Saturday, October 18, 2014

Huawei G 610 Firmware and Firmware Installation



























ကျွန်တော် Huawei G 610 T11 Firmware လစ်သွားတဲ့ ဖုန်းတစ်လုံးကို အောင်မြင်စွာ ဖန်းဝဲလ်တင်ပေးနိုင်လို့ အခု ပို့စ်ကို ရေးလိုက်ပါတယ်။

တောမှာနေရတာဆိုတော့ G 610 T11 လေးက ကျွန်တော့်ကို နှစ်ရက်လောက်တော့ အုံးစားသွားတယ်။ နောက်မှ မနက်အစောကြီး လူက ခဏထ ကွန်ပျူတာကို ဒေါင်းလုပ်ခ်ဆွဲခိုင်းပြီး လူက ပြန်အိပ်ပေါ့ဗျာ။ အခုတော့ အဆင်ပြေသွားပါပြီ။

Huawei G 610 Series တွေ ဖြစ်တဲ့ T11 , U00 , T00, C00 စတာတွေ အားလုံးကို ကျွန်တော် မစမ်းကြည့်ရပေမဲ့ သဘောတရားက အတူတူပဲ ဖြစ်ပါတယ်။

ကျွန်တော် အဲ့ ဖန်းဝဲလ်တွေ အားလုံးကို အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်အောင် မျှပေးလိုက်ပါတယ်။

MediaFires မှာ တင်ထားတဲ့ လင့်ခ်တွေမို့ အဆင်လည်ပြေ စိတ်လည်း ချရပါတယ်။


 G610-[G610-T11]-B123
(Android 4.2 ,Emotion UI,V100R001CHNC01B123)(613Mb)----->>Download Here(mediafire)›½ç§»åŠ¨ï¼‰.zip   


Ascend -G610-[G610-U00]-B145
(Android 4.2,Emotion UI,V100R001CHNC00B145)(579Mb)----->>Download Here(mediafire)-(G610-U00%2CAndroid%204.2%2CE%3Dmotion%20UI%2CV100R001C%3DHNC17B145,中国联通).zip         


Ascend-G610-[G610-U00]-B136
(Android,4.2 Emotion UI,V100R001CHNC00B136)(683Mb)----->>Download Here(mediafire)-(G610-U00%2CAndroid_4.2%2CEmotion_UI%2CV100R001CHNC00B136%EF%BC%8C05021GJU%EF%BC%89.zip          


Ascend-G610-[G610-T00]-B136
(Android,4.2 Emotion UI,V100R001CHNC00B136)(649Mb)----->>Download Here(mediafire)




Ascend-G610-[G610-C00]-B122
(Android,4.2,Emotion UI,V100R001C92B122)(688Mb)----->>Download Here(mediafire)




Ascend-G610-[G610-U00]-B127
(Android,4.2,Emotion UI,V100R001CHNC17B127)(536Mb)----->>Download Here(mediafire)



Mediafire Links များတွင် ပက်စ်ဝက်တောင်းပါက MMAS ဆိုပြီး ရိုက်ထည့်ပါ။ အခု လင့်ခ်များသည် MMUG Group မှာ ကိုအောင်မျိုးထက်ဇော် ကူညီရှာဖွေပေးထားသော လင့်ခ်များ ဖြစ်ပါတယ်။



ကျွန်တော့်မှာ G 610 T11 လေးမို့ အပေါ်ဆုံးက အကောင်ကို ဒေါင်းလုပ်ခ်ရယူခဲ့ပါတယ်။


Firmware တင်နည်း။


-    လိုအပ်သော ဖိုင်ကို ဒေါင်းလုပ်ခ်ရယူပါ။

-    ရရှိလာသော Zip File ကို ဖြေထုတ်ပါ။

-    dload ဆိုသော ဖိုဒါလ်လေးကို 2 GB , 4 GB Micro SD Card ကို Format ( FAT 32 ) ရိုက်ပြီး ကူးထည့်ပါ။

-    ဖုန်းကို ဘက်ထရီအား ၈၀ လောက်ရှိအောင် အားသွင်းထားပါ။

-    ဖုန်းကို ဘက်ထရီဖြုတ်ပြီး dload Folder တစ်ခုတည်းပါသော SD Card ထည့်ပါ။

-    Downloading Mode ( Power , Vol - , Vol + သုံးခုလုံး ပြိုင်နှိပ် ) ကို ဝင်ရောက်ပါ။

ကျွန်တော် ဖန်းဝဲလ်တင်တဲ့ T11 ကတော့ ပန်းရောင်လေ မဖြစ်လာပါဘူး။ Retrying From SD Card ဆိုပြီး ပေါ်လာတာပါ။ နောက် စာတန်းတွေ တစ်ခုပြီး တစ်ခု ပေါ်လာပါတယ်။

Success စသော စာတန်းပေါင်းစုံ ပေါ်ပြီးနောက်မှာ ဖုန်းက အော်တို Restart ကျသွားပါတယ်။

ပါဝါအော်တိုပြန်တက်လာပြီးနောက်မှာတော့ G 610 T11 လေးကို ဖန်းဝဲလ်အသစ်လေးနဲ့ အိုကေနေတာ တွေ့ရပါတယ်။


ဒါ ကျွန်တော် ဖန်းဝဲလ်တင်တုန်းက တွေ့ကြုံရတာကို မျှခြင်းဖြစ်ပါတယ်။ ကျွန်တော်စမ်းသပ်တာက T11 ဖြစ်တာမို့ အခြားသော U00 တို့လိုမျိုးဆို အနည်းငယ်ကွဲပြားနိုင်ပါတယ်။ သို့သော်လည်း ဖန်းဝဲလ်တင်နည်းက အတူတူပဲ ဖြစ်ပါတယ်။ Downloading Mode ကပဲ ဖန်ဝဲလ်အသစ်ပြန်တင်ရမှာပါ။


အားလုံး အဆင်ပြေပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

2 comments: