Tuesday, January 21, 2014

Anti-Virus Software တွေကို ဘယ်လိုရွေးချယ်မလဲ
















ယနေ့တိုးတက်နေသော ခေတ်ထဲမှာ အင်တာနက်ကို အသုံးပြုသူတွေဟာ မြန်မာမှာဆိုရင် များသထက်များလာပါတယ်။

အင်တာနက်ဆိုရင်ဖြင့် အသုံးပြုသူများ သိတဲ့အတိုင်းပဲ ဗိုင်းရပ်များ အစပြုရာ၊ ဖြန့်ဝေရာ နေရာ တစ်ခုလို့လဲ ပြောလို့ရပါတယ်။

ဒီဘက်ခေတ်မှာဆိုရင် ဗိုင်းရပ်တွေကဆိုရင်ဖြင့် ကွန်ပျူတာတွေသာမက၊ Smart Phone , Tablet Computer တွေအထိ ပြန့်နံ့နေထိုင်နိုင်ပါတယ်။

ဒီတော့ ကျွန်တော်တို့ အနေနဲ့ ကွန်ပျူတာကိုပဲ သုံးသုံး၊ ဖုန်းပဲသုံးသုံး၊ သင်ပုန်းကွန်ပျူတာကိုပဲ သုံးသုံး ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်လက်တွေ မဆုံးရှုံးဖို့နဲ့ ဗိုင်းရပ်တွေ မဝင်အောင် Anti-Virus တွေထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

Anti-Virus တွေဆိုရင် အခု မြန်မာနိုင်ငံမှာလည်း လိုင်စင်နဲ့ တရားဝင်ဝယ်လို့ရတာတွေလည်း အတော်ကို များပြားပါတယ်။

ဒါကြောင့် ကိုယ်ကြိုက်ရာ ဆော့ဝဲလ်ကို ရွေးခွင့်ရှိသော အနေအထားတစ်ခုကို ရောက်နေပါတယ်။

Anti-Virus တွေများစွာရှိသည့်အနက် မိမိစက်နှင့် ကိုက်ညီမှု၊ Anti-Virus ရဲ့ စွမ်းဆောင်ရည်ကောင်းမှုတွေကို မှန်ကန်အောင် ရွေးချယ်ဖို့ကလည်း အတော်ကို အရေးကြီးပါတယ်။


ဒါကြောင့် ကျွန်တော် Anti-Virus တွေရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပေးသော ဆိုက်လေးတစ်ခုကို ညွန်းပေးပါမယ်။

http://www.av-test.org/en/home/  


အဲ့မှာ ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေသော Anti-Virus တွေရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြထားပါတယ်ခင်ဗျား။

အဲ့ဒီဆိုက်မှာ စမ်းသပ်ထားသော ရလဒ်များကတော့ Home Users တွေအတွက် Windows XP, Windows Vista, Windows 7 , Windows 8

Corporate User တွေအတွက် Windows XP, 7 and 8

Mobile User တွေအတွက် Android OS


အစရှိသော ကွဲပြားသည့် OS များစွာမှာ Anti-Virus အမျိုးမျိုးရဲ့ Security ( ဗိုင်းရပ်သတ်နိုင်အား) ၊ Performance and User Friendship အစရှိတာများကို စမ်းသပ်ထားပါတယ်ခင်ဗျား။

မိမိနှစ်သက်သလို စိတ်ကြိက် ဆုံးဖြတ်ချက်ချနိုင်ပါတယ်ခင်ဗျား။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiehtar.blogpsot.com

0 comments:

Post a Comment