Saturday, March 2, 2013

Software များကို လေ့လာခြင်း
















Software ဆိုတာကို ကျွန်တော်တို့ နှစ်မျိုးခွဲလို့ ရပါတယ် ။

1: System Software ( Operating System )

2: Applied Software

1: Operating System ကိုတော့ ကွန်ပျူတာ လည်ပတ်ရှင်သန်ဖို့ အတွက် တင်ကို တင်ရမည့် ဆော့ဝဲလ်ပါ။

Operating System ကို တင်ပြီးမှသာ ကွန်ပျူတာတွင် တပ်ဆင်ထားသော Hardware အစိတ်အပိုင်းများကို စေခိုင်းအမိန့်ပေးလို့ရမှာ ဖြစ်တဲ့ အပြင် နောက် ကိုယ်အသုံးပြုချင်သော Applied Software များကိုလည်း ကိုယ့် OS အလိုက် သင့်တော့ရာ တင်သုံးလို့ရမှာ ဖြစ်ပါတယ် ။

Operating System ကို ကျွန်တော်တို့ အများဆုံးအသုံးပြုတာကတော့ Windows OS ပါ ။ သူ့အပြင် အခြား OS များလည်းရှိပါသေးတယ် ။












Windows OS ကို Microsoft က ထုတ်လုပ်တာပါ ။ သူ့ကို ကျွန်တော်တို့ အရင်ကတော့ Windows 2000, ME , NT , XP , Vista , 7 , 8 ဆိုပြီး သိတာများပါတယ် ။

ကျွန်တော်ပြောခဲ့တာက Graphic ဖြင့် အသုံးပြုနိုင်သော OS တွေပါ ။ အဲ့ဒီမတိုင်ခင် Command Line ဖြင့် အသုံးပြုရသော Windows 3.1 စသော OS များလည်း ရှိပါသေးတယ် ။

Windows လောကမှာတော့ XP က နာမည်ကြီးသလို ကျော်ကြားအောင်မြင်ဆုံးသော OS ပါ ။

နောက် Vista ထွက်လာသော်လည်း အသုံးပြုရတာ အဆင်မပြေသော ကြောင့် 7 ကို ထပ်ထုတ်ပါတယ် ။

Windows 7 ကတော့ လှပသေသပ်သလို အသုံးပြုလို့လည်းကောင်းပါတယ် ။

အခု နောက်ဆုံးပေါ်ကတော့ Windows 8 ပါ ။ သူကတော့ Touch Screen OS များကို အဓိက ထောက်ပံသော ပုံစံပါ ။

Windows OS နာမည်ကြီးခြင်းမှာ Mouse ကို လုံးဝ အသုံးချနိုင်သော အချက်ကလည်းပါဝင်ပါတယ် ။

နောက်တချက်က ကျွန်တော်တို့လို့ နိုင်ငံများက Windows OS ကို Free ( Crack ) သုံးလို့ရတာလည်း ပါဝင်ပြီး သင့်တင့်သော Hardware များဖြင့် Windows ကို တင်သုံးလို့ ရတာတွေကြောင့် လို့ ပြောရပါမယ်။


နောက် OS ကတော့ Free , Open Source OS လို့ နာမည်ကြီးသော Linux Based OS တွေပါ။

 


လူသုံးများသော Linux တွေက Ubuntu , Fedora ပဲဖြစ်ပြီး အခြားသော အမည်များစွာဖြင့် Linux OS များစွာ ရှိပါတယ် ။

Linux များက Free အသုံးပြုရသော OS ဖြစ်သော်လည်း Normal Computer User များ သိပ်မသုံးပါဘူး ။

အတော်များသော Command များက Keyboard Command တြွေဖစ်လို့ပါပဲ ။

Free Version များစွာရှိသော်လည်း အချို့သော Linux OS များကိုတော့ ဝယ်သုံးရတာမျိုးရှိပါတယ် ။


နောက်ဆုံးတခုကတော့ နာမည်ကြီး Apple ( ပန်းသီး ) OS ပါ ။


သူကတော့ လုံးဝကို နာမည်ကြီး OS ပါ ။ Hardware , Software နှစ်မျိုးလုံးကို သူ့ကပဲ ထုတ်ပြီး သူစက်မှာပဲ အသုံးပြုနိုင်တာပါ ။

Microsoft , Linux တို့က ရှိရှိသမျှသော Hardware  တံဆိပ်များတွင် တင်သုံးနိုင်ပြီး ( Apple Hardware မှ လွဲပြီး ) ၊ Apple ကတော့ သူဘာသာ Hardware ကိုထုတ်ပါတယ် ဆော့ဝဲလ်ကိုလည်း သူ့စက်နဲ့ ကိုက်သော ဆော့ဝဲလ်ကို တခါတည်းတင်ပေးပြီး ထုတ်လုပ်ပါတယ် ။

နောက် Crack ( Free ) သုံးလို့ အဆင်မပြေတော့ ကျွန်တော်တော့ ကြားဖူး မြင်ဖူတာပဲ ရှိပြီး ကိုင်တွယ်ဖို့အတွက် ထီပေါက်ဖို့သာ ဆုတောင်းနေပါတယ် ။

OS ဆိုတာက System ဖြစ်သည့်အတွက် သူဖြင့် ကိုက်ညီသော Hardware များရှိပါက တင်သုံးနိုင်ပါတယ်။


2: Applied Software

သူ့ကိုတော့ ကျွန်တော်တို့ Windows OS မှာ မပါဝင်ပဲ ပြန်တင်သုံးသော Office , Page Maker , Photoshop , Nero စသော ဆော့ဝဲလ်များ ကို ဆိုလိုပါတယ် ။

သူတို့ကို အသုံးပြုချင်ပါက System ဖြင့်ကိုက်ညီသော Software Version ကို အသုံးပြုရမှာ ဖြစ်ပါတယ် ။

ဥပမာ ။  ။ Office Word 2007 ဆိုပါက Windows XP , Vista , 7   Hardware : CPU  P4 ( At Least ) , RAM ( 256 MB At Least)  အစရှိသလို Information များပေးကာ ထုတ်ပါတယ် ။ ကျွန်တော်တို့က ကိုယ်စက်ဖြင့် ကိုက်ညီမှ အသုံးပြုနိုင်သော သဘောပါ ။

တချို့သော Software Version များက Windows XP မှာပဲ အလုပ်လုပ်တာရှိပြီး 7 မှာ မလုပ်တာတွေလည်း ရှိပါတယ် ။

နောက် အခြား OS က Software များကို သူ့ OS မဟုတ်ပဲ တင်လို့မရပါဘူး တင်ချင်ပါက ကြားခံနယ် Software ကို ယူသုံးကာ တင်လို့တော့ ရပါတယ် ။

OS များအလိုက် Applied Software များ မတူသလို စွမ်းဆောင်ချက်များလည်း မတူပါဘူး ။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment