Sunday, June 2, 2013

Windows 8 မှာ dot net 3.5 မရှိလို့ ဆော့ဝဲလ်တွေတင်လို့မရသောပြဿနာ ဖြေရှင်းနည်း






















ကျွန်တော် Windows 8 ကို အသုံးပြုရင်းတွေ့လာသော ပြဿနာတစ်ခု ဖြစ်ပါတယ်။

အရင်က ဆော့ဝဲလ်တွေတင်ရင် .net Version 3.5 ကို တောင်းပြီးဆော့ဝဲလ်ကို ဆက်တင်လို့လည်း မရပါဘူး။

နောက်မှ သေသေချာချာ ရှိုးလိုက်တော့ ဝင်းဒိုးစ် အသစ်ကြီးက .net version 3.5 ကို ပိတ်ထားမှန်းသိတော့တယ်။

ကျွန်တော်လို့မျိုးပြဿနာ တက်လို့ကတော့ ဘာမှကို မဟုတ်တော့ပါဘူး။

ဖြေရှင်းနည်းလေးကို ကျွန်တော်တွေ့ပြီး စမ်းပြီးလို့ အောင်မြင်စွာ ဆော့ဝဲလ်တွေကို တင်လို့ရသွားပါတယ်။

ပြဿနာ ဖြေရှင်းနည်းက နှစ်နည်းရှိပါတယ်။

နံပါတ်တစ်နည်းကတော့ အင်တာနက်နဲ့ ဖြေရှင်းသောနည်းပါ။

Control Panel > Programs and Features > Windows Features on or off > မှာ Dot Net Version 3.5 ကို Check လုပ် ၊ OK ကို ကလစ်သော နည်းပဲ ဖြစ်ပါတယ်။

ကျွန်တော်စမ်းတာတော့ အင်တာနက် လိုင်းမကောင်းလို့လား မသိ၊ အဆင်မပြေပါဘူး၊

နံပါတ်နှစ်နည်းကတော့ Windows 8 DVD နဲ့ ဖြေရှင်းသော နည်းပဲ ဖြစ်ပါတယ်။

ကွန်ပျူတာမှာ ဝင်းဒိုးစ်အခွေကို ထည့် ၊ Command Prompt ကို Administrator နဲ့ ဖွင့်ပြီး အောက်က ကီးကို ရိုက်ထည့်လိုက်ရင် အိုကေပါမယ်။

Dism.exe /online /enable-feature /featurename:NetFX3 /All /Source:H:\sources\sxs /LimitAccess

Source :H: ဆိုသောနေရာမှာ H: ဆိုတာက ဝင်းဒိုးစ်အခွေရှိသော Drive ကို ဆိုလိုပါတယ်။ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး။ ကျွန်တော့်စက်မှာတော့ DVD Drive က H: ပါ။ ကိုယ့်ကွန်ပျူတာမှာ Windows 8 အခွေထည့်လိုက်သော စက်ကို ရေးပေးရမှာ ဖြစ်ပါတယ်။ ဉပမာ ။  ။ E:, F: , G: အစရှိသလိုမျိုး ဖြစ်ပါတယ်။

ကျွန်တော် ဒီပြဿနာကို ရေးထားတာလေးရှိပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ ပြဿနာ ဖြေရှင်းတာကို ပုံနဲ့တကွ မှတ်တမ်းယူထားတာ ဖြစ်ပါတယ်။

ဖိုင်ဆိုဒ်က 1MB လောက်နီးနီးရှိပါတယ်။

Download


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment