တွေကို zawgyi font နဲ့ မြန်မာလိုပေးချင်ပါက မြန််မာစာ ပြဿနာဖြေရှင်းနည်းများ က နည်းလမ်းများကို အသုံးပြုနိုင်ပါတယ် ။


                                                                               **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Friday, November 23, 2012

Startup Service နဲ့ Auto play စနစ် ကိုပိတ်ပြီး Virus ကာကွယ်နည်း















ဒီတခါ ကျနော်ရေးမှာက Windows Operating System ရဲ့ Startup Service နဲ့ Auto play စနစ်ကို ပိတ်ပြီး Computer ကို အသုံးပြုတဲ့ ပုံစံပါ...

Startup Service ကို ပိတ်ခြင်း...

Windows စနစ်မှာ Computer ကို ဖွင့်လိုက်တာနဲ့ Windows စနစ်တခုထဲ မတက်ပဲ တခြား Program တွေကိုပါ တခါတည်းခေါ်တင်လာပါတယ်...

အဲ့ဒီတော့ Virus ရှိပါက Virus Program က ကွန်ပျူတာ စတက်တဲ့ Program တွေကိုမှီပြီး သူပါရောယာင်ပြီး  Computer မှာ Run ပါတယ်...

အဲ့ဒီအတွက် ကျနော်ကတော့ ကျနော့်စက်မှာ Startup Service ကိုပိတ်ထားတာပါ...

Startup Service ပိတ်တဲ့ပုံစံကို ကျနော်ပုံတွေနဲ့အောက်မှာ ပြထားပါတယ်...
























Auto Play Service ကို ပိတ်ခြင်း...

Auto Play Service ဆိုတာကတော့ Windows က DVD တို့ Memory Stick တို့ ကို Computer နဲ့ချိတ်ဆက်တာနဲ့ Stick , DVD မှာဘာတွေပါတယ် သီချင်းဆို ဘယ်Program နဲ့ ဖွင့်ရမှာကို စုံစမ်းစစ်ဆေးတဲ့ စနစ်ပါ...

Memory Stick ထဲမှာ Virus ရှိပါက Auto Play Service Run တဲ့အချိန်မှာ Computer ထဲကို သူဘာသာသူ သွားပြီးနေထိုင်စားသောက်တော့တာပဲ...

အဲ့ဒီတော့ ကျနော်က Auto Play Service ကိုလည်းပိတ်ပါတယ်...

Auto play service ပိတ်တဲ့နည်းကို ကျနော်က အောက်မှာ ပုံတွေနဲ့လုပ်ပြထားပါတယ်...


































Thursday, November 15, 2012

ကွန်ပျူတာမှာ Virus အကိုက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခြင်း။















Antivirus Software တင်မထားမိလို့ မစိုးရိမ်ပါနဲ့။
Software မရှိဘဲ စစ်တဲ့ နည်းတွေ တော်တော်များများ ရှိပါတယ်။
အရင်ဆုံး စစ်သင့်တာက….

    * Tools Menu က Folder Options ပျောက်နေ ပါသလား။
    * Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
    * Administrator Account ဖြစ်ရဲ့ သားနဲ့ Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
    * Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
    * Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
    * Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
    * Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
    * Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။
    * My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ ့ နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)
    * Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, New Folder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ််ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Format ချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )

အထက်ပါ အချက်တွေထဲက တစ်ခုခု ခင်ဗျားစက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။