Monday, February 4, 2013

Windows 7 သစ်တင်ခြင်း ၊ ပျက်သွား၍ တင်ခြင်း




















Windows 7 OS ဟာ Microsoft ထုတ်ကုန် OS တွေထဲ တော်တော်ကြီး ကောင်းသော OS လို့ပြောလို့ရသလို အသုံးပြုသူ အတော်ကို များပြားပါတယ် ။

Windows 7 ကို Windows Vista ၏ အမှားများကို ပြင်ဆင်ထားသော OS လို့လည်းပြောလို့ရပါတယ် ။

ကောင်းမွန်သော Feature တွေနဲ့ Windows 7 ဟာ Virus ရန်ကို အတော်ကို ကာကွယ်ပေးသော်လည်း Virus သာ Windows 7 တွင် ကူးစက်သွားပါက အတော်ကို ဖြေရှင်းရခက်ပါတယ် ။

Windows 7 မှာ Program များကို တိုက်ရိုက် Install လုပ်လို့မရပါ Install လုပ်မည်ဆိုပါက သေချာသလား စသော မေးခွန်းဖြင့်မေးလို့ပါ ။

Virus Program ကလည်း Install လုပ်မည်ဆိုပါက ထိုအဆင့်ကို မေးပါတယ် အသုံးပြုသူများကသာ Run ပါမယ်လို့သာ Click နှိပ်မှားပါက သွားပါပြီး တရားဝင် Virus Program ကို ပေး Run ထားသလိုပါပဲ ။

Windows 7 ကို ကွန်ပျူတာမှာ တင်သုံးချင်ပါက Memory 1 GB , Processor Dual Core အနည်းဆုံးရှိမှသာ တင်သင်ပါတယ် ။

Windows 7 Installer DVD ကို DVD Drive ထဲထည့် First Boot တွေလုပ်ပြီး CD/DVD က Boot တက်ပေါ့ဗျာ ။

Windows 7 က Windows XP တင်တာလောက် သိပ်မခက်ပါဘူး။

ကျွန်တော် Windows 7 တင်နည်းကို စာအုပ်ကို Download ဆွဲပြီး လေ့ကျင့်ပါလို့ ပြောချင်ပါတယ် ။

ကျွန်တော် Windows 7 Installation Guide ကို OK Virus Cleaner Group CD ထဲက pdf file ကို Upload လုပ်ပေးထားပါတယ် ။

လေ့ကျင့်ချင်ပါက ဒေါင်းပေါ့ဗျာ ။

Download

Windows 7 ကို တင်ပြီးပါက Rating ကို တွက်ပေးပါလို့ အကြံပေးချင်ပါတယ် ။

Rating Calculation ကို

ကွန်ပျူတာ Rating ဘယ်လောက်ရှိသလဲ  

ပို့စ်များသွားရောက် ကြည့်နိုင်ပါတယ် ။ 

                                        **  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment