Monday, February 4, 2013

Facebook Account ဖွင့်ရတာခက်နေတာလား


















Facebook Account တခုဖွင့်ဖို့ဆိုတာ ခက်ခဲသော အရာတခုမဟုတ်ပါ ။သို့သော်လည်း သို့သော်လည်းပေါ့ ။

Email Account တစ်ခုရှိရုံနဲ့ ရပါတယ် ။ ဥပမာ Gmail Account

www.facebbok.com ကို သွားရောက်ပါ ။

Facebook Sign Up Form တွင် User Name , Email Account , Password , တွေဘာတွေရိုက်ထည့်လိုက်ပါ ။

ပြီးပါက နောက်စာမျက်နှာတခုပေါ်လာပြီး ကိုယ့် Email Account ကို Mail ပို့ထားပြီးပါပြီ Email ကနေတဆင့် Activate လုပ်ပါ စသော ညွှန်ကြားချက်ပေးပါသည် ။

ထို့အတွက်ကြောင့် ကိုယ့် Email ( Gmail ) ကို သွားရောက်ပါက Inbox တွင် Facebook က ပို့ထားသော Mail တစောင်ရောက်နေတာတွေ့မှာပါ ။ထို မေးလ်တွင် User Name , Password , Activatation Code စတာတွေပါပါတယ် ။

Activate Link ကို Click လုပ်ပါက facebook က သူငယ်ချင်းများကို Invite လုပ်မှာလား Profile Photo Import လုပ်မှာလား စသော မေးခွန်းများကို
တဆင့်ပြီးတဆင့်မေးပါလိမ့်မည် ။

အဆင့်တိုင်းတွင် Skip ဆိုသော Buttom ဆိုတာလေးပါပါတယ် ။ အဆင့်တိုင်းကို Skip လုပ်ပါ နောက်ဆုံး Facebook က မေးစရာ မေးခွန်းမရှိပါက ကိုယ့် Facebook Account ဆီရောက်သွားပါလိမ့်မယ် ။

ကိုယ့် Facebook Account ဆီရောက်မှ Photos တွေ Profile တွေ ဘာတွေညာတွေ ဖြည့်ပေါ့ဗျာ ။

ကျွန်တော်တခါ Skip အဆင့်များကို မလုပ်ပဲ မေးခွန်းများကို အလိုက်သင့်ဖြေရှင်းသောအခါ နောက်ဆုံး Account ဆီ မရောက်ပဲ Phone မှာ တဆင့် Activate လုပ်ဖို့ပေါ်လာပါတယ်။

လုံးဝအဆင်မပြေပါ ။

နောက် Gmail Account တခုဖြင့် Account ဖွင့်သောအခါ အဆင့်တိုင်းကို Skip လုပ်သောအခါ လွယ်လွယ်ကူကူ အကောင့်ရသွားပါတယ် ။

စမ်းကြည့်ပေါ့ဗျာ ။

                    **  Htar Waie Thar  **

0 comments:

Post a Comment