Thursday, December 20, 2012

Device Manager က ဘာတွေလုပ်ပေးနိုင်သလဲ
















Windows Operating System တွေမှာရှိတဲ့ Device Manager ဘာတွေလုပ်နိုင်သလဲဆိုတာ နည်းနည်းပြောကြည့်ကြမယ် ။

ကျွန်တော်တို့ သုံးနေတဲ့ Win XP , Win 7 တို့ပေါ်မှာ Device Manager ဆိုတဲ့ စနစ်တစ်ခုကို Microsoft ကထည့်ပေးလိုက်ပါတယ် ။

Device Manager ဆိုသောအမည်အတိုင်း သူက ကွန်ပျူတာမှာ တပ်ဆင်ထားသော Hardware တွေကိုထိန်းချုပ်ပေးတဲ့ စနစ်တစ်ခုပါ ။

ကွန်ပျူတာမှာ တပ်ဆင်ထားသော Keyboard, Mouse , CPU , Hard Disk , Memory Card etc. ရှိသမျှ Hardware တွေကို

အလုပ်လုပ်သလား မလုပ်ဘူးလား Driver မရှိဘူးလား ပြဿနာရှိလား စစ်ပေးတဲ့နေရာ တစ်ခုပါပဲ ။

Device Manager ကိုဝင်ရောက်မယ်ဆိုရင်တော့ System Properties က ဝင်တဲ့နည်းကိုပဲ ကျွန်တော်သဘောကျပါတယ် ။

System Properties ဆိုတာက Computer (My Computer ) > Right Click > Properties ပါပဲ။

Windows 7 ပေါ်မှာ Device Manager ကို System Properties မှာ လွယ်လွယ်ကူကူရှာတွေ့နိုင်ပြီး

Win XP မှာ System Properties > Hardware > Device Manager ဆိုပြီးသွားရမှာပါ ။

Device Manager ဆီရောက်သွာရင် ကိုယ်ရဲ့ User Name -PC ဆိုသောခေါင်စဉ်အောက်မှာ ကွန်ပျူတာတွင်တပ်ဆင်ထားသော

Hardware တွေကို ခေါင်းစဉ်ခွဲလေးတွေနဲ့ ပြသပေးမှာပါ ။

ကျွန်တော် ခေါင်စဉ်ခွဲလေးတခုဖြစ်တဲ့ DVD/CD-ROM Drives ဆိုသောနေရာကို Click လုပ်လိုက်တော့ ကျွန်တော်စက်မှာ တပ်ဆင်ထားတဲ့

DVD Drive လေးကိုတွေ့နေရပါတယ် ။

အဲ့ဒါလေးကို Left Click လုပ်ကြည့်တာဘာမှ မထူးခြားတော့ Right Click လုပ်ကြည့်ပါမယ် ။

Right Click လုပ်ကြည့်တော့ Properties ဆိုတာကိုတွေ့လို့ Properties ကို Click ပေါ့ ။

General , Driver , Detail ဆိုတာတွေကိုတွေ့ရမှာပါ ။


Driver Tab ဆိုတာက တကယ်အရေးကြီးတာတွေ စုထားပါတယ် ။

Driver Details   :   Driver Information ကို ပြသသောနေရာ ။

Update Driver   :  Driver တွေကို Update / Install လုပ်ပေးသောနေရာ ။

Roll Back Driver :  Driver များ Install / Update လုပ်လိုက်ပြီး အဆင်မပြေပါက Back ပြန်ဆုတ်နိုင်သော နေရာ ။

Disable      :  ကွန်ပျူတာတွင် ထိုစက်ပစ္စည်းတပ်ဆင်ထားသော်လည်း သုံးလို့မရအောင်ပိတ်လို့ ရသောနေရာ ။

Uninstall    : Driver ကို Uninstall ပြန်လုပ်သော နေရာ ။


တကယ်လို့များ ကွန်ပျူတာမှာ ရှိသည့် Device အတွက် Driver များမရှိပါက ? , ! ကဲ့သို့သော အမှတ်များဖြင့် Device ကိုပြသနေမှာ ဖြစ်သည် ။

Device ကို Disable လုပ်ထားပါက   Device Properties > General အောက် Device status မှာ This Device is Working အစား is not working လို့ပေါ်နေပါမယ် ။

Device Manager ကိုလေ့လာကြည့်ခြင်းဖြင့် မိမိကွန်ပျူတာတွင် တပ်ဆင်ထားသော Device များ ပုံမှန်အလုပ်လုပ်နေလား Disable ဖြစ်နေလား Driver မရှိတာလား

အစသဖြင့် လေ့လာကြည့်ရှုနိုင်ပါသည် ။

                                                                                                                                               **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment