Saturday, February 2, 2013

Virus တွေ အသုံးများသော Super Hidden

















ကျွန်တော် အရင်ကတော့ Super Hidden ပြုလုပ်ပုံကို မသိပါဘူး ။

ကျွန်တော် ဆရာသန်းထိုက် ရွှေရိပ် ရဲ့ ကွန်ပျူတာပိုးမွှားများနှင့် ခုခံကာကွယ်ရေးနည်းပညာ စာအုပ်ကို ဖတ်တော့မှ သိလာပါတယ် ။

ကျွန်တော်တို့ Windows OS System တွေမှာ File,Folder တွေကို Hidden ( ဖုံးကွယ် ) ထားလို့ရပါတယ် ။

ပြုလုပ်ပုံက File , Folder > Right Click > Properties > Properties ကိုရောက်ရင် General Tab ရဲ့အောက်ဆုံးမှာ Read Only , Hidden စတာတွေရှိပါတယ် ။

Hidden ကို Check လုပ်ပါက ကွန်ပျူတာမှာ Hidden ပြုလုပ်ထားသော ဖိုင်ကို မြင်ရတော့မှာ မဟုတ်ပါဘူး ။

ပြန်လည်မြင်ချင်ပါက Folder Options > View > Show Hidden Files and Folders ကို Checked ကို ပြုလုပ်ပါက Hidden လုပ်ထားသော Files , Folders များကို မှိန်မှိန်လေးမြင်ရပါတယ် ။

ပုံမှန်အတိုင်းပြန်ဖြစ်ချင်ပါက ထို Files , Folders > Right Click > Hidden ကို Uncheck ပြုလုပ်တာနဲ့ ရပါပြီ ။

ဒါ ကျွန်တော်တို့ အရင်က သိခဲ့သော ပုံစံပါ ။

Super Hidden ကတော့ Hidden ပြုလုပ်သော အဆင့်ကို လုပ်ပြီးတာနှင့် Registery Editor ထဲတွင် Value တစ်ခုဝင်ရေးလိုက်တာပါ ။

ရေးသည့်ပုံစံက HKEY_LOCAL_MACHINE >SOFTWARE>Microsoft>Windows>CurrentVersion>Explorer>Advanced>Folder>Hidden>SHOWALL စသော အဆင့်ဆင့်ဝင်ရောက်ပြီး SHOWALL ၏ညာဘက်ချမ်း CheckedValue > Right Click > Modify > Value နေရာတွင် 1 ဖြစ်နေတာကို 0 ပြန်ပြင်ရေးလိုက်တာပါ ။

ထိုကဲ့သို့ Super Hidden လုပ်လိုက်ပါက Hidden လုပ်ထားသော Files,Folders များကို Folder Options ဖြင့်ပြန်လည် မဖော်နိုင်တော့ပါ ။

Folder Options ထဲ Show Hidden လုပ်သော်လည်း နောက်တကြိမ်ပြန်ဖွင့်ပါက Don't Show ကိုသာ မြင်ရပါမည် ။ဘယ်လောက် Show လုပ်လုပ် Don't Show ကိုသာ ပြန်လည်ရရှိမှာ ဖြစ်ပါတယ် ။

Registery Editor ထဲသို့သွားရောက်ကာ SHOWALL , CheckedValue ကို 1 လို့ပြန်ပြင်ပါမှ Folder Options ဖြင့် Files, Folders များကို ဖော်နိုင်မှာဖြစ်ပါတယ် ။

                                             **  Htar Waie Thar  **

0 comments:

Post a Comment