Showing posts with label Android Root ၊ Myanmar Fonts ၊ Tools. Show all posts
Showing posts with label Android Root ၊ Myanmar Fonts ၊ Tools. Show all posts

Saturday, May 30, 2015

Glaxy S6 ကို Root ဖောက်နည်း


























Glaxy S6 Root ဖောက်နည်းလမ်းလေးကို ကိုဝင်းဘလော့ဂ်မှာတွေ့မိလို့ ကျွန်တော် ပြန်လည်မျှပေးလိုက်ပါတယ်။

ဖုန်းဆော့ဝဲလ်လေးတစ်ခုကို ဒေါင်းပြီး Root လုပ်ရမှာ ဖြစ်ပါတယ်။

PingPongRoot  Apk လေးကို ဒေါင်းပြီး Root ဖောက်ရမှာပါ။

ဖိုင်ဆိုဒ်က 4MB လောက်ပဲ ရှိပါတယ်။

ကျွန်တော် မူရင်းအတိုင်းပဲ မျှပေးလိုက်ပါတယ်။

တကယ်လို့ ဒေါင်းမရဘူးဆိုရင် စာချန်ပေးခဲ့ပါ။ ကျွန်တော် Upload ပြန်လုပ်ပေးပါ့မယ်။



Step 1. Download the PingPongRoot file here . 

Step 2. Now you will see the pingpongroot_beta2.apk file, move the file on your Galaxy S6 internal memory.

Step 3. Open the file manager on your phone and install the download apk file on your phone.


Step 4. Open up the app and then hit the “Get Root!” button.




















Step 5. If prompted for app permissions, allow them and continue.

Step 6. Once finished, make sure run “Kinguser” app at least once, and change the permission of any application you want to “Allow” if necessary.


























source : www.xda.com

Credit:    www.winkabarkyaw.net



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.org

Saturday, April 18, 2015

SUN A700 ကို Root ဖောက်ပြီး ဖုန်းတိုင်းကို မြန်မာစာထည့်သွင်းနိုင်တယ်ဆိုတဲ့ MPPG Font Tool လေးကို သုံးကြည့်မယ်
































ကျွန်တော်လည်း ဖုန်းပို့စ်တွေ အတော်ကို ကြာသွားပြီနော့်။

ဒီမနက်ပဲ တရုတ်ပြည်က တရုတ်ပြည်ထုတ် SUN A700 Model Android ဖုန်းတစ်လုံး ကျွန်တော့်ဆီရောက်လာလို့ ကျွန်တော် ပို့စ်လေး တင်လို့ ရသွားတာပေါ့ဗျာ။

Android Version 4.4 ကို အသုံးပြုထားသော ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

တရုတ်ပြည်မှ တိုက်ရိုက်ဝယ်ယူလာသော ဖုန်းတစ်လုံးပါပဲ။

ကဲ့ တရုတ်ဖုန်းတစ်လုံးကို Root မယ်ဆိုတော့ ထုံးစံအတိုင်း တရုတ်ပြည်က ထုတ်တဲ့ Vroot ကိုပဲ သုံးရမှာပေါ့ဗျာ။

ကျွန်တော် VRoot နဲ့ Root ဖောက်တာ အိုကေပါတယ်။

Mobile Version နဲ့ မရပါဘူး။ ( ကျွန်တော် ဖောက်တာမရတာကို ပြောတာပါ။ )


PC Version VRoot ကို လိုချင်ရင်

http://www.mgyun.com/en/getvroot


အဲ့မှာ Update Vroot ကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်နော့်။

Root လုပ်မယ်ဆိုရင်တော့ USB Debugging ကို ဖွင့်ထာဖို့တော့ လိုမယ်နော့်။



ကဲ့ ဖုန်းတစ်လုံးက Root ရှိပြီဆိုတော့ မြန်မာစာထည့်ရတာပေါ့ဗျာ။

အဲ့ဖုန်းက ကျွန်တော် မြန်မာစာထည့်ကြည့်တာ AOI Font Changer, Smart Zawgyi Installer and Smart Zawgyi Installer Pro (PC Version ) တွေနဲ့ စမ်းကြည့်တာ မြန်မာစာ မမှန်ပါဘူးဗျာ။

အဲ့ဒါကြောင့် အွန်လိုင်းမှာ ရှာကြည့်တာ အခုပြောမဲ့ MPPG Font Tool ( APK Version ) လေးကို တွေ့တာနဲ့ သုံးကြည့်လိုက်တာ အိုကေသွားပါတယ်။

www.maungpauk.org  က မျှပေးထားတာလေးကို တွေ့လိုက်မိတာပါ။

www.maungpauk.org ပို့စ်မှာ ရေးထားတာတော့


/*
apk ရဲ့ အထူးအားသာချက်ကတော့

    နေရာတိုင်းမြန်မာစာ ရှေ့နောက်မလွဲစေရန် FEPFZ method ထည့်ထားခြင်း
    USER မှ ဘာမှရွေးချယ်ပေးစရာမလိုပဲ
    1 Click 1 Button ဖြင့်သာ သုံးရန်လိုအပ်ပီး ကျန်တာအားလုံး ကျနော့် ဘက်မှတာဝန်ယူ
    ထားခြင်း
    သတင်းခေါင်းစဉ်များ ဖေ့ဘုတ်မြန်မာနာမည်များ COC Game များက အစ မြင်ရအောင်လုပ်ထားပေးခြင်း
    Original font restore ပြုလုပ်နိုင်ခြင်း

တို.ဖြစ်ပါတယ်

What is New : v1.3

    Y320-U01 fixed
    G620-L72 fixed
    G730-U00 fixed
    Bug Fixed

OS : Android 2.3 and Above
Update : 29.11.2014
*/

ဒေါင်းလုပ်ခ်လင့်ခ်တွေက


DevHost   

Solidfiles   

Zippyshare  

Tusfiles  

Mirror ( 7 Links )  


Download Links တွေက www.maungpauk.org က ယူပေးထားတာပါ။

ကျွန်တော့်မှာ ဒေါင်းလုပ်ဆွဲထားပြီးသားရှိတာမို့ အဆင်မပြေပါက စာချန်ပေးခဲ့ပါခင်ဗျား။



Credit:  All Supporters and Developers For Myanmar Font Changer



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )          www.htarwaiethar.org

Wednesday, April 15, 2015

Huawei G610-U00C00 နှင့် G730-U00C00 အတွက် Google Service APK များ

























 Huawei G610-U00/C00 နဲ့ G730-U00/C00 တွေကို Root လုပ်စရာမလို CWM မလိုပဲ Google Service ရတဲ့ Apk များပြန်လည်မျှဝေပေးလိုက်ပါတယ်။

တခြား Model တွေလို Root စရာ မလိုတာကြောင့် တော်ရုံတန်ရုံ System ပိုင်းတွေနဲ့ မငြိတော့ပဲ လွယ်ကူစွာ အသုံးပြုနိုင်တာကြောင့် ဆိုင်သမားများရော User များပါ ဆောင်ထားသင့်တဲ့ Apk များဖြစ်ပါတယ်။ zip file နဲ့ ချုပ်ပြီးတင်ပေးထားပါတယ်။ Extract လုပ်ပြီး ရလာတဲ့ Apk များကို install လုပ်ပေးရုံပါပဲ။ လိုအပ်မယ်ဆိုရင်တော့.......


>>> Download <<< 


Credit : Dragonknight  :::::== MPX Team==:::::



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.org

Thursday, February 19, 2015

VRoot Version အသစ် iRoot




























ကျွန်တော် ဒီနေ့ Huawei Y610 U00 လေးကို Root လုပ်ဖို့ VRoot Update လိုက်ရှာကြည့်တာ iRoot ဆိုတာလေးကို တွေ့မိပါတယ်။

အဲ့ဒါလေးကို ဒေါင်းပြီး Root ဖောက်တာ အိုကေတာမို့ VRoot Version Update မဖြစ်ရင် အခု ကျွန်တော်ပြောတဲ့ iRoot လေးကို အသုံးပြုနိုင်ပါတယ်။

မူရင်ဝက်ဆိုဒ်ကိုပဲ ညွန်းပေးပါမယ်။



http://www.mgyun.com/en/getvroot


လိုအပ်သူများ သွားရောက်လေ့လာ ဒေါင်းလုပ်ခ်လုပ်လိုက်နော့်။

အားလုံး အဆင်ပြေပါစေဗျာ။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.org

Saturday, October 18, 2014

Huawei G 610 Firmware and Firmware Installation



























ကျွန်တော် Huawei G 610 T11 Firmware လစ်သွားတဲ့ ဖုန်းတစ်လုံးကို အောင်မြင်စွာ ဖန်းဝဲလ်တင်ပေးနိုင်လို့ အခု ပို့စ်ကို ရေးလိုက်ပါတယ်။

တောမှာနေရတာဆိုတော့ G 610 T11 လေးက ကျွန်တော့်ကို နှစ်ရက်လောက်တော့ အုံးစားသွားတယ်။ နောက်မှ မနက်အစောကြီး လူက ခဏထ ကွန်ပျူတာကို ဒေါင်းလုပ်ခ်ဆွဲခိုင်းပြီး လူက ပြန်အိပ်ပေါ့ဗျာ။ အခုတော့ အဆင်ပြေသွားပါပြီ။

Huawei G 610 Series တွေ ဖြစ်တဲ့ T11 , U00 , T00, C00 စတာတွေ အားလုံးကို ကျွန်တော် မစမ်းကြည့်ရပေမဲ့ သဘောတရားက အတူတူပဲ ဖြစ်ပါတယ်။

ကျွန်တော် အဲ့ ဖန်းဝဲလ်တွေ အားလုံးကို အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်အောင် မျှပေးလိုက်ပါတယ်။

MediaFires မှာ တင်ထားတဲ့ လင့်ခ်တွေမို့ အဆင်လည်ပြေ စိတ်လည်း ချရပါတယ်။


 G610-[G610-T11]-B123
(Android 4.2 ,Emotion UI,V100R001CHNC01B123)(613Mb)----->>Download Here(mediafire)›½ç§»åŠ¨ï¼‰.zip   


Ascend -G610-[G610-U00]-B145
(Android 4.2,Emotion UI,V100R001CHNC00B145)(579Mb)----->>Download Here(mediafire)-(G610-U00%2CAndroid%204.2%2CE%3Dmotion%20UI%2CV100R001C%3DHNC17B145,中国联通).zip         


Ascend-G610-[G610-U00]-B136
(Android,4.2 Emotion UI,V100R001CHNC00B136)(683Mb)----->>Download Here(mediafire)-(G610-U00%2CAndroid_4.2%2CEmotion_UI%2CV100R001CHNC00B136%EF%BC%8C05021GJU%EF%BC%89.zip          


Ascend-G610-[G610-T00]-B136
(Android,4.2 Emotion UI,V100R001CHNC00B136)(649Mb)----->>Download Here(mediafire)




Ascend-G610-[G610-C00]-B122
(Android,4.2,Emotion UI,V100R001C92B122)(688Mb)----->>Download Here(mediafire)




Ascend-G610-[G610-U00]-B127
(Android,4.2,Emotion UI,V100R001CHNC17B127)(536Mb)----->>Download Here(mediafire)



Mediafire Links များတွင် ပက်စ်ဝက်တောင်းပါက MMAS ဆိုပြီး ရိုက်ထည့်ပါ။ အခု လင့်ခ်များသည် MMUG Group မှာ ကိုအောင်မျိုးထက်ဇော် ကူညီရှာဖွေပေးထားသော လင့်ခ်များ ဖြစ်ပါတယ်။



ကျွန်တော့်မှာ G 610 T11 လေးမို့ အပေါ်ဆုံးက အကောင်ကို ဒေါင်းလုပ်ခ်ရယူခဲ့ပါတယ်။


Firmware တင်နည်း။


-    လိုအပ်သော ဖိုင်ကို ဒေါင်းလုပ်ခ်ရယူပါ။

-    ရရှိလာသော Zip File ကို ဖြေထုတ်ပါ။

-    dload ဆိုသော ဖိုဒါလ်လေးကို 2 GB , 4 GB Micro SD Card ကို Format ( FAT 32 ) ရိုက်ပြီး ကူးထည့်ပါ။

-    ဖုန်းကို ဘက်ထရီအား ၈၀ လောက်ရှိအောင် အားသွင်းထားပါ။

-    ဖုန်းကို ဘက်ထရီဖြုတ်ပြီး dload Folder တစ်ခုတည်းပါသော SD Card ထည့်ပါ။

-    Downloading Mode ( Power , Vol - , Vol + သုံးခုလုံး ပြိုင်နှိပ် ) ကို ဝင်ရောက်ပါ။

ကျွန်တော် ဖန်းဝဲလ်တင်တဲ့ T11 ကတော့ ပန်းရောင်လေ မဖြစ်လာပါဘူး။ Retrying From SD Card ဆိုပြီး ပေါ်လာတာပါ။ နောက် စာတန်းတွေ တစ်ခုပြီး တစ်ခု ပေါ်လာပါတယ်။

Success စသော စာတန်းပေါင်းစုံ ပေါ်ပြီးနောက်မှာ ဖုန်းက အော်တို Restart ကျသွားပါတယ်။

ပါဝါအော်တိုပြန်တက်လာပြီးနောက်မှာတော့ G 610 T11 လေးကို ဖန်းဝဲလ်အသစ်လေးနဲ့ အိုကေနေတာ တွေ့ရပါတယ်။


ဒါ ကျွန်တော် ဖန်းဝဲလ်တင်တုန်းက တွေ့ကြုံရတာကို မျှခြင်းဖြစ်ပါတယ်။ ကျွန်တော်စမ်းသပ်တာက T11 ဖြစ်တာမို့ အခြားသော U00 တို့လိုမျိုးဆို အနည်းငယ်ကွဲပြားနိုင်ပါတယ်။ သို့သော်လည်း ဖန်းဝဲလ်တင်နည်းက အတူတူပဲ ဖြစ်ပါတယ်။ Downloading Mode ကပဲ ဖန်ဝဲလ်အသစ်ပြန်တင်ရမှာပါ။


အားလုံး အဆင်ပြေပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Thursday, October 9, 2014

coolpad 7060 nv fail လဲ ပူစရာမလို3G မတက်တော့မှာလဲပူစရာမလို Firmware


























စျေးနူန်းသက်သာတဲ့ ဖုန်းအမျိုးအစားဖြစ်လို့
အထင်တော့ မသေးလိုက်ကြပါနဲ့ ဗျာ သူလေးက စျေးနူန်းသက်သာပြီး
အော်ရီဒူးသုံးလို့ရလို့ အလွန်အရောင်းသွက်တဲ့ ဖုန်းအမျိုးစားတစ်ခုပါ
ခုဆို
firmware ကျလို့ လာတဲ့ အလုံးတွေ အတော်များနေပါပြီ power by MOF နဲ့တက်တဲ့
firmware က 3G ပျောက်ပြီး network unlock ဆိုတဲ့ APK နဲ့လဲ မရပါဘူး

အခု ဒီ firmware လေးက သူနဲ့ အတူတွဲတင်ရမယ့် downloader လဲ ပါပြီးသားပါ 3G လုံးဝ လုံးဝ တက်ပြီး လုံးဝ လုံးဝ အိုကေပါတယ်

သူငယ်ချင်းတို့ အဆင်ပြေပါစေ credit Mg Nyi Zaw :D

ဒီမှာ ဒေါင်းပါ

Download>>>         

ref : MMSD






Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )              www.htarwaiethar.org

♪ Huawei Sony Samsung တွေကို မြန်မာစာ မှန်ကန်အောင် ထည့်ပေးနိုင်တဲ့ 3in1 Font Tool ♫





























MPPG က ကိုဖြိုးညီညီရေးတဲ့ Huawei Sony Samsung ၃မျိုးကို မှန်ကန်စွာ မြန်မာစာထည့်ပေးမယ့် 3in1 Font Tool လေးဖြစ်ပါတယ်။ 4.4.2 ထိ Support ရနိုင်ပြီး ဘယ်ဖုန်းကဘယ်ဟာနဲ့ချိန်းရ တယ်ဆိုတာမျိုး မဖြစ်ရအောင် Tool တစ်ခုတည်းကနေ သူဖာသာသူထည့်ပေးသွားမယ်လို့ ဆိုပါတယ်.. PC နဲ့သုံးရ မှာဖြစ်ပါတယ်..


Credit : Phyo Nyi Nyi

Ref: http://www.maungpauk.org/


Download      



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )               www.htarwaiethar.org

Sunday, October 5, 2014

4.4 , 4.3 , 4.2.2 , 4.1.X Gapp Installer လေးပါ...
























4.4 , 4.3 , 4.2.2 , 4.1.X ထိ Google Playstore သွင်းနိုင်တဲ့ Installer ဖြစ်ပါတယ်

လိုအပ်သူများ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

ဖိုင်ဆိုဒ်က 64 MB ကျော်ကျော်ရှိပါတယ်။ 

Credit:  Myanaungtharr Phyogy

 
 
 
 
 Posted By
 
 
Ko Ko Zaw ( BE-EC )         www.htarwaiethar.org
 

Friday, October 3, 2014

Huawei G730-U00 ကို Root လုပ်နည်း
































Huawei G730 U00 လေးက Emotion UI Verision Mobile Phone တစ်လုံးဖြစ်ပါတယ်။

ဒါကြောင့် မြန်မာစာထည့်သွင်းဖို့ဆိုရင်တော့ Root လုပ်စရာမလိုပဲ မြန်မာစာမြင်နိုင်အောင် Emotion UI Myanmar Font ပါပြီးသာ Teme ကို ထည့်သွင်းလိုက်ရင်ရပါတယ်။

သို့သော်လည်း မိမိဖုန်းကို Root လုပ်ပြီးမှ သုံးစရာရှိသော ဆော့ဝဲလ်တွေကို အသုံးပြုချင်သူများအတွက် ကိုဝင်းဘလော့ဂ်မှာ တွေ့မိသော Huawei G730 Root လုပ်နည်းလေးကို ကျွန်တော့်ဘလော့ဂ်မှာ မူရင်းအတိုင်းပြန်လည် ရေးသားမျှဝေပေးလိုက်ပါတယ်။

လိုအပ်သူများ လိုအပ်ကောင်းလိုအပ်မှာပါခင်ဗျား။



မူရင်းဖော်ပြချက်။။။။။။။။။။။။။။။။။။။


ဟန်လေး: Huawei G730 U00 ဘယ်ဟာနဲ့မှ အမြစ်တူးမရ ဖြစ်နေပါတယ်။ ကူညီပါလားခင်ဗျာ။


အခုနောက်ပိုင်းပြသနာ နည်းနည်းတက်နေတဲ့ "G730-U00 "
Build Number 135 မှာ Root ဖောက်မရတာတွေရှိနေတာကို ကိုညီပိုင် ရှာဖွေထားတဲ့ နည်းလမ်းလေးတင်ပေးချင်ပါတယ်. ဒီနည်းလမ်းလေးကတော့ CWM တင်ပြီး အမြစ်တူးတာပါ
CWM တင်ပြီးပြီဆိုရင် မိမိတို့ဖုန်းကို လုပ်ချင်တိုင်းလုပ်လို့ရပီနော်.... :D
ကဲ...ပြောတာကြာတယ် လိုအပ်တာတွေဒေါင်းပေးပါဗျာ......



Download  G730-U00 CWM En Version     

Download  Sp FlashTool 5.1343.01         

Download  UpdateSupersu1.94.zip          


ဒေါင်းလို ့ပြီးပြီဆိုရင် Sp FlashTool ကိုဖွင့်လိုက်ပါ ဒီလိုလေးပေါ့ဗျာ...













Scattor Loading ဆိုတဲ့ အကွက်လေးမှာ ခုနက G730 CWM ထဲက
MT6582_Android_scatter_emmc.txt ဆိုတာလေး

ရွေးပေးလိုက်ပါ ..ပြီးရင် Recovery ဆိုတာလေးကိုအမှန်ခြစ်ပြီး ဘေးမှာ G730 CWM Folder ထဲက
image ကိုရွေးပေးလိုက်ပါ

ပြီးရင် Download ဆိုတဲ့ခလုတ်လေးနှိပ်လိုက်ပါ ပြီးပြီဆိုရင် မိမိတို့ဖုန်းကို Battery ဖြုတ်ပြီး
ကွန်ပြုတာမှာထိုးလိုက်ပါ ..ပြီးရင် Battery ပြန်တပ်လိုက်ပါ သူ့ဟာသူရေးပေးသွားလိမ့်ပါမယ်...ပြီးရင်တော့ CWM ခေါ်ပြီး SuperSu လေးသွင်းလိုက်ရင်


အဆင်ပြေပါပြီဗျာ.........



Credit : Myanmar Techno Library


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

Saturday, July 26, 2014

G730-U00 & Honor 3C တို့အတွက် မြန်မာစာမှန်ကန်အောင်သွင်းပေးနိုင်မည့် MM Font Installer

































G730-U00 & Honor 3C Font Installer

Window အတွက် Tool မရေးတာကြာတာက တစ်ကြောင်း

ပြီးတော့ Honor တွေ G730 တွေမှာ 123 ရိုက်မရတာတွေရှိနေသေးတော့


ဒီ Tool ကိုရေးလိုက်တာပါ။ Apk ပုံစံအနေနဲ့ကတော့ Ye Lin Aung Kseရဲ့ Apk ရှိပါတယ်။    https://www.facebook.com/kgkremix

အရင် ARM Tool Kit တွေရေးတုန်းက C# နဲ့ ရေးပေမဲ့ ကျွှန်တော့်သင်တန်းသားတွေကိုယ်တိုင်

.net သွင်းမရတဲ့စက်တွေနဲ့ Error တွေများလို့ Java နဲ့ ဒီတစ်ခါရေးလိုက်ပါတယ်။

Instruction တွေစုံလင်စွာ ပါ၀င်တဲ့ Tool ကို ဒီမှာဒေါင်းပါ။

Download  


Credit : Phyo Chan ( MMSD )


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Huawei U8825-1 G330 Offical Firmware Download




























၁ Download ရလာတဲ့ Firmware ကို ဖြေလိုက်ရင် Dload ဖိုဒါရလာပါမယ်

၂ SD အနည်းဆုံး 2GB ရှိတဲ့ Card ကို Format ချ ပြီး

၃ Dload ဖိုဒါကို SD ထဲထည့်ပြီး ဖုန်းထဲကို SD Card ထည့်ပါ

၄ ဖုန်းကို volume up button + volume down + power ဖိနှိပ်ထားပါ


အတန်းလေးဖြေးနေတာကိုစောင့်ပါ ဖုန်းပါ၀ါပိတ်သွားပြီးပြန်တက်လာရင်တော့
Firmware တင်ခြင်းလုပ်ငန်း ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်

Download firmware  


Credit:  ThanToeAung


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Phone and Tablet တွေမှာ Root ရှိပြီး မြန်မာစာ ထည့်မရရင် အခု နည်းလမ်းလေး စမ်းကြည့်ပါ။


























အခု ကျွန်တော် ပြောမဲ့ နည်းလမ်းလေးကို သိတဲ့လူတွေက သိပြီးသား ဖြစ်မှာပါ။

ဖုန်းပဲဖြစ်ဖြစ်၊ Tablet ပဲ ဖြစ်ဖြစ် Root တော့ရတယ်၊ မြန်မာစာတွေက ဘာနဲ့ထည့်ထည့်မရရင် ကျွန်တော်ပြောတဲ့နည်းလမ်းလေး စမ်းကြည့်နိုင်ပါတယ်နော့်။

အခုနည်းက တကယ်တော့ အသစ်မဟုတ်ပါဘူး။

နည်းလမ်းအဟောင်းလေးပါ။ Font Changer Lite ကို အသုံးပြုသော နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ အတော်ကို အသုံးများပါတယ်။ အခုနောက်ပိုင်းမှာတော့ Zawgyi Font Changer ကိုပဲ အသုံးများလာပါတယ်။

ကျွန်တော် ဒီနည်းလမ်းကို Huawei Y320 , Y325 , Samsung Glaxy S2 and Table Android 4.2.2 တံဆိပ်မသိတဲ့ စက်တွေမှာ စမ်းဖူးပါတယ်။

တစ်ချို့သော စက်တွေက အခုလောလောဆယ် လူသိများတဲ့ Font Changer တစ်ခုမှကို အဆင်မပြေတာရှိပါတယ်။ အဲ့လိုမျိုး အခြေနေမှာ ကျွန်တော့်နည်းလမ်းလေးကို စမ်းကြည့်ပေါ့နော့်။

မြန်မာစာ အားလုံးတော့ မပေါ်ပါဘူး။ တစ်ချို့သော စက်တွေမှာပြောပါတယ်။ သို့သော်လည်း နေရာ အတော်များများမှာ မြန်မာစာ မြင်ရမှာပါ။


၁) လိုအပ်တာလေးတွေကို ဒေါင်းလုပ်ခ်ရယူပါ။

Download ( 2.41 MB )    


၂) ဒေါင်းလို့ရလာသော ဖိုင်ကို Win Rar Software ကို အသုံးပြုပြီး ဖြည့်ထုတ်လိုက်ပါ။

၃) ကျွန်တော်ပေးထားတာ Busy Box.apk, Font Changer Lite.apk , Smart Zawgyi.ttf  အဲ့ဒီသုံးဖိုင်ကို ဖုန်းထဲကို ကူးလိုက်ပါ။

၄) Busy Box ကို Install လုပ်ပါ။ Super User တက်လာပါတယ်။ Allow လုပ်ပေးလိုက်ပါ။

၅) Font Changer Lite ကို Install လုပ်ပါ။ Super User တက်လာပါမည်။ Allow လုပ်ပေးလိုက်ပါ။ Font Changer Lite  Reflesh ဖြစ်သည့် အထိစောင့်ပါ။ ဘာဖောင့်မှ မရှိကြောင်း ပြောပါလိမ့်မည်။ ပြီးရင် Font Changer Lite ကို ပိတ်လိုက်ပါ။

၆) Font Changer Lite ကို ဖုန်းမှာ Install လုပ်ထားတာမို့ Phone > SD Card > မှာ .fontschanger ဆိုသော ဖိုဒါလ်လေး ရှိနေပါတယ်။ သို့သော်လည်း ဖုန်းမှာ မူရင်းပါတဲ့ ES File Explorer , File Manager တို့က အဲ့ဒီ ဖိုဒါလ်ကို မမြင်ရပါဘူး။

၇) ကျွန်တော်ကတော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါတယ်။ အဲ့ဒီ .fontchanger Folder လေးထဲကို SmartZawgyi.ttf ဖိုင်းလေးထည့်ပေးရမှာပါ။ ကွန်ပျူတာ မသုံးချင်ရင် ဖုန်းမှာ Root Explorer , Dual File Manager စသော ဆော့ဝဲလ်တွေအသုံးပြုရင်လည်းရပါတယ်။ ကျွန်တော်ကတော့ ကွန်ပျူတာနဲ့ပဲ ကစ်လိုက်ပါတယ်။

၈ ) ဖုန်းကို ကွန်ပျူတာကနေပြီး ဖြုတ်လိုက်ပါ။ ဖုန်းမှာ Font Changer Lite ကို ဖွင့်လိုက်ပါ။ SmartZawgyi ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ Apply တွေဘာတွေကို နှိပ်လိုက်ပါ။ နောက်ဆုံး ဖုန်းကို Reboot လုပ်ဖို့ ပြောပါမယ်။ Reboot ကို တစ်ချက်နှိပ်ပေးပါ။ နောက် ဖုန်းပြန်တက်လာပါက ဖုန်းမှာ မြန်မာစာ မှန်နေတာ တွေ့ရပါမယ်။

၉) ဒါမှ မမှန်သေးရင် ဖုန်းမှာ FontChangerLite ကို ပြန်ဖွင့်ပါ။ Menu ကို တစ်ချက်နှိပ်၊ Advanced ကို နှိပ်၊ DroidSansThai.ttf ကို ရှာပြီး တစ်ချက်နှိပ်၊ Set ကို ရွေး၊ နောက် SmartZawgyi.ttf ကို ရွေးပေးလိုက်ပါ။ လုပ်ဆောင်ချက်တွေ ပြီးသွားပါက ဖုန်းကို Reboot လုပ်လိုက်ပါ။ ဖုန်းပြန်တက်လာပါက မြန်မာစာ အမှန်ကို မြင်ရပါမယ်။


ကျွန်တော် စမ်းသပ်သော စက်မှာတော့ နံပါတ် ၈ မှာတင် အဆင်ပြေသွားပါတယ်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Samsung Glaxy Tab 3 Lite SM-T110 ကို Root မလုပ်ပဲ မြန်မာစာထည့်သွင်းနည်း



























Samsung Glaxy Tab 3 Lite SM-T110 လေးက Root ဖောက်ရတာ နည်းနည်း တိုင်ပတ်ပါတယ်။

ကျွန်တော် ဖောက်ကြည့်တာတော့ မရပါဘူး။ နောက် Root ဖောက်နည်းရှာကြည့်တော့လည်း မတွေ့တာနဲ့ပဲ ကျွန်တော် Root မဖောက်ပဲ မြန်မာစာထည့်သွင်းနည်းလမ်းလေးကိုပဲ အသုံးပြုလိုက်ရပါတယ်။

Tablet ပိုင်ရှင်ကလည်း မြန်မာစာပဲ ထည့်ချင်တာမို့ပါ။

Samsung တို့ သဘာဝအတိုင်း Setting > Display မှာ Font Style ပါပေမဲ့လည်း ကျွန်တော် စမ်းကြည့်တာ Zawgyi TTF လည်းမရသလို အသုံးများတဲ့ Zawgyi Font Pack လည်း Support မလုပ်ပါဘူး။

iFont လေးနဲ့ ဖောင့်သွင်းမှ အဆင်ပြေပါတယ်။

ကဲ့ ကျွန်တော့်လိုမျိုး တိုင်ပတ်နေတဲ့ လူတွေအတွက် နည်းလမ်းလေးကို ချပြလိုက်မယ်နော့်။

အရင်ဆုံး လိုအပ်တဲ့ ဖိုင်လေးတွေကို ရရှိအောင် ဒေါင်းလုပ်ဆွဲပါ။ အောက်မှာ ကျွန်တော် ဒေါင်းလုပ်ခ်လင့်ခ်နှစ်ခု ပေးထားပါတယ်။ နှစ်သက်ရာ လင့်ခ်တစ်ခုခုကနေပြီး ရယူနိုင်ပါတယ်။


Download From Solidfiles    



ကျွန်တော် ပေးတဲ့ ဖိုင်ထဲမှာ Android APK သုံးခုပါဝင်ပါတယ်။

FrozenKeyboard 1.1.3 , iFont and Zawgyi_One Version 2.0 တို့ပဲ ဖြစ်ပါတယ်။


၁) Zawgyi_One Version 2.0 ကို အရင်ဆုံး သွင်းပါ။ ပြီးသွားပါက စက်ကို Reboot လုပ်လိုက်ပါ။

၂) စက်ပြန်တက်လာပါက iFont ကို ကို Install လုပ်ပါ။ iFont ကို ဖွင့်ကြည့်လိုက်ပါ။ အဲ့မှာ

Online , Local , Install and Custom ဆိုတာ လေးခု ပါဝင်တာကို တွေ့နိုင်ပါတယ်။

Install ကို တစ်ချက်နှိပ်ကြည့်ပါ။ အဲ့မှာ အောက်ဆုံးက Zawgyi One TTF ကို တစ်ချက်နှိပ်လိုက်ပါ။

နောက် Set ဆိုတာလေးကို တစ်ချက်နှိပ်ပါ။

OK ကို နှိပ်ပါ။

Zawgyi One TTF (iFont) ဆိုတာပေါ်လာပါတယ်။ Install ကို နှိပ်လိုက်ပါ။

သူ့ဘာသာ ဆော့ဝဲလ်ကို သွင်းသွားပါတယ်။ ပြီးသွားပါက Setting > Display ကို ရောက်သွားပါတယ်။ အော်တို မရောက်ပါက ကိုယ့်ဘာသာလည်း သွားနိုင်ပါတယ်။

Display မှာ Font Style ကို တစ်ချက်နှိပ်ပါ။

Font Style အောက်ဆုံးနားမှာ  Zawgyi One TTF(iFont) ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။

The selected font will be applied to your device ဆိုတာ ပေါ်လာပါမယ်။ Yes ဆိုတာလေးကို နှိပ်လိုက်ပါ။

သူ့ဘာသာ အလုပ်လုပ်သွားပြီး နောက်ခဏကြာပါက Font Style မှာ Zawgyi One TTF(iFont)  ပြောင်းသွားပါတယ်။ အဲ့အခါကျရင်တော့ ကျွန်တော်တို့ စက်လေးမှာ မြန်မာစာတွေ မြင်နိုင်သွားပါပြီ။

မြန်မာစာတွေမှန်ကန်ပါတယ်။ ကျွန်တော် စမ်းကြည့်တာ Android Version 4.2.2 မှာပဲ ဖြစ်ပါတယ်။

မြန်မာစာ ရိုက်နိုင်ဖို့ ကျွန်တော်ပေးထားတဲ့ ဖိုင်လေးထဲမှ FrozenKeyboard 1.1.3  လေးကို သွင်းပါ။ ပြီးပါက Settings > Language and Input > Frozen Keyboard လေးကို အမှန်ခြစ်လိုက်ပါ။ ပြီးပါက သူ့အပေါ်က Default ကို တစ်ချက်နှိပ်ပါ။ Frozen Keyboard လေးကို ရွေးလိုက်ပါ။ မြန်မာစာများရိုက်နိုင် မြင်နိုင်သွားမှာ ဖြစ်ပါတယ်။



ဒီမနက်ပဲ လက်တွေ့စမ်းထားတာမို့ ဘာအမှားမှ မရှိပါဘူး။ ကျန်သော Samsung Device တွေမှာ Font Pack တွေ အလုပ်မလုပ်ရင် ကျွန်တော် ပေးတဲ့ နည်းလမ်းလေးကို စမ်းကြည့်နိုင်ပါတယ်။


အားလုံး အဆင်ပြေပါစေ။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.blogspot.com

Thursday, July 24, 2014

Huawei ဖုန်းများအဖြစ်များလေ့ရှိသည့် SIM Invaid , 3G Error, 1x Error, IMEI Error ဖြေရှင်းပေးနိုင်တဲ့ Tool





















Ko Myo Ko ko Zaw ဖန်တီးထားတဲ့ Huawei ဖုန်းများအတွက်အဖြစ်များလေ့ရှိသည့် SIM Invaid , 3G Error, 1x Error, IMEI Error ဖြေရှင်းပေးနိုင်တဲ့ Tool လေးဖြစ်ပါတယ် ဆောင်ထားသင့်တဲ့ tool လေးတစ်ခုဖြစ်ပါတယ် လိုအပ်သူတွေဒေါင်းယူနိုင်ပါပြီ။

အသုံးပြုမယ်ဆိုရင် Password = 7695-5482-9271-2380

                                               
Download From Dropbox  


ညီမြတ်ကျော်သူ ဘလော့ဂ်က မလာတာပါ။ တကယ်လို့ ဒေါင်းရတာ အဆင်မပြေရင် အောက်မှာ ကျွန်တော် ပြန်တင်ပေးထားပါသေးတယ်။



Download From Solidfiles 



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Wednesday, July 16, 2014

Y330-C00 Network unlock






















 Y330 ကို အရင် tools မှာ sim invalid မရှင်းရသေးပါဘူး။ ဒီအတွက်ရှင်းပေးထားပါတယ်..။
လေ့လာလို့ရအောင်လို့ Booting ကို Tri color လေးပါထည့်ပေးထားပါတယ်။ *စမ်းရဲမှစမ်းပေါ့ဗျာ* ...
လိုအပ်မယ်ဆိုရင်တော့ Download ရယူလိုက်ပါ။


Download From Solidfiles  

Download From DownloadMM    



Credit ; KoYeGyi    





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.blogspot.com

Saturday, July 12, 2014

Glaxy Y GT-S5360 ကို Root လုပ်မယ်။























ကျွန်တော်လည်း ဘလော့ဂ်ရေးတာ နည်းနည်း အဆက်ပြတ်သွားတယ်ဗျ။

အလုပ်လေးတွေ နည်းနည်းရှုပ်နေလို့။ ခွင့်လွတ်နော့်။

အခု ကျွန်တော် မိတ်ဆွေများအတွက် Samsung Glaxy Y GT-S5360 လေးကို Root ဖောက်နည်းလေးကို ရေးပေးပါမယ်။

ခုနလေးကမှ ကျွန်တော်အစ်ကိုယ်တစ်ယောက်ကိုင်တဲ့ Samsung Glaxy Y GT-S5360 လေးကို Root ဖောက်ပေးခဲ့တာပါ။ အားလုံးအဆင်ပြေပါတယ်။ နည်းလမ်းလေးကလည်း လွယ်ကူပါတယ်။

သာမာန်အားဖြင့် Samsung Glaxy Y GT-S5360 လေးဟာ မြန်မာစာကို Root မဖောက်လည်း မြန်မာစာရေးနိုင်၊ ဖတ်နိုင်ပါတယ်။ ZawgyiFont.apk ဆိုတာလေးကို ထည့်သွင်းပြီး Display > Font > မှာ Zawgyi ဆိုတာလေးကိုရွေးလိုက်ရင် ဘာမှကို Root လုပ်စရာမလိုပဲ မြန်မာစာကို အဆင်ပြေပြေ သုံးနိုင်ပါတယ်။

သို့သော်လည်း။

သို့သော်လည်းပေါ့ Root ဖောက်မှကို ကျေနပ်တယ်ဆိုတဲ့ လူတွေအတွက် အခုနည်းလမ်းလေးကို မျှလိုက်ပါတယ်။

Recovery Mode က ဝင်ရောက်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အရင်ဆုံး Samsung Glaxy Y GT-S5360 ကို Root ဖောက်ဖို့ လိုအပ်တဲ့ ဖိုင်ကို အောက်မှာ ဒေါင်းလိုက်ပါ။ ကျွန်တော် နှစ်နေရာ ခွဲတင်ပေးထားပါတယ်။ နှစ်သက်ရာ လင့်ခ်တစ်ခုခုက ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်ခင်ဗျား။


Download From Solidfiles  

Download From DownloadMM 


Download လုပ်လို့ရရှိလာသော ဖိုင်လေးက update.zip ဆိုသော ဖိုင်လေးပဲ ဖြစ်ပါတယ်။

အဲ့ဖိုင်လေးကို ဖုန်း SD Card မှာ ကော်ပီးကူးယူပါ။ ကွန်ပျူတာကပဲ ကူးကူး၊ ဖုန်းကပဲ တိုက်ရိုက် ဒေါင်းလုပ်ဆွဲဆွဲ အဓိက က ဖုန်း SD Card မှာ အဲ့ဖိုင်လေး ရှိနေမဲ့ နေရာကို သိရင် ရပါပြီ။ ဖုန်း SD Card မှာ ကျွန်တော်ပေးတဲ့ update.zip File လေးရှိသွားပါက...................

၁) ဖုန်းက ပါဝါပိတ်လိုက်ပါ။

၂) ဘက်ထရီကို ဖြုတ်ပြီး တစ်မိနှစ်လောက်ကြာမှ ပြန်တပ်ပါ။

၃) Power , Vlo + and Home Buttoms သုံးခုကို ပြိုင်နှိပ်ပါ။

၄) Recovery Mode တက်လာတာကို မြင်နိုင်ပါတယ်။

၅) ဒုတိယ စာကြောင်း Update from SD Card ကို Vol - ကို အသုံးပြုပြီးရွေး၊ နောက် Home Buttom ကို တစ်ချက်နှိပ်ပါက ဖုန်း SD Card မှာ ရှိသမျှ ဖိုင်၊ဖိုဒါလ်တွေကို မြင်နိုင်ပါတယ်။ အဲ့ရောက်မှ ကိုယ် SD Card မှာ ထည့်သွင်းထားသော update.zip File လေးကို Vol- အသုံးပြုပြီးရွေးပါ။ Update.zip File လေးကို ရွေးပြီးပါက Home ကို တစ်ချက်နှိပ်လိုက်ပါ။ စာတန်းတွေ တက်လာပါတယ်။

Installing SU တို့ ဘာတို့ပေါ့နော့်။ အဲ့လိုမျိုးစာတန်းတွေက ခဏနေရင် ပျောက်သွားပြီး Recovry Mode ကို ပြန်ရောက်လာပါတယ်။ ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ။

၆) ဖုန်းကို Restart ချဖို့ အပေါ်ဆုံးအကောင်လေးကို ရွေးပြီး Home ကို တစ်ချက်နှိပ်လိုက်ရင် ဖုန်းက Restart ကျသွားပြီး ပြန်တက်လာတာနဲ့ မိမိဖုန်းမှာ Super User လေးကို တွေ့နိုင်ပါပြီနော့်။


ဖုန်းက Root Access ရသွားပြီး ဆိုတာနဲ့ Root , Root နဲ့ အော်နေတဲ့ လူတွေ စိတ်ကြိုက်သာ ကလိတော့ပေါ့။



အားလုံး အဆင်ပြေနိုင်ပါစေ။။။။။။။။။။။။။။။။။။။။။




**  Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwiaethar.blogspot.com

Monday, June 30, 2014

Huawei G730 အတွက် မြန်မာ Font Installer V2






































ဖုန်းများတွင် မြန်မာစာ နှင့် အင်္ဂလိပ်စာတွဲရိုက်၍မရချင်း

Message ပို့ရာတွင်စာများမပေါ်ချင်း

Viber Message တွင်စာများမပေါ်ချင်းများအတွက်အသုံးပြုနိုင်ပါသည်။

Special Thank Ko Nay Shein Oo မိုးကုတ် သား   

ref - MOF  

Download



ref:Ye Lin Aung Kse   




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Emotion UI Fonts Installer(v1.0)
































Emotion UI ပါရှိသော ဖုန်းများဖြစ်သော Huawei ဖုန်းအများစုတွင် Root Access မလိုပဲ မိမိနှစ်သက်သောဖောင့် Style ထည့်သွင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။

မိမိ ဖုန်းတွင် Frozenkeyboard မပါရှိပါက Auto သွင်းပေး နိုင်အောင်ထည့်သွင်းထားသည်။

မိမိဖုန်းနှင့် Support မပေးပါက ထည့်သွင်းခွင့်ရှိမည်မဟုတ်ပါ။

မိမိဖုန်းနှင့် ကိုက်ညီသော Font ဟုတ်မဟုတ် စမ်းသပ်ပြီးမှထည့်သွင်းနိုင်အောင် စီမံပေးထားသည်။



မိမိဖုန်းအတွင်းထည့်သွင်းတော့မည်ဆိုပါက Install ကို နှိပ်လိုက်ပါ။

ပြီးရင် CUSTOMIZE CURRENT Theme ကိုနှိပ်ပါ။

Font Style ကိုရွေးချယ်ပါ။

မိမိထည့်သွင်းထားသော Font နာမည်ကို Apply လုပ်ပေးပါ။

အဆင်ပြေပါစေ။


Dev : Phyo Chan   

Group : MMSD   


Download From Google Play   

Download From Solidfiles   



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Saturday, June 28, 2014

Huawei G730 မှာ မြန်မာလို မမြင်ရတဲ့ မြန်မာ apk တွေကို ပြုပြင်နည်း





























***ပထမဆုံး သက်ဆိုင်ရာ developer တွေအားလုံးကို ဒီနေရာကနေ credits ပေးပါတယ်။***အခက်အခဲဖြစ်နေသူများ အဆင်ပြေစေလိုသော ရည်ရွယ်ချက်သာ ရှိပါတယ်။
==========*******=========
Huawei G730 မှာ မြန်မာဖောင့်က တော်တော်ကို ဒုက္ခပေးပါတယ်။ Font Changer တော်တော်များများနဲ့လည်း အဆင်မပြေပါဘူး။ Huawei G730 MMFont ဆိုတဲ့ font changer တစ်ခုတည်းနဲ့သာ အဆင်ပြေပါတယ်။ (မရှိသေးရင် ဒီမှာ ဒေါင်းပါ။)  ဒါတောင် ရာနှုန်းပြည့်မဟုတ်သေးပါဘူး။ သုံးလို့ရတယ်ဆိုတဲ့အနေအထားမျိုးကို ရောက်လာတာပါ။ အပေါ်က font changer ကိုသုံးပြီးတာတောင် တစ်ချို့ မြန်မာ apk တွေမှာ မြန်မာလို မပေါ်သေးပါဘူး။ အခုပြောမယ့် နည်းလမ်းလေးကတော့ မြန်မာလိုမပေါ်တဲ့ apk တွေကို ပေါ်အောင် ပြုပြင်တဲ့နည်းလေးပါ။


လိုအပ်သော ဆော့စ်ဝဲများ

    Winrar
    Myanmar Font for G730
    APK Multi-Tool


လိုအပ်တဲ့ဆော့ဝဲတွေအားလုံးကို အောက်ဆုံးမှာ အရင်ဆုံး ဒေါင်းယူထားပါနော်..

ကဲ စလိုက်ရအောင်......
Step 1. winrar မရှိသေးတဲ့လူတွေအတွက် winrar ကို အရင်ဆုံး install လုပ်ပါ။ ရှိပြီးသားဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ။
Step 2. မြန်မာလိုမပေါ်တဲ့ apk ကို Right click >>> Open with >>> WinRar Archiver နဲ့ ဖွင့်လိုက်ပါ။ (ကျွန်တော်က Shwebook dictionary နဲ့ ဥပမာလုပ်ပြထားပါတယ်။ )




assets ဆိုတဲ့ folder ကိုတွေ့ပါမယ်။






double click နဲ့ ဝင်လိုက်ပါ။ fonts ဆိုတာ ထပ်တွေ့ပါမယ်။ ထပ်ဝင်လိုက်ပါ။ အထဲမှာ zawgyi.ttf , zg1.ttf ကဲ့သို့သော ဖောင့်တစ်ခုခု တွေ့ပါမယ်။



သူရေးထားတဲ့ နာမည်ကို သေချာမှတ်ပါ။ ကျွန်တော်တင်ပေးထားတဲ့ ဖောင့်ကို အထဲမှာ ပါတဲ့ဖောင့်နာမည်နဲ့တူအောင် rename လုပ်ပါ။
rename လုပ်ပြီးသားဖောင့်ကို winrar ထဲကို drag ဆွဲထည့်ပါ။ ပြီးရင်တော့ winrar ကို ပိတ်လို့ရပါပြီ။
Step 3. ဒီအဆင့်မှာတော့ ပြင်ပြီးသား apk ကို sign ပြန်လုပ်ရမှာပါ။ APK Multi-tool ကို zip ဖြည်ပါ။
setup.bat ဆိုတဲ့ဖိုင်ကို ဖွင့်လိုက်ပါ။






3 ကို ရိုက်ထည့်ပြီး enter တစ်ချက်ခေါက်ပါ။
ပြီးရင် ကြိုက်တဲ့ key တစ်ခုနှိပ်ပါ။ ပြီးရင်တော့ setup.bat ကို ပိတ်လို့ရပါပြီ။

APK Multi-tool ဆိုတဲ့ folder ထဲမှာ folder အသစ်တွေရောက်နေတာ တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့သုံးမှာက place-apk-here-for-signing ဆိုတဲ့ folder ပဲ သုံးပါမယ်။







Step 4. place-apk-here-for-signing ဆိုတဲ့ folder ထဲကို ခုနက ပြုပြင်ပြီးသား apk ကို ကော်ပီကူးထည့်ပါ။
Step 5. script.bat ဖိုင်ကို ဖွင့်ပါ။ ကြိုက်ရာ key တစ်ခုခုနှိပ်ပါ။





18 လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။ Signing .... ဆိုပြီး sign လုပ်ပြီးတာနဲ့ သူ့အလိုလိုပိတ်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ place-apk-here-for-signing ဆိုတဲ့ folder ထဲမှာ sign လုပ်ပြီးသား မြန်မာလိုပေါ်မယ့် apk လေး ရပါပြီ။
========*********========
ကျွန်တော် ပြင်ထားပြီးသား Shwebook dictionary နဲ့ NWCalendar ကိုပါ တလက်စတည်း တင်ပေးလိုက်ပါတယ်။


 
 
 

  credit HEIN MYNN
***JUST SH@RING***



Posted By


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.blogspot.com

Friday, June 27, 2014

Root အလုပ်စရာမလိုပဲ မြန်မာစာဖောင့် ထည့်သွင်းနည်း
























ကျွန်တော် တစ်နေ့က ဖေ့ဘုတ်မှာ ကြည့်လိုက်တော့ စက်ရုပ်ဖုန်းတွေမှာ မြန်မာစာကို Root လုပ်စရာမလိုသော ဆော့ဝဲလ်ဆိုပြီး မြင်မိပါတယ်။

ဖုန်းအားလုံးမှာတော့ အဆင်မပြေပေမဲ့ အတော်များများမှာ ရပါတယ်လို့ ဆိုပါတယ်။

ကိုကျော်ကိုကို လက်စွမ်းပြထားတာလေးဖြစ်ပါတယ်။

သူက သူဆော့ဝဲလ်လေးကို သူတင်ထားသော လင့်ခ်မှာပဲ ဒေါင်းလုပ်ခ်ဆွဲစေချင်တာမို့ သူတင်ထားသော လင့်ခ်လေးကိုပဲ ကျွန်တော် မျှဝေလိုက်ပါတယ်။

လိုအပ်သူများ စမ်းသပ်လိုသူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download 



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )            www.htarwaiethar.blogspot.com