ကျွန်တော်တို့ ကွန်ပျူတာ အလုပ်လုပ်ပုံလေးကို နည်းနည်းလောက် လေ့လာကြည့်ရအောင် ။
ကွန်ပျူတာဆိုတာ Hardware , Software များဖြင့် တည်ဆောက်တယ် Data များကို ထည့်သွင်း ၊ စီမံ ၊ ထုတ်လုပ် ၊ သိမ်းဆည်းသော Electronics Devices လို့တော့ သိပါပြီ သူအလုပ်လုပ်တာကို နည်းနည်းလောက် ထပ်ကြည့်ရအောင် ။
ကွန်ပျူတာ တလုံးရှင်သန်ဖို့ အစိက Processing Device များတပ်ဆင်ရပါတယ် ။ နောက် အမိန့်ပေးစေခိုင်းဖို့အတွက် Input Devices များတပ်ရပါတယ် ဒါမှ အမိန့်ပေးလို့ရမှာပါ ။ နောက် ကျွန်တော်တို့ အမိန့်ပေးတာတွေကို မြင်ရဖို့အတွက် Output Device များ တပ်ရပါမယ် ။ Data များ သိမ်းဆည်းမည်ဆိုရင်တော့ Stroage Device များ တပ်ဆင်ရမှာပေါ့ ။
သူတို့တင်ပြီးလားဆိုတော့ မပြီးသေးဘူးဗျ ။
ကျွန်တော်တို့တပ်ဆင်ထားတာက Hardware တြွေကီးပဲ ။ Hardware ကြီးသက်သက်ကတော့ ဘာမှလုပ်လို့မရသေးဘူး ။
သူ့တို့ကို အသုံးချနိုင်တဲ့ Operating System ကိုတော့ မတင်မဖြစ်တင်ရမှာ ဖြစ်ပြီ နောက် ကိုယ်သုံးချင်သော Program တွေကို တပ်ဆင်ရမှာ ဖြစ်ပါတယ် ။
Program လို့ ပြောတဲ့နေရာမှာ ကျွန်တော်တို့ အသုံးပြုနေသော OS ကလည်း Program ပါပဲ ။ နောက် OS ပေါ်က File တွေဖွင့်တာလည်း Program ထဲမှာပါဝင်ပါတယ် ။
OS ကတော့ အဓိကအားဖြင့် Hardware တွေကောင်းမကောင်း စစ်ဆေးပြီး သူ့ဆီမှာလည်း ပြဿနာမရှိပါက Monitor Screen တွင် OS တက်လာကြောင်း ကောင်းကြောင်း အဓိက ပြသပေးတာပါ ။
ဥပမာ Windows OS ပေါ့။
Windows OS ကြီးကို မြင်တွေ့နေရတယ်ဆိုရင် ကျွန်တော်တို့ Program ကို စတင်ပြီး အသုံးပြုနေတာပဲ ဖြစ်ပါတယ် ။
သူ့ OS မှာ Screen ကို မြင်နိုင်သော Program , Start Menu , Task Bar စသော Program များ တက်လာလို့ ကျွန်တော်တို့မြင်တွေ့ရတာပါ ။
နောက် စာများကို ဖတ်ဖို့အတွက် ဖိုင်ကို ဖွင့်လိုက်တော့ နောက် Program ကို ထပ်သုံးတယ်လို့ ကွန်ပျူတာက အသိမှတ်ပြုပါတယ်။
ကျွန်တော်တို့ မှတ်သားရမှာက ကျွန်တော်တို့ Mouse , Keyboard တို့ကို နှိပ်နိုင်တာကလည်း Program တွေရှိလို့ပါပဲ ။ Mouse, Keyboard Program ပေါ့ဗျာ ။
ကွန်ပျူတာ Input Device များဖြစ်တဲ့ Mouse , Keyboard က တခုခုသော အကြောင်းအရာကို ပြုလုပ်ပါက ကွန်ပျူတာကို သုံးစွဲနေတာပါပဲ ။
Windows OS တွေမှာ Mouse ကို အဓိကထားသုံးသည့်အတွက် Mouse ကို သတိထားကိုင်သင့်ပါတယ် ။
ဥပမာပေးရရင် Message Box တခုပေါ်လာမယ် အဲ့ဒီမှာ Your Computer is Blocked Yes,No မေးလာတယ်ဆိုပါတော့ သူပြောနေတာ ရှင်းပါတယ် မင်းကွန်ပျူတာကို ဖျက်ဆီမယ် လုပ်မှာလား မလုပ်ဘူးလား လို့မေးတာပါ ။ Yes ဆိုရင်တော့ ပြီးပြီပေါ့ဗျာ။
ပေါ်လာသော Message Box များကို မြန်မြန်ဆန်ဆန် Click မနှိပ်ပဲ နည်းနည်းဖတ်ကြည့်သင့်ပါတယ် ကိုယ် Click နှိပ်လိုက်သမျှ အကုန်လုံးက ကွန်ပျူတာ စေခိုင်းအမိန့်ပေးတာပဲ ဖြစ်နေလို့ပါ ။
** ကိုကိုဇော် ( BE-EC )
0 comments:
Post a Comment