Friday, April 19, 2013

Internet Speed ကို မြန်ဆန်စေသော DNS Sever များ

















DNS Sever ကိုတော့ ကျွန်တော် အတော်ကို ကြိုက်နှစ်သက်ပြီး အသုံးလည်းပြုပါတယ်။

သူက အင်တာနက် Speed ကို ပိုမြန်စေပြီး တခါတလေ Wifi သုံးနေရင်း Connected သာ ဖြစ်ပြီး No Internet Access ဖြစ်ရင်လည်း DNS Sever ကို ပြောင်းလိုက်တာနဲ့ Internet Access ကို ရသွားပါတယ်။

သူ့ကို သာမန်အားဖြင့် ကွန်ပျူတာမှာ Automatic ကို သာရွေးပြီး အသုံးပြုတာများပါတယ်။

ကိုယ်က ကြိုက်ရာ DNS Sever ကို အသုံးပြုချင်ရင်တော့

Start > Control Panel > Network and Sharing Centre > Change Adapter Setting >

အဲ့မှာ ကျွန်တော်တို့ အခုလောလောဆယ် အသုံးပြုနေသော Network Connection ကို ရွေးရပါတယ်။

ကျွန်တော်ကတော့ Wifi ကို အသုံးပြုတာကြောင့် Wireless Connection ကို ရွေးပြီး Right Click > Properties >

Properties Box မှာ Internet Protocol Version 4 ( TCP/IPv4 ) ကို ကလစ် Properties ကို ထပ်ပြီး ကလစ်ပါက

IP Address , DNS Sever ထည့်သွင်းလို့ရသော နေရာသို့ရောက်ပါတယ်။

ကျွန်တော်ကတော့ DNS Sever ကို Manual ထည့်သွင်းချင်တာမို့ အောက်ဘက်အနားက

Use the following DNS Sever Address: ကို Check လုပ်ပြီး ကိုယ်ဘာသာရိုက်သွင်းရမှာပါ ။

အဲ့မှာ DNS Sever ကို ရိုက်သွင်းဖို့ နှစ်နေရာရှိပါတယ် ။

Preferred DNS server , Alternate DNS server  တို့ပဲ ဖြစ်ပြီး နှစ်နေရာလုံးမှာ ထည့်သွင်းလည်းရသလို Preferred DNS server  မှာပဲ ရိုက်လည်းရတာ တွေ့မိပါတယ်ခင်ဗျား။

အောက်မှာ ကျွန်တော်သိသော DNS Sever များကို ဖော်ပြထားပါတယ်ခင်ဗျား ။


Level3:
Preferred DNS server – 209.244.0.3
Alternate DNS server – 209.244.0.4

Google:
Preferred DNS server – 8.8.8.8
Alternate DNS server – 8.8.4.4

ScrubIT3:
Preferred DNS server – 67.138.54.120
Alternate DNS server – 207.225.209.77

OpenNIC4:
Preferred DNS server – 69.164.208.50
Alternate DNS server – 216.87.84.211

Public-Root5:
Preferred DNS server – 199.5.157.131
Alternate DNS server – 208.71.35.137

Comodo DNS:
Preferred DNS server – 8.26.56.26
Alternate DNS server – 8.20.247.20

OpenDNS:
Preferred DNS server – 208.67.222.222
Alternate DNS server – 208.67.220.220

DNS Advantage:
Preferred DNS server – 156.154.70.1
Alternate DNS server – 156.154.71.1

Norton DNS:
Preferred DNS server – 198.153.192.1
Alternate DNS server – 198.153.194.1

SmartViper:
Preferred DNS server – 208.76.50.50
Alternate DNS server – 208.76.51.51


**  Htar Waie Thar

0 comments:

Post a Comment