Saturday, March 2, 2013

Folder များ Shortcut ဖြစ်သွားသော ဗိုင်းရပ်ကို အပြတ်သတ်ဆော်မယ်

















ကျွန်တော် အခုရောက်နေတဲ့နေရာမှာတော့ Folder တွေကို Shortcut ဖြစ်သွားတဲ့ ဗိုင်းရပ်သောင်းကျန်နေတယ်လို့ပြောရမယ် ။

အတော်ကို ရှုပ်ပါတယ် ။

ကျွန်တော်တို့ ဗိုင်းရပ်ကိုက်နေသော စက်မှာ USB Flash Disk များ ထိုးပြီး Data များကူးယူပါက Folder များအကုန် Shortcut ဖြစ်သွားပါတယ် ။

နောက် ကွန်ပျူတာကလည်း Task Manager တွေပျောက် နောက် Task Manager ပေါ်သော်လည်း Processor က ဘာမှကို မသုံးလည်း 100% , 80 % အစသဖြင့် စက်ကို လေးစေပါတယ် ။

ပထမဆုံး USB Drive က ဗိုင်းရပ်ကို သတ်ပါမယ် ။

သူ့ကို Shortcut Virus Remover ဖြင့် သတ်လို့ရပါတယ် ။Shortcut Virus Remover က USB Drive သာမက ကွန်ပျူတာက ဗိုင်းရပ်ကို ရှင်းနိုင်သော်လည်း ကျွန်တော်ရှင်းကြည့်တာ မတွေ့ဘူးလို့ ပြောနေပါတယ် ။

Shortcut Virus Remover Download  

နောက် ကွန်ပျူတာမှ ဗိုင်းရပ်များအတွက်ကတော့ ကျွန်တော် Maleware Cleaner ဖြင့်ရှင်းပါတယ် ။

Maleware Cleaner Download 

ကျွန်တော်ကတော့ အဲ့လိုမျိုးနဲ့ ဖြေရှင်းနိုင်သွားပါတယ် ။

Maleware Cleaner ဖြင့် Scan ဖတ်သော အချိန်ကတော့ အတော်ကို ကြာပေမဲ့ ပြီးသွားပါက ကျေနပ်စရာ ရလဒ်ကို ရမှာပါ ။

**  Htar Waie Thar

0 comments:

Post a Comment