ကျွန်တော်တို့ မြန်မာဘလော့တွေမှာ Software,pdf files တွေကို ဒေါင်းတဲ့အခါ တွေ့ဖူးသော Skip,Skip AD ကို Click နှိပ်မှ Download Link ဆီရောက်သွားတာ ဘာဖြစ်လို့လဲ လေ့လာကြည့်ရအောင် ။
ှကျွန်တော် Show ကြည့်တာပေါ့ဗျာ ။
ကျွန်တော်တို့ သတိထားစရာက Download လုပ်ဖို့ Click လုပ်သောအခါ http://adfoc.us စသော စာမျက်နှာ တစ်ခုပေါ်လာပါတယ် ။ နောက် ထိုစာမျက်နှာရဲ့ အပေါ်ညာဘက်မှာ 6 sec,5sec လောက်စောင့်ပြီးပါက Skip,Skip AD စသော စာတန်းတခုပေါ်လာပါတယ် ။
ထို Skip,Skip AD ကို နှိပ်ပါက ဒေါင်းလို့ရသော Site ကို ရောက်သွားပါတယ် ။
ထို Website စာမျက်နှာ ( Skip,Skip AD) မှာ ထူးခြားတာက AdFoc.us URL Shrinker
shorten URLs and earn up to $6.50 / 1000 visitors - adfoc.u ဆိုသော စာတန်းပါ ။
ဘလော့တွေကို အရောက်တစ်ထောင် ဝင်ရောက်ကြည့်ပါက 6.50 US $ ရမည်လို့ ဘာသာပြန်လို့ရပါတယ် ။
ဘယ်သူတွေရမည်နည်း ဆိုတော့ဖြင့် ဘလော့ကို ရေးသားသူက ရမှာပါ ။
အဲ့လိုရအောင် ဘလော့ရေးသားသူတွေက http://adfoc.us နှင့် သူနှင့်ပုံစံတူသော Site တွေမှာ Sign Up လုပ်ထားရပါတယ် ။
အဲ့လို Sign Up လုပ်ထားပါက ဘလော့ပို့စ်တွေမှာ နောက်ထပ် Link တခုကို ညွှန်းပါက တိုက်ရိုက်မရောက်တော့ပဲ Sign Up လုပ်ထားသော Service က ကြားခံနယ် တခုအဖြစ်ဝင်ရောက်လာပါတယ် ။ဥပမာ Download Link
င်္ဖိုင်ကို ဒေါင်းမှသာ အဲ့လို Service ပေါ်လာတာလားဆိုတော့ မဟုတ်ဘူးဗျ ။ပို့စ်တွေမှာ နောက် Link တစ်ခု Website Address ကို ညွှန်းပါကလည်း ထို Service က အလုပ်လုပ်ပါတယ် ။ ဒါမှသာ ဘလော့ကို လူဘယ်နှစ်ယောက်လာကြည့်လဲဆိုတာကို ထို Servies က တွက်ချက်ပုံရပါတယ် ။
ဥပမာ ကျွန်တော်ကသာ အဲ့လို့ Service Site တစ်ခုခုမှာ Sign Up လုပ်ထားပါက ကျွန်တော်ဘလော့ပို့စ်တွေမှာ ဘယ် Link ကတော့ ဘာတွေကို တင်ထားတယ် ဆိုတာကို အညွှန်း Link တင်ထားပါက ဝင်ကြည့်သူများက ထို Link ကို နှိပ်လိုက်ပါက ကျွန်တော် Sign Up လုပ်ထားသော Service Site က တဆင့်ခံပြီးမှသာ ညွှန်းဆိုထားသော Link ကို ရောက်မှာပါ။
အထက်က ပြောခဲ့သော အစီစဉ်သည် ဘလော့ရေးသူများ ဘလော့ရေးသော နေရာတွင် တွေ့ရသော Earning အစီစဉ်တခုသာ ဖြစ်ပါသည် ။
ထို အစီစဉ်ကို သုံးချင်ပါက Online Bank Account ရှိမှ ရမယ်လို့ထင်ပါတယ် ကျွန်တော်က တော့ ဘာမှကို မရှိသော သူတယောက်ဖြစ်သည့်အတွက် ထိုအစီစဉ်ကို အသုံးပြုလေ့မရှိပါ ။
ကျွန်တော်သိသလို ရေးသားလိုက်သည့်အတွက် အမှားများပါပါက ခွင့်လွတ်ကြပါ ။
** Htar Waie Thar **
0 comments:
Post a Comment