Thursday, November 21, 2013

ပရော်ဆက်ဆာ Core ပမာဏနှင့် စမတ်ဖုန်း ဘက္ကထရီ သက်တမ်း
















သင့်အနေနဲ့ ကိုယ်ပိုင်သုံး ကွန်ပြူတာတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် ဝယ်မယ့်ကွန်ပြူတာရဲ့ ပရော်ဆက်ဆာမှာ core ပေါင်း ဘယ်နှစ်ခု ပါရမယ်လို့ သတ်မှတ်ပြီး ဝယ်ယူဖူးပါသလား။

စမတ်ဖုန်းလောကကတော့ ဒီလိုမဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စမတ်ဖုန်းတွေမှာ ပါဝင်တပ်ဆင်ထားတဲ့ ပရော်ဆက်ဆာတွေဟာ multi-core ဖြစ်လာတာပါ။ ၃ နှစ်အတွင်းမှာ Octa-core (ပရော်ဆက်ဆာ ၈ လုံး) ပါဝင်တဲ့ စမတ်ဖုန်း ပရော်ဆက်ဆာကို Galaxy S4 က မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိစျေးကွက်အတွင်းက ထိပ်တန်း စမတ်ဖုန်းတွေဟာ ပရော်ဆက်ဆာ ၄ လုံးတပ် Quad-core စမတ်ဖုန်းများပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မေးခွန်းကတော့ ဒီလောက်များပြားတဲ့ ပရော်ဆက်ဆာ အလုံးရေဟာ ဖုန်းတစ်လုံးအတွက် လိုအပ်ပါရဲ့လား။ ဒါမှမဟုတ် ဟန်ပြပဲလား။ ပရော်ဆက်ဆာ အလုံးရေများပြီး multi-core ဖြစ်တယ်ဆိုရင် တွက်ချက်မှုတွေ၊ လုပ်ဆောင်ချက်တွေ လွန်စွာမှ လျင်မြန်မယ်ဆိုတာ လူတိုင်းသိပါတယ်။

ဒါပေမယ့် dule-core ကနေ quad-core မှ ယခုနောက်ဆုံး octa-core ဖြစ်လာတဲ့အခါမှာ စမတ်ဖုန်းတွေရဲ့ ဘက္ကထရီသက်တမ်းကိုလည်း ထိခိုက်လာပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မိမိတို့ရဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် သေးသွယ်ပေ့ါပါးဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ ဘက္ကထရီရဲ့ အရွယ်အစားက များစွာစကားပြောလာပါတယ်။ လက်ရှိနည်းပညာဖြစ်တဲ့ Latium Ion ဘက္ကထရီများရဲ့ စွမ်းအင်သိုမှီးနိုင်မှု ပမာဏကလည်း ဂိတ်ဆုံးနေပါပြီ။

ဒါဆိုရင် နေ့တစ်ဝက်တောင် ဘက္ကထရီအားက အသုံးမခံဖူးဆိုရင် ဘာလို့များ ပရော်ဆက်ဆာ အလုံးရေကို အပြိုင်တိုးချဲ့ နေကြာတာလည်းလို့ ထပ်မေးရပါလိမ့်မယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လက်ရှိစမတ်ဖုန်းတွေရဲ့ ပရော်ဆက်ဆာ အများစုကို ထုတ်လုပ်ပေးနေတဲ့ ARM ကုမ္ပဏီက ရှင်းလင်းဖြေကြား ပေးခဲ့ပါတယ်။ ရရှိလာတဲ့ အဖြေကလည်း လွန်စွာမှကို အံ့သြစရာ ကောင်းနေပါတယ်။

ARM ရဲ့ အဆိုအရ Octa-core (ပရော်ဆက်ဆာ ၈ လုံး) ဆိုတာ အစစ်အမှန်ပင်ဖြစ်ကြောင်း၊ ထို့အပြင် ယင်းတို့ ထုတ်လုပ်ထားတဲ့ (S4 သုံး) Octa-core ပရော်ဆက်ဆာဟာ ဘက္ကထရီသက်တမ်းလည်း ပိုမိုကြာရှည်စေကြောင်း သိရှိရသည်။ ဆိုလိုသည်မှာ ARM ၏ Cortex Quad-core ပရော်ဆက်ဆာသုံး Galaxy S4 (အမေရိကန်ဗားရှင်း) နှင့် Qualcomm Snapdragon Quad-core သုံး အခြားစမတ်ဖုန်းများနှင့် နှိုင်းယှဉ်လျှင် Octa-core Galaxy S4 (နိုင်ငံတကာဗားရှင်း) ၏ ဘက္ကထရီသက်တမ်းမှာ ပိုမိုကြာရှည်ခံမည်ဟု သိရှိရသည်။
လက်တွေ့တွင်မူ စမတ်ဖုန်းတစ်လုံး၏ ဘက္ကထရီသက်တမ်းသည် ပရော်ဆက်ဆာ အလုံးရေ များသည်၊ နည်းသည်နှင့် မသက်ဆိုင်ကြောင်း၊ ပရော်ဆက်ဆာများအား မည်သည့်အချိန်၌ မည်သို့မည်သို့ အသုံးချသည့် အပေါ်တွင်သာ မူတည်ကြောင်း သိရှိရသည်။

စမတ်ဖုန်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ဘက္ကထရီသက်တမ်း ပိုမိုကြာရှည်ခံနိုင်စေရန် ARM ၏ Octa-core ဒီဇိုင်းတွင် Core အကြီး ၄ လုံး နှင့် Core အသေး ၄ လုံး (Big Cores နှင့် Little Cores – BIG.little) ဟူ၍ ၂ မျိုး ၂ စား ထည့်သွင်းဖန်တီးထားသည်။ ဤ BIG.little နည်းပညာသည် အနာဂတ်၏ အဆင့်မြင့် ပရော်ဆက်ဆာများ၏ အခြေခံဖြစ်သည်ဟုလည်း သိရှိရသည်။

စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအပေါ် မူတည်ပြီး BIG.little စနစ်မှာ Little Core (သို့) Big Core ကို အသုံးပြုမည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဥပမာအားဖြင့် အီးမေးလ်ကြည့်ခြင်း၊ ဖုန်းခေါ်ဆိုခြင်းစသည့် ရိုးရှင်းသည့် လုပ်ဆောင်ချက်များအတွက် Little Core ၄ ခုမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အွန်လိုင်းပေါ်တွင် ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းဆော့ခြင်းစသည့် စွမ်းရည်ပိုမို အသုံးပြုရန် လိုအပ်သည့် လုပ်ဆောင်ချက်များအတွက် Big Core ၄ ခုမှာ ပါဝင် ဆောင်ရွက်ပေးမည် ဖြစ်သည်။ ဤနည်းအားဖြင့် လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ပရော်ဆက်ဆာအား အသုံးချသွားမည် ဖြစ်သဖြင့် ဘက္ကထရီသက်တမ်းအား ပုံမှန်ထက် ကြာရှည်ခံစေနိုင်မည် ဖြစ်သည်။

နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် Octa-core သုံး Galaxy S4 ၏ ဘက္ကထရီသက်တမ်းမှာ Quad-core သုံး Galaxy S3 ၏ ဘက္ကထရီသက်တမ်းထက် ၅၀-၇၀ ရာခိုင်နှုန်း သာလွန်ကောင်းမွန်မည်ဟု သိရှိရသည်။ ဘယ်ဆိုးလို့လဲ။ ကဲဒါဆိုရင် ကျွန်တော်တို့ အားလုံးသည်လည်း စမတ်ဖုန်းဝယ်တဲ့အခါမှာ Core များနေတာကြောင့် ဘက္ကထရီစားမှာကို ကြောက်နေဖို့ မလိုတော့ပါဘူး။ ARM ရဲ့ အဆိုအတိုင်းကတော့ Core များလေ ကောင်းလေ၊ Core များလေ ပိုပြီး efficient ဖြစ်လေပါပဲ။
နောက်ပြီးတော့ Octa-core (ပရော်ဆက်ဆာ ၈ လုံး) သုံး စမတ်ဖုန်းတွေဟာ အခုမှ အစမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီနှုန်းအတိုင်းသာ နည်းပညာပိုင်း တိုးတက်မှုနှုန်း ရှိနေမယ်ဆိုရင်တော့ နောက်နှစ်ဒီအချိန်မှာ Hexadeca-Core (ပရော်ဆက်ဆာ ၁၆ လုံး) သုံးထားတဲ့ စမတ်ဖုန်းတွေကို အများပြည်သူတို့ ကိုင်ဆောင်အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

http://mmconsumerguide.com


###  www.winkabarkyaw.net မှ ပို့စ်ကို ပြန်လည်မျှဝေထားခြင်း ဖြစ်ပါသည်။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment