Thursday, December 20, 2012

System Restore ရဲ့အသုံးဝင်ပုံ


















Windows OS System မှာပါတဲ့ System Restore က ဘာတွေလုပ်နိုင်သလဲ ဆိုတာ ကျွန်တော်တို့ လေ့လာကြမယ် ။

သူ့အမည်အတိုင် Windows System တစ်ခုလုံးကိုနေ့စွဲအလိုက် Restore လုပ်ပေးနိုင်တဲ့ Tools ပါပဲ။

System Restore က ဘယ်လိုအလုပ်လုပ်လည်းလို့ ကျွန်တော်စမ်းသပ်ကြည့်တော့ ကျွန်တော်တို့ Software တစ်ခုခုကို Install လုပ်တာနဲ့

သူက နေ့စွဲရက်စွဲအတိအကျနဲ့ မှတ်ထားတာဗျ ကိုယ်တင်လိုက်တဲ့ Software ကိုမကြိုက်လို့ရှိရင် Uninstall လုပ်လို့ရသလို System Restore လည်းလုပ်လို့ရတယ်ဗျ ။

နောက်ပြီး သူက Software Install လုပ်မှ မှတ်တာမဟုတ်ဘူးဗျ Uninstall လုပ်လည်းမှတ်တာပဲ။ သူဘာသာ Auto မှတ်တာတွေလည်း ရှိသေးတယ် ။

ဘာတွေအတွက်ကောင်းလည်းဆိုတော့ ဥပမာ ကျွန်တော်တို့က System , Hardware နဲ့ မကိုက်ညီတဲ့ Software တစ်ခုခုကို ကွန်ပျူတာမှာ

 သုံးလို့ရမယ်ထင်ပြီးတင်ပြီးမှ သုံးလို့လည်းမရ Uninstall လုပ်လည်းမရဘူးဆိုရင်တော့ System Restore က အတော်ကိုအသုံးဝင်သွားပါပြီ ။

နောက်ပြီး မှားယွင်းစွာ Uninstall လုပ်လိုက်တဲ့ Software တွေကိုလည်း ပြန်ဆယ်လို့ ရပါတယ် ။

##  System Restore သည် နေ့စွဲအလိုက် System တစ်ခုလုံးကို Restore လုပ်သည့်အတွက် System Restore လုပ်ပြီးပါက လောလောဆယ်သုံးနေသော

 Windows Setting များမရှိတော့ပဲ Restore လုပ်သောနေ့ရက်က Setting များအတိုင်း ကွန်ပျူတာကို တွေ့မြင်ရမှာပါ ။ Account , Account Name , Password များသည်လည်း

 ကိုယ် Restore လုပ်လိုက်သော နေ့ရက်အတိုင်းပဲ ရှိနေမှာပါ ။ ##

System Restore ကို Safe Mode နဲ့ Normal Mode နှစ်မျိုးလုံးနဲ့ အသုံးပြုလို့ရပါတယ် ။

။  ။Normal Mode ဆိုတာက ကွန်တော်တို့ အမြဲတမ်းသုံးနေတဲ့ Windows ပုံစံ ( Desktop လှလှ ၊ သီချင်းတွေဘာတွေဖွင့်လို့ရ၊ Software အကုန်သုံးလို့ရတဲ့ ပုံစံ) ပါပဲ ။

**System Restore က 32 bits Windows 7  အတွက် Start > All Program >Accessories > System Tools > System Restore  ဆိုတာပါပဲ ။

**64 bits Windows 7 အတွက်က Start > All Program > Maintainxxx> System Restore ဆိုတာပါပဲ ။

**ကျွန်တော်တို့သာ System Restore ကို Click လုပ်ပါက “Restore System Files and Setting “ ဆိုတဲ့ခေါင်းစဉ်စာသားနဲ့ System Restore ရဲ့ပထမဆုံးအဖွင့်စာမျက်နှာကို တွေ့ရမှာပါ ။

**Next ကိုသာ Click လုပ်ပါက “ Restore your computer to the stage it was in before the selected event” ဆိုသောခေါင်းစဉ်နဲ့ စာမျက်နှာတစ်ခုကို တွေ့ရမှာပါ ။

**အဲဒီနေရာကို Show လိုက်ရင် “Date and Time” , “Description “ , “Type “ ဆိုတဲ့ ခေါင်းစဉ်ခွဲလေးတွေ တွေ့မြင်ရမှာပါ ။

**အဲ့ဒီမှာ တွေ့မြင်နိုင်တာက Before Uninstalling xxx , Before Installing xxx , Auto System Restore Point စတာတွေကို နေ့စွဲအချိန်အတိအကျ နှင့် ဖေါ်ပြထားတာကို တွေ့မြင်နိုင်ပါတယ် ။

**အဲ့ဒီဇယားအကွက်ထဲက ကိုယ် Restore လုပ်ချင်တဲ့  နေရာကို Click ( High Light ) ထားပြီး Next ကို Click ပေးပါက နောက်စာမျက်နှာမှာ “ Comfirm your restore point “

ဆိုသောခေါင်းစဉ်စာသားနဲ့ တွေ့မြင်ရမှာပါ ။ ထိုစာမျက်နှာမှာ Finish ကို Click လုပ်ပါက “System Restore” စတင်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက်  Restart လုပ်ခွင့်ပေးရန်တောင်းဆိုပြီး

 Restart လုပ်ခွင့်ပေးလိုက်ပါက Windows Log Off ဖြစ်ပြီး System Restore Process စတင်၍လုပ်ဆောင်ပါတယ် ။

**အချိန်အနည်းငယ် စောင့်ဆိုင်းပြီးတဲ့နောက် System Restore Process ပြီးဆုံးပါက Restart ကျသွားပါလိမ့်မည် ။

**Restart ကျပြီး Windows ပြန်တက်လာပါက မိမိ Restore လုပ်ထားသောနေ့ရက်အတိုင်း Program , Setting တွေကို မြင်တွေ့ရမှာပါ ခင်ဗျာ ။


။  ။Safe Mode ဆိုတာက ကျွန်တော်တို အမြဲမြင်တွေ့နေကြ Windows ပုံစံမဟုတ်ပါဘူး ။ အမည်းရောင် Screen နဲ့ Windows ပုံစံပါပဲ ။

**Safe mode နှင့်သုံးချင်ပါက Computer Power On ပြီးတာနှင့် “F8” Function Key 8 ကို ဆက်တိုက်နှိပ်ထားပါ ။

**“Choose Advanced Option for : Windows 7

Use the arry key to highlight your choice”

ဆိုသောခေါင်းစဉ်နဲ့ အမည်းရောင် စာမျက်နှာပေါ်လာပါက F8 နှိပ်တာရပ်၍ ထိုစာမျက်နှာတွင် “Safe Mode” ကို Hight Light ထား၍ Enter ခေါက်ရမှာပါ ။

**Loading Windows Files ဆိုပြီး နောက်စာမျက်နှာမှာ Files တွေအများကြီးတက်လာပြီးနောက်မှာ Windows Welcome Screen ကို Safe Mode အနေနှင့်ပုံစံအသစ်နဲ့ ဆီးကြိုနေတာကို တြွေမင်နိုင်ပါတယ် ။

**Safe Mode နှင့် Computer ထဲဝင်ပြီးနောက် System Restore လုပ်သည့်ပုံစံသည် Normal Mode တွင်လုပ်သည့်အတိုင်းပင်ဖြစ်သည် ။


။  ။Windows XP တွင် System Restore ကို Normal Mode နှင့်လုပ်ရသည်မှာ အဆင်မပြေဖြစ်တက်သည့်အတွက် Safe Mode ဖြစ်သာ System Restore လုပ်ကြပါသည် ။

**Windows XP တွင် Safe Mode ဖြင့် System Restore လုပ်ရန်  Computer ကို Power On ပြီးတာနဲ့ “F8” Key ကို ဆက်တိုက်နှိပ်ထားပါ။

**“Windows Advanced Option Menu

Please select an option “

ဆိုသောခေါင်းစဉ်နဲ့ အမည်းရောင် စာမျက်နှာပေါ်လာပါက F8 နှိပ်တာရပ်၍ ထိုစာမျက်နှာတွင် “Safe Mode” ကို Hight Light ထား၍ Enter ခေါက်ရမှာပါ ။

**နောက်စာမျက်နှာမှာ “Microsoft Windows XP Professional” ဆိုတာပေါ်လာပါက Enter ခေါက်ပါ။

**နောက်စာမျက်နှာမှာ Files တွေအများကြီးပေါ်ပြီး ရပ်နေပါက Enter ဆက်ခေါက်ပါ ။(Enter မခေါက်လည်း Auto တက်ပါသည်။)

**Welcome Screen မှာ ကိုယ်မှာအရင်ရှိပြီးသား Account အပြင် “Administrator” ဆိုသော Account တစ်ခုပိုနေတာ တွေ့ရပါလိမ့်မည် ။

**ကွန်ပျူတာထဲ ဝင်ရောက်တာနဲ့ မေးခွန်းတစ်ခုက ဆီးကြိုနေပါသည် “Safe Mode ဖြင့်သုံးချင်ပါက Yes ကိုနှိပ် ၊ System Restore

လုပ်ချင်ပါက No ကိုနှိပ်” ဆိုသော မေးခွန်းဖြစ်သည် ။

**ကျွန်တော်တို့က System Restore လုပ်မှာ ဖြစ်သည့်အတွက် No ကို Click ပါက

“Welcome to System Restore” ဆိုသောခေါင်းစဉ်နဲ့ စာမျက်နှာပေါ်လာပါတယ် Next ကို Click ပါ ။

**System Restore လုပ်လို့ရသော နေ့များကိုဖော်ပြသောနေရာသို့ရောက်သွားပါပြီး ။

**ကျန်သောအဆင့်များသည် Windows 7 normal mode တွင်လုပ်ဆောင်တာနှင့် ခပ်ဆင်ဆင်ပါပဲ ခင်ဗျာ ။

Windows XP Welcome တွင်မေးသောမေးခွန်းကို No ဟုမဖြေခဲ့ပါက System Restore ကို

Start > All Programs > Accessories > System Tools > System Restore ဆိုပြီးလည်းအသုံးပြုလို့ရပါတယ် ။


။   ။ Windows Setting , Installer အသစ်များကြောင့် OS မတက်ပါက Safe Mode ကိုသာ အားထား၍ အသုံးပြုရမှာပါ ။

Normal Mode ဖြင့် Windows မတက်သည့်တိုင်အောင် Safe Mode ဖြင့် Try ကြည့်သောအခါ Windows တက်လာတာကို မြင်တွေရမှာပါပဲ ။

Safe Mode ဖြင့် Windows တက်လာပါက System Restore လုပ်လို့ရသည့်အတွက် Normal Mode တွင် Windows ပြဿနာရှိသော အချိန်ကိုကျော်ဖြတ်ရန်

ပြဿနာမရှိနေ့ရက် System Restore Point ဖြင့်ပြန်လည်အစားထိုးနိုင်သည့်အားသာချက်များ ရှိပါတယ် ။

                                                                         
                                                                                                                                                             **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment