Showing posts with label (l) ကွန်ပျုတာ ပြဿနာဖြေရှင်းနည်းများနှင့် အသုံးပြုမှုနည်းများ. Show all posts
Showing posts with label (l) ကွန်ပျုတာ ပြဿနာဖြေရှင်းနည်းများနှင့် အသုံးပြုမှုနည်းများ. Show all posts

Sunday, December 8, 2013

IDM က Fake Register Popup အားဖယ်ရှားခြင်း














ကဲ့ဗျာ ကျွန်တော်တို့ သုံးနေကျ Internet Download Manager Software လေးက IDM Fake Register စာတန်းလေး ခဏခဏပေါ်နေတာလေးကို ဖြေရှင်းရအောင်ဗျာ။

ကျွန်တော် ဘလော့ဂ်မှာ တစ်ခါတင်ပေးဖူးပါတယ်။ သို့သော်လည်း အဲ့ဒီနည်းက အလုပ်သိပ်မလုပ်ဘူးဗျ။

အခုနည်းကတော့ လုံးဝကို အဆင်ပြေပါတယ်။

Registery Editor ကို အသုံးပြုဖြေရှင်းသော နည်းပဲ ဖြစ်ပါတယ်။

အရင်ဆုံး Run ဖွင့်လိုက်ပါ (Windows Logo + R) ပြီးရင် Regidit လို့ ရိုက်လိုက်ပါ။
ပြီးရင်  HKEY_CURRENT_USERS >SOFTWARE > DOWNLOADMANAGER >

CheckUpdtVM ဆိုတာကိုရှာပြီး အဲ့ကောင်ရဲ့ Value Data ကို 0 ပြောင်းလိုက်ပါ
အဆင်ပြေသွားပါပြီ :)


Ref::    http://kohades.blogspot.com/2013/12/idm-fake-register-popup.html


**  U Ko Ko Zaw ( BE-EC ) 

Saturday, November 30, 2013

IDM Fake Serial Number Error အလွယ်ဆုံးဖြေရှင်းနည်း














 ကျွန်တော် အခုပြဿနာကို ဒီနေ့အင်တာနက်ကို အသုံးပြုမှ တွေ့တာပါ။

အရင်နေ့တွေကတော့ အခြားသော မြန်မာဘလော့ဂ်မှာ အခုလိုမျိုး ပြဿနာကို ဖြေရှင်းနည်းကို ဖတ်မိပေမဲ့ ကျွန်တော့်မှာ အဲ့လိုပြဿနာ မဖြစ်တာမို့ ဘလော့ဂ်မှာ မရေးမိပါဘူး။

အခုတော့ ကျွန်တော်လည်း အဲ့လိုမျိုး ပြဿနာကို စတင်တွေ့မိပါပြီ။

IDM က သုံးလို့မရတာမျိုး မဟုတ်ဘူးဗျ။

သုံးတာက သုံးလို့ရတယ်။ ကွန်ပျူတာက အင်တာနက်နဲ့ ချိတ်ဆက်ထားရင် ငါမိနစ်တစ်ခါလောက်  " IDM Fake Serial Number Error "  ဆိုတဲ့ မက်ဆေ့ပေါ်လာတာဗျ။

အဲ့ဒီပြဿနာကို ကျွန်တော် အလွယ်ဆုံး ဖြေရှင်းနိုင်သော နည်းလမ်းလေးကို တွေ့ထားပါတယ်။

IDM ကို ပြန်ဖြုတ်စရာ မလိုသလို ၊ ခရက်တွေလည်း သုံးစရာမလိုပါဘူး။ ဖိုင်လေးတစ်ဖိုင်ကို ရှာဖွေပြီး ဖျက်လိုက်ရင်ရပါတယ်။

ကျွန်တော့်လိုမျိုး ပြဿနာတက်နေပါက  IDM Software Folder အောက်ကို သွားရောက်ပြီး  IDMGrHlp  ဖိုင်လေးကို ဖျက်လိုက်ရင်ရပါတယ်။


ကျွန်တော် ဝင်းဒိုးစ်ခုနှစ်မှာတော့ IDM Folder က   C:\Program Files (x86)\Internet Download Manager   ဖြစ်ပါတယ်။ အဲ့ဒီဖိုလ်ဒါအောက်က  IDMGrHlp  ဆိုသော ဖိုင်လေးကို ဖျက်လိုက်ရင်ရပါတယ်။

ကျွန်တော် အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်။ ကွန်ပျူတာတွေက တစ်လုံးနဲ့ တစ်လုံး အနည်းငယ်တော့ ကွဲပြားမှုရှိပေမဲ့ IDM Folder > IDMGrHlp  File ကို ဖျက်နိုင်ရင် ကျွန်တော်တို့ အခုပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။















 **  ကိုကိုဇော် ( BE-EC )



Saturday, November 16, 2013

BIOS Password ကို ကျော်ဖြတ်ခြင်း
















ကျွန်တော် ဒီတစ်ခါတော့ BIOS Password ကျော်ဖြတ်နိုင်သော နည်းလမ်းလေးကို ရေးပေးပါမယ်။

အခု ပို့စ်က အခြားသော ဘလော့ဂ်တွေမှာ ရေးပြီးသား ဖြစ်ရင် ဖြစ်ပေမဲ့ ကျွန်တော်ကတော့ နိုင်ငံခြား ဖိုရမ်က ရလာသော နည်းလေးကို ဘာသာ ပြန်ထားတာ ဖြစ်ပါတယ်။

ဘာသာ ပြန်ပြီး တင်ပေးသော ပို့စ်ဖြစ်တာကြောင်း အမှားယွင်းအနည်းငယ်ရှိပါက ဝေဖန်နိုင်ပါတယ်ခင်ဗျား။


BIOS Password ကို မေ့သွားပါက ပြန်လည်ကျော် ဖြတ်နိုင်သော နည်းလမ်းစုစုပေါင်း ငါးနည်းရှိပါတယ်။

၁) CMOS Battery ကို ဖြုတ်ပြီးဖြေရှင်းသောနည်း

၂) Motherboard Jumper ကို အသုံးပြုပြီး ဖြေရှင်းသောနည်း

၃) DOS Command ကို အသုံးပြုပြီး ဖြေရှင်းသောနည်း

၄) ဆော့ဝဲလ်ကို အသုံးပြုပြီး ဖြေရှင်းသောနည်း နှင့်

၅) Backdoor Passowrd ကို အသုံးပြုပြီး ဖြေရှင်းသောနည်း တို့ပဲ ဖြစ်ပါတယ်။


ဖြေရှင်းသော နည်းတိုင်းမှာ အာသာချက် အားနည်းချက် ကိုယ်စီရှိပါတယ်။


၁) CMOS Battery ကို ဖြုတ်ပြီး ဖြေရှင်းသောနည်း

ဒီနည်းကတော့ ရှင်းပါတယ်။ တကယ်လို့များ ကျွန်တော်တို့က BIOS Password ကို မေ့သွားလို့ ပက်စ်ဝက်ကို မရိုက်နိုင်သော အခြေနေမှာ သုံးနိုင်ပါတယ်။

Desktop PC တွေမှာ အလွယ်တကူ ဖြေရှင်းနိုင်သော နည်းလမ်းတစ်ခု ဖြစ်ပြီး Notebook PC တွေမှာတော့ နည်းနည်းတော့ ကသိကအောက်နိုင်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မိမိစက်က System Unit ကို ဖွင့်ပြီး Motherboard အပေါ်မှာ ပါသော CMOS Battery လေးကို ရှာဖွေပြီး ဖြုတ်လိုက်ပါ။ ၁၀ မီနှစ်လောက် အပြင်မှာထားပြီး Motherboard မှာ ပြန်တပ်လိုက်ပါ။

အဲ့လိုမျိုးလုပ်လိုက်ရင် အရင်က BIOS မှာ မှတ်ထားသော ပက်စ်ဝက်မရှိတော့ သလို အရင်က Setting ( အချိန်နာရီများ၊ Boot Sequence များ... ) များ မရှိတော့ပဲ စက်ရုံက ထုတ်လုပ်လိုက်တဲ့ အတိုင်းပြန်ဖြစ်သွားပါတယ်။

CMOS Battery က ရှာရတာ မခက်ပါ။ Motherboard အပေါ်မှာ ဘက်ထရီဆိုလို့ သူတစ်ခုပဲ ရှိပါတယ်။ ပုံစံက နာရီဓါတ်ခဲပုံစံပါပဲ။




ကျွန်တော် ဒီနည်းကို Desktop PC အတော်များများမှာ ဖြေရှင်းပေးခဲ့ဖူးပါတယ်။ ဘာမှကို ပြဿနာတက်ခြင်းမရှိပဲ အဆင်ပြေသော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းက ရှင်းရှင်း ပြောရရင် Memory Chip တစ်ခုဖြစ်သော BIOS Circuit က ပါဝါပေးသော ဓါတ်ခဲကို ဖြုတ်ပြီး မှတ်ညဏ်ကို အသစ်ပုံစံ ပြုလုပ်သော နည်းပဲ ဖြစ်ပါတယ်။

ဒီနည်းက Notebook PC မှာတော့ သုံးလို့ရသော်လည်း Notebook PC ကို ဖြုတ်ဖို့ဆိုတာက ကျွမ်းကျင်မှုလိုအပ်ပါတယ်။ မကျွမ်းကျင်ပဲ ပြုလုပ်မိပါက Notebook အတွက် ပြဿနာကို ဖိတ်ခေါ်သလို ဖြစ်နိုင်ပါတယ်။



၂) Motherboard Jumper ကို အသုံးပြုပြီး ဖြေရှင်းသောနည်း

ဒီနည်းကလည်း BIOS Memory ကို ပြန်ဖျက်သော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

အခုနည်းကတော့ Desktop PC တွေမှာတောင် နည်းနည်းတော့ သတိထားရမည့် နည်းတစ်ခုပဲ ဖြစ်ပါတယ်။

Motherboard အပေါ်မှာ BIOS Memory ကို ပြန်ဖျက်နိုင်သော Jumper လေးတစ်ခုရှိပါတယ်။ Motherboard တစ်ခုနဲ့ တစ်ခု တူညီမည်မဟုတ်ပါ။ ကွဲပြားမှုများ ရှိပါတယ်။

အဲ့ဒီ Jumper လေးက အများအားဖြင့် CMOS Battery အနီးနားမှာပဲ ရှိတက်ပါတယ်။

မှတ်နိုင်သော အမှတ်သားကတော့ CLR, CLEAR, CLEAR CMOS  ဆိုပြီး Jumper လေးမှာ ရေးထားတက်ပါတယ်။

အခုနည်းက ပထမနည်းနှင့်ဆင်သော်လည်း ကျွမ်းကျင်မှုလိုအပ်သော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကောင်းတာကတော့ Battery ဖြုတ်လိုက်သော နည်းက လွယ်ကူပြီး ပိုမိုဆင်ပြေစေပါတယ်။


၃) DOS Command ကို အသုံးပြုပြီး ဖြေရှင်းသောနည်း

ဒီနည်းကတော့ Notebook , Desktop PC နှစ်မျိုးလုံးမှာ အသုံးပြုနိုင်သော နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်ပထမ ရေးခဲ့သော နည်းလမ်းနှစ်ခုက Desktop PC မှာ အဆင်ပြေသော်လည်း Notebook မှာတော့ တိုင်ပတ်နေတက်ပါတယ်။ Notebook PC မှာ အာမခံတွေ ပျက်သွားမှာ ကြောက်သူများအတွက် အဆင်ပြေသောနည်းလမ်းကောင်းပါ။

လိုအပ်ချက်တော့ ရှိပါတယ်။ ကိုယ်အသုံးပြုမည့်စက်က Windows OS တက်နိုင်ဖို့ လိုအပ်ပါတယ်။

တကယ်လို့များ Windows ကျသွားတာမျိုးရှိပါက CD ဖြင့် Windows တက်နိုင်တာမျိုးလိုအပ်ပါတယ်။ ဉပမာ CD မှာ Run နိုင်သော Mini Windows လိုမျိုး တစ်ခုခုလိုအပ်ပါတယ်။

Windows OS ရနိုင်သော စက်အတွက်ကတော့ ကီးဘုတ် Command ( Win+R ) ဖြင့် Run Box ကို ခေါ်ပါ။

Run Box မှာ cmd ဆိုပြီး Command Prompt ကို ခေါ်ပါ။ အောက်က ကီးများကို တစ်ကြောင်းချင်း ရိုက်ထည့်ပေးပါ။

debug
o 70 2E
o 71 FF
quit

အဲ့လိုမျိုး CMD ကနေပြီး ကီးရိုက်ထည့်လိုက်ပါက BIOS မှာမှတ်ထားသော ပက်စ်ဝက်က ပျက်သွားမှာ ဖြစ်ပါတယ်ခင်ဗျား။


၄) ဆော့ဝဲလ်ကို အသုံးပြုပြီး ဖြေရှင်းသောနည်း

BIOS Password ကို ဖြေရှင်းနိုင်သော ဆော့ဝဲလ်တွေကလည်း ဆော့ဝဲလ်လောကမှာ ရှိပါတယ်ခင်ဗျား။ သို့သော်လည်းပေါ့။ အသုံးပြုမည့်စက် OS တော့ တက်ဖို့လိုအပ်ပါတယ်။ ဒါမှ ဆော့ဝဲလ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အကောင်ဆုံးဆော့ဝဲလ်နှစ်ခုကတော့

CmosPwd    နှင့်

KillCMOS   တို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ မသုံးဖူးပါဘူး။ အသုံးပြုနိုင်အောင် မျှဝေတာ ဖြစ်ပါတယ်။


၅) Backdoor Passowrd ကို အသုံးပြုပြီး ဖြေရှင်းသောနည်း

Backdoor Password ဆိုတာတော့ Master Password တစ်မျိုးပဲ ဖြစ်ပါတယ်။

ဉပမာ သော့အနေနဲ့ ပြောရရင်တော့ Master Key လိုမျိုးပါပဲ။

Motherboard တွေကို ထုတ်လုပ်သော ပိုင်ရှင်များအနေနဲ့ သူတို့၏ ထုတ်ကုန်တွေရဲ့ Master Password များကို ထည့်ပေးလိုက်ပါတယ်။

ရှင်းရှင်း ပြောရရင်တော့ မူရင်းနေရာကနေ BIOS ကို ဝင်ရောက်တာမဟုတ်ပဲ  နောက်ဖေးပေါက်ကနေပြီး ဝင်ရောက်တာမျိုးပဲ ဖြစ်ပါတယ်။

အောက်မှာ ကျွန်တော် Motherboard Band များအလိုက် Backdoor များကို ဖော်ပြလိုက်ပါတယ်။


AMI BIOS Passwords:
A.M.I.
AAAMMMIII
AMI?SW
AMI_SW
AMI
BIOS
CONDO
HEWITT RAND
LKWPETER
MI
Oder
PASSWORD


AWARD BIOS Passwords:
01322222
589589
589721
595595
598598
ALFAROME
ALLy
aLLy
aLLY
ALLY
aPAf
_award
award
AWARD_SW
AWARD?SW
AWARD SW
AWARD PW
AWKWARD
awkward
BIOSTAR
CONCAT
CONDO
Condo
d8on
djonet
HLT
J64
J256
J262
j332
j322
KDD
Lkwpeter
LKWPETER
PINT
pint
SER
SKY_FOX
SYXZ
syxz
shift + syxz
TTPTHA
ZAAADA
ZBAAACA
ZJAAADC


PHOENIX BIOS Passwords:
BIOS
CMOS
phoenix
PHOENIX


Misc Common Passwords:
ALFAROME
BIOSTAR
biostar
biosstar
CMOS
cmos
LKWPETER
lkwpeter
setup
SETUP
Syxz
Wodj


Other Manufacturer BIOS Passwords:

Biostar - Biostar

Compaq - Compaq

Dell - Dell

Enox - xo11nE

Epox - central

Freetech - Posterie

IWill - iwill

Jetway - spooml

Packard Bell - bell9

QDI - QDI

Siemens - SKY_FOX

TMC - BIGO

Toshiba - Toshiba

VOBIS & IBM - merlin

အခုနည်းကလည်း Notebook PC တွေ အတွက်အတော်ကို အဆင်ပြေသော နည်းလမ်းကောင်း ဖြစ်ပါတယ်။ ကိုယ့်စက်ရဲ့ Backdoor ကို သိသွားလို့ကတော့ အေးအေးဆေးဆေးပဲ BIOS Password ကို ကျော်နိုင်တာပေါ့နော့်။


 ( ဟိုတစ်ရက်က ကျွန်တော် မြန်မာဘလော့ဂ်တစ်ခုမှာ BIOS Password ကို ကျော်နည်းတစ်ခု တွေ့မိပါတယ်။ အခုနည်းလမ်းတွေထဲက နည်းများ မဟုတ်ပါဘူး။ BIOS Password ကို သုံးလေးခါလောက် မှားရိုက်ပြီးမှာ Windows OS အပေါ်မှာ ဖြေရှင်းသော နည်းဖြစ်ပါတယ်။ ကျွန်တော် ပြန်ရှာတွေ့ရင် ဒီပို့စ်မှာပဲ Update လုပ်ပေးပါမယ်ခင်ဗျား။ )



**  ကိုကိုဇော် ( BE-EC )

Sunday, October 6, 2013

Secure Logon ( or ) Press Ctr+Alt+Del Logon ဖြစ်နေလား






















Windows System သုံး ကွန်ပျူတာ စနစ်တွေမှာ ကွန်ပျူတာကို ဖွင့်လိုက်ရင် User Account တွေကို တိုက်ရိုက်မတွေပဲ တိုက်ရိုက်ကွန်ပျူတာကို ဖွင့်လို့မရပဲ " Press Ctr+Alt+Delete " ဆိုသော မက်ဆေ့ကို မြင်ရပြီး ကီးဘုတ်ကနေပြီး Ctr+Alt+Del ကို အသုံးပြုမှ ကွန်ပျူတာကို အသုံးပြုနေရသော သူများအတွက် ပြန်လည်း မျှဝေလိုက်ပါတယ်ခင်ဗျား။

ကျွန်တော်ဖြေရှင်းပေးခဲ့တာကတော့ ဖေ့ဘုတ်အပေါ်က " ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်း " https://www.facebook.com/groups/talks.IT/  မှာ ဖြေပေးခဲ့တာပါ။

တကယ်က အဲ့လိုမျိုး ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ Press Ctr+Alt+Delete ဆိုသော စာတန်းပေါ်လာတယ်ဆိုတာ ပြဿနာတစ်ခု မဟုတ်ပါဘူး။

ဝင်းဒိုးစ်စနစ်ရဲ့ Secure Logon System ပဲ ဖြစ်ပါတယ်။

ပိုစိတ်ချသော ကွန်ပျူတာ ဖွင့်သော စနစ်ပေါ့ဗျာ။

ကွန်ပျူတာ ရိုးရိုးဖွင့်လို့မရပဲ သူညွန်ကြားတဲ့ ကီးများ ( Ctr+Alt+Del ) သုံးခုကို နှိပ်ပြီးမှ ပုံမှန်ပုံစံအတိုင်း အသုံးပြုနိုင်သော စနစ်ဖြစ်ပါတယ်။

ကိုယ့်ဘာသာ ကိုယ်လည်းပဲ ဖွင့်သုံးနိုင်ပါတယ်။

သို့သော်လည်း ကွန်ပျူတာကို တစ်ယောက်တည်း အသုံးပြုတာမဟုတ်ပဲ အခြားတစ်ယောက်၊နှစ်ယောက် အများနှင့် အသုံးပြုသူများ အဖို့ အဲ့လိုမျိုး ဖြစ်နေရင် ဗိုင်းရပ်တွေ ဝင်နေတယ်ထင်မှာမို့ ရှင်းပြတာပဲ ဖြစ်ပါတယ်။

တစ်ယောက်ယောက်က ကလိလိုက်တာ ဖြစ်နိုင်သလို ကွန်ပျူတာ စနစ်က အော်တို သတ်မှတ်ပေးတာလဲ ဖြစ်နိုင်ပါတယ်။

ဖြေရှင်းနည်းက သိပ်မခက်ပါဘူး။

ကျွန်တော်မှာ ဖြစ်တုန်းကတော့ Windows System ရဲ့ Help and Support ကို အကူညီတောင်းလိုက်တာ အိုကေသွားပါတယ်။

ကျွန်တော်က Windows 7 သမားပါ။ ကျွန်တော့်မှာ ဖြစ်တုန်းက Start > Help and Support > မှာ သူ့မက်ဆေ့အတိုင်း " Press Ctr+Alt+Delete " ဆိုပြီးရိုက်ထည့် အဖြေရှာလိုက်တာ အိုကေပါတယ်။

Begineer တွေအတွက်ကတော့ ကျွန်တော် အခုလိုမျိုး ပြောတာသိပ်အဆင်မပြေရင် စာအုပ်လေးကိုသာ ဒေါင်းပြီး ဖြေရှင်းလိုက်ပါနော်။

စာအုပ်က ဖိုင်ဆိုဒ် 455 KB.

Download 


**  ကိုကိုဇော် ( BE-EC )

Windows DVD Maker အသုံးပြုနည်း ( မြန်မာစာအုပ် )
















ကျွန်တော် Windows DVD Maker အသုံးပြုနည်း စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။

Windows 7 မှာ Build-In ပါလာသော Windows DVD Maker Software လေးကို အသုံးပြုပြီး ဓါတ်ပုံလေးတွေကို ဗွီဒီယိုအခွေဖြစ်အောင် ဖန်တီးသော နည်းလမ်းကို ရေးသားထားသော စာအုပ်လေး ဖြစ်ပါတယ်။

စာအုပ်ကတော့ ကျွန်တော့် စာအုပ်တော့ မဟုတ်ပါဘူး။

IT Field Network  က စာအုပ်ပဲ ဖြစ်ပါတယ်။

ကျွန်တော်က ပြန်လည်း မျှဝေခြင်း ဖြစ်ပါတယ်။

စာအုပ်ရေးသူကို ရှာဖွေချင်ပါက


Blog     :   www.itfieldnet.com

Email   :   kogyikaunghtet@gmail.com



စာအုပ်ဖိုင်ဆိုဒ်က 702 KB.


Download 


**  ကိုကိုဇော် ( BE-EC )

Monday, September 23, 2013

Windows 7 Password ကျော်ဖြတ်နည်း


















Windows 7, XP Password   တွေကို အလွယ်လေ ကျော်မယ်ဗျာ။

လိုအပ်ချက်က Format ရိုက်ပြီးသား အနည်းဆုံး Memory 2 GB လောက်ရှိတဲ့ USB Flash Drive ( Memory Stick ) တစ်ချောင်း ၊ Kon-Boot Software အဲ့ဒီနှစ်ခုပဲ  လိုပါတယ်။

ဆော့ဝဲလ်ကို

https://www.dropbox.com/s/rro4gzv526awetq/KonBoot%20V1.1%2032%20%26%2064%20bit%20Windows%207.rar

http://www.solidfiles.com/d/fefcdba959/

ကြိုက်တဲ့လင့်က ရယူနိုင် ပါတယ်။ Software က ဖိုင်ဆိုဒ် 1.68MB ပဲ ရှိပါတယ်။ Solidfiles Link ကတော့ ကျွန်တော်တင်ပေးထားတာ ဖြစ်ပြီး အပေါ်ကလင့်ကတော့ မြန်မာ ဘလော့ဂ်တစ်ခုက လင့်ခ်ဖြစ် ပါတယ်။ မူရင်းလင့်ကတော့ ကျွန်တော် မမှတ်မိတော့ဘူးဗျ။

တကယ်လို့များ ပိုင်ရှင်ရှိရင် ကျွန်တော့်ဘလော့ဂ်မှာ လာရောက်ပြီး ပြောပေးလို့ရ ပါတယ်။

ပြုလုပ်နည်း အကျဉ်းကို ကျွန်တော်ပြောပြ ပါတယ်။

၁) Stick ကို Format ရိုက်လိုက်ပါ။ FAT32 နဲ့ဆိုရင် ပိုကောင်းပါတယ်။

၂) Download ရလာသော Rar File ကို ဖြေထုတ်ပါ။ KonBoot V1.1 32& 64 Bit Folder ကို ဖွင့်ပါ။KonBootInstall ဆိုသော ဖိုင်လေးကို Run ပါ။

၃) Command Window တက်လာပြီး Stick Drive Letter မေးပါတယ်။ ကိုယ့် Stick Letter ဉပမာ F,G,H ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ခဏလေးအတွင်းမှာ KonBoot က Stick က Boot တက်နိုင်အောင် ဖန်တီးသွားပါတယ်။ Press any key………………….   ဆိုပြီးပေါ်လာပါတယ်။ ကီးတစ်ခုခုကို ရိုက်ထည့်လိုက်ပါ။Command Windows အော်တို ပိတ်သွားပါတယ်။

၄) အခုဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ ထိုးထားသော Stick က ဝင်းဒိုးစ် ပက်စ်ဝက် ကျော်နိုင်သော Stick တစ်ခု ဖြစ်သွားပါတယ်။ ဘယ်လိုကျော်ရလဲဆိုတော့ ကိုယ်ကျော်ချင်သော ကွန်ပျူတာမှာ အဲ့ဒီ စတစ်ကို ထိုးလိုက်ပါ။ ကွန်ပျူတာကို Power ဖွင့်ပြီး CMOS ထဲကို ဝင်ဖို့ CMOS Key ကို နှိပ်ရပါတယ်။ အတော်များသော ကွန်ပျူတာမှာ Del ကို သုံးပြီး တစ်ချို့သော ကွန်ပျူတာတွေက F2 ကို သုံးပါတယ်။ ကွန်ပျူတာ စစဖွင့်ချင်းမှာ CMOS Key ကို ဖော်ပြတက်ပါတယ်။ CMOS ထဲရောက်ရင် Boot Sequence မှာ USB HDD Drive ကို First Boot ထားပြီး F10 နဲ့ CMOS Setting ကို Save လုပ်ပါတယ်။ USB Drive နဲ့ ကွန်ပျူတာကို Boot တက်လိုက်ရင် Windows တစ်ခုတက်လာပါတယ်။ Enter နှိပ်၊ နောက်ဘာတွေ ညာတွေ ပေါ်လာရင် ဒီအတိုင်းကြည့်နေလိုက် သူ့ဘာသာ ဆက်တက်သွားပြီး Windows Login ရောက်ရင် ကိုယ်ဝင်ချင်သော အကောင့်ကို ဘာပက်စ်ဝက်မှ မရိုက်ထည့်ပဲ ဝင်လို့ရပါတယ်။

၅) ဒီဆော့ဝဲလ်က ပက်စ်ဝက်ကို ဖျက်လိုက်တာမဟုတ်ပါဘူး။ USB Drive အပေါ်က Boot တက်ပြီး ခဏကျော်လိုက်တာပါ။ တကယ်လို့များ နောက်တစ်ကြိမ် ကွန်ပျူတာကို ပက်စ်ဝက်မသိပဲ ဝင်လို့မရပါဘူး။ ဝင်ချင်ရင် Kon-Boot Software သွင်းထားသော Stick နဲ့ပဲ ပြန်ဝင်ရမှာပါ။ ကိုယ်က ဒီအဆင့်ထိရောက်နေပြီပဲ။ ကိုယ်ဝင်ထားသော ကွန်ပျူတာက ပက်စ်ဝက်ကို ဖျက်ဖို့ဆိုတာ သိပ်ကို လွယ်သွားပါပြီ။ Start > My Computer > Manage > Local users and group > User မှာ အခု ဝင်ရောက်ထားတဲ့ User Name ကို ရှာပြီး Right Click > Set Password > လုပ်လိုက်ရင် အေးဆေး ပက်စ်ဝက်လေးကို ကြိုက်သလို ထိန်းချုပ်လို့ ရသွားပါမယ်။ နောက်တစ်ကြိမ်ဆိုရင် ဘာဆော့ဝဲလ်မှကို မလိုပဲ အေးဆေး စိတ်ကြိုက်ဝင်ရောက်နိုင်ပါတယ်။

အသေးစိတ်ကို အောက်မှာ ကျွန်တော် ပုံနဲ့တကွ ပြပေးထားပါတယ်။

အသေးစိတ်ကို ကျွန်တော့် ကွန်ပျူတာကို ပက်စ်ဝက်ကျော်ထားတာလေးကို စာအုပ်လုပ်ပေးလိုက်ပါတယ်။ ပုံနဲ့တကွ အသေးစိတ်ကြည့်ပြီး ဖတ်နိုင်ပါတယ်ခင်ဗျား။ စာအုပ်က ပုံတွေနဲ့ဆိုတော့ ဖိုင်ဆိုဒ်နည်းနည်းများသွားပါတယ်။ ၁၀ ဘမ်ဘီလောက် ဖြစ်သွားပါတယ်။

Download   


**  ကိုကိုဇော် ( BE-EC )

Sunday, June 2, 2013

Windows 8 မှာ dot net 3.5 မရှိလို့ ဆော့ဝဲလ်တွေတင်လို့မရသောပြဿနာ ဖြေရှင်းနည်း






















ကျွန်တော် Windows 8 ကို အသုံးပြုရင်းတွေ့လာသော ပြဿနာတစ်ခု ဖြစ်ပါတယ်။

အရင်က ဆော့ဝဲလ်တွေတင်ရင် .net Version 3.5 ကို တောင်းပြီးဆော့ဝဲလ်ကို ဆက်တင်လို့လည်း မရပါဘူး။

နောက်မှ သေသေချာချာ ရှိုးလိုက်တော့ ဝင်းဒိုးစ် အသစ်ကြီးက .net version 3.5 ကို ပိတ်ထားမှန်းသိတော့တယ်။

ကျွန်တော်လို့မျိုးပြဿနာ တက်လို့ကတော့ ဘာမှကို မဟုတ်တော့ပါဘူး။

ဖြေရှင်းနည်းလေးကို ကျွန်တော်တွေ့ပြီး စမ်းပြီးလို့ အောင်မြင်စွာ ဆော့ဝဲလ်တွေကို တင်လို့ရသွားပါတယ်။

ပြဿနာ ဖြေရှင်းနည်းက နှစ်နည်းရှိပါတယ်။

နံပါတ်တစ်နည်းကတော့ အင်တာနက်နဲ့ ဖြေရှင်းသောနည်းပါ။

Control Panel > Programs and Features > Windows Features on or off > မှာ Dot Net Version 3.5 ကို Check လုပ် ၊ OK ကို ကလစ်သော နည်းပဲ ဖြစ်ပါတယ်။

ကျွန်တော်စမ်းတာတော့ အင်တာနက် လိုင်းမကောင်းလို့လား မသိ၊ အဆင်မပြေပါဘူး၊

နံပါတ်နှစ်နည်းကတော့ Windows 8 DVD နဲ့ ဖြေရှင်းသော နည်းပဲ ဖြစ်ပါတယ်။

ကွန်ပျူတာမှာ ဝင်းဒိုးစ်အခွေကို ထည့် ၊ Command Prompt ကို Administrator နဲ့ ဖွင့်ပြီး အောက်က ကီးကို ရိုက်ထည့်လိုက်ရင် အိုကေပါမယ်။

Dism.exe /online /enable-feature /featurename:NetFX3 /All /Source:H:\sources\sxs /LimitAccess

Source :H: ဆိုသောနေရာမှာ H: ဆိုတာက ဝင်းဒိုးစ်အခွေရှိသော Drive ကို ဆိုလိုပါတယ်။ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး။ ကျွန်တော့်စက်မှာတော့ DVD Drive က H: ပါ။ ကိုယ့်ကွန်ပျူတာမှာ Windows 8 အခွေထည့်လိုက်သော စက်ကို ရေးပေးရမှာ ဖြစ်ပါတယ်။ ဉပမာ ။  ။ E:, F: , G: အစရှိသလိုမျိုး ဖြစ်ပါတယ်။

ကျွန်တော် ဒီပြဿနာကို ရေးထားတာလေးရှိပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ ပြဿနာ ဖြေရှင်းတာကို ပုံနဲ့တကွ မှတ်တမ်းယူထားတာ ဖြစ်ပါတယ်။

ဖိုင်ဆိုဒ်က 1MB လောက်နီးနီးရှိပါတယ်။

Download


**  ကိုကိုဇော် ( BE-EC )

Wednesday, May 15, 2013

Windows Password တွေကို ကျော်ရအောင်

















ကျွန်တော်တို့ အသုံးများသော ဝင်းဒိုးစ်စနစ်က Password တွေက လုံခြုံမှုတော့ ရှိပါတယ်။

သို့သော်လည်း သို့သော်လည်းပေါ့ သူ့ကိုကျော်ဖြတ်လို့ရသော နည်းလမ်းကတော့ ရှိပါတယ်။

အတော်များများလည်း သိမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ Windows System တွေက ကွန်ပျူတာ အသုံးပြုသူတွေရဲ့ Password တွေကို C:\Windows\System32\config\RegBack ( Windows 7 ) အောက်က SAM ဆိုသော Data Based File ထဲမှာထည့်သွင်းထားလို့ပါ။

သူ့ကိုသာ ကျွန်တော်တို့ ခရက်လုပ်နိုင်ရင် Password ကို ကျော်လိုက်လို့ရပါတယ်။

ကျွန်တော်က Windows 7 က SAM File ကိုသာ ပြပေးသော်လည်း Windows XP , Vista , 7 , 8 အကုန်လုံးမှာ SAM ဆိုသောဖိုင်လေးက အမြဲပါပါတယ်။

ကျွန်တော်တို့က တကယ်ဆိုရင် Cracker တစ်ယောက်ဖြစ်ပါက အဲဒီဖိုင်လေးကို ခရက်လုပ်နိုင်ရင်ရပါတယ်။

သို့သော်လည်း ခရက်ကာ မဟုတ်လို့တော့ စိတ်မညစ်ပါနဲ့။ Hiren`s Boot CD ကို အသုံးပြုကာ အေးဆေးကျော်လို့ရပါတယ်။

လုပ်ဆောင်ချက် အဆင့်တွေက သိပ်မများပါဘူး။

ကျွန်တော့်ဆီမှာတော့ Windows Password ကို ကျော်သွားနည်းကို ရေးထားသော စာအုပ်လေးတစ်အုပ်ရှိပါတယ်။

ဆရာဉီးဇော်လင်း ရေးထားတာပါ။ စာအုပ်ထဲမှာတော့ Windows XP ကို ကျော်သွားပေမဲ့ ကျန်သော စနစ်တွေကိုလည်း စာအုပ်ထဲက နည်းအတိုင်းကျော်လိုက်လို့ရပါတယ်။

ကျွန်တော် စမ်းပြီးသွားပါပြီ။ Windows XP , Vista , 7 အကုန်လုံးမှာ ကျော်လို့ရပါတယ်။ Windows 8 ကတော့ ကျွန်တော့်မှာ မရှိလို့မစမ်းရသေးပါဘူး။

ကျော်လို့ရနိုင်တာတော့ သေချာပါတယ်။ ကျွန်တော်တို့ ဘက်က လိုအပ်ချက်က Hiren`s Boot CD Version အမြင့်ကို ဝယ်ဖို့ပါပဲ။

Version အမြင့် CD မှာမှ ဝင်းဒိုးစ် စနစ်အမြင့်ကို ကျော်နိုင်မှာပါ။ ဗားရှင်းအဟောင်းဆိုရင်တော့ ဗားရှင်းနိမ့် ဝင်းဒိုးစ်ကိုပဲ ကျော်လို့ရမှာပါ။

Hiren`s Boot CD ကို CD အပေါ်က ဝင်းဒိုးစ်တက်သော CD ဆိုပြီးလည်း ဝယ်နိုင်ပါတယ်။ သူ့အခွေက အတော်ကို များသော လုပ်ဆောင်ချက်တွေကို တွေ့နိုင်ပါတယ်။

Password ကျော်နိုင်တာသာမက အခြားသော လုပ်ဆောင်ချက်အတော်များများကို လုပ်နိုင်သော အကောင်းစာ ခွေတစ်ချပ်ဖြစ်ပါတယ်။

အောက်မှာ Hiren`s Boot CD  ဖြင့် ပက်စ်ဝက်စ်ကျော်နည်းကို ဒေါင်းဖို့လင့်ပေးထားပါတယ်။

Download 

**  ကိုကိုဇော် ( BE-EC )

Saturday, April 6, 2013

Internet Explorer ၏ အမှားများကို ပြင်ဆင်ခြင်း
















ကျွန်တော်တို့ ဝင်းဒိုးအိုအက်စ် တွေမှာ အသုံးပြုသော Internet Exploer မှာ ပြဿနာလေးတွေ ရှိပါတယ် ။

အဲ့ဒါလေးတွေကိုလည်း ပြန်လည် ပြုပြင်နိုင်သော နည်းလေးတွေရှိပါတယ်။

ကျွန်တော် ကီးကီးဆိုဒ်မှာ အဲ့လို ပြန်ပြင်နိုင်သော နည်းလေးတွေ ရေးထားသော စာအုပ်လေးကို ဒေါင်းပြီး ဖြေရှင်းတာ အဆင်ပြေပါတယ် ။

မိတ်ဆွေတို့လည်း ကျွန်တော်လိုမျိုး အဖြစ်မျိုးရှိပါက စာအုပ်လေးဒေါင်းပြီးဖြေရှင်းနိုင်ပါတယ်။

စာအုပ်က 400 KB လောက်ပဲရှိပါတယ် ။

စာအုပ်ကတော့ ကျွန်တော်ပြန်တင်ပေးထားတာပါ ။

Download 


**  Htar Waie Thar

Friday, April 5, 2013

Labtop PC အတွက် အရေးပါသော Sleep and Hibernate


















Labtop PC အသုံးပြုသူများ အနေဖြင့် ကျွန်တော်ပြောမည့် Sleep Mode နဲ့ Hibernate Mode ကို သိသူတွေလည်း အတော်များများ ရှိသလို အသုံးလည်းဝင်တာမို့ ကျွန်တော်သိသလို ပြန်လည် ရေးသားလိုက်ပါရစေ။

Sleep Mode

Sleep Mode ကိုတော့ လက်တော့အသုံးပြုသူများ တွေ့ဖူးနေကျဖြစ်နေပါလိမ့်မယ် ။

အလွယ်ဆုံး Sleep လုပ်ချင်ပါက ကွန်ပျူတာ Desktop Monitor ကို ကီးဘုတ်နဲ့ ထိတွေ့ခိုင်းတာပါ ။

မော်နီတာကို ပိတ်လိုက်တာနဲ့ လက်တော့ကို Sleep လုပ်လိုက်တာပါပဲ ။

ကွန်ပျူတာကို ခေါက်လိုက်တာနဲ့ အော်တို Sleep ဖြစ်သွားပါတယ် ။

ပြန်ဖွင့်ချင်ပါက မော်နီတာလေးကို ပြန်တင်ပြီး ကီးဘုတ်က ကီးတခုခုကို နှိပ်လိုက်တာနဲ့ လုပ်လက်စအလုပ်များကို ပြန်မြင်တွေ့နိုင်ပါတယ် ။

တကယ်က Sleep Mode က ကွန်ပျူတာမှာ အလုပ်လုပ်နေသော ပရိုဂရမ်များကို ပိတ်မပြစ်ပဲ ခဏရပ်ထားတဲ့ သဘောပါ ။

Manual Sleep လုပ်ချင်ပါက Start > Shutdown ဘေးကနေပြီး Sleep ဆိုပြီးပြုလုပ်နိုင်ပါတယ် ။

ကွန်ပျူတာ အသုံးပြုနေရင် အပြင်သွားချင်တာမျိုးမှာ ကွန်ပျူတာမှာ လုပ်လက်စအလုပ်တွေကို ခဏလေးရပ်စေချင်ရင် ကွန်ပျူတာ မော်နီတာလေးကို ခေါက်လိုက်တာနဲ့ အဆင်ပြေပါတယ်။


Hibernate Mode

Hibernate Mode ကလည်း Sleep Mode နဲ့ နည်းနည်းတော့ ဆင်ပါတယ် ။

သူ့က ကိုယ်ဘာသာ Shotdown ဘေးမှာ သွားနှိပ်ပေးရတာလေးပါပဲ ။

ဘာတွေကောင်းလဲဆိုတော့ Hibernate Mode က Power အစားသက်သာတာပါပဲ ။

သူ့ကို ရွေးချယ်လိုက်ပါက ကွန်ပျူတာက Shutdown လုပ်သလိုမျိုး ပိတ်သွားပါတယ် ။

ဒါပေမဲ့ လုပ်ဆောင်ချက်က Sleep လိုမျိုးပဲ လုပ်လက်စ အလုပ်များကို မပိတ်ပဲ ခဏရပ်ထားတာပါပဲ ။

ဘက်ထရီအားမစားပဲ ပရိုဂရမ်များကို ခဏရပ်နိုင်သော ပုံစံပါ ။

သူ့ကိုက Labtop Power Buttom ကို နှိပ်မှပဲ Resume Windows ဆိုပြီးတက်လာတာကို တွေ့နိုင်ပါတယ် ။

ကွန်ပျူတာများ ဘက်ထရီးအားကုန်သွားပါက အော်တိုပိတ်သွားပြီး နောက်တကြိမ် ပါဝါပေးပါက Resume Windows လုပ်ပေးနိုင်တာ Hibernate System ကြောင့်ပဲဖြစ်ပါတယ်။


သူတို့နှစ်ခုက Sleep ဆိုရင် လက်တော့တွင်ပါသော မီးသီးလေးတွေက လုံးဝပိတ်သွားတာမျိုးမဟုတ်ပဲ မှိတ်တုတ်မှိတ်တုတ်လေး လင်းနေတာပါ ။

မူရင်းခြေနေရောက်ချင်က ကီးတခုခုကို နှိပ်လိုက်ရုံပါပဲ ။

နောက်ပြီး Sleep Mode က မီးအားကို အသုံးပြုတာမှန်သော်လည်း မော်နီတာမီးပေးစရာမလိုတဲ့ အတွက် သာမာန်ထက်တော့ မီးအားသက်သာပါတယ်။

နောက် မော်နီတာလေးကို ခေါက်လိုက်ရုံနဲ့ အော်တိုအသက်ဝင်တော့ အသုံးပြုရတာလည်း အဆင်ပြေပါတယ်။

Hibernate Mode ကတော့ လုံးဝကို မီးအားမယူပဲ Sleep Mode အသုံးပြုသော ပုံစံပေါ့ဗျာ။

သူ့ကိုလည်း နည်းနည်းလေးလောက် ကလစ်လေးတချက်နှိပ်လိုက်တာနဲ့ အဆင်ပြေပြီး မီးအားလုံးဝမစားပါ ကွန်ပျူတာကို ခဏရပ်ထားလို့ရတာဆိုတော့ အတော်ကို အဆင်ပြေပါတယ်။

ကိုယ်ကြိုက်ရာကြိုက်ရာပေါ့ဗျာ ။

သို့သော်လည်း လက်တော့ကြီးရှိရက်နဲ့ Sleep , Hibernate Functions လေးတွေမသုံးတက်မှာ စိုးလို့ ကျွန်တော်က ပြန်ရေးလိုက်တာနော့် ။

သိပြီးသားဆိုရင် ခွင့်လွတ်။


**  Htar Waie Thar

Wednesday, March 13, 2013

Software ပြဿနာများ အကောင်းဆုံးဖြေရှင်းနည်း


















ကျွန်တော်တို့ ကွန်ပျူတာတွေ သုံးစွဲလာရာမှာ ဆော့ဝဲလ်တွေအသုံးပြုရင်း အသုံးပြုရင် ပြဿနာတွေကတော့ ကြုံလာရမှာပဲ ။

အဲလိုဆော့ဝဲလ် ပြဿနာတွေကို ဖြေရှင်းနည်းတွေကလည်း တယောက်နဲ့ တယောက် အနည်းငယ်ကွာခြားပါတယ် ။

ကျွန်တော် အကြိုက်ဆုံးနည်းကတော့ သက်ဆိုင်ရာ ဆော့ဝဲလ် Installer ဖြင့်ဖြေရှင်းသော နည်းပါ ။

ကျွန်တော်တို့က ကျွန်တော်တို့စက်တွင် အသုံးပြုသော ဆော့ဝဲလ် Installer များကို ထားရှိပြီး ဖြေရှင်းသော နည်းပါ ။


။   ။ Windows OS ပြဿာနာများ

Windows OS အတက်တော့ ခြင်း ၊ အကြောင်းမျိုးမျိုးကြောင့် Error တွေတက်ပါက ကိုယ့်စက်ကို Windows တင်တုန်းက အသုံးပြုသော OS Installer Disc ကို အသုံးပြုကာ ဖြေရှင်းနိုင်ပါတယ် ။

Windows OS မတက်တော့ပါ Error Message များတက်လာပါက Computer ကို Restart ချပါ ။

ကိုယ်စက်နဲ့ဆိုင်သော Windows Installer ကို CD/DVD Drive ထဲထည့်သွင်းကာ ကွန်ပျူတာကို CD/DVD First Boot ဖြင့်တက်ပါ ။

CD/DVD ဖြင့် First Boot တက်ဖို့ CMOS ထဲမှာ First Boot Drive ကို CD/DVD ကို ရွေးပေးရပါမယ်။

ကွန်ပျူတာ တလုံးနှင့်တလုံးမတူပါ ။

ကျွန်တော့်မှာ Windows 7 Repair Guide  တော့ရှိပါတယ် ။

အဲ့ဒီစာအုပ်ကို Referenced လုပ်နိုင်ပါတယ် ။

Windows Installer Disc တွေမှာ သူ့ကို ကွန်ပျူတာမှာ တင်ပြီးသားဖြစ်ပါက Repair ပြုလုပ်နိုင်သော Function ထည့်ပေးထားပါတယ် ။

Installer Disc ကို Boot တက်သော ဖြစ်စဉ်ထဲမှာပဲ အစောဆုံးမေးသော မေးခွန်းမှာ Repair ပြုလုပ်မှာလားဆိုသော မေးခွန်းပါ။

Boot တက်သော ဖြစ်စဉ်မှာ မြင်တွေ့နိုင်ပါတယ် ။

။  ။ အခြားဆော့ဝဲလ်များ

ကျွန်တော်တို့ ကွန်ပျူတာမှာ Installed ပြုလုပ်ပြီးသာ ဆော့ဝဲလ်တွေက တခါတရံ ပြဿနာတက်ပါက သူ့မူရင်း Software Installer ကို ပြန် Run ပါ ။

Next တွေဘာတွေလုပ်ပြီးပါက ဆော့ဝဲလ်က ကွန်ပျူတာမှာ ရှိပြီးသာ ဖြစ်သည့်အတွက် Repair , Uninstall , Modify Function များပါသော Box တခုကို Installer Run သော ဖြစ်စဉ်တနေရာမှာ တွေ့နိုင်ပါတယ် ။

အဲဒီ Function ကို အသုံးပြုကာ Software ကို ပြန်လည်ပြုပြင်နိုင်ပါတယ် ။

နောက်ပြီး တချို့သော ဆော့ဝဲလ်များကို ပြန်လည်ဖြုတ်ရင် ပြဿနာတက်ပါကလည်း မူရင်း Software Installer ဖြင့်လွယ်လွယ်ကူကူ Uninstall ပြုလုပ်နိုင်တာကို တွေ့ရမှာပါ ။

အခြားသော ဆော့ဝဲလ်ပြဿနာကို ဖြေရှင်းသော နည်းများရှိသော်လည်း မူရင်း Installer ဖြင့် ဖြေရှင်းသော နည်းကတော့ လွယ်ကူရိုးရှင်းပြီး အဆင်ပြေသော နည်းဖြစ်ပါတယ် ။

Software Installer များက သူ့ဆော့ဝဲလ်ကို ပြန်လည်ပြုပြင်နိုင်သော Function များကို ထည့်သွင်းထားသော သဘောပါ ။

**  Htar Wiae Thar

Saturday, March 2, 2013

Firefox Browser ပြဿနာ ဖြေရှင်းခြင်း
















ကျွန်တော် Firefox 18 ကို တင်သုံးတဲ့အခါ ပြဿနာ နည်းနည်းကို တွေ့မိပါတယ် ။

Browser က တင်ပြီးတာနဲ့ ကျွန်တော်တို့ မြန်မာစာများ မြင်ရအောင် နှင့် Home Page များကို ပြောင်းသုံးချင်လို ပြုပြင်ချင်သော အခါ ပြင်တုန်းကတော့ ရပြီး Browser ကို ပိတ်လိုက်တာနဲ့ Setting တွေ ဘာမှအလုပ်မလုပ်ပါဘူး ။

နောက်ပြီး Update Add On Services ကလည်း ဆော့ဝဲလ်ကို ဖွင့်ပြီးတာနဲ့ တက်ပါတယ် Setting တွေကလည်း ဘာမှကို အလုပ်မလုပ်တော့ ခက်နေတာပဲ ။

ကျွန်တော် Software ကို ဖြုတ်ပြီး ပြန်တင်တော့လည်း ဒီအတိုင်းပါပဲ ။

Mozilla Maintenance Service  က ပြဿနာတွေလာပေးနေတာပါ ။

ကျွန်တော့်လို ပြဿနာဖြစ်ပါက Firefox ကို ဖြုတ်လိုက်ပါ ။ နောက် ပြန်တင်သော အခါ Standard Installation , Customized Installation ရွေးခိုင်းသော နေရာမှာ Customized ကို ရွေးချယ်ပြီး နောက် တဆင့်မှာ Mozilla Maintenance Service  က Checke ကို Unchecke လုပ်ပါ ။ သူကိုမတင်ဘူးလို့ ပြောတာပါ ။

Next တွေနှိပ်ပြီးသာ တင်လိုက်ပါ ။

အဆင်ပြေသွားပါလိမ့်မည် ။

အရင် Version တွေကတော့ Standard Installation ကို ရွေးပြီးတင်တာ ပြဿနာမရှိပါဘူး ။

သူ့ကျမှ ဘာဖြစ်တာလည်းမသိဘူးဗျ ။

Mozilla Maintenance Service  ကို ဖြုတ်ပြီးတင်မှ Setting တြွေပင်လို့ရတာတွေ့ရပါတယ် ။

**  Htar Wiae Thar

Monday, February 18, 2013

ကွန်ပျူတာပြဿနာဖြေရှင်းနည်းများ (ညဏ်ကြွယ်)



















ကွန်ပျူတာ သုံးစွဲသူတွေအဖို့ ပြဿနာတွေက နေ့နဲ့အမျှ ဖြစ်ပွားနေတာပါ ။

ကျွန်တော့်ဘလော့မှာလည် ကွန်ပျူတာ ပြဿနာဖြေရှင်းနည်းတွေကို သိသလောက် ရေးပေးပါတယ် ။

အခုက ကိုညဏ်ကြွယ်ရေးထားတဲ့ စာအုပ်လေးက အတော်ကောင်းတာမို့ ပြန်ညွှန်းလိုက်မယ်နော့် ။

ဖိုင်ဆိုဒ်က 14 MB ကျော်ကျော်ရှိပါတယ် ။

Download  

**  Htar Waie Thar  **

Sunday, February 17, 2013

Windows XP , Windows 7 Genuine ပြဿနာ ဖြေရှင်းနည်း




















ကျွန်တော် Windows XP , 7 Genuine Problem ကို ပေါင်းပြီး ပြန်တင်ပေးလိုက်မယ်နော့် ။

Windows XP Genuines Problem ဖြေရှင်းနည်း

Windows XP ကို ဒီဘက်ခေတ်မှာ တော့သိပ်မတွေ့ရပါဘူး ။

သို့သော်လည်း သံယောဇဉ် မကုန်သေးသော သူများက Windows XP ကို ဆက်လက်အသုံးပြုနေသည့်အတွက် အင်တာနက်သုံးရင်း Windows XP Genuine ပြဿနာဖြစ်နေသော သူများအတွက် ကျွန်တော်သိထားသော ဖြေရှင်းနည်းလေးကို မျှဝေလိုက်ပါမယ် ။

Windows XP Activator ကို အသုံးပြုပြီး ဖြေရှင်းသော နည်းလမ်းပါ ။

Windows XP Activator ကို ဒေါင်းပြီးမှ ဖြေရှင်းရမှာမို့ မရှိသေးသော သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်။

Download

အဲ့ဒီဖိုင်က Rar File ပါ ဖြေထုတ်ပါက WinXp GLC အမည်နှင့် File လေးကို သတိပြုပါ ။

WinXp GLC File ကို C:\Windows ထဲ Copy ကူးထည့်ရပါမယ် ။ Copy / Paste ပေါ့ဗျာ ။

WinXp GLC File လေး C:\Windows ထဲရောက်သွားသော အခါ Run ပါ ။

ထိုဖိုင်လ်လေးကို Run ပါက နားမလည်သော စာသားများနှင့် Box တစ်ခုပေါ်လာပါမယ် ။

ထို Box မှာ Buttom နှစ်ခု ဘယ်နဲ့ ညာ ပါပါတယ် ။ ဘယ်ဘက်က Buttom ကို Click နှိပ်ပါက Command Box လိုမျိုး Box တစ်ခုပေါ်လာပါတယ် ။

ထို Command Box လိုမျိုးမှာ " i " လို့ Keyboard မှာ ရိုက်ထည့်ပါက Windows XP Genuine ပြဿနာကို ဖြေရှင်းသွားပါလိမ်မည် ။


Windows 7 Genuine Problem ဖြေရှင်းနည်း            

WINDOWS 7 တွင် This copy is not Genuine build xxxx ဆိုသော စာသားပေါ်လာပြီးနောက် Desktop ဟာ ဘာမှပြောင်လို့မရဖြစ်နေသော သူများအတွက်....

windows loader.exe ကို RUN ပါ...

ထို windows loader မှ uninstall ကိုနိှပ်ပါ...

restart ကျသွားပါလိမ်မည်...

windows ပြန်တက်လာသော အခါ

Windows loader.exe ကို ပြန် run ပါ install ကို နှိပ်ပါ...

OK သွားပါလိမ့်မယ်...

Windows Loader မရှိသူများ ဒေါင်းနိုင်ပါတယ် ။

Download       


Windows 7 Genuine ပြဿနာ ဖြေရှင်းနည်း နောက်တမျိုး


အခုုနောက်တမျိုး ကျွန်တော်ကြုံရတာက နည်းနည်းဆန်းတယ်ဗျ ။

Command Line က Win 7 Date Crack လုပ်လို့မရသလို Windows 7 Loader ( Crack ) ကို ။
တစ်ခုတည်းလည်းသုံးလို့မရဘူးဗျ ။

Windows 7 Loader ( Crack ) ကိုသုံးလိုက်ရင် Install , Uninstall မပေါ်ပဲ ကိုယ် Windows 7 ရဲ့ Version ပဲ့ပေါ်ပါတယ် ။

အဲဒီတော့ ကျွန်တော် Internet က ရှာကြည့်လိုက်တာ နည်းလမ်းတစ်ခုကို တွေ့လို့ အားလုံးကို Share လိုက်ပါတယ် ။

MBR Regenerator  ဆိုတဲ့ Software ကိုသုံးပြီးဖြေရှင်းတဲ့ နည်းလမ်းပါပဲ ။

MBR Regenerator  ဆိုတဲ့ Software ဆိုတဲ့ Software ကို www.softpedia.com   မှာ Download ဆွဲနိုင်သလို အခြားအဆင်ပြေတဲ့ ဆိုဒ်တခုခုက Download ဆွဲနိုင်ပါတယ် ။

MBR Regenerator  ဆိုတဲ့ Software က Freeware တခုပါ ။

ကျွန်တော်ဒေါင်းထားသော MBR Regenerator v4.5  ကို http://www.solidfiles.com/d/ddffed8e4b/ မှာ ဒေါင်းနိုင်ပါတယ်။

MBR Regenerator  ဆိုတဲ့ Software ကို Run လိုက်ပြီး Regenerate  လုပ်လိုက်ပါက Computer ကို Restart ချဖို့ Instruction တစ်ခုပေးမှာဖြစ်ပြီး OK သာလုပ်လိုက်ပါက အချိန်ခဏ စောင့်ရပါမည် ။

ပြီးဆုံးသွားပါက Restart ချဖို့ OK နိုပ်လိုက်ပါက နောက်တကြိမ် Windows တက်ပါက Windows Genuine ပြဿနာရှိတော့မည် မဟုတ်ပဲ Windows 7 Trail Version ပြန်ဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါတယ် ။

Windows 7 ကို Active ဖြစ်ချင်ပါက Windows 7 Loader (Crack) ကို ပြန်သုံးရမှာဖြစ်ပါတယ် ။

Windows Loader.exe ကို Run > Install , Restart ကျသွားပြီး ပြန်တက်လာပါက OK ပါပြီ။

နောက်တကြိမ် Windows Genuine ပြဿနာမဖြစ်ချင်ပါက


Windows Update Service ကို ပိတ်ထားမယ် ပို့စ်မှသွားကြည့်နိုင်ပါတယ် ။

Download Windows Loader 2.1.7


**  Htar Waie Thar  **

Thursday, February 14, 2013

Windows explorer has stopped working error ဖြေရှင်းနည်း













တစ်ခါတစ်ခါဗျာ........Computer သုံးနေရင်းနဲ့....Box တစ်ခုတက်လာတယ်.......
Windows explorer has stopped working..ဆိုပြီးတော့.........

Registry Editor ကနေ ဖြေရှင်းနည်းကိုပြောပြပေးသွားပါ့မယ်...

Registry ထဲမှာ ၀င်ပြင်မှာဆိုတော့ ..Window+R ကိုနှိပ်ပြီး.    regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ..

Editor ပေါ်လာရင်တော့ HKEY_LOCAL_MACHINE  ကိုသွားပါ...

ကျွန်တော် မြှားပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်နော်...

HKEY_LOCAL_MACHINE >>>Software>>>>Microsoft>>>>Window

Window အောက်က Current Version.....နောက်...Explorer...........
Explorer အောက်က Browser Helper Objects ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။

ပြီးရင် Yes.......    Okie Dokie ပေ့ါဗျာ......
ပြီးရင် စက်ကို Restart တစ်ခေါက်ချပေးလိုက်......
အဲ့ဒီ Box ကြီး တွေ့ချင်ပါတယ်ဆိုတာတောင် မတွေ့ရဘူး....  :)

**  Htar Waie Thar  **



ကျွန်တော်တွေ့ဖူးသော စက်တွေမှာ ခဏခဏတွေ့ရသော ပြဿနာဖြစ်ပါသည်။

#  http://www.kelvineinstein.blogspot.com မှ ပြန်မျှဝေခြင်းဖြစ်သည်။

Tuesday, February 12, 2013

Memory Card ထဲကို ကူးလို ့မရ ၊ ဖျက်လို ့မရ ဖြစ်လာခဲ့ရင် ဖြေရှင်းရန်နည်း
















Memory Card ထဲကို ကူးလို ့မရ ၊ ဖျက်လို ့မရ ဖြစ်လာခဲ့ရင် ဖြေရှင်းနိုင်ဖို့ နည်းနှစ်နည်းကို ကျွန်တော်သိသလေက် ပြန်မျှဝေပါမယ် ။

၁) Write Protect Fixer ကို ဒေါင်းပြီးဖြေရှင်းသော နည်း

ကျွန်တော် Write Protect Fixer ကို ဒေါင်းဖို့ လင့်ပေးလိုက်ပါမယ် ။

ထို ဖိုင်ကို Double Click လုပ်ပြီ Yes တွေသာဖြေသွားလိုက်ပါ ။ OK သွားပါမယ် ။

Download

၂) Manual ဖြေရှင်းနည်း

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ။

                 **  Htar Waie Thar  **

Sunday, February 10, 2013

Windows 7 Starter and Home Basic တွေမှာ Personalize မရှိသောပြဿနာ
















ကျွှန်တော်တို့ Windows 7 သုံးတဲ့အခါ အမျိူးအစားတွေ အများကြီးရှိတဲ့ အနက်မှ Windows 7 Starter တို့ Windows 7 Home Basics တို့သုံးကြတဲ့အခါ Dsktop မှာ Right Click ထောက်ကြည့်တဲ့အခါ Personalize မပါလာတာကို တွေ့ရတတ်ပါတယ်။ သာမန်အားဖြင့်ဆို Right Click ထောက်ပြီး မိမိတို့ လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရနိုင်ပါတယ်။ ဥပမာ Folder, Icons တွေမှာ မြန်မာလို Name ပေးထားပြီး မပေါ်ရင် Personalize လေးကိုနှိပ်ပြီး ပြောင်းလေ့ရှိကြပါတယ်။ အခုကျွှန်တော် ဝေမျှချင်တာကတော့ Personalize မပါတဲ့ Windows တွေမှာ Personalize မှာလုပ်လို့ရတဲ့ အရာတြွေဖစ်တဲ့ themes, background, sounds, screen saver, mouse pointer, desktop icons အစရှိတဲ့ အရာတွေကို မိမိစိတ်ကြိုက် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေပါ။ တကယ်လည်း အသုံးလိုမယ်ထင်လို့ မေးတတ်ကြလို့ လုပ်နည်းလေးတွေကို အောက်မှာ တင်ပြလိုက်ပါတယ်။ အားလုံးအဆင်ပြေမှာပါ။


၁) Change System Sound ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change Sound လို့ရိုက်လိုက်ပါ။ Sound နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ကျလာပါလိမ့်မယ်။ ကျလာတဲ့ အထဲကမှ Change System Sound ကို Click နှိပ်လိုက်ပါ။

Click နှိပ်လို့ ကျလာတဲ့ Sound ဆိုတဲ့ Box လေးထဲကမှ မိမိပြောင်းချင်တဲ့ အသံလေးတွေကို ပြောင်းလို့ရနိုင်ပါတယ်။



၂) Screen Saver ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change screen saver လို့ရိုက်လိုက်ပါ။ ကျလာတဲ့ Box လေးထဲကနေ မိမိစိတ်ကြိူက် Screen saver ပြောင်းနိုင်ပါတယ်။


၃) Color Scheme ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ။

Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box လေးထဲကမှ မိမိစိတ်ကြိူက် theme ကို ပြောင်းနိုင်ပါတယ်။



၄) Folder name, Icons မြန်မာလို ပေါ်အောင်ပြောင်းနည်း (သို့) Windows Background ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ။

Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box ထဲကမှ Advance ကိုနှိပ်လိုက်ပါ။

ထပ်ကျလာတဲ့ Windows Color and Appearance ထဲကနေ မိမိစိတ်ကြိူက် ပြောင်းနိုင်ပါတယ်။


၅) Desktop Icons စိတ်ကြိုက်ထားနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲမှ Show or Hide common icons on the desktop ကို Click လိုက်ပါ။

ကျလာတဲ့ Desktop Icon Setting ထဲကနေ မိမိစိတ်ကြိုက် Icons လေးတွေ ထားလို့ရပါတယ်။

Change Icon ဆိုတာလေးကို Click ပြီးတော့လည်း မိမိစိတ်ကြိူက် ပြောင်းလို့ရပါတယ်။


၆) Mouse Pointers ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change how the mouse pointer looks ကို Click နှိပ်လို်က်ပါ။

ကျလာတဲ့ Mouse Properties ဆိုတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Mouse Pointer လေးတွေ ပြောင်းနိုင်ပါတယ်။

                                                **  Htar Waie Thar  **

# မြန်မာမိသားစုဖိုရမ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည် ။

Saturday, February 9, 2013

Windows Media Player မှာ Subtitle အလွယ်ဖော်နည်း



















Windows Media Player က Windows OS ၏ Build In Media Player ဖြစ်သည့်အတွက် အသုံးပြုမှုများပါတယ် ။

ကျွန်တော်တို့ Video တြွေကည့်သည့်အခါ နိုင်ငံခြားဇာတ်ကားများကို မြန်မာလိုကြည့်ရန်အတွက် Sub Title ဖော်က ကြည့်ကြပါတယ် ။

အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဇာတ်ကားအတော်များများက Sub Title ဖော်ဖို့ Right Click နှိပ်ရုံပဲရှိသေးတယ် Sub Title ကိုတောင်မနှိပ်ရသေးဘူး ပြန်ပြန်ပျောက်သွားတက်ပါတယ် ။

ကြုံဖူးကြမှာပါ ။ ကျွန်တော်ကတော့ အကြိမ်ပေါင်းများစွာ ကြိုးစားပါမှ ရပါတယ် ။

စဉ်းစားကြည့်တော့ ဒီလိုမျိုးအဖြစ်အပျက်က အာရုံအတော်ကို နောက်ပါတယ် ။

ဇာတ်ကားက ကောင်းနေပြီ ဘာတွေပြောနေကြလဲသိချင်ပါတယ်ဆိုမှ Sub Title က ဖော်မရဘူး ။

ကျွန်တော် အဲဒီအတွက် တော်တော်ကို စဉ်းစားပြီးမှ လွယ်ကူသော နည်းလေးနဲ့ ဖြေရှင်းလိုက်ပါတယ် ။

ဟဲဟဲ ... Sub Title ဖော်ရင် ပြန်ပြန်ပျောက်ပျောက်မသွားအောင် ဇာတ်ကားကို Pause လုပ်လိုက်ပါ ။

ပြီးမှ Subtitle ဖော်ပေါ့ဗျာ ။ပြီးမှ Play လုပ်ပြီးကြည့်တာပေါ့ ။

လွယ်လွယ်လေးနဲ့ ခက်နေတာဗျ ။

           **  Htar Waie Thar  **

Friday, February 8, 2013

Shutdown, Restart ကို မြန်မြန်လုပ်ပေးမယ့် Script














တစ်ချို့တချို့သော ကွန်ပျူတာတွေက Shutdown , Restart တွေချရင် ကြာတက်ပါတယ် ။

Shutdown , Restart ချတာကို ဖြေရှင်းတဲ့နည်းတွေလည်း အများကြီးပါပဲ ။

အခုနည်းကတော့ Scrip Program Run ပြီး ဖြေရှင်းတဲ့နည်းလေးပါ ။

ကျွန်တော် ဒီ Scrip ကို မြန်မာမိသားစုဖိုရမ်မှာတွေလို့ မလာတာ ။

အသုံးပြုပုံက အောက်မှာပေးထားတဲ့ Code တွေကို Notepad မှာ ကူးထည့်ပေးပါ ။

ပြီးရင် .bat file extension ဖြင့်သိမ်းဆည်းပြီး Run ရုံပါပဲ။


@echo off
cls
echo Do you want to SHUT DOWN or RESTART your computer?? (Y / N)
set/p "cho=>"
if %cho%== Y goto Chose
if %cho%== y goto Chose
if %cho%==N goto End
if %cho%==n goto End
echo Inviled choice
:Chose
cls
echo Shutdown (S) or Restart (R) !!!!!
echo Press ( S / R )
set/p "cho=>"
if %cho%== S goto Shut
if %cho%== s goto Shut
if %cho%==R goto Rs
if %cho%==r goto Rs
echo Invalid choice.
:Shut
cls
echo Are you sure want to shut down your computer??(Y/N)
set/p "cho=>"
if %cho%==Y goto Shutdown
if %cho%==y goto Shutdown
if %cho%==N goto End
if %cho%==n goto End
echo Invalid choice.
:Shutdown
shutdown -s -t 0000
goto End
:Rs
cls
echo Are you sure want to restart your computer??(Y/N)
set/p "cho=>"
if %cho%==Y goto Restart
if %cho%==y goto Restart
if %cho%==N goto End
if %cho%==n goto End
echo Invalid choice.
:Restart
shutdown -r -t 0000
goto End
:End



                 **  Htar Waie Thar  **

Tuesday, February 5, 2013

Windows XP Genuines Problem ဖြေရှင်းနည်း

















Windows XP ကို ဒီဘက်ခေတ်မှာ တော့သိပ်မတွေ့ရပါဘူး ။

သို့သော်လည်း သံယောဇဉ် မကုန်သေးသော သူများက Windows XP ကို ဆက်လက်အသုံးပြုနေသည့်အတွက် အင်တာနက်သုံးရင်း Windows XP Genuine ပြဿနာဖြစ်နေသော သူများအတွက် ကျွန်တော်သိထားသော ဖြေရှင်းနည်းလေးကို မျှဝေလိုက်ပါမယ် ။

Windows XP Activator ကို အသုံးပြုပြီး ဖြေရှင်းသော နည်းလမ်းပါ ။

Windows XP Activator ကို ဒေါင်းပြီးမှ ဖြေရှင်းရမှာမို့ မရှိသေးသော သူများ အောက်မှာ ဒေါင်းနိုင်ပါတယ် ။

Download

အဲ့ဒီဖိုင်က Rar File ပါ ဖြေထုတ်ပါက WinXp GLC အမည်နှင့် File လေးကို သတိပြုပါ ။

WinXp GLC File ကို C:\Windows ထဲ Copy ကူးထည့်ရပါမယ် ။ Copy / Paste ပေါ့ဗျာ ။

WinXp GLC File လေး C:\Windows ထဲရောက်သွားသော အခါ Run ပါ ။

ထိုဖိုင်လ်လေးကို Run ပါက နားမလည်သော စာသားများနှင့် Box တစ်ခုပေါ်လာပါမယ် ။

ထို Box မှာ Buttom နှစ်ခု ဘယ်နဲ့ ညာ ပါပါတယ် ။ ဘယ်ဘက်က Buttom ကို Click နှိပ်ပါက Command Box လိုမျိုး Box တစ်ခုပေါ်လာပါတယ် ။

ထို Command Box လိုမျိုးမှာ " i " လို့ Keyboard မှာ ရိုက်ထည့်ပါက Windows XP Genuine ပြဿနာကို ဖြေရှင်းသွားပါလိမ်မည် ။

                     **  Htar Waie Thar  **