Saturday, November 30, 2013

IDM Fake Serial Number Error အလွယ်ဆုံးဖြေရှင်းနည်း














 ကျွန်တော် အခုပြဿနာကို ဒီနေ့အင်တာနက်ကို အသုံးပြုမှ တွေ့တာပါ။

အရင်နေ့တွေကတော့ အခြားသော မြန်မာဘလော့ဂ်မှာ အခုလိုမျိုး ပြဿနာကို ဖြေရှင်းနည်းကို ဖတ်မိပေမဲ့ ကျွန်တော့်မှာ အဲ့လိုပြဿနာ မဖြစ်တာမို့ ဘလော့ဂ်မှာ မရေးမိပါဘူး။

အခုတော့ ကျွန်တော်လည်း အဲ့လိုမျိုး ပြဿနာကို စတင်တွေ့မိပါပြီ။

IDM က သုံးလို့မရတာမျိုး မဟုတ်ဘူးဗျ။

သုံးတာက သုံးလို့ရတယ်။ ကွန်ပျူတာက အင်တာနက်နဲ့ ချိတ်ဆက်ထားရင် ငါမိနစ်တစ်ခါလောက်  " IDM Fake Serial Number Error "  ဆိုတဲ့ မက်ဆေ့ပေါ်လာတာဗျ။

အဲ့ဒီပြဿနာကို ကျွန်တော် အလွယ်ဆုံး ဖြေရှင်းနိုင်သော နည်းလမ်းလေးကို တွေ့ထားပါတယ်။

IDM ကို ပြန်ဖြုတ်စရာ မလိုသလို ၊ ခရက်တွေလည်း သုံးစရာမလိုပါဘူး။ ဖိုင်လေးတစ်ဖိုင်ကို ရှာဖွေပြီး ဖျက်လိုက်ရင်ရပါတယ်။

ကျွန်တော့်လိုမျိုး ပြဿနာတက်နေပါက  IDM Software Folder အောက်ကို သွားရောက်ပြီး  IDMGrHlp  ဖိုင်လေးကို ဖျက်လိုက်ရင်ရပါတယ်။


ကျွန်တော် ဝင်းဒိုးစ်ခုနှစ်မှာတော့ IDM Folder က   C:\Program Files (x86)\Internet Download Manager   ဖြစ်ပါတယ်။ အဲ့ဒီဖိုလ်ဒါအောက်က  IDMGrHlp  ဆိုသော ဖိုင်လေးကို ဖျက်လိုက်ရင်ရပါတယ်။

ကျွန်တော် အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်။ ကွန်ပျူတာတွေက တစ်လုံးနဲ့ တစ်လုံး အနည်းငယ်တော့ ကွဲပြားမှုရှိပေမဲ့ IDM Folder > IDMGrHlp  File ကို ဖျက်နိုင်ရင် ကျွန်တော်တို့ အခုပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။















 **  ကိုကိုဇော် ( BE-EC )



0 comments:

Post a Comment