Tuesday, February 5, 2013

Hosting , File Sharing Site တွေဆိုတာ


















Hosting , File Sharing Site တွေကို အင်တာနက်မှာ အများအပြားတွေ့နိုင်ပါတယ် ။

ကျွန်တော်တို့ မြန်မာဘလော့တွေမှာ ဆော့ဝဲလ်တွေ ဒေါင်းဖို့ စာအုပ်တွေဒေါင်းဖို့ Share လုပ်နိုင်ခြင်းဟာ File Sharing Site တွေရဲ့ ကျေးဇူးတွေလို့တောင် ပြောရပါမယ် ။

ကျွန်တော်တို့က File တွေကို ရှယ်ချင်တယ် သို့သော် ကျွန်တော်တို့ Free Web, Free Blog တွေမှာ File တွေကို Upload လုပ်ဖို့ Application တွေမရှိပါဘူး ။

ဒါကြောင့် အကြောင်းတစုံတရာ ကြောင့် ဖိုင်တွေကို Share လုပ်ချင်တယ်ဆိုရင် File Upload လုပ်ပေးနိုင်ပြီး ပြန်လည်ရှယ်နိုင်သော Hosting / Files Sharing Sites တွေကို အားကိုးရပါတယ် ။

အခုလောလောဆယ် နာမည်ကြီးတာတော့ www.mediafire.com ပေါ့ဗျာ ။ လူအတော်များများ အသုံးပြုကြပါတယ် ။

တကယ်တော့ Hosting / File Sharing Sites တွေက အင်တာနက်ပေါ်မှာ အတော်ကို များပါတယ် ။

နောက်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေလည်း မတူကြပါဘူး ။

**  Document , Photos , Video စတာတွေကို တင်လို့ရသော ဆိုဒ်တွေရှိသလို တချို့က File တွေပဲ သီးသန့် တင်ပေး ရှယ်ပေးနိုင်တာတွေလည်းရှိပါတယ် ။

**  တချို့ က 100 % Free , Free နဲ့လည်းရ ငွေပေးပြီးလည်းရ ( Feature ချင်းမတူ ) , အခကြေးငွေပေးမှသာ အသုံးပြုခွင့်ရမယ် အစရှိသလို Hosting Site တွေရဲ့ ခံယူချက်တွေ မတူပါဘူး ။

**  Resume , Non Resume စသော Feature ရပိုင်ခွင့်တွေလည်း မတူပါဘူး။

နောက်ပြီး Free ရသော အချို့သော Hosting Site တွေက တင်ပြီးသား ဖိုင်များကို အခြားသူများကို ရှာဖွေခွင့်ပေးထားသလို ပိတ်ပင်ထားသော ဆိုဒ်တွေလည်း များများပါပဲ ။

တချို့ ဆိုဒ်တွေက တင်ပြီးသားဖိုင်တွေကိုလည်း ပြန်လည်ပြီး ဖျက်တက်သေးပါတယ် ။

ကျွန်တော်တို့က ဖိုင်တွေကို အင်တာနက်က File Sharing Site တခုခုမှာ တင်ပြီး သူငယ်ချင်းများကို ရှယ်မည်ဆိုပါက ကိုယ်အသုံးပြုချင်သော Hosting Site ၏ Free ဆိုလည်း Free , Premium ဆိုလည်း Premium အဆင့်လိုက် ရပိုင်ခွင့် လုံခြုံစိတ်ချမှု ဘယ်လောက်ရှိသလဲ စတာတွေကို လေ့လာပြီးမှသာ အသုံးပြုသင့်ပါတယ် ။

                                                     **  Htar Waie Thar  **

0 comments:

Post a Comment