Showing posts with label (i) စက်ရုပ်ကို အသုံးချခြင်းများ ( Android OS ). Show all posts
Showing posts with label (i) စက်ရုပ်ကို အသုံးချခြင်းများ ( Android OS ). Show all posts

Friday, January 10, 2014

Y320 C00 Internet Setting ချိန်နည်း
















Y320 C00 Internet Setting ချိန်သော်လည်း အင်တာနက် 3G မတတ်ဘဲ သုံးမရဖြစ်နေပါတယ်။

ပုံမှန် CDMA 800MHz များချိန်သလို ချိန်၍ မရပါ။ အနည်းငယ် လိုအပ်ချက်ကြောင့်ဖြစ်ပါသည်။
ကျွန်တော်ရှာဖွေထားသော အောက် ရှိ Setting များအတိုင်း ချိန်လိုက်ပါ။ အဆင်ပြေပါမည်။

Name                          - MECTEL  ရေးရန်
APN                            - #777      ရေးရန်
Prosexy                       - Not Set 
Port                            -  Not Set
Username                    - komyat  ရေးရန်
Password                     - komyat  ရေးရန်
Server                         - Not set
MCC                            - 414
MNC                            - 03
Authertication type        - PAP or CHAP ရွေးရန်
APN type                      - default          ရေးရန်
APN protocol                - IPv4/IPv6      ရွေးရန်
APN roaming protocol   - IPv4/IPv6      ရွေးရန်

ရေးရမည်များကို သေချာစွာ ရေးပါရန်။ အထူးသတိပြုရမည်မှာ APN type ကို default ရေးရာတွင် စာလုံးပေါင်းမှား၍ မရပါ။ အဆင်မပြေဖြစ်ပါက mckomyat@gmail.com/ mckomyat@facebook.com  09250094532 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


အစဉ်လေးစားလျှက်

ကိုမြတ် - Mechatronic Engineering       http://www.mcmyatkyawthu.blogspot.com/

Huawei Y320C မှာ 1x လိုင်းမတက်တဲ့ပြဿနာကိုလွယ်ကူစွာဖြေရှင်းမယ်



















ခုနောက်ပိုင်း Huawei Y320C မှာ 1x လိုင်းမတက်တဲ့ပြဿနာတွေခနခနဖြစ်တာကိုတွေ့ရပါတယ်.......

အရင်တုန်းကကျတော့ 73 ကဒ်ထည့်ပြီး ရှင်းလိုက်ရင်ရပါတယ်.....

ခုဟာက 73 မရှိတဲ့သူတွေ 73 လိုင်းမမိတဲ့သူတွေအတွက် ဒီပြဿနာကိုလွယ်ကူစွာဖြေရှင်းလို့ရပါပြီ.....

ပထမဦးဆုံး mec card ကိုဖုန်းထဲထည့်ပါ........

911 ကိုဖုန်းခေါ်ပါ..........

ခေါ်ပြီးရင်ဖုန်းကိုမချဘဲ Home ခလုပ်ကိုနှိပ်ပြီး setting ကိုသွားပါ........

ပြီးရင် more ကိုဝင်ပါ........

mobile network ကိုရှာပါတွေ့ရင်ဝင်ပါ......

CDMA Network select ထဲဝင်ပါ......

၀င်ပြီးရင်အရင်ကမှိန်နေတာတွေလင်းနေတာကိုတွေ့ရပါမယ်......

empty filter network list ကိုနှိပ်လိုက်ပါ.........

တချို့ကတော့ဒီအဆင့်မှာတင်ရပါပြီမရသေးရင်တော့ warning စာတန်းတွေထွက်လာတာကိုစောင့်လိုက်ပါ.......

ပြီးရင်ရသွားပါပြီ.........

ဖုန်းခေါ်ကြည့်လိုက်ပါအဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်။

မရသေးဘူးဆိုရင်ဖုန်းကိုပါဝ်ပိတ်ပြီးနောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ.......

ရသွားပါလိမ့်မယ်..........

အားလုံးအဆင်ပြေချောမွေ့ပါစေ.........

ဒီနည်းလမ်းလေးကိုစမ်းသပ်ပေးတဲ့ Ko Bo Bo San ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်.............



**  Myat Kyaw Thu ( BE-MC )   http://www.mcmyatkyawthu.blogspot.com/

Android APK ကို မြန်မာမှု ပြုမယ်


















သူငယ်ချင်းများအတွက် Android Application တွေကို မြန်မာမှုပြုပြီးအသုံးပြုနည်းအကြောင်းရေးထားတဲ့ စာအုပ်လေးပါ။

အောက်မှာ ဒေါင်းသွားနိုင်ပါသည်။

ဒီနေရာမှ ယူပါ။ 


**  ကိုမြတ် (Mechatronic Engineering)    http://www.mcmyatkyawthu.blogspot.com/

Android Phone Pattern Lock အလွယ်ဖြည်မယ်














Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့

အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို

လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်

Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး လိုက်ပါတော့တယ်။

Ko Ning Lynn ကို Credit ပေးပါတယ်ခင်ဗျား။ ။

ဒီ tool လေးက ခက်ခက်ခဲခဲ သုံးစရာတော့ ဘာမှမရှိပါဘူး ဖုန်းက root access ရှိရမယ် Debugging on

ထားရမယ်။ ဖုန်းကို ကွန်ပြူတာနဲ့ ချိပ်ပြီး Check Device နှိပ်လိုက်ရင် ရပြီ ကိုယ့်ဖုန်းက root access ရှိ
ရဲ့သားနဲ့ (Yes) or (No) မေးလာရင် Yes ကိုနှိပ်လိုက်ပါ။

Delete pattern ကိုနှိပ်လိုက်လို့ 100% ရောက်ပြီး Thanks you ပေါ်လာရင် reboot ကျတဲ့
အထိ စောင့်ပါ။

သူငယ်ချင်းများ စမ်းပြီး comment လေးတွေပေးကြပါအုန်း ။ ။

ဒီနေရာမှယူပါ။  


အဆင်မပြေရင် အောက်က Link မှ ယူနိုင်ပါသည်။

DOWNLOAD HERE  



**  Myat Kyaw Thu ( BE-MC )    http://www.mcmyatkyawthu.blogspot.com/

Tuesday, January 7, 2014

Android Phone ဆိုင်ရာ eBook လေးများစုစည်းမှု


















မိုဘိုင်းခေတ်ကို တဖြေးဖြေး ရောက်လာသည်နှင့်အမျှ Android ၏လွှမ်းမိုးမှုသည်လည်း တဖြည်းဖြည်း ကြီးမား လာသည်မှာ အားလုံး မျက်မြင်ပင်ဖြစ်သည်။

Apple ၏ထုတ်ကုန်ပစ္စည်းများဟာ တကယ်ကို ကောင်းပါတယ်။

ဒါပေမယ့် OS ပိုင်းဆိုင်ရာမှာတော့ Android နဲ့ မတူတဲ့အချက်က သူဟာ Open Source ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

လူတိုင်း ရေးခွင့်/ပြင်ခွင့် ရှိနေတယ်လေ။ ဒါကြောင့် မိုဘိုင်း Technology ကို ဝါသနာပါတဲ့ လူငယ်တိုင်းနီးပါးဟာ Android OS ကို လေ့လာနေကြပါပြီ။

ကျွန်တော်တို့က မြန်မာလူမျိုးဆိုတော့ မြန်မာလို ရေးသားထားတဲ့ စာအုပ်တွေ ဖတ်ရတာကို ပိုသဘောကျ ပါတယ်။ ကျွန်တော်ကိုယ်တိုင်က အစပေါ့ဗျာ။ ဒါကြောင့် Android OS ကို အခြေခံမှစပြီး ရေးသား/ပြုပြင်/မြန်မာပြုတဲ့ အဆင့်ထိ တိုင်အောင် ပြည့်စုံအောင် ပါ၀င်တဲ့ စာအုပ်ကလေးများ ကျွန်တော် စုဆောင်းပြီး တင်ပေးထားပါတယ်။ အားလုံးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ သူငယ်ချင်းများ မိုဘိုင်းနည်းပညာတစ်ခေတ် ဆန်းသစ်နိုင်ကြပါစေဗျာ။

ပါ၀င်တဲ့စာအုပ်များကတော့ -
၁) Android User Guide
၂) Android ပေါ်မှ လက်တွေ့သုံးနည်းပညာ
၃) The Myanmar's Android
၄) How to Create Android Applications
၅) Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများ
၆) Android ဖုန်းတွေကို မြန်နှုန်းမြင့်စေမည့် နည်းလမ်း ၁၀ မျိုး
၇) APK ကို မြန်မာပြုခြင်း


ဒီနေရာမှာဒေါင်းပါ  


**  Myat Kyaw Thu ( BE-MC )  www.mcmyatkyawthu.blogspot.com

Sunday, January 5, 2014

Huawei Y320-C00 Firmware တင်နည်း





















 Huawei  Y320-C00 Firmware တင်နည်းမသိသေးသူများ
 အောက်ကလင့် မှာ Firmware အရင်ဒေါ်င်းလိုက်ပါ

Firmware ဒေါ်င်းပြီးသွားရင်
Zip ဖြည်လိုက်ပါ  sdcard_ update zip ဆိုတဲ့ .zip ဖိုင်လေးထွက်လာပါလိမ့်
မယ်. . Sd card ထဲမှာ  image  ဆိုတဲ့ Folder လေးဆောက်ပါ
အဲ့ဒိ image ဆိုတဲ့ Folder ထဲ မှာ   sdcard_ update zip  ကို Copy
ကူးထည့်လိုက်ပါ ပြီးရင်Sd card ကိုဖုန်းထဲထည့်  ဖုန်းကို Battry ဖြုတ် 3sec လောက်စောင့်
Battry ပြန်တက်ပါ Vol - Vol+ Power တွဲနှိပ်ပါ ပေါ်ကပုံအတိုင်း Firmware update ပြသွား
ရင် အဆင်ပြေပါပြီ  . ။

Firmware ဒေါ်င်းရန်  


**  Myat Kyaw Thu ( BE-MC )    www.mcmyatkyawthu.blogspot.com

Wednesday, January 1, 2014

Android ဖုန်း User များသတိပြုသင့်သော အချက် (၉) ချက်

















 ကျွန်တော့် android သက်တမ်း ကြုံသမျှ ဆောင်ရန်ရှောင်လေးတွေပါ။ စေတနာတစ်ခုတည်းနဲ့ မသိသေးသော android user ကိုကို မမ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော့် အကြံပြုချက်လေးတွေသာ အသုံးတည့်သွားရင် ကျေနပ်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ယူဆချက်လေးတွေကိုလည်း comment ပေးခဲ့ကြပါ။


1.    မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။

***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

2.   မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်းကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။

***always make sure not to be under 30% of batter charging .

3.   မလိုအပ်တဲ့ launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့တချို့ launcher တွေသုံးခြင်းဖြင့် ဖုန်းမှာ ပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေတက်တတ်ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို သုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။

***you should use your android default launcher.Sometimes, another launcher give u any conflict.

4.  Root လုပ်ထားတဲ့ android တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android လေးအသက်ရှည်ဖို့ cpu နဲ့ memory ကို လိုအပ်တာထက်ပိုမခိုင်းပါနဲ့ ။ ကြာရင် android ဟာ လေးလံလာတတ်ပါတယ်။

***For root user, don't use any cpu and memory over clocking applications cause of decreasing ur android performance.

5.  အင်တာနက်, game နဲ့ application တွေကိုသုံးပြီးတိုင်း Android ကို cache တွေကို အမြဲ ရှင်းလင်းပေးပါ။ appcache cleaner လိုမျိုး android ရဲ့ cache ကို ရှင်းပေးတဲ့ android application လေးတွေ ရှိပါတယ်။ မိမိ android ကို သွက်လက်စေပါတယ်။

***always clean ur cache of android after using internet ,app and games.That will be better performance for ur android.

6. မှတ်မိသိလွယ်ပြီး လုံခြံုတဲ့ pattern/pin/password securit lock မျိုးကိုသာ ပေးပါ။ တစ်ခုရှိတာက ဒီလိုမျိုး security lock မျိုးပေးပြီးမှ security lock ကို မသိတဲ့ အခြားသူ တစ်ယောက်က အကြိမ်ကြိမ်အခါခါ မှားယွင်းပြီး ဖွင့်မိတာ မဖြစ်ပါစေနဲ့။ အကြိမ်ကြိမ်မှားယွင်းပြီး pattern/pin/password security lock ကိုဖွင့်မိရင် နောက်ဆုံး ကိုယ်လည်း ဖွင့်လို့ မရတော့ပါဘူး။

***safe and recognize ur security lock.

7.  မလိုအပ်သော application နဲ့ game တွေကို မိမိ android မှ ဖယ်ရှား(uninstall)ထားပါ။ Gingerbread(2.3.x)နဲ့ အောက်ပိုင်း version  တွေမှာ Setting>application>manage application ထဲသို့သွားပြီး မိမိမလိုချင်တာကို uninstall လုပ်လို့ ရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x)တွေမှာ Setting>apps ထဲသို့သွားပြီး uninstall လုပ်လို့ရပါတယ်။

***remove applications and games u never used.

8. ဖြစ်နိုင်သမျှ stock rom(official rom) ကိုပဲ သုံးပါ။stock rom ဆိုတာ android device ထုတ်လိုက်တဲ့ company က အဲဒီ device အဲဒီ model အတွက် သီးသန့် ရေးထားတာပဲဖြစ်ပါတယ်။ custom rom(unofficial rom) ကို သုံးခြင်းမှ ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ custom rom(unofficial rom) တွေဟာ user တွေ android developer တွေက ပြန်လည် ပြီး modifiy လုပ်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနေလို့ပါ။(တချို့ custom rom တင်ပြီးမှ camera မရ၊ sim card မသိတာတွေဖြစ်တတ်လို့ပါ)။ ဒါကြောင့် android user တွေအနေနဲ့ မိမိရဲ့ android လေး version မြင့်ရင်ပြီးရောဆိုပြီး stock rom နဲ့ custom rom ကိုမသေချာပဲ မတင်ပါနဲ့။ ဆိုင်မှာ သွားလုပ်တယ်ဆိုရင်လည်း stock rom လား custom rom သေချာမေးပါ။ မေးတဲ့ ပုံစံလေးတော့နည်းနည်းသတိထားနော်။တော်ကြာဖုန်းဆိုင်က service သမားက ငါ့ကိုဆရာလုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေဦးမယ်…ဟိဟိ။

***suggest u stock rom is more better than custom than.

9.   နောက်ဆုံးတစ်ခုပြောချင်တာကတော့ မိမိမှာရှိတဲ့ android device specification နိမ့် တာတွေမှာ game တွေများများဆော့တာပါ။ အဓိကက ဖုန်းတွေမှာပါ။ game များများဆော့တော့ဘာဖြစ်လဲ???touch ကိုထိခိုက်စေတယ်။ ဆော့တာကြာလာရင်၊ ဖုန်းသက်တမ်းရှည်လာရင် ဘက်ထရီက အရင်ကလောက် performance မကောင်းတော့ဘူး။ ပြောရရင်ဘက်ထရီ ကြာကြာမခံတတ်တော့ဘူး။ မဆော့နဲ့လို့ မပြောလိုပါဘူး။ ဖုန်းသုံးတဲ့လူအမျိုးမျိုးမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိတယ်။ entertainment and communication ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်က ပိုက်ဆံပေးဝယ်ထားတာပါ။တကယ် game ဆော့ချင်ရင် android tablet ကောင်းကောင်း လေးတစ်လုံး ၀ယ်ပြီး သုံးသင့်တယ်ထင်ပါတယ်။

***the last one, i think many games playing will decrease ur low specification android phone performance.

ကဲ…ကျွန်တော်ပြောသမျှ ကို android သုံးတဲ့ ကိုကို မမ သူငယ်ချင်းအားလုံး စေတနာတစ်ခုတည်းနဲ့ ရည်ရွယ်ပြီး ဒီပို့စ်ကို တင်ပေးတယ်လို့ နားလည်းစေချင်ပါတယ်။ ကျွန်တော့်အတွက် ဘာမှ မပါ ပါဘူး။
အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ။

Writing by : aungthetoo
 Ref : www.myanaungtharr.com


**  Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, December 30, 2013

Huawei Acsend G730-U00 B125 Official Firmware Download

















Huawei Acsend G730-U00 ရဲ့ Build Number B125 နဲ့ ဆုံးတဲ့ Official Firmware ကို ဒီဇင်ဘာ 19 ရက်နေ့က Update ပေးလိုက်တဲ့အတွက် မိတ်ဆွေများ ကို ပြန်လည် မျှဝေလိုက်ပါတယ်..




Credit to -မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download

Link 1 

Link 2 


**  Myat Kyaw Thu ( BE-MC )   http://www.mcmyatkyawthu.blogspot.com

Tuesday, December 24, 2013

Huawei All In One Recovery v1.5 Release Here !!!!





















ဒီတစ်ခုကိုတော့ တော်တော်လေးလုပ်ထားပါတယ်...

အရင်ဟာတွေထက်ပိုပြီးကောင်းမယ်ထင်ပါတယ်...

Offline အနေနဲ့ U Series နဲ့ C Series တွေကို လုပ်နိုင်မှာပါ..

Online ရှိသူတွေအတွက်ကတော့ Driver တွေနဲ့

MTK Recovery တွေ Root တွေ

Spereadtrum Root တွေကို Download ဆွဲနိုင်မှာပါ.

Download ပြီးသွားရင်တော့ Desktop ပေါ်မှာတွေ့ရပါလိမ့်မယ်....


Download Here



Y220T Camera Error အတွက် ဒီထဲမှာပါတဲ့ Recovery ကိုပြန်ဒေါင်းပြီး သွင်းပါ.

ပြီးရင်ပေးထားတဲ့ Root.zip ကိုဒေါင်းပြီး Recovery ကသွင်းရင်ရပါတယ်...

MTK Driver တွေကိုပေးထားပါတယ်..

Flashable Zip များကို ကူညီပေးသူများကိုကျေးဇူးတင်ပါတယ်.

ကိုဖြိုးညီညီ၊ကိုအောင်သီဟ၊ကိုကျော်သက်၊ကိုဌေးလှိုင်ဦးတို့ပဲဖြစ်ပါတယ်..

ကျန်တဲ့ Developer တွေကို Credit ပေးပါတယ်....



**  Myat Kyaw Thu ( BE-MC )  http://www.mcmyatkyawthu.blogspot.com

Android အတွက် သင်ခန်းစာ ၁၊၂၊၃၊၄

















Android အတွက် သင်ခန်းစာ (၁)


 Android ဆိုတာက မိုဘိုင်းဖုန်းတွေ အတွက် စနစ်တကျ ထုတ်လုပ်ထားတဲ့ Operation System တစ်ခုဖြစ်တယ်။

Android ဟာ Window နဲ့ Linux အပေါ်မှာ အခြေပြု ရေးဆွဲထားတဲ့ System တစ်ခု ဖြစ်ပါတယ်။

Android ရဲ့ Kernal based ကတော့ Linux Kernal ကို အခြေပြု ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

Linux ဟာလည်း Open Source ဖြစ်တဲ့ အပြင် သီခြားဆန်သော Platform ဖြစ်နေတဲ့အတွက် Android ဟာ
ရေရှည်အတွက် Linux Kernal ကို ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Android ဟာ ဆိုရင် Java တွေ Nokia တွေ စတင်မထွက်ခင်တည်းက  တည်ဆောက်ထားခဲ့တာပါ။

ဒါပေမဲ့ သူရဲ့ System တွေကို ထုတ်ဖော်မပြသခဲ့သေးပါဘူး ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက သူရဲ့ဖန်ရှင် တွေ သိပ်
ပြီးတော့ မပြည့်စုံသေးဖူးလို့ ယူဆခဲ့လို့ပါ အဲဒီအချိန်မှာ Java တွေ Nokia တွေရဲ့ System တွေကိုလေ့လာ
ပြီးတော့ ၂၀၀၈ခုနှစ် ၉လပိုင်းလောက်မှာ Android version 1.0 ကို Google နဲ့တစ်ခြား အဖွဲ့ဝင်တွေက အစမ်း
သပ်ကာလအနေန့ စတင်ထုတ်ဝေပြီးတော့ Android Os ကို စတင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ update တွေ ကို ဆက်လက်ထုတ်ဝေခဲ့ပါတယ် 1.1,1.5,1.6,2.0,2.1,2.2,2.2.2 အဲဒီ version တွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်
Android ဟာ ဆိုရင် ၂၀၁၀ခုနှစ် လောက်မှာ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး smart phone အဖြစ် Android
ရဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ် နှစ်တော်တော်ကြာ နေရာယူလာတဲ့ Nokia ကို ကျော်လွှားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒီထက်ကောင်းတဲ့ ဗားရှင်းတွေကို ဆက်လက်ထုတ်ဝေလာခဲ့တာဟာ အခုအချိန်အထိပါ။

version            code name
1.0                       -
1.1                       -
1.5                  Cupcake
1.6                  Donut
2.0,2.1             Eclair
2.2,2.2.2           Froyo
2.3,2.4             Gringebrerad
3.0                  Honey Comb
4.0,4.0.4           Ice Cream Sandwich
4.1.1,4.1.2,4.3   Jelly bean
5.0                  Key Lime Pie



Android အတွက် သင်ခန်းစာ (၂)
Android Phone တစ်လုံးမှာ Mode (၅)မျိုးရှိပါတယ်

အဲဒီ (၅)မျိုးကတော့

(၁)Power mode

(၂)Charging mode

(၃)Recovery mode

(၄)Bootloader mode(or)Downloading mode(or)fastboot mode

(၅)Adb mode တို့ဘဲ ဖြစ်ကြပါတယ်


(၁)Power mode

Power mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါ။


(၂)Charging mode

Charging mode ဆိုတာကတော့ ဖုန်းတစ်လုံးကို ပါဝါပိတ်ပြီး အားသွင်းရင် charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည် အဲဒါကို Charging mode လို့ခေါ်ပါတယ်။

(၃)Recovery mode

Recovery mode ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ key တွေနဲ့ ပေါင်းစပ်ထားပါတယ် HUAWEI မှာဆိုရင် Vol up + Power,
Samsung မှာဆိုရင် Home+Volume up+Power ,Sony မှာဆိုရင်တော့ သူ့အတွက် Partation မပါပါဘူး , HTC မှာဆိုရင်လည်း သူ့အတွက် partation
က သက်သက် မထည့်ပေးထားပါဘူး အဲဒီအတွက် သက်ဆိုင်ရာ key ကိုနှိပ်ပြီး မှ ၀င်လို့ ရမှာ ဖြစ်ပါတယ် ဒီကောင်အတွက် အကျယ်ချုပ်ကိုတော့ နောက်မှ
ရှင်းပြပါမယ်

(၄)Bootloader mode(or)Downloading mode(or)Fastboot mode

bootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်။
ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်။
Vol Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါ
လိမ့်မည် အဲကောင်လေးကို bootloader mode(or)Fastboot mode လို့ခေါ်
ပါတယ် Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်
Vol Down+ Home +Power key ကိုနှိပ်ပြီး Vol Up ကိုတစ်ချက်နှိပ်လိုက်တာနဲ့
စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေးပေါ်နေတာကို Downloading mode
လို့ခေါ်ပါတယ် Fastboot mode ကျတော့ Sony,Huawei,Htc တွေမှာ အသုံးများ
ပါတယ် အကျယ်ချုပ်ကို နောက်မှ ရှင်းပြပေးပါမည်။

(၅)ADB mode

ADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ်ရပါတယ်
bridge ဆိုတာကတော့ developerသမားတွေ အလုပ်လုပ်တဲ လုပ်ဆောင်ချက်တွေကို
ရည်ညွန်းတဲ့သဘောဖြစ်ပါတယ် အဲဒါကြောင့်မို့လို့adb ဆိုတာကတော့ PC Comment Line
တွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်.အလွယ်ပြောရရင် USB debuging on ထားတယ်
ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။


Android အတွက် သင်ခန်းစာ (၃)
ဒီသင်ခန်းစာမှာဆိုရင်တော့
အဓိက အခြေခံ ဖြစ်တဲ့ what is recovery?
အကြောင်းလေးကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

what is recovery?
Recovery ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေရမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က key တွေနဲ့ ပေါင်းစပ်ထားတာပါ
ဖုန်းတစ်မျိုးစီရဲ့ သက်ဆိုင်ရာ key တွေကို တွဲနှိပ်မှ တက်လာတာပါ
အများစုကတော့ (volume up + power)ပါ
Huawei မှာဆိုရင်တော့ (volume up + power) ဖြစ်ပါတယ်
Samsumg မှာဆိုရင်တော့ (volume up+Home+powerr)ဖြစ်ပါတယ်
Sony မှာဆိုရင်တော့ recovery partation မပါပါဘူး
HTC မှာဆိုရင်လည်း recovery partation က သက်သက်မပါပါဘူး
သက်ဆိုရာ Key နှိပ်မှ တက်လာပါလိမ့်မည် recovery ၀င်တာကတော့ တစ်သွေတစ်မှတ်တည်း သတ်မှတ်လို့မရပါဘူး အပြောင်းအလဲတွေ
ရှိတတ်ပါတယ်။


Recovery မှာ (၂)မျိုးရှိပါတယ်

(၁)Android System Recovery(or)Stock recovry

(၂)Clock work mod recovery(or)Custom recovery ဟူ၍ နှစ်မျိုးရှိပါတယ်။


(၁)Android System Recovery(or)Stock recovry

ဆိုတာကတော့ ဖုန်းမှာ စစဝယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည် Stock recovery မှာဆိုရင်

reboot system now
apply update from external storage
wipe data/factory reset
wipe cache partition
apply update from cache

အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်
Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက ကိုယ့်သွင်း
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ် update.zip
ကတော ကိုယ့်လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ wipe cache လုပ်တာကတော့ အနောက်
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ ဥပမာ စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားတယ်ပေါ့
အဲဒီသဘောမျိုးပါ wipe cache လုပ်ပေးလိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး။


(၂)Clock work mod recovery(or)Custom recovery(CWM)

ကတော့ နဂိုပါတဲ့ Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ် ပြောရမယ်
ဆိုရင်တော့ Hacker တွေ ထွင်ထားတာကို သုံးထားတဲ့ သဘောပေါ့ နဂိုတည်း
က Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ကျွန်တော်က cwm လည်း မထွင်တတ်ဘူး ဒါပေမဲ့ သူများ
လုပ်ထားတာတော့ သုံးတယ်ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင်Stock Recovery ရဲ့လုပ်ဆောင်ချက်တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ် Clockworkmod recovery မှာပါတွေပါလဲဆိုရင်

reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage

advanced အဲဒီအချက်တွေ အပြင် ဒီပြင်အချက်တွေလည်း ပါပါတယ် ကျွန်တော်
က အများစုကို ရှင်းပြပေးထားတာပါ Clockworkmod recovery ကို လူအများစု
က cwm လို့ သုံးကြပါတယ် အတိုကောက်ပေါ့ cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်
ပြောရမယ်ဆိုရင်တော့ အထဲက system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့ သဘောပေါ့ တကယ်လို့ အထဲက systemကို ကိုယ့်က ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်လို့ ရတာပေါ့ cwm ကနေ
ပြီးတော့လည်း root ,မြန်မစာတွေ သွင်းနိုင်ပါတယ် ဥပမာ အနေနဲ့ ပြောရရင် ကျွန်
တော်တို့ huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ haceker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖို်င်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ဒီနေရာမှာ custom rom ဆိုတာလေးကို ရှင်းပြပေးချင်ပါတယ် custom
rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware)ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Heacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ် custom rom မှာဘာနဲ့
လာလဲဆိုရင်တော့ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ သွင်းလို့ရမှာဖြစ်ပါတယ် custom rom သွင်းမယ်ဆိုရင် format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖို်င်လေး ကိုထည့်ပြီးတော့
install sd card ကနေ သွားပြီးတော့ သွင်းပေးရမှာ ဖြစ်ပါတယ် ပြီးတော့ အထဲက
system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ် factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ် ဒါပေမဲ့ Huawei ဖုန်းတွေမှာ ဆိုရင်တော့ တစ်ချို့ဖုန်းတွေ
မှာဆိုရင် cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့ official firmware ကို ပြန်တင်ပေးရပါတယ် ကျန်တဲ့ ဖုန်းတွေမှာ
ကတော့ အဆင်ပြေသလို ကြည့်လုပ်လို့ရပါတယ် CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကို်ယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ် Fastboot mode ၀င်နည်းကိုတော့ သင်ခန်းစာ (၂) မှာရှင်းပြပြီး
သားပါ နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်



Android အတွက် သင်ခန်းစာ (၄)

ဟိုတလောက recovery အကြောင်း ပြောပြီးပြီဆိုတော့ ဒီတဘက်တော့ cwm သွင်းနည်း အကြောင်းပြောပြပေးမှာ ဖြစ်ပါတယ် cwm သွင်းနည်းမှာ (၂)မျိုး ရှိပါတယ် (၁)Fastboot ကနေသွင်းနည်း (၂)Rom Manager ကနေသွင်းနည်း ဖြစ်ပါတယ်။ (၁) Fastboot ကနေသွင်းနည်း ဒါတွေမလုပ်ခင်မှာ ဒီကောင်တွေ သုံး ဖို့အတွက် ဒါလေး တွေ ဒေါင်းထားပေးပါ ဒါလေးတွေ ရှိမှဘဲ အပေါ်က ကောင်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် Fastboot ကနေ သွင်းဖို့အတွက် Fastboot and adb folder လေးကို ဒေါင်းထားလို်က်ပါ အပေါ်က ဟာ ဒေါင်းနေချိန်မှာ Computer ထဲက Cအောက်ထဲမှာ new folder တစ်ခု ဆောက်ပြီးတော့ adb လို့ ပေးထားလိုက်ပါ ဒေါင်းလို့ရလာတဲ့ဖိုင်ကို zip ဖြည့်ပြီးတော့ အထဲက ဖိုင် (၄)ဖိုင်ကို adb folder ထဲ ထည့်လိုက်ပါ စစဦးဆုံ cwm သွင်းတော့မယ်ဆိုရင် (cwm အကြောင်းကို အခန်း(၃) တွင်လေ့လာပါရန်) မိမိဖုန်းနှင့် သက်ဆိုင်သည့် cwm(.img) ဖိုင်ကို ရှာပြီး ဒေါင်းထားလို်က်ပါ ရှာနည်းကတော့ လွယ်ပါတယ် ကိုယ့်ဖုန်းက Huawei U8825D ဆိုပါစို့ www.google.com မှာ Huawei U8825D cwm recovery လို့ ရိုက်ရှာလိုက်ယုံပါဘဲ သူနှင့် သက်ဆိုင်သည့် cwm ကျလာပါလိမ့်မည် ဥပမာ ဒီလိုလေး ကျလာပါမည် u8825d recovery.img ဒါမှ မဟုတ်ရင် cwm recovery.img ဒါမှမဟုတ်ရင် recovery.img လို့ ကျလာပါလိိမ့်မည် အဲဒီဖိုင်လေးကို ဒေါင်းလင့်ဆွဲပြီးတော့ recovery.img လို့ ပြန်ပြင်ထား လိုက်ပါ ဘာလို့ ပြန်ပြင်ခိုင်းတာလဲဆိုရင်တော့ သွင်းတဲ့ နေရာမှာ အခက်အခဲ ရှိနေလို့ပါ အဲဒါကြောင့်ပါ တစ်ခါတစ်လေကျရင် bat.file လေးနဲ့ ကျလာတတ်ပါသည် သိတဲ့ သူကတော့ တစ်ခါတည်း သွင်းတတ်သလို မသွင်းတတ်တဲ့ သူကတော့ အဲဒီ bat.file လေးကို ဖြည့်ပြီး တော့ အထဲက recovery.img ဖိုင်ကို ယူတတ်ကြပါတယ် ဘာဘဲ ဖြစ်ဖြစ်တူတူပါဘဲ တစ်ချက် ရှင်းပြပါမယ် အဲဒီbat.file နဲ့ကျလာတတ်တဲ့ ဖိုင်လေးက ကျွန်တော်တို့ရဲ့ recvoery.img ဖိုင် လေးကို comment လိုင်းနဲ့ သွင်းရင် ကြာမှာစိုးလို့ 0ne click ပုံစံလေး ဆောက်ထားတာပါ အဲဒီ bat.file လေး သုံးမယ်ဆိုရင် ကိုယ့်ဖုန်းက fastboot အနေအထား ထားပြီးတော့ အဲဒီ bat.file လေးကို ဖွင့်ပြီးတော့ enter လေး ခေါက်လိုက်ယုံပါဘဲ comment လို်င်း သုံးစရာ မလိုတော့ဘူးပေါ့ အခုရှင်းပြမှာက recovery.img ဖိုင်နဲ့လာရင် comment လိုင်းနဲ့ သုံးတတ် အောင်လို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်၊ကဲပြောနေကြာပါတယ် ဆက်ပြောပါမယ် ရလာတဲ့ recovery ဖိုင်က (.img) ဖိုင် ဖြစ်ရပါမယ် အဲဒီဒေါင်းထာတဲ့ ဖိုင်လေးကို C အောက်ထဲက adb folder လေးထဲ ထည့်လို်က်ပါ၊ ပြီးရင် ဖုန်းကို fastboot ၀င်မယ် (fastboot အကြောင်းကို တော့` သင်ခန်းစာ (၂) တွင် ပြန်လေ့လာရန်) ပြီးရင်ဖုန်းကို ကွန်ပြုတာနဲ့ ကြိုးထိုးလိုက်ပါ C ထဲက adb folder ထဲ ၀င်ပြီးတော့ key board က shift key နဲ့ mouse က Right click ကို နှိပ်ပေးပါ၊ ချက်ဘောက်တစ်ခု တက်လာပါလိမ့်မည်၊Open commend window here ကို ရွှေး ပေးပါ၊ cmd commend ဘောက်လေး ကျလာပါလိမ့်မည်၊အဲထဲမှာ fastboot devices လို့ရိုက် လို်က်ပါ 123xxxxx   device လို့ ပြရင် ဖုန်းနဲ့ cmd ဘောက်နဲ့ သိသွားပါပြီ၊မပြပါက driver မသိ လို့ ဖြစ်ပါတယ်၊အခု ကျွန်တော်တို့ လုပ်မှာက cwm recovery သွင်းမှာ ဖြစ်ပါတယ် အဲဒီအတွက်ကြောင့် ဒီ comment လေး ရိုက်ပေး ပါ fastboot flash recovery recovery.img လို့ရိုက်လိုက်ပါ၊ ပြီးရင် enter တချက်ခေါက်လို်က်ပါ finished ok လို့ ပြသွားပါလိမ့်မည်၊တကယ်လို့ failed ဖြစ်နေပါက မိမိဆွဲထားတဲ့ recoery ဖိုင်က မှားနေတာ ဒါမှမဟုတ် မိမိဖုနး်က locked အလုံးကြီး ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် Huawei မှာဆိုရင်တော့ နောက်ထွက်တဲ့ Huawei U8818 ကနေစပြီးတော့ locked ခံထားတာ ဖြစ်ပါတယ် ဘာ ဖြစ်လို့ locked ခံထားလဲဆိုရင် သူရဲ့ ဖုန်းကို လုပ်ချင်တာ လုပ်လို့မရအောင် locked ခံထားချင်း ဖြစ်ပါ တယ်(ကျွန်တော်သိသလောက်ပါ) samsung,HTC,Sony ဆိုမှာဆိုရင်လည်း အဲဒီအတို်င်းပါဘဲ Locked ဖြည့်ပြီးမှ ထည့်လို့ရတာတွေ ရှိပါတယ်၊အဲဒီအတွက် recovery မမှန်ရင် ပြန်ဆွဲပါ Locked ဖြစ်နေပါက Unlocked လုပ်ပြီးမှ သွင်းပါ ဒီနည်းကတော့ Samsung အတွက် အသုံးမဝင်ပါဘူး ဘာဖြစ်လို့လဲဆိုရင် Samsung မှာ သုံးဖို့ အတွက် odin ဆိုတဲ့ အရာလေး သုံးပေးရတာပါ samsug သုံးတော့မယ်ဆိုရင် ဖုန်းကို downloading mode အနေအထားမှာ ထားပေးရမှာ ဖြစ်ပါတယ် ပြီးရင် Odin ရဲ့ PDA ဆိုတဲ့နေရာမှာ cwm ဖိုင်လေး ထည့်ပေးရမှာ ဖြစ်ပါတယ် အဲဒီမှာ သတိထားရမှာက ှSamsung ရဲ့ cwm က tar,rar,md5 ဖိုင်နဲ့ လာတာဖြစ်ပါတယ် ထည့်ပြီးရင် Start ဆိုတာလေးကို နှိပ်လိုက်ရင် သွင်းပေးနေပါလိမ့်မည် အပေါ်က ချက်ဘောက်သေးသေးလေး တစ်ခုမှာ pased လို့ ပြ ရင် သွင်းပြီးသွားပါပြီ failed ပြနေပါက သွင်းတာ မှားနေလို့ ဖြစ်ပါလိမ့်မည် နောက်တစ်ခေါက် ပြန်သွင်း ပေးပါ (၂) Rom Manager ကနေသွင်းနည်း ဒီနည်းကတော့ သူထဲ့မှာ support ပေးတဲ့ မော်ဒယ်တွေလောက်ဘဲ ရပါတယ် ဒီနည်းကတော့ လူသုံးနည်းပါတယ် သိအောင်လို့ ပြောပြပေးပါမယ် Rom Manager.apk လေးကို ဖုန်းထဲကို သွင်းပါ ပြီးရင် မိမိဖုန်းမော်ဒယ်နှင့် သက်ဆိုင်သည့် မော်ဒယ်နံပတ်ကို ဒေါင်းပါ အဲဒီအချိန်မှာ မိမိဖုန်းမှာ အင်တာနက် ဖွင့်ထားဖို့လိုပါတယ် ပြီးရင် အဲဒီကနေဘဲ သွင်းရမှာ ဖြစ်ပါတယ် ဒီနည်းးကိုတော့ လက်တွေ့စမ်းသပ်ကြည့်ကြပါ လွယ်ပါတယ် ဘာ error မှ သိပ်မရှိပါဘူး အကျဉ်းချူပ်ပြောပြပေးတာ ဖြစ်ပါတယ် ADB အကြောင်းနဲ့ Fastboot ရဲ့ အသုံးဝင်ပုံကိုတော့ နောက်မှဘဲ အကျုယ်ချုပ် ရှင်းပြပါတော့မယ် လောလောဆယ် သိချင်ပါက အဲဒီ ဘောက်လေးမှာဘဲ adb လို့ရိုက်လိုက်ပါ အသုံးဝင်ပုံတွေ တက်လာ ပါလိမ့်မည် Fastboot ရဲ့ အသုံးဝင်ပုံကို သိချင်ပါကလည်း fastboot လို့ရို်က်လိုက်ပါ သူရဲ့အသုံးဝင် ပုံတွေ တက်လာပါလိမ့်မည် အဆင်ပြေပါစေ

Fastboot and ADB အားဒေါင်းရန်  

Rom Manager အားဒေါင်းရန်   


**  Myat Kyaw Thu ( BE-MC )  www.mcmyatkyawthu.blogspot.com

Monday, December 23, 2013

ADB Command ဖြင့် Patterm Lock ဖြည့်မယ်

















ကဲ… ဒီနေ့တော့ Android ရဲ့အခြေခံဖြစ်တဲ့ ADB Command အကြောင်းနည်းနည်းရှင်းပြမယ်နော်။
ADB ဆိုတာကတော့ Android Debug Bridge လို့ခေါ်ပါတယ်။
ADB သည် command line ပေါ်မှာအခြေခံတဲ့ Tool ဖြစ်ပါတယ်။ ADB Command များကိုအသုံးပြုရန် ကွန်ပျူတာမှာ ADB Folder ရှိရပါမယ်။ မရှိသေးရင်အောက်က link မှာရယူပါ။

ADB Folder အားရယူရန်  


ADB Command မှလုပ်ဆောင်ပေးနိင်တဲ့အချက်များ
———————————————
-device ကို သိမသိစစ်ခြင်း
-device က root acess ရမရ
-device ထဲကိုဆော့ဝဲသွင်း /ဖျက်
-device ထဲကို ကွန်ပျူတာကနေ ဖိုင်လှမ်းသွင်း
device ထဲကဖိုင်တွေကိုကွန်ပျူတာထဲကိုလှမ်းထုတ်
-Partition အစိတ်အပိုင်းများကိုကြည့်ရှုခြင်း
နှင့် အခြားကိစ္စရပ်များစွာအတွက်အသုံးပြုနိုင်ပါတယ်။
———————————————
ADB Command ရိုက်ဖို့ လိုအပ်ချက်များ
———————————————–
ADB Tool folder တစ်ခု( ဖိုင်လေးဖိုင်ပါရမယ်)
-ဖုန်းကို USB Debugging on ထားရန်လို (Setting> Developer Options > USB Debugging ကို
enable လုပ်
-ဖုန်းရဲ့သက်ဆိုင်ရာ driver ကိုကွန်ပျူတာ မှာသွင်းထားရမယ်။
-ဖုန်းနဲ့ကွန်ပျူတာ ကို USB ကြိုးဖြင့်ချိတ်ဆက်ထားရန်
———————————
ADB Command ကိုဘယ်လိုရိုက်ရမလဲ?
———————————————
- ADB Tool folder ထဲလွတ်နေတဲ့ နေရာလွတ်နေရာမှာ pointer cursor ချ ၊
shift key + right click နဲ့တွဲနှိပ်။ Open Common Windows Here ဆိုတာပေါ်လာမယ်။
Open Common Windows Here ထဲကို၀င်လိုက်ရင် CMD Screen ပေါ်လာမယ်။
ဒါဆိုရင် ADB Command စရိုက်ဖို့အသင့်ဖြစ်ပါပြီ။
——————————————–
Useful ADB Commands
——————————–
Command 1 (ဖုန်းက ကွန်ပျူတာမှာချိတ်ထားတာကိုသိ/မသိ စစ်ချင်ရင်)
—————————-
adb devices
—————————-
Command 2 ( ဖုန်းက root လုပ်ထား/မထားကိုစစ်ချင်ရင်)
——————————–
adb shell su
——————————
Command 3 ( ဖုန်းကို ကွန်ပျူတာကနေ တိုက်ရိုက် reboot ချချင်ရင်)
——————————–
adb reboot
——————————–
Command 4 ( ဖုန်းရဲ့ recovery mode ထဲကို adb command သုံးပြီးဝင်ချင်ရင်)
——————————-
adb reboot recovery
——————————
Command 5 (ဖုန်းထဲကို ဆော့ဝဲ/ဂိမ်းသွင်းချင်ရင်)
——————————
adb install facebook.apk
—————————–
Command 6 ( ဖုန်းထဲကရှိနေပြီးသားဆော့ဝဲနေရမှာ ယင်းဆော့ဝဲကိုထပ်သွင်းချင်ရင်)
——————————
adb install -r facebook.apk
-r means reinstall
——————————-
Command 7 (ဆော့ဝဲကို ဖုန်းထဲမှာမသွင်းဘဲ ဖုန်းရဲ့ sd card ထဲမှာရွှေ့ပြီး install လုပ်ချင်ရင်)
——————————-
adb install -s facebook.apk
——————————–
Command 8 (ဖုန်းထဲကဆော့ဝဲကို uninstall လုပ်ချင်ရင်)
————————————-
adb uninstall com.facebook.katana
————————————
Command 9 (ကွန်ပျူတာထဲကဖိုင်ကို ဖုန်းရဲ့ Directory/storage ထဲကိုလှမ်းထည့်ချင်ရင်)
—————————————
adb[space]push[space][file name.file extension][space]/[Mobile Directory]/[File name.file extension]
adb push update.zip /sdcard/update.zip
adb push proxy.apk /sdcard/proxy.apk
adb push mypic.jpg /sdcard/mypic.jpg
—————————————–
Command 10 (ဖုန်းထဲကဖိုင်ကို ကွန်ပျူတာထဲကိုလှမ်းထုတ်မယ်)
———————————————————
adb pull /sdcard/proxy.apk C:\Users\smartboy\Desktop\proxy.apk
Command 11 (Fastboot ကို ကွန်ပျူတာကနေဝင်ချင်ရင်)
————————————————————
adb reboot bootloader
———————————————————–
Command 12 (ဖုန်းတွင်း system partition ရဲ့ partition block ဖော်ကြည့်ချင်ရင်)
———————————————————
adb shell cat /proc/partitions
adb[space]shell[space]cat[space]/proc/partitions
ကဲ… ဒီလောက်ဆိုရင် ADB Command များနဲ့အသုံးပြုပုံအကြောင်းကို သိရှိကြပြီလို့ထင်ပါတယ်။


**  Myat Kyaw Thu ( BE-MC )  http://mcmyatkyawthu.blogspot.com/

Sunday, December 22, 2013

Tablet တွေမှာ Boot Looping ဖြစ်နေပြီး Computer က သိသေးတယ်ဆိုရင် ဖြေရှင်းနည်း




















(၁) အရင်ဆုံး cpu ဘာအမျိုးအစားလည်းအရင်ကြည့်ဖို့အတွက်
- adb shell "cat /proc/cpuinfo"

(၂) အဲလိုကြည့်ပြီးတဲ့အခါ cpu က A10 ဖြစ်နေရင် ဒီဟာကိုဒေါင်း

     http://www.mediafire.com/?3pzu1r49zpf6sp9


(၃) CPU က A13 ဖြစ်နေရင် ဒီဟာကိုဒေါင်း

    - http://www.mediafire.com/view/?ju47s14jv1l30yr


(၄) ဒေါင်းပြီးပြီဆိုရင် ဖြည်လိုက်တဲ့အခါ recovery.img ဆိုတာရမယ်... A10 အတွက်ကတော့ ဖြည်စရာမလိုဘူး...

(၅) အဲဒီ့ ရလာတဲ့ recovery.img ကို storage ကိုပို့ရမယ်...
- adb push recovery.img /mnt/sdcrard

(၆) ပြီးရင် လက်ရှိ firmware ကို ဘက်ကပ်ယူရမယ်... အဲဒီ့အတွက်

- adb shell
- su
- mkdir /sdcard/dump
- cat /dev/block/nandc > /sdcard/dump/boot.img
- cat /dev/block/nanda > /sdcard/dump/bootloader.img
- cat /dev/block/nandg > /sdcard/dump/recovery.img
- busybox tar -cvf /sdcard/dump/d2_system.tar /system

(၇) အပေါ်ကအဆင့်တွေပြီးသွားရင် ဘက်ကပ်ယူထားတာတွေကို ကွန်ပျူတာထဲဆွဲယူ
- adb pull /mnt/sdcard/dump/*

(၈) recovery သွင်းမယ်...
- adb shell
- su
- cat /mnt/sdcard/recovery.img > /dev/block/nandg

(၉) ပြီးရင် ရီကာဗာရီ reboot လုပ်ရမယ်...
- adb shell
- su
- echo -n boot-recovery | busybox dd of=/dev/block/nandf count=1 conv=sync; sync; reboot

ပြန်တတ်လာတဲ့အခါမှာ cwm recovery နဲ့တတ်လာမယ်... အဲဒီ့အခါမှာမှ wise data လုပ်ပြီး factory reset လုပ်လိုက်.. ပြန်တတ်လာလိမ့်မယ်...

အခုသွင်းတဲ့ recovery က နောက်တစ်ကြိမ် ပြန်ခေါ်ချင်ရင်
- adb shell
- su
- echo -n boot-recovery | busybox dd of=/dev/block/nandf count=1 conv=sync; sync; reboot

အဲလိုမှ ရမယ်... ဘာလို့လည်းဆိုတော့ recovery ကို active ယာယီလုပ်ထားလို့ဘဲ...


Credit to: Prince Akarit


**  Myat Kyaw Thu ( BE-MC )   http://mcmyatkyawthu.blogspot.com/

Saturday, December 14, 2013

Y320 Network Error ဖြေရှင်းနည်း

















Huawei Y320 မှာ 3G သာပေါ်ပြီး 1X မပေါ်သောဖုန်းကို 73 CDMA ကဒ်နဲ့ Setting ထဲက
Mobile network>>CDMA network>>manually switch to next network ထဲမှာပြောင်းရပါတယ် 73 ကတ်မိမိမှာမရှိရင်တော့ ဒီနည်းနဲ့လုပ်ကြည့်ပါ ကျွန်တော်စမ်းထားတာလေးလုံးရှိပါပြီ ရပါတယ် ...။

ပထမဆုံး SIM Card ထည့်ပါ ပြီးရင် 112 ကိုခေါ်ပါ Emergency Call ပေါ့ ခေါ်ပြီးရင် Home key နဲ့ထွက်ပြီး Setting ထဲကိုသွားပါ Emengercy End Call လုပ်မလားမေးပါမယ် No လုပ်လိုက်ပါ Settings>>Mobile Network/CDMA Network/Manually Switch to Network ကိုနှိပ်လိုက်ပါ ပြီးရင် Show filtered network ထဲမှာဝင်ကြည့်ပါ 414 03 ဆိုရင်မရသေးပါဘူး Switch to network ကိုထပ်နှိပ်ပါ 414 04 မပြောင်းမခြင်းနိပ်ပေးပါ ကျွန်တော်ဆို ၁၅ ခေါက်လောက်မှရပါတယ် 414 04 ပြောင်းသွားရင်တော့ ရပါပြီ Emergency Call ကို End Call လုပ်လိ့ရပါပြီ SIM Card ထည့်ပြီးရင် 3G ရော 1X ရောတက်လာပါလိမ့်မယ်။


Credit : Myanmar MPX Team မှ  jko931


**  ကိုကိုဇော် ( BE-EC ) 

Monday, December 2, 2013

Samsung Galaxy S3 မြန်မာ font ထည့်နည်း















အခုပြောပြပေးမှာကတော့ samsung 4.0 အထက် ဖုန်းများကို မြန်မာ ဖောင့်ထည့်နည်းပါ။
မြန်မာ font ပေါ်ရင် ပြီးပြီ ဆိုသူများအတွက်တော့ အောက်ပါ fontchanger ကို install လုပ်လိုက် ရင်ရပါပြီ။

Fontchanger  

မြန်မာ စာပေါ်ရုံဖြင့် အားမရသေးဘူး။ display ထဲက font style မှ english font style များကို design စုံ ပြောင်း ချင်သူများအတွက်တော့ အောက်ပါနည်းကို သုံးရပါမည်။
အောက်ပါနည်းကို သုံးလျှင် မြန်မာ font နှင့် English font များကို အဆင်ပြေပြေသုံးနိုင်သော်လည်း တခြား တရုတ် font များကိုတော့ မြင်တွေ့ရမှာ မဟုတ်တော့ပါ။
လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။

RootExplorer  

Droidsanfallback.ttf  

၁။ root explore ကို install လုပ်လိုက်ပါ။

၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။

၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ။

၄။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ။

၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး Mount R/O ဖြစ်အောင်ပြောင်းပါ။ ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။

၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။

၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။
















၈။ အခုဆိုရင်တော့ samsung 4.0 အထက် ဖုန်းတွေမှာ မြန်မာစာကိုလည်း ကောင်းကောင်း မြင်ရသလို၊ English စာကိုလည်း design မျိုးစုံနဲ့ ဖတ်လို့ ရေးလို့ရပါပြီ။
အားလုံး အဆင်ပြေကြပါစေ......



**  Myat Kyaw Thu ( BE-MC , TU Toungoo )      http://mcmyatkyawthu.blogspot.com

Monday, November 25, 2013

Android အကြောင်းများကို ဘလော့ဂ်မှာ တင်ပေးမှာ အသိပေးခြင်း


















ကျွန်တော် ဒီနေ့မှာ ကျောင်းတုန်းက ခင်ခဲ့ရသော ညီလေး မြတ်ကျော်သူနဲ့ တွေ့ခဲ့ပါတယ်။

စကားတွေ ပြောရင်းနဲ့ သူလည်း ဘလော့ဂ်ရေးတာကို သိခဲ့ရပါတယ်။

သူ့ဘလော့ဂ်ကတော့ စက်ရုပ် Android Phone တွေ ကြောင်းရေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်လည်း ကျွန်တော့်ဘလော့ဂ်မှာ လိုအပ်သော ကွက်လပ်လေး ဖြစ်တဲ့ စက်ရုပ်တွေ အကြောင်းကို နောက်များမှာ သူ့ဘလော့ဂ်က ပို့စ်တွေကို တိုက်ရိုက်တင်ဆက်မှာ ဖြစ်ပါတယ်။

အရင်က ကျွန်တော့်မှာ ဖုန်းမရှိလို့ ကျွန်တော် ကိုင်တွယ်ခဲ့ဖူးသော ဖုန်းတွေ အကြောင်းလောက်သာ ဘလော့ဂ်မှာ ရေးခဲ့ရတာ ဖြစ်ပါတယ်။

အခုချိန်မှ စတင်ပြီး ကျွန်တော့်ညီလေး ဘလော့ဂ်က အကြောင်းအရာများကို ကျွန်တော့်ဘလော့ဂ်မှာ ရေးသားတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်ညီလေး ဘလော့ဂ်လိပ်စာက  http://mcmyatkyawthu.blogspot.com/  ပဲ ဖြစ်ပါတယ်။

ကျွန်တော်လည်း ကျွန်တော့်ညီလေး ဘလော့ဂ်မှာ ကျွန်တော့်ပို့စ်တွေကို တင်ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့များ မိတ်ဆွေတို့က မြန်မာယူနီကုဒ်နဲ့ ဘလော့ဂ်ကို ဖတ်ရတာ အဆင်မပြေရင် ကျွန်တော့်ညီလေး ဘလော့ဂ် http://mcmyatkyawthu.blogspot.com/  မှာ ကျွန်တော့်ပို့စ်တွေကို ဇော်ဂျီဖောင့်နဲ့ ကြည့်နိုင်ကြောင်း ကျွန်တော် ရေးသားလိုက်ရပါတယ်ခင်ဗျား။


ကျွန်တော်ညီလေးက အခုမှ BE MC ကို တက်ရမှာ ဖြစ်ပါတယ်။

တောင်ငူက ကျောင်းသားတွေ နောက် ကျောင်းပြီးသွားသော သူငယ်ချင်းတွေ သိကြမှာပါ။

ကျွန်တော့် ဘလော့ဂ်နှင့် ကျွန်တော့်ညီ ဘလော့ဂ် http://mcmyatkyawthu.blogspot.com/  နှစ်ခုကို အခုချိန်က စတင်ပြီး ပေါင်းစပ်တော့မှာ ဖြစ်ပါတယ်ခင်ဗျား။


အားလုံးကို ခင်မင်လေးစားလျှက်..............


**  ကိုကိုဇော် ( BE-EC )

Friday, November 15, 2013

Android Phone မှာ Task Killer မသုံးသင့်ပါ

















Android Phone တွေမှာ Task Killer App မရှိတဲ့ဖုန်းဆိုတာ မရှိသလောက်ရှားပါးတာသေချာပါတယ်။Task Killer တွေက Background မှာ Run နေတဲ့ App တွေကို ပိတ်ခြင်းအားဖြင့် ဖုန်းရဲ ့ Performance နဲ ့ Battery Life ကိုကောင်းမွန်စေပါတယ် လို ့အများစုကထင်ကြပါတယ်။တကယ်တော့ Task Killer တွေဟာဖုန်းရဲ့ Performance နဲ့ Battery Life ကိုကျဆင်းစေပါတယ်။ဒီလိုပြောရင်ယုံကြည်မယ့်သူမရှိဘူး လို ့ထင်ပါတယ်။ Task Killer တွေမသုံးသင့်တဲ့အကြောင်းကို နိုင်ငံခြားနည်းပညာ ဆိုက်တွေမှာတွင်တွင်ကျယ်ကျယ်ရေးသားနေကြလို့ ကောင်းမွန်တဲ့ နည်းကိုရွေးချယ်နိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။


Task Killer တွေဟာ Background မှာ Run နေတဲ့ Apps တွေကို Force Close လုပ်ပါတယ်။ Memory ကနေ App တွေကိုဖယ်ထုတ်လိုက်ပါတယ်။တစ်ချို့ Task Killer တွေက အလိုလို ပြုုလုပ်ပေးတတ်ပါသေးတယ်။ဒါပေမယ့် Android က Processes တွေကို သူ့ဘာသာ Manage လုပ်နိုင်ပါတယ်။ အဲဒီအတွက် Task Killer တွေမလိုအပ်ပါဘူး။


Android က Windows လို Processes တွေကို Manage လုပ်တာမဟုတ်ပါ။
----------------------------------------------------------------------------
Android Users အများစုက ၀င်းဒိုး ကိုရင်းနှီးပြီးသားဖြစ်ကြပါတယ်။၀င်းဒိုးမှာဆိုရင် System Tray မှာ Run နေတဲ့ App တွေဖြစ်ဖြစ်၊ Desktop မှာ Run နေတဲ့ App တွေဖြစ်ဖြစ် ဒီလို Run နေတဲ့ Apps တွေဟာ ကွန်ပြူတာရဲ ့Performance ကိုကျစေပါတယ်။အသုံးမပြုတဲ့ Apps တွေကို ပိတ်ခြင်းအားဖြင့် ၀င်းဒိုးကွန်ပြူတာရဲ  Performance ကိုတက်စေပါတယ်။

ဒါပေမယ့် Android က ၀င်းဒိုး နဲ မတူပါဘူး။ Processes တွေကို Manage လုပ်တာကလည်း ၀င်းဒိုးနဲ ့မတူပါ။ Android မှာ ၀င်းဒိုးလို Apps တွေကို ပိတ်လို ့မရပါဘူး။ Android ကိုဒီလို ဒီဇို်င်းထုတ်ထားတာဖြစ်လို ့ ဒါဟာ ပြဿနာတစ်ခုမဟုတ်ပါဘူး။ App တစ်ခုကနေထွက်ချင်ရင် Home Screen ကိုနှိပ် ဒါမှမဟုတ် တစ်ခြား App တစ်ခုကိုပြောင်းသုံး လို ့ရပါတယ်။ သုံးခဲ့တဲ့ App ကတော့ Background မှာ Run နေမှာပါ။များသောအားဖြင့်တော့ Android ကသုံးခဲ့တဲ့ App ကို Pause လုပ်ပေးထားတာပါ။ CPU နဲ ့ Network Resources တွေကိုအသုံးပြုခြင်းမရှိပါဘူး။ တစ်ချို့ Apps တွေကတော့ အသုံးပြုကြပါတယ်။ Music Player , Download Apps , Sync Apps စတာတွေကတော့ဆက်လက်အသုံးပြုနေကြပါတယ်။

အသုံးပြုခဲ့တဲ့ App ကိုပြန်ဖွင့်ရင် Android က “Unpauses” လုပ်ပေးလိုက်တဲ့အတွက် သင်ထားခဲ့တဲ့ နေရာ (Screen) ကနေ အလွန်လျှင်မြန်စွာပဲ ပြန်အသုံးပြုနိုင်ပါတယ်။ဘာလို ့လျှင်မြန်စွာသုံးနိုင်သလဲဆိုတော့ အဲဒီ App ကို Android က RAM မှာသိမ်းထားပေးတာဖြစ်ပြီး ပြန်အသုံးပြုဖို့အဆင်သင့်ဖြစ်နေစေလို့ပါ။

Task Killer တွေညံ့ဖျင်းတဲ့အကြောင်း။
---------------------------------------
Task Killer တွေကို မသုံးရင် Apps တွေက RAM မှာနေရာတော်တော်ယူကြပါတယ်။ဒါဟာ ပြဿနာတစ်ခုမဟုတ်ပါ။ Apps တွေကို RAM မှာသိမ်းထားတဲ့အတွက် အဲဒီ Apps ကိုပြန်သုံးချင်ရင်လျှင်မြန်စွာပြန်အသုံးပြုနိုင်ပါတယ်။

RAM မှာ နေရာတွေပို နေတာ မကောင်းပါဘူး။ RAM မှာ Apps တွေရဲ ့Cache ဖိုင်တွေပြည့်နေမှသာ Apps တွေကလျှင်မြန်စွာအလုပ်လုပ်မှာပါ။ RAM နေရာမလောက်တော့ရင် အသုံးမပြုတာကြာပြီဖြစ်တဲ့ Apps တွေကို Android ကအလိုလို Force Close လုပ်ပေးမှာပါ။Task Killer တွေသုံးစရာမလိုပါ။
Task Killer တွေသုံးရင် Background မှာ Run နေတဲ့ Apps တွေကို အလိုလိိုပိတ်ပေးမှာဖြစ်ပြီး Apps တွေကို Memory ကနေဖယ်ရှားလိုက်ပါတယ်။အလိုလိုမပိတ်ပေးရင်လည်း သင်ကိုယ်တိုင်ပိတ်နိုင်ပါတယ်။ဒါပေမယ့် အဲလို လုပ်စရာမလိုပါဘူး။

Task Killer တွေက အသုံးမဝင်တဲ့အပြင် Performance ကိုပါကျစေပါတယ်။ Task Killer က App တစ်ခုကို RAM ကနေဖယ်ရှားပြီးတဲ့အခါ သင် အဲဒီ App ကိုပြန်ဖွင့်ရင် တော်တော်နှေးတာကိုတွေ ့ရမှာပါ။ဘာလို ့လည်းဆိုတော့ App ကို Device Storage ကနေ ပြန် Load လုပ်ရတဲ့အတွက်ဖြစ်ပါတယ်။ App ကို RAM မှာသိမ်းထားတာထက် Battery Power ကို ကုန်စေပါတယ်။တစ်ချို ့ App တွေက Task Killer တွေကပိတ်ပြီးတဲ့အခါမှာအလိုလို ပြန် Run ကြတဲ့အတွက်လည်း CPU နဲ ့Battery Resources ကိုပိုကုန်စေပါတယ်။

RAM မှာနေရာပြည့်နေသည်ဖြစ်စေ၊ နေရာလွတ်နေသည်ဖြစ်စေကုန်စေတဲ့ Battery ကတော့အတူတူပဲဖြစ်ပါတယ်။ RAM မှာသိမ်းထားတဲ့ Apps တွေကိုဖယ်ရှားပြီး RAM နေရာလွတ်အောင်ပြုလုပ်ခြင်းဖြင့် Battery Life ကိုပိုမကောင်းစေပါဘူး။

Task Killers တွေရဲ့အသုံးဝင်တဲ့အချိန်။
-----------------------------------------
အပေါ်မှာပြောခဲ့တာတွေကိုမယုံတဲ့သူတွေ အများကြီးရှိမှာပါ။ Task Killer တွေကိုသုံးနေတာကြာပြီဖြစ်ပြီးဖုန်းရဲ ့Performance ကိုကောင်းမွန်စေတယ်လို ့ ပြောစရာအကြောင်းပြချက်တွေရှိမှာပါ။
ဒါလည်းမှန်ပါတယ်။တစ်ချို ့ Apps တွေကညံ့ဖျင်းပြီးကောင်းကောင်းအလုပ်မလုပ်ကြဘဲ CPU နဲ ့တစ်ခြား Resources တွေကို Background မှာ အသုံးပြုနေကြပါတယ်။ဒီလိုအခြေအနေမျိုးမှာ Task Killer တွေကိုသုံးပြီး အဲဒီ App ကိုပိတ်ခြင်းအားဖြင့် သင့်ဖုန်းရဲ ့Performance နဲ ့ Battery Life ကိုကောင်းမွန်စေပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ဖို့အတွက် Task Killer ကိုအသုံးပြုတာဟာ ယင်ကောင် ကို Shotgun နဲ ့လိုက်သတ်သလို သဘောမျိုးသက်ရောက်စေပါတယ်။အသုံးဝင်တဲ့ Android ရဲ ့Process တွေကိုပါသတ်ပစ်သလို ဖြစ်လို ့ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ Task Killer ကိုသုံးမယ့်အစားအဲဒီ App ကိုရှာပြီး Uninstall လုပ်သင့်ပါတယ်။တစ်ခြားကောင်းမွန်တဲ့ App တစ်ခုနဲ့ အစားထိုးသုံးသင့်ပါတယ်။ ညံ့ဖျင်းတဲ့ App တွေကိုရှာဖို ့အတွက် Watchdog Task Manager ကိုသုံးနို်င်ပါတယ်။ဒီ App က Background မှာ Run နေတဲ့ Apps တွေရဲ့CPU Usage တွေကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး သင့်တော်ကောင်းမွန်စွာအလုပ်မလုပ်တဲ့ Apps တွေကို ရှာပေးနိုင်ပါတယ်။အဲဒီ ညံ့ဖျင်းတဲ့ App ကိုပဲရွေးချယ်ပိတ်နိုင်ပါတယ်။

Task Killer တွေ နေရာမှာ အစားထိုးအသုံးပြုသင့်တဲ့ Application
------------------------------------------------------------------
Task Killer တွေ နေရာမှာ အစားထိုးအသုံးပြုသင့်တဲ့ App တစ်ခုကတော့ Greenify ဖြစ်ပါတယ်။Greenify ရဲ ့အလုပ်လုပ်ပုံက Task Killer တွေနဲ ့ မတူပါဘူး။ Greenify က Apps တွေကို Hibernate လုုပ်ပေးတာပါ။ Widnows မှာ Hibernate လုပ်သလိုပါပဲ။ Apps တွေရဲ ့State ကို RAM မှာသိမ်းပေးထားတာဖြစ်ပါတယ်။အဲဒီအတွက် Hibernate လုပ်ထားတဲ့ Apps တွေကိုပြန်အသုံးပြုရင်လျှင်မြန်စွာအလုပ်လုပ်စေနိုင်တာပါ။

Task Killer တွေမှာ တစ်ခြား ပြဿနာတွေလည်းရှိပါတယ်။ ဥပမာ Alarm Clock App မျိုးကို Task Killer နဲ ့ပိတ်လိုက်တဲ့အခါမှာ Alarm မပေးနိုင်တော့ပါဘူး။

Android ROM တွေကို Develope လုပ်တဲ့ နာမည်ကြီး အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ CyanogenMod က Task Killer သုံးတဲ့ User တွေရဲ့ Bug Reports တွေကို လက်မခံပါဘူး။Task Killer တွေက အသုံးဝင်တာထက် ပြဿနာတွေပိုဖြစ်စေတယ်လို ့ပြောပါတယ်။

အချုပ်အားဖြင့် ပြောရရင် Task Killer တွေကိုမသုံးသင့်ပါဘူး။သင့်ဖုန်းမှာ Resources တွေကို အလွန်အကျွံ အသုံးပြုတဲ့ ညံ့ဖျင်းတဲ့ Apps တွေကိုရှာပြီး Uninstall လုပ်သင့်ပါတယ်။ Apps တွေကို RAM ကနေ Remove မလုပ်သင့်ကြောင်း စေတနာအပြည့်နဲ့ ဒီဆောင်းပါးကိုရေးသားလိုက်ပါတယ်။

Myanmar Digital Life Journal (Volume 2 Issue 27 မှ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)




ကျွန်တော် www.winkabarkyaw.net  မှ ပို့စ်ကို ပြန်လည် ဝေမျှတာ ဖြစ်ပါတယ်။


**  ကိုကိုဇော် ( BE-EC )

Monday, September 16, 2013

Y210S ( C8685 ) ကို Official Firmware ပြန်တင်မယ်






















ကဲ့ ကျွန်တော်တို့ Huawei Y210S ( C8685 ) လေးကို Official ပြန်တင်ကြည့်ရအောင်။

တကယ်က ကျွန်တော့် သူငယ်ချင်း ဖုန်းက အရင်က ကောင်းပါတယ်။

ဘာတွေလုပ်လိုက်လဲတော့ မသိဘူးဗျ။ ဖုန်းက Logo မှာ ပဲ ရပ်နေပြီးတော့ ဘာမှ ဆက်မတက်တော့ဘူး။

ကျွန်တော် ပထမတော့ Factory Reset ချလိုက်မယ်ပေါ့။ ဒါနဲ့ ဖုန်းကို Recovery Mode ဝင်ပြီး လုပ်ကြည့်တာ Factory Reset လုပ်တာ အဆင်ပြေတော့ ကျွန်တော်အနေနဲ့ ဖုန်းတော့ ပြန်ကောင်းသွားပြီပေါ့။

ဘယ်ဟုတ်မလဲဗျ။ ဖုန်းက ပြန်တက်လာတော့ ဖုန်းက ရှိသမျှနေရာတွေ အားလုံးမှာ ဘာစာမှကို မပေါ်ပဲ ဖြစ်နေတယ်။ နောက်ပြီး ဘယ်လောက်မှ မကြာပါဘူး။ ပြန်ပြီး Restart အော်တိုကျသွားပြီး မူရင်းအတိုင်းပဲ Logo မှာပဲ ပြန်ရပ်နေပါတယ်။

ဒီလိုနဲ့ ကျွန်တော် Officail ပြန်တင်ဖို့ ကြိုးစားပါတယ်။

တကယ်က ကျွန်တော်လည်း မတင်တက်ပါဘူး။

ကျွန်တော်ဟိုမေး၊ ဒီမေး ဂူးဂယ်လ်မှာ လိုက်ရှာရင်းနဲ့ Official ပြန်တင်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့ပါတယ်။ ဆိုဒ်ကတော့ ကျွန်တော်မမှတ်မိတော့ဘူး။ မြန်မာဆိုဒ်တစ်ခုပဲ။ MMSD တော့ မဟုတ်ဘူး။

ဘယ်လိုတင်ရမလဲဆိုတော့ Official Firmware ROM Files ( UPDATE.APP ) Files လေး လိုအပ်ပါတယ်။ နောက် 2 GB အနည်းဆုံးရှိသော SD Card တစ်ခုလိုပါတယ်။ SD Card ကို Format ချရပါတယ်။ FAT32 နဲ့ ချရင် ပိုပြီး အဆင်ပြေပါတယ်။ Official File ကတော့ ကျွန်တော့်ဆီမှာ အရင်ကတည်းက ရှိပါတယ်။ ကျွန်တော် ပဲခူးရောက်တုန်းက ဝယ်ထားတာပါ။ TOE Computer က ဝယ်ခဲ့တာပါ။

Official File က ZIP File နဲ့ လာပါတယ်။ သူ့ထဲ့မှာ dload folder လေးတစ်ခုရှိပါတယ်။ အဲ့ဒီဖိုဒါအောက်မှာ UPDATE.APP  ဖိုင်တစ်ခုရှိပါတယ်။ နောက် အဲ့ဒီ ZIP File လေးထဲ့မှာ တရုတ်စာနဲ့ ရေးထားသော PDF Files တစ်ခုပါပါတယ်။ Official File ပြန်တင်နည်းကို ရေးထားတာ ဖြစ်မယ်လို့ ထင်ပါတယ်။

ကျွန်တော် စစခြင်းတင်တုန်းကတော့ လုံးဝကို အဆင်မပြေပါဘူး။ တင်နည်း Vol-, Vol+ , Power ခလုပ်သုံးခု ပြိုင်နှိပ်ပြီး Official Upadate လုပ်တာ Unpacking Fail ပဲ ပြနေပါတယ်။

နောက် တစ်ရက်မှပဲ ရပါတယ်။ တကယ်က ကျွန်တော် အသုံးပြုသော SD Card က ကြောင်နေတာပါ။

ကဲ့ အဆင်ပြေသော Official တင်နည်းကို ပြောပါမယ်။


၁) Official Firmware လိုအပ်ပါတယ်။ မရှိပါက

Y210S(C8685,Android 2.3,V100R001C92B823) : Download
Y210S(C8685,Android 2.3,V100R001C92B824) : Download

မှာ သွားရောက် ဒေါင်းလုပ်ခ်ချနိုင်ပါတယ်။ လင့်ခ်တွေကတော့ ကျွန်တော် တင်ထားတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင် လိုင်းကကောင်းတာနဲ့ကို တင်နိုင်မှာ မဟုတ်ပါဘူး။

http://junemoehtet.blogspot.com/   မှာ တွေ့မိလို့ ပြန်မျှပေးထားတာပါ။ တစ်ဖိုင်ပဲ ဒေါင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အောက်က ဖိုင်လေးရှိပါတယ်။ သူ့ကိုပဲ အသုံးပြုတာ ရပါတယ်။

၂) Officla Firmware Zip File ကို Win RAR , Win Zip Software တစ်ခုခုကို အသုံးပြုပြီး ပြန်ဖြေထုတ်ပါ။

၃) အရေးကြီးဆုံးက အဲ့ဒီဖိုင်ထဲက dload ဆိုသော ဖိုလ်ဒါလေးပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲ့မှာ UPDATE.APP File တစ်ခုထဲပဲ ရှိမှာ ဖြစ်ပြီး 160 MB ကျော်ကျော်ရှိပါတယ်။

၄) 2BG အနည်းဆုံးရှိသော SD Card တစ်ခုကို ကွန်ပျူတာမှာ Card Reader အကူနဲ့ ထိုးလိုက်ပါ။ My Computer > Card > Right Click > Format > File System မှာ FAT32 ရွေးပေးပြီး Format ရိုက်လိုက်ပါ။

၅) Official Firmware Zip File ထဲက dload folder လေးကို SD Card ထဲ ကူးထည့်ပါ။

၆) SD Card ထဲမှာ dload folder တစ်ခုထဲပဲ ရှိမှာ ဖြစ်ပြီး ၊ dload folder ထဲမှာ UPDATE.APP File တစ်ခုပဲ ရှိမှာ ဖြစ်ပါတယ်။

၇) ဖုန်းကိုတော့ ဘက်ထရီအား အနည်းဆုံး 80% ရှိအောင် အားသွင်းထားပါ။ Official ကျသွားပေမဲ့ အားတော့ သွင်းလို့ရပါတယ်။

၈) အကုန်လုံး ပြင်ဆင်ပြီးသွားရင်တော့ ဖုန်းဘက်ထရီးအား ၈၀ အနည်းဆုံးရှိသော ဖုန်းထဲကို SD Card လေးထည့်သွင်းပါ။

၉) နောက်ဆုံး အဆင့်အနေနဲ့ ဖုန်းကို ဘက်ထရီ ပြန်တပ်ပြီး ဖုန်းက Vol- , Vol+ , Power  ခလုပ်သုံးခု လုံး ပြိုင်နှိပ်ပါ။

၁၀) Official Update State 1/2 Unpacking ဆိုပြီး ပေါ်လာပါတယ်။ ဘာတန်းလေး အပြည့် State 2/2 ဆိုတာလေး ပေါ်လာရင်တော့ ဖုန်းက အော်တို Restart  ကျပြီး ပြန်တက်လာပါက ဖုန်းကို အကောင်းအတိုင်း မြင်ရမှာ ဖြစ်ပြီး Official ကို တင်တာ အဆင်ပြေပြီးလို့ ပြောလို့ရပါတယ်။

ကြားထဲမှာ Unpacking Fail ဖြစ်ရင်တော့ SD Card အကောင်းတစ်ခုကို လဲပြီး စမ်းပါလို့ ပြောချင်ပါတယ်။

ကျွန်တော် အဆင့် ၁၀ မှာ ပြောသော State ပုံစံတွေက အောက်က ပုံအတိုင်း ဖြစ်ပါတယ်။








Y210S ကို Root , မြန်မာစာ ထည့်သွင်းချင်ပါက ဒီလင့်မှာ  သွားကြည့်နိုင်ပါတယ်။

**  ကိုကိုဇော် ( BE-EC )

Y 210 Series Huawei Phone တွေကို ကလစ်တစ်ချက်တည်းနဲ့ Root လုပ်မယ်




















ကျွန်တော့်မှာတော့ ဖုန်းမရှိပေမဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က Y210S လေးကို ၁၅၀၀ တန်းဖုန်းလေးနဲ့ အသုံးပြုချင်လို့ ဝယ်လာပြီး သူ့ဖုန်းကို မြန်မာစာထည့်ပေးဖို့ ကြုံလာတာမို့ ဒီပို့စ်လေးကို ရေး ဖြစ်ပါတယ်။

ကျွန်တော်လည်း ဘာမှလည်း သိပ်ပြီးတော့ ကျွမ်းကျင်တာ မဟုတ်ပေမဲ့ ကျွန်တော်ထက် စီနီယာ ဖြစ်သော လူများက လွယ်ကူသော နည်းလမ်းလေးတွေ မျှပေးထားတာကြောင့် ကျွန်တော် အဲ့ဒီဖုန်းလေးကို အလွယ်တကူ Root လုပ်နိုင်ပြီး မြန်မာစာ ထည့်သွင်းထည့်ခဲ့နိုင်ပါတယ်ခင်ဗျား။

PC သုံး ဆော့ဝဲလ်တစ်ခုတည်းနဲ့ Y210S သာမက Y210C , Y210T စသော ဖုန်းတွေကိုပါ Root လုပ်နိုင်ပါတယ်လို့ ပြောထားပါတယ်။

ကျွန်တော်ကတော့ Y210S ပဲ ရှိတာမို့ Y210S လေးနဲ့ စမ်းသပ်တာ အဆင်ပြေပါတယ်ခင်ဗျား။

ဖုန်းကို ပြင်ဆင်ရမှာကတော့


1)  USB Debugging ကို ဖွင့်ပေးထားရပါတယ်။

( Phone > Setting > Applications > Development > USB Debugging လေးကို အမှန်ခြစ်လေးပေါ်အောင် တစ်ချက်ထိပေးလိုက်ရင်ရပါတယ်။ )


2) Unknow Source ကို ဖွင့်ပေးဖို့ လိုအပ်ပါတယ်။

( Phone > Setting > Application > Unknow sources ကို တစ်ချက်ထိပေးလိုက်ရင် ရပါတယ်။ )


3) Computer မှာ Phone Driver သိနေရပါတယ်။

ကျွန်တော့်ဆီမှာ ရှိသော Y210S(C8685) ကတော့ Driver အတွက် စိုးရမ်စရာ မရှိပါဘူး။ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်တာနဲ့ CD Drive : Mobile Partner  ဆိုပြီး My Computer  မှာ ပေါ်လာပါတယ်။ CD Drive : Mobile Partner ကို Right Click > Install or run program from your media ဆိုတာလေးကို ကလစ်တစ်ချက်နှိပ်လိုက်ရင် အော်တို Driver သွင်းသွားပါလိမ့်မယ်။

ဖုန်းဘက်က ပြင်ဆင်စရာတွေ ပြီးသွားပါက Phone One Click Root Tool ကို ဒေါင်းလုပ်ရယူပါ။

ဆော့ဝဲလ်က http://www.myanmarmobilesoftwaredeveloper.com  က ရေးသားထားတာပါ။ သူ့ဆိုဒ်မှာ ရှိသော လင့်က ဒေါင်းချင်ရင် ဒီနေရာ  ကနေပြီး ဒေါင်းလုပ်ချနိုင်ပါတယ်ခင်ဗျား။

ကျွန်တော်လည်း နောက်ထပ် ပြန်တင်ထားတာ ရှိပါတယ်။ ဒီနေရာလေး  မှာ ဒေါင်းလုပ်ချနိုင်ပါတယ်ခင်ဗျား။

ဆော့ဝဲလ်က ကွန်ပျူတာမှာ တင်သုံးရမှာပါ။ တင်ရတာ သက်မခက်ပါဘူး။ ဒီအတိုင်း Double Click နဲ့ Run ပြီး Next , OK တွေ လုပ်သွားရင်ရပါတယ်။ တစ်ဆင့်မှာတော့ Serial တောင်းပါတယ်။

mmsd   လို့ရိုက်ထည့်ရမှာပါ။


ဖုန်းကို Root လုပ်ဖို့ စတင်ကာ ကြိုးစားပါမယ်။

၁) အပေါ်ဆုံးမှာ ပြောခဲ့သော ဖုန်းဘက်က ပြင်ဆင်စရာတွေကို စစ်ဆေးပါ။

၂) အကုန်ပြင်ပြီးပါက ဖုန်းကို ပါဝါ ပိတ်ပါ။

၃) ဖုန်း ဘက်ထရီကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။

၄) ဖုန်းကို ဘက်ထရီး ပြန်တက်ပါ။

၅) Fast Boot ကို ဝင်ရမှာဖြစ်ပါတယ်။ Vol- နဲ့ Power  ခလုပ် နှစ်ခု တွဲနှိပ်ပါ။ Huawei Logo မှာ ရပ်နေပါလိမ့်မည်။

၆) MMSD က ရေးသားထားဆော့ ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ ကျွန်တော် ပို့စ်မှာ ပြထားသော ပုံလေးအတိုင်းပါ။ အဲ့မှာ ရွေးချယ်စရာ လေးခုရှိပါတယ်။

1.Y210
2.Y210S
3.Y210C
4.Exit

တို့ပဲ ဖြစ်ပါတယ်။ ကိုယ် Root လုပ်ချင်သော ဖုန်းက ရွေးပေးလိုက်ရုံပါပဲ ။ ကျွန်တော်က Y210S ကို Root လုပ်မှာမို့ 2 ကိုကီဘုတ်က ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။

အဲ့လိုလုပ်လိုက်ရင်တော့ ဆော့ဝဲလ်က အော်တို Root လုပ်ပေးမှာ ဖြစ်ပါတယ်။

မြန်မာစာတွေ၊ Frozen Keyboard  တွေပါ တစ်ခါတည်း ထည့်ပေးသွားပါတယ်။

အချိန်က ၁ မိနစ်၊ နှစ်မိနှစ် လောက်ပါ ကြာပါတယ်။ ဖုန်းကလည်း အော်တို သူ့ဘာသာ Reboot တွေ ဖြစ်သွားပါမယ်။ ဒီအတိုင်းပဲ ကြည့်နေပါ။ နောက်ဆုံး ဆော့ဝဲလ်လေးက Finish ဖြစ်သွားသော စာတန်းကို မြင်မှ ဖုန်းလေးကို ကိုင်နိုင်ပါတယ်။

အဲ့အခါဆိုရင်တော့ ကိုယ်ဖုန်းလေးက မြန်မာစာတွေရရှိနေပြီအပြင် ၊ ကီဘုတ်၊ CWM ကိုလည်း သွင်းပြီးသား မြင်ရပါလိမ့်မယ်။


**  ကိုကိုဇော် ( BE-EC )

Wednesday, June 5, 2013

Android အတွက် Adb University Driver



















ဒါကတော့ စက်ရုပ်တွေ ကွန်ပျူတာမှာ ချိန်ဆက်သော အခါမှာ လိုအပ်သော Driver လေးပဲ ဖြစ်ပါတယ်။

ဆော့ဝဲလ်က ဖရီးရပါတယ်။

http://adbdriver.com/downloads/  မှာ သွားရောက်ဒေါင်းနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 9 MB ရှိပါတယ်။

ဘာတွေကောင်းလဲဆိုတော့ စက်ရုပ်နဲ့ ကွန်ပျူတာ ချိတ်လိုက်ရင် ကွန်ပျူတာက စက်ရုပ်လေးကို မသိပါဘူး။ Missing Driver ဆိုတာလေးပေါ်လာပြီး ကွန်ပျူတာနဲ့ စက်ရုပ်လေးချိတ်လို့မရသော အခြေနေမှာ ဒီဆော့ဝဲလ်လေးက ကူညီမှာ ဖြစ်ပါတယ်။

ကွန်တော် စမ်းသပ်တုန်းကတော့ အင်တာနက်ချိတ်ပြီး ဖုန်းကို ကွန်ပျူတာမှာ ချိတ်လိုက်တာ Drive ကို Install ပြုလုပ်ဖို့ မေးပြီး Install ဆိုတာလေးကို ကလစ်လိုက်ရုံနဲ့ ဖုန်းကို ကွန်ပျူတာက သိပြီး ချိတ်ဆက်လို့ရသွားပါတယ်။

နောက်မို့ဆိုရင် ဖုန်းတစ်ခုစီအတွက် Driver တွေ ဒေါင်း ကွန်ပျူတာမှာ ဖြည့်ရတာမျိုးတွေအတွက် အာရုံမနောက်တော့ ဘူးပေါ့ဗျာ။

ဆော့ဝဲလ်က ကွန်ပျူတာမှာ Install ပြုလုပ်စရာ မလိုပါဘူး။ Driver မသိသော ဖုန်းကို ကွန်ပျူတာမှာ တပ်၊ ဆော့ဝဲလ်ဖိုင်လေးကို Double Click နဲ့ Run , အဲ့မှာ ကွန်ပျူတာမှာ ချိတ်ထားသော ဖုန်းကို ဖော်ပြတာကို တွေ့ရပြီး Install ဆိုတာလေးကို ကလစ်လိုက်ရင်ရပါပြီ။

အင်တာနက်ရှိမှ အလုပ်လုပ်သော ဆော့ဝဲလ် အမျိုးအစားပါ။


**  ကိုကိုဇော် ( BE-EC )

Tuesday, June 4, 2013

Android Phone , Tablet တွေ Root ရခြင်းနှင့် သတိထားစရာ



















အခုချိန်မှာတော့ စက်ရုပ်လေးတွေက လူအတော်များများရဲ့ လက်လေးအပေါ်မှာ ဆော့ကစားဖို့ ရောက်နေတဲ့ အချိန်လို့ ဆိုရမလို ဖြစ်နေပြီ။

စျေးနှုန်းကလည်း ကိုယ်အတွက် ရွေးစရာတွေ ရှိသလို သင့်တင့်သော စျေးနှုန်းနဲ့ ဝယ်ယူလို့ရသော အနေအထားမှာ ရှိနေတာ ဖြစ်တယ်။

အဲ့ဒီမှာ ကျွန်တော်တို့ သိလိုက်တာနဲ့ သိရတာကတော့ မြန်မာလိုတွေ စာရိုက်ရသော အနေအထားတစ်ခုပဲ ဖြစ်ပါတယ်။

Samsung , HTC မဟုတ်သော Phone , Tablet တွေမှာ မြန်မာစာတွေ ဖတ်ဖို့ မြန်မာလိုရိုက်နိုင်ဖို့အတွက် သာမာန်နည်းနဲ့ ပါဘူး။

Root Access ရှိမှသာ မြန်မာစာတွေ ရိုက်နိုင်တာကို တွေ့ရပါတယ်။

ဘာလို့လည်းဆိုတော့ စက်ရုပ်တွေက မြန်မာစာကို တိုက်ရိုက်မသိ ထောက်ခံချက်မရှိလို့ ဖြစ်ရသော ပြဿနာတစ်ခုပါပဲ။

ဒီနေရာမှာ Root ဆိုတာကို ကျွန်တော်တို့ နည်းနည်းလေ့လာရအောင်။

Root ဆိုတာကတော့ တကယ်တမ်းက စနစ်ပိုင်းဆိုင်ရာ ဖိုဒါရှိသော Stroage ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဝင်းဒိုးစ် စနစ်မှာဆိုရင် Root လို့ဆိုရင် Hard Disk C: ကိုသာ ဉပမာပေးရမှာ ဖြစ်ပါတယ်။

သာမာန်အားဖြင့် ကွန်ပျူတာ စနစ်တွေက သူတို့စနစ်ပိုင်းဆိုင်ရာ ဖိုင်တွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ခွင့်ပြုချက်မပေးတက်ပါဘူး။

ဒါကြောင့်လည်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမှာက C:\Windows Folder က ဖိုင်တွေ ဖျက်လို့ရှိရင် ဖျက်လို့မရတာကို ကြုံရမှာပါ။

ကျွန်တော်တို့ သိရှိရသော စက်ရုပ်လေးတွေက တကယ်က Linux Based OS တစ်မျိုးပဲ ဖြစ်ပါတယ်။

Linux Based OS တွေမှာက သာမာန်အားဖြင့် စနစ်ပိုင်းဆိုင်ရာ ဖိုင်များကို လုံးဝပြုပြင်လို့မရတာမျိုးတွေ ရှိပါတယ်။

တကယ်လည်း လုံးဝကို မရသော အနေအထားမှာ ရှိပြီး လုံခြုံရေးအရ အတော်ကို ကောင်းမွန်သော ကွန်ပျူတာ စနစ်တစ်ခုပါပဲ။

ကျွန်တော်တို့ သိနေရသော စက်ရုပ်လေးတွေက စက်ရုပ်က ထုတ်လုပ်ကတည်းက သူ့စက်ကို ပျက်မှာ စိုးလို့ စနစ်ပိုင်းဆိုင်ရာ ဖိုင်တွေကို တစ်ခါတည်း ကာကွယ်ပြီး ဖွင့်လို့မရအောင် ပြုလုပ်ထားပါတယ်။


အခု ကျွန်တော် စက်ရုပ်တွေကို ဘာကြောင့် Root လုပ်ရတာလဲ ပြောပါမယ်။

စက်ရုပ်ကို ထုတ်လုပ်သူတွေက သူတို့ရဲ့ စနစ်ပိုင်းဆိုင်ရာ ဖိုင်တွေကို ပျက်ဆီးမသွားအောင် Flash ROM ထဲမှာ သိုလှောင်ကာ ထည့်သွင်းထားပါတယ်။

ဒါကြောင့်လည်း သူတို့ထုတ်လုပ်ထားသော စက်ရုပ်တွေက လုံခြုံမှုအပြည့်အဝ ရှိပြီး တော်ရုံနဲ့ ပျက်သွားတာမျိုးမဖြစ်ပဲ အာမခံသက်တမ်းတွေ ပေးထားတာ ဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင် ကျွန်တော်တို့က စက်ရုပ်တွေကို ထိန်းချုပ်နိုင်တာမျိုး မရှိပဲ ထုတ်လုပ်သူတွေရဲ့ သဘောအတိုင်း အသုံးပြုရတာမျိုးပါ။

ကိုယ့်သဘောအတိုင်း မဖြစ်ဘူးပေါ့ဗျာ။

ဒီနေရာမှာ ကျွန်တော် ROM ဆိုတာကို နည်းနည်းပြောပါမယ်။

ကျွန်တော်တို့ အသုံးပြုသော မှတ်ညဏ်တွေမှာ Read , Write Access Memory ဆိုတာလေးရှိပါတယ်။ Read ဆိုတာတော့ ဖတ်ရုံပဲ ဖတ်နိုင်ပြီး သူ့ကို ပြောင်းလဲလို့မရပါဘူး။ Write ဆိုတာတော့ မှတ်ညဏ်မှာ တစ်ခုခုဝင်ရေးတာမျိုး ကူးယူ ဖျက်နိုင်တာမျိုးကို ဆိုလိုပါတယ်။

ကျွန်တော်တို့ အသုံးပြုနေသော Memory Stick , Hard Disk တွေဆိုရင် Read,Write Access ရှိသော မှတ်ညဏ်ဖြစ်ပါတယ်။ ကိုယ်လိုချင်တာကို ကူးယူ၊ ဖျက်နိုင်ပါတယ်။

CD/DVD Disc တွေဆိုရင်တော့ Read Access Memory ပေါ့ဗျာ။ တစ်ခါပဲ ဒေလ်တာတွေ ထည့်ထားလို့ရပြီး နောက်တစ်ခါထပ်ထည့်လို့ မရတော့ပါဘူး။ ဖတ်တာကိုပဲ ပြုလုပ်နိုင်မှာပါ။

အခုက စက်ရုပ်တွေက Flash ROM ဆိုတော စဉ်းစားစရာပေါ့ဗျာ။

Flash Memory ဆိုတာကို ပြောမှာ ရပါမယ်။ Flash Memory ဆိုတာက ကျွန်တော်တို့ အသုံးပြုမှုများသော Memory Stick တွေက Flash Memory ပါပဲ။

ဒီတော့ ကျွန်တော်တို့ Flash Memory ဆိုတာကို ဘာသာ ပြန်ရရင် သာမာန်အားဖြင့် သူ့ကို ဖျက်တာ၊ ထပ်ထည့်တာမျိုး မရပဲ အထူးပြုလုပ်ထားသော နည်းပညာနဲ့ပဲ သူ့ကို ဖွင့်နိုင်မယ်လို့ဆိုလိုပါတယ်။

ROM သက်သက်ဆိုရင် ကျွန်တော်တို့က သူ့မှာ ရှိသော ဒေလ်တာတွေကို ကြည့်နိုင် အသုံးပြုနိုင်တာမျိုးပဲ ရမှာပါ။ Flash နဲ့ ပေါင်းလိုက်လို့ ကျွန်တော်တို့ ဂိုဏ်သတ္တိနှစ်ခုပေါင်းထားသော မှတ်ညဏ်ကို တွေ့နေရတာပါ။

ROM ကို Firmware လို့လည်း ခေါ်ပါတယ်။ ထားပါတော့။

ဒီတော့ Flash ROM ကို ဝင်ကြည့်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ နည်းပညာတစ်ခုခုကို အသုံးပြုမှသာ ရမှာပါ။

အခုလည်း စက်ရုပ်တွေကို Root ဖောက်တယ်ဆိုတာ Flash ROM ကို ဖောက်ထွင်းတာပဲ ဖြစ်ပါတယ်။ သူများက ပိတ်ထားတာကို ကျွန်တော်တို့က ဖျက်ပြီး ဝင်ရောက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်တာမျိုးပါ။

ဒီလိုမျိုး ဖောက်ထွင်းတာမျိုးက ဘာတွေကောင်းလာလဲဆိုတော့ ကျွန်တော်တို့ လိုချင်သော စနစ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင်နိုင်တာတွေရှိပြီး လုပ်ချင်တာတွေလည်း လုပ်နိုင်တာပေါ့ဗျာ။

နောက် စက်ရုပ်တွေမှာ မြန်မာစာ မပါတာကိုလည်း သူ့စနစ်မှာ ရှိသော ဖောင့်ဖိုဒါထဲကို ကျွန်တော်တို့ အသုံးပြုနေသော မြန်မာဖောင့်တွေကို ထည့်သွင်းတာမျိုးပါပဲ။

အရင်ကတော့ စက်ရုပ်ဖုန်းမှာပါသော ဖောင့်တစ်ခုနေရာကို ကျွန်တော်တို့ ဖောင့်နဲ့ အစားထိုးပါတယ်။ နောက်ပိုင်းနည်းလမ်းတွေကတော့ မြန်မာဖောင့်တွေကို တစ်ခြားသော နည်းလမ်းတစ်ခုကို အသုံးပြုကာ ထည့်သွင်းရသော နည်းပညာတွေရှိလာပါတယ်။

စနစ်ပိုင်းဆိုင်ရာတွေကို ဖောက်ထွင်းတာက မြန်မာဖောင့်ထည့်ရုံပဲလားဆိုတာတော့ မဟုတ်ဘူးဗျ။

စက်ရုပ်စနစ်ပိုင်းဆိုင်ရာတွေကို ပြုပြင်နိုင်သော ဆော့ဝဲလ်တွေ၊ နောက် ကျွမ်းကျင်သူတွေ အတွက်ဆိုရင် စနစ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်တာမျိုးတွေ အတွက် အသုံးဝင်ပါတယ်။

ပြဿနာကတော့ နည်းနည်းတော့ရှိတယ်ဗျ။

စက်ရုပ်က စနစ်ကို ဖောက်လိုက်တောဆိုတော့ တကယ်လို့များပေါ့နော့် ကိုယ်က ကျွမ်းကျင်သော လူတစ်ယောက် မဟုတ်ဘူးဆိုရင် စက်ရုပ်စနစ်က အစိတ်အပိုင်းတွေ ပျက်ဆီးနိုင်သလို နောက်ဆုံး စက်ရုပ်က ဘာမှကို အလုပ်မလုပ်တာမျိုးအထိဖြစ်နိုင်ပါတယ်။


နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့ မိတ်ဆွေတို့ စက်က မြန်မာလိုရိုက်လို့ရတယ်ဆိုရင် အဲ့ဒါ Root Access ရှိသော စက်ပဲ ဖြစ်ဖို့ များပြီး သတိထားစရာက File Manager တွေနဲ့ ကိုယ့်စက်ကို ကြည့်သော အခါ စနစ်ကို ထိခိုက်နိုင်သော ဖိုင်တွေကိုပါ မြင်နေရပါတယ်။

အဲ့လိုမျိုး စနစ်ပိုင်းဆိုင်ရာ ဖိုင်တွေ ဖျက်လိုက်လို့ကလား တွေးကြည့်ပေါ့ဗျာ။

နောက် Root လိုက်သော စက်တွေဆိုရင် အာမခံက အော်တိုပျက်သွားတာမျိုးရှိပါတယ်။ ထုတ်လုပ်သူတွေက သူတို့ ခွင့်ပြုချက်အတိုင်း အသုံးပြုမှသာ အာမခံပေးတာဖြစ်ပြီး မဟုတ်ရင်တော့ မပေးပါဘူး။

ဒါကြောင့် စက်ရုပ်ကို အသုံးပြုသော သူတစ်ယောက်ဖြစ်ပါက ကိုယ့်စက်ကလည်း Root Access ရှိပါက မသိသော ဖိုင်တွေကို သတိထားပြီး အသုံးပြုပါလို့ ပြောချင်ပါတယ်။ ( ကျွမ်းကျင်သူများကို ဆိုလိုတာမဟုတ်ပါ )

ကျွမ်းကျင်သော သူတစ်ယောက်အတွက်တော့ စက်ရုပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် Root လုပ်မှာ သေချာသလောက်ဖြစ်ပြီး စိတ်ကြိုက်သာ အသုံးချမှာ ဖြစ်ပါတယ်။

ရိုးရိုးအသုံးပြုသူများကတော့ မြန်မာစာရိုက်နိုင်ဖို့ စက်ရုပ်ကို ဖောက်ထားတာဆိုရင် ဖိုင်တွေကို သတိထားပြီး အသုံးပြုဖို့ မှားယွင်းစွာ မဖျက်ဖို့ လိုအပ်ပါတယ်။

သတိနဲ့ နေပေါ့နော် ။ နောက်မို့ဆိုရင် ဆိုင်ကိုပဲ ခဏခဏ သွားနေရမှာ သေချာသလောက် ဖြစ်နေပါတယ်။


**  ကိုကိုဇော် ( BE-EC )