Sunday, November 24, 2013

Wireless Rounter Setting ချပြီး အသုံးပြုပုံ

















အခုနည်းလမ်းကတော့ သိပြီးသားလူတွေက သိပြီးသား ဖြစ်မှာပါ။ ကျွန်တော်လည်း ကျွန်တော် သိသလိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်ခင်ဗျား။

လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း လုပ်ဆောင်သည်-

(၁) ချိန်ဆက်မည့် Wireless Router ရှိ WAN ပေါက်တွင် အင်တာနက် ရရှိသည့် Cable ကြိုးကို တပ်ဆင်ပြီး WLAN ပေါက်တွင် Desktop Computer တစ်လုံး၌ တပ်ဆင်လေ၏။

(၂) ထို့နောက် Internet Explore or Firefox  ကို ဖွင့်၍ 192.168.1.1 ကို ရိုက်ဖွင့်လေ၏။ ( တစ်ချို့သော Rounter တွေက 192.168.0.1  ဖြစ်နေတက်ပါတယ်။ စက်မှာ ကြည့်နိုင်ပါတယ်။ )

(၃) Box တစ်ခု ကျလာလျှင် User = admin နှင့် Password = admin ကို ရိုက်ဖွင့်လေ၏။

(၄) TP Link ထဲသို့ ရောက်ပါက Quick Start ကို နှိပ်ပါ။ Next ကို နှိပ်ပါ။

(၅) Static IP ကို ရွေးပြီး Next ကို နှိပ်ပါ။

(၆) IP Address , Subnet Mask, Default Gateway , Primary DNS , Secondary DNS တို့ကို ဖြည့်ပါ။ (ဥပမာ . 165.116.1.125 ၊ 255.255.255.0 ၊ 165.116.1.158 ၊ 203.81.64.20 ၊ 203.81.64.21 စသဖြင့် အင်တာနက် သုံးစွဲ၍ ရနေသော IP များကို ထည့်ပါ။)

(၇) နောက်တဆင့်ရောက်ပါက Next ။

(၈) Wireless Network Name တွင် မိမိနှစ်သက်ရာ အမည်ပေးပြီး Next လုပ်ပါ။(ဥပမာ- MMT Cyber Cafe)

(၉) Finish လုပ်ပါ။ Reboot လုပ်ပါ။
(Wireless Router ၏ လုပ်ငန်းစဉ်များ ဖြစ်သည်)

ထို့နောက် Internet Explore or Firefox တွင် Internet Options ကိုဖွင့်၍ Connections tab မှ LAN setting ကို ဖွင့်ပါ။ Proxy Sever တွင် address ထည့်ပါ။ (ဥပမာ -ygncache.mpt.net.mm : 8080 )

၎င်းနောက် My Network Places တွင် Internet Protocol (TCP/IP)၌ Obtain an IP address automatically ကိုရွေး၍ Ok လုပ်ပါ။

www.google.com ကို ဖွင့်ကြည့်၍ ရပါက Wireless လုပ်ငန်းစဉ် ပြီးပြီ ဖြစ်၏။ တစ်ခြား Laptop တစ်လုံးတွင် Wireless ဖွင့်၍ No Proxy နှင့် Obtain an IP address automatically လုပ်ပြီး လှမ်းသုံးနိုင်ပြီ။

မိမိ၏ Wireless Network ကို တစ်ခြားသူများ မသုံးစွဲစေလိုပါက Select Wireless Security တွင် WPA2-PSK-Personal (Recommended) အောက်၌ Password ပေး၍ သုံးနိုင်သည်။


ယခု နည်းလမ်းများသည် အလွယ်ဆုံးနှင့် အများဆုံးအသုံးပြုသော Rounter ကို Setting ချသွားပုံပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို Rounter Manual Book မှာ ဖတ်ရှု့နိုင်ပါတယ်ခင်ဗျား။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment