Thursday, November 15, 2012

ကွန်ပျူတာမှာ Virus အကိုက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခြင်း။















Antivirus Software တင်မထားမိလို့ မစိုးရိမ်ပါနဲ့။
Software မရှိဘဲ စစ်တဲ့ နည်းတွေ တော်တော်များများ ရှိပါတယ်။
အရင်ဆုံး စစ်သင့်တာက….

    * Tools Menu က Folder Options ပျောက်နေ ပါသလား။
    * Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
    * Administrator Account ဖြစ်ရဲ့ သားနဲ့ Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
    * Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
    * Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
    * Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
    * Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
    * Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။
    * My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ ့ နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)
    * Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, New Folder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ််ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Format ချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )

အထက်ပါ အချက်တွေထဲက တစ်ခုခု ခင်ဗျားစက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။

2 comments: