Computer ရဲ့ Hard Drive တွေဟာ တစ်ခါတစ်ရံမှာ ဘာ Warning Box မှ မပြဘဲနဲ့ Fail ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ရုတ််တရက် Fail ဖြစ်သွားတဲ့အခါ System ကြီးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် Crush ဖြစ်သွားတဲ့ အခါတွေမှာ ကိုယ့်ရဲ့ Hard Disk ထဲမှာ သိမ်းထားတဲ့Data တွေဟာLost ဖြစ်သွားနိုင်ပါတယ်။ အဲဒီ Dataတွေဟာ ကိုယ့် အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးတဲ့ VIP Data တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
အရင်တုန်းကဆိုရင်တော့ စာအုပ်ကြီးတွေနဲ့ တစ်ခါမှတ်၊ Computer မှာ တစ်ခါမှတ် အဲဒီလိုတွေ မှတ်ကြတာပေါ့။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲ Hard Disk က တစ်စုံတစ်ရာကြောင့် Crush ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ စာအုပ်တွေကရော ဥပမာဗျာ..မီးလောင်ပါပြီတဲ့၊ ရေကြီးပါပြီတဲ့.. အဲဒီလို ပြဿနာတွေ ဖြစ်လာရင် စာအုပ်တွေကို ဘယ်လိုသယ်မလဲ။ စာအုပ်တွေက အများကြီး၊ အလေးကြီး၊ ပြီးတော့ ကရိကထလည်း များသေးတယ်ဗျာ။ ဒါ့ကြောင့် ဒီပြဿနာတွေပြေ လည်စေဖို့ အတွက် နောက်ပိုင်းမှာ Backup System ကို Computer တွေမှာ စတင်အသုံးပြုလာကြတယ်။
Backupလုပ်တယ်ဆိုတာ အပိုပွားထားတာပဲဗျ။ Data တွေ၊ Information တွေကို အပိုထပ်ပွားထားတာမျိုးကို Backupလုပ်တယ်လို့ ခေါ်ပါတယ်။ အကယ်၍ Data တွေ၊ Fail ဖြစ်သွား ရင်တောင် အပိုပွားထားတာရှိတော့ စိတ်မပူရတော့ဘူးပေါ့ဗျာ။
ပြီးတော့ Backup လုပ်ရင် Removable Device တွေမှာပဲ လုပ်ရပါတယ်။ ဒါမှ အရေးရယ်၊ အကြောင်းရယ်ဖြစ်ရင်ရုတ်တရက် ကောက်ထည့်သွားလို့ရမှာပေါ့။ ဥပမာ- ကျွန်တော်က ကျွန်တော်ရဲ့ Hard Drive ထဲမှာ အရမ်းအရေးကြီးတဲ့Dataတွေကို ထည့်ထားတယ်ပေါ့ဗျာ။ ပြီးတော့ အဲဒီ VIP Data တွေကို CD တစ်ချပ်နဲ့လည်း Back Upလုပ်ထားသေးတယ်ဆိုပါတော့။ အဲဒီအချိန်မှာ ရုတ်တရက် မီးလောင်ပါပြီတဲ့၊ ကျွန်တော်ရဲ့ အရေးကြီး File တွေ၊ Dataတွေရှိတဲ့ Computer ကြီးကို ဘယ်လိုသယ်မလဲ။ သယ်လို့လည်း မရတော့ဘူးဆိုရင်ရော ဘယ်လိုလုပ်ကြမလဲစိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော့်မှာ VIP Data တွေကို Backup လုပ်ထားတဲ့ CD ရှိနေတာပဲ။ အဲဒါလေးအိတ်ထဲကောက်ထည့်ပြီး သွားရုံပဲပေါ့ဗျာ။ အဲဒါ Backup လုပ်ထားခြင်းရဲ့ ရည်ရွယ်ချက်လည်း ဖြစ်သလိုအကျိုးကျေးဇူးလည်း ဖြစ်ပါတယ်။
Where to Backup
CD or DVDသင့်အတွက် အရေးကြီးတဲ့ Data တွေ၊ VIP Information တွေကို Removeable Device အမျိုးအစားထဲမှာပါတဲ့ CD ၊ဒါမှမဟုတ် DVD တွေနဲ့ Back Up လုပ်ထားနိုင်ပါတယ်။ ဒီနည်းနဲ့ Back Up လုပ်မယ်ဆိုရင်တော့ Re-Writable CD/DVDတွေကို အသုံးပြုတာက ပိုကောင်းပါတယ်။ ဒါမှ သင့်အနေနဲ့ Back Up လုပ်တိုင်း CD/DVD အသစ်တွေကိုမလိုအပ်တော့ပါဘူးပေါ့ဗျာ။ နို့မို့ဆိုရင် Back Up တစ်ခါလုပ်တိုင်း၊ CD/DVD တစ်ခါ၀ယ်ရရင် ဘယ်လွယ်ပါ့မလဲဗျာ။ ဒါ့ကြောင့်Re-Writable CD/DVD တွေကို အသုံးပြုပြီး Back Up လုပ်တာက အကုန်အကျသက်သာပြီး၊ လွယ်ကူမှုရှိတဲ့နည်းလမ်းတစ်ခုပါပဲဗျာ။
Internal (or) External Hard Drive
အကယ်၍ သင့်ရဲ့ Computer မှာ Hard Drive နှစ်ခုရှိခဲ့မယ်ဆိုရင် 2nd Internal Hard Drive ပေါ်မှာ သင့်ရဲ့ Fileတွေကို Back Up လုပ်ထားနိုင်ပါတယ်။ အကယ်၍ သင့်မှာ Internal Hard Drive နှစ်ခုမရှိခဲ့ဘူးဆိုရင်လည်း Internal HardDrive တစ်လုံးထပ်ထည့်ရတာ လွယ်ပါတယ်။ သို့သော် ဘယ်တော့မှ Internal Hard Disk မှာ Backup မလုပ်ပါနဲ့။ Backup လုပ်တယ်ဆိုတာ Removable Media မှာပဲလုပ်ရတာ။ ဒါမှ အရေးအကြောင်းဆိုယူပြေးလို့ရမှာပေါ့။
External Hard drive တွေကတော့ စျေးနှုန်းချိုသာတဲ့အပြင် သုံးရတာလည်းလွယ်ကူပါတယ်။ ပြီးတော့ External Hard Drive အားလုံးနီးပါးလောက်ဟာ Plug and Play Format တွေချည်းပါပဲ။ ပြီးတော့ Back Up File တွေကို ပြုလုပ်ပေး၊ ထောက်ပံ့ပေးတဲ့ Software တွေလည်း ပါရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်သေသေချာချာ အာမခံနိုင်တာ တစ်ခုကတော့ ဒီနည်းလမ်းနဲ့လည်း Backup လုပ်ထားတာတွေကို သိမ်းထားနိုင်ပါတယ်။လွယ်ကူမှုလည်း ရှိသလို၊ စျေးနှုန်းလည်း သက်သာပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကိုတော့ Computer Backupလုပ်ဖို့အတွက် သင့်တော်တဲ့ ဒုတိယဦးစားပေးနည်းလမ်းအဖြစ် ရွေးချယ်လိုက်ရပါတယ်။
Zip Drive
နောက်ထပ် Back Up လုပ်လို့ရတဲ့ နေရာကတော့ Zip Drive ပါပဲ။ ဒါ့ကြောင့် Zip Drive ကို ၀ယ်ယူပြီး Computer ထဲမှာInstall လုပ်ထားရမှာပါ။ အဲ..ဒါပေမယ့် Zip Drive နဲ့ Tape တွေဟာ စျေးအလွန်ကြီးပါတယ်။ ဒီနေ့ခေတ်မှာ လည်းအသုံးမပြုတော့ပါဘူး။ Tape ဆိုတာက ရစ်ရတယ်လေ။ အကောင်းဆုံးက တော့ DVD နှင့် External Hard Disk တွေပါပဲ။ သူတို့က USB နှင့် eSATA ပုံစံနှင့်ရနိုင်ပါတယ်။
How to Back Up
ဘယ်နေရာတွေမှာ၊ ဘယ်လို Drive တွေပေါ်မှာ Back Up လုပ်ရမလဲဆိုတာကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ဘယ်လို Back Up လုပ်ရမယ်ဆိုတာ ကိို ပြောပြပါ့မယ်။ OK ဒါဆိုရင် စလိုက်ကြရအောင်ဗျာ။
Windows Backup Utility
Window Backup Utility ဆိုတာဟာ သင့်ရဲ့ အရေးကြီး Data တွေကို Backup ပြုလုပ်နေစဉ် တစ်လျောက်မှာဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို Guide လုပ်ပေးမယ့် အရာဖြစ်ပါတယ်။
* အရင်ဆုံး Start ကို Click နှိပ်ပါ။ ပြီးရင် အဲဒီထဲက All Program ကို ရွေးပေးပါ။ ပြီးတဲ့အခါမှာ All Program ရဲ့အောက်က Accessories ၊ Accessories ရဲ့အောက်က System Tools စသဖြင့် အဆင့်ဆင့်ရွေးသွားပါ။ ပြီးရင် SystemTools ထဲကBackup ပေါ်မှာ Click တစ်ချက်နှိပ် လိုက်ပါ။ ပြီးရင် First Screen ပေါ်က Next ပေါ်မှာ Clickထပ်နှိပ်လိုက်ပါဦး။
* အဲဒီလို လုပ်ပြီးပြီဆိုရင်တော့ “What you want to back up” ဆိုတဲ့ စာတန်းလေးကို ရွေးချယ်ပေးရပါမယ်။ ပြီးရင်”Everyone’s Document” ဒါမှမဟုတ် “What to back up” ဆိုတဲ့ စာတန်းလေးကို ထပ်ရွေးပေးလိုက်ပါဦးဗျာ။
* အားလုံးပြီးရင် Back Up လုပ်မယ့်နေရာ (Location) ကို ရွေးပေးပြီး Click တစ်ချက်နှိပ်လိုက်ရုံပါပဲ။
* ဒါဆိုရင်တော့ အဲဒီနောက်မှာ သင်ဟာ Summary Page တစ်ခုပေါ်ကို ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျရင်”Advanced” ဆိုတဲ့ Button ပေါ်မှာ Click တစ်ချက်နှိပ်ပေးလိုက်ပါနော်။ မှားပြီးတော့ “All information on thiscomputer” ဆိုတဲ့ Button ကိုတော့ သွားမရွေးလိုက်ပါနဲ့နော်။ မှားလိမ့်မယ်။
* ပြီးတဲ့အခါ အဲဒီ Schedule တစ်လျောက်လုံးကို Set Up လုပ်နိုင်ပြီး Back Up Type ကိုလည်း Normal Back Up လို့ပေးခဲ့နိုင်ပါတယ်။ “Verify Data After Back Up” (သို့) “Disable Volume Shadow Copy” ဆိုတဲ့ Button တွေကိုရွေးချယ်စရာ မလိုပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ Back Up လုပ်ထားတဲ့ Data တွေကို ပြန်စစ်စရာမလိုဘူးပေါ့ဗျာ။
Batch Files
အရေးကြီး File တွေ၊ Data တွေကို Back Up လုပ်နေတဲ့အခါမှာ Control လုပ်ပေးဖို့အတွက် ခွင့်ပြုထားတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသုံးဝင်တဲ့ Batch File တစ်ခုကို ပြုလုပ်ချင်တယ်ဆိုရင်တော့ Start ထဲက Program ၊Program ထဲက Accessories နဲ့ Accessories ထဲက Notepad ဆိုပြီး အဆင့်ဆင့် ရွေးချယ်သွားပါ။ ပြီးရင်တော့ File ကိုသိမ်းတဲ့အခါမှာ “.bat” file ဆိုပြီး သိမ်းပေးပါ။
ဒီလောက်ဆိုရင် ရပါပြီ။ အဲ ပြီးတော့ Batch File ထဲမှာ Xcopy ကိုအသုံးပြုပြီး Harddrive တို့၊ Flash Drive တို့လို Location တွေရဲ့ တိကျတဲ့ Directories တွေကို Copy လုပ်နိုင်ပါသေးတယ်။ အကယ်၍ သင့်မှာ ပြည့်စုံကောင်းမွန်တဲ့ Batch File ရှိနေပြီဆိုရင်တော့ ControlPanel>Performance & Maintenence>Scheduled Tasks ဆိုပြီး အဆင့်ဆင့် လမ်းကြောင်းရွေးပြီး အစီအစဉ်ကျတော့အလုပ်တွေကို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
Source: MY DATA Game & Software CD/DVD
### www.winkabarkyaw.net မှ ပို့စ်ကို ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
** ကိုကိုဇော် ( BE-EC )
0 comments:
Post a Comment