Saturday, January 26, 2013

Anti-Virus Software များသုံးစွဲရာတွင်

















ကွန်ပျူတာ ဗိုင်းလ်ရပ် တွေအတွက် လူတော်တော်များများက Anti-Virus Software များကို သုံးစွဲကြပါတယ် ။

Anti-Virus Software တွေကို Free Version ဖြင့့့်ဖြန့်ချီသလို့ အခကြေးငြွေဖင့်လည်း ဝယ်ယူသုံးစွဲနိုင်ပါတယ် ။

Cracked Version များကိုလည်းသုံးစွဲသူတွေမနည်းတာ တွေ့ရပါတယ် ။

Anti-Virus Software များသုံးစွဲသည့်အခါ သိသင့်သော အချက်အနည်းငယ်ကို ကျွန်တော် Share လုပ်ပါမယ် ။


** ကွန်ပျူတာ စနစ်တခုတည်းမှာ Anti-Virus Program နှစ်ခု၊သုံးခု တင်မသုံးသင့်ပါ ။

တချို့သော ကွန်ပျူတာအသုံးပြုသူများက ကွန်ပျူတာမှာ Anti-Virus Program ကို နှစ်မျိုး ၊သုံးမျိုး တင်သုံးတက်ပါတယ် ။

လုံးဝမလုပ်သင့်ပါ ။  ကိုယ် အကြိုက်ဆုံး Anti-Virus Program တစ်မျိုးကိုပဲ တင်သုံးသင်ပါတယ် ။

မဟုတ်ပါက Anti-Virus Program တစ်မျိုး Scan လုပ်နေစဉ် နောက် Anti-Virus Program ကို Virus ဆိုပြီး ဖျက်ဆီးတက်ပါတယ် ။


** Up To Date ဖြစ်အောင် မြဲလုပ်ထားပါ ။

Virus များသည် နေ့စဉ်နှင့်အမျှ ထွက်ပေါ်လာသည့်အတွက် Virus Definition ( Update ) များကို အမြဲလုပ်ပေးရပါမယ် ။

Free Version Anti-Virus Program များအတွက်က Data Base ကို Update လုပ်ပေးသင့်ပါတယ် ။

Virus Definition ( Update ) များကို Online , Offline ပုံစံနှစ်မျိုးဖြင့် ရယူနိုင်ပါတယ် ။


**  Cracked Version Anti-Virus Program အသုံးပြုသူများ ရှောင်သင့်သည်မှာ ။

Anti-Virus Program ကို Free Version သုံးသူများအနေဖြင့် Database Update , Definition Update ကို Online မှ တိုက်ရိုက်ရယူနိုင်သော်လည်း Cracked သုံးသူများ Online မှ Update လုပ်ခြင်းကို ရှောင်သင့်ပါတယ် ။

မဟုတ်ပါက Program ပြဿနာများရှိလာတက်ပါတယ် ။


**  မပြီးပြည့်စုံသော Anti-Virus

Anti-Virus Program ကို အမြဲ Update လုပ်ပြီးသုံးပေမဲ့လည်း Virus များ ကွန်ပျူတာတွင် မကိုက်နိုင်ဘူးလို့မထင်ပါနဲ့ ။

တချို့သော Virus များသည် Anti-Virus ၏ အားနည်းချက်ကို ရယူကာ ဝင်ရောက်တက်ကြပါသည် ။

သို့သော်လည်း Anti-Virus Program ကိုသာ အသုံးပြုလို့ကတော့ Virus တွေကို 75% လောက်တော့ စိတ်အေးရတာပေါ့ဗျာ ။

                                                                             **  Htar Waie Thar  **

0 comments:

Post a Comment