Android အတွက် သင်ခန်းစာ (၁)
Android ဆိုတာက မိုဘိုင်းဖုန်းတွေ အတွက် စနစ်တကျ ထုတ်လုပ်ထားတဲ့ Operation System တစ်ခုဖြစ်တယ်။
Android ဟာ Window နဲ့ Linux အပေါ်မှာ အခြေပြု ရေးဆွဲထားတဲ့ System တစ်ခု ဖြစ်ပါတယ်။
Android ရဲ့ Kernal based ကတော့ Linux Kernal ကို အခြေပြု ရေးဆွဲထားခြင်း ဖြစ်ပါတယ်။
Linux ဟာလည်း Open Source ဖြစ်တဲ့ အပြင် သီခြားဆန်သော Platform ဖြစ်နေတဲ့အတွက် Android ဟာ
ရေရှည်အတွက် Linux Kernal ကို ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Android ဟာ ဆိုရင် Java တွေ Nokia တွေ စတင်မထွက်ခင်တည်းက တည်ဆောက်ထားခဲ့တာပါ။
ဒါပေမဲ့ သူရဲ့ System တွေကို ထုတ်ဖော်မပြသခဲ့သေးပါဘူး ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက သူရဲ့ဖန်ရှင် တွေ သိပ်
ပြီးတော့ မပြည့်စုံသေးဖူးလို့ ယူဆခဲ့လို့ပါ အဲဒီအချိန်မှာ Java တွေ Nokia တွေရဲ့ System တွေကိုလေ့လာ
ပြီးတော့ ၂၀၀၈ခုနှစ် ၉လပိုင်းလောက်မှာ Android version 1.0 ကို Google နဲ့တစ်ခြား အဖွဲ့ဝင်တွေက အစမ်း
သပ်ကာလအနေန့ စတင်ထုတ်ဝေပြီးတော့ Android Os ကို စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ update တွေ ကို ဆက်လက်ထုတ်ဝေခဲ့ပါတယ် 1.1,1.5,1.6,2.0,2.1,2.2,2.2.2 အဲဒီ version တွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်
Android ဟာ ဆိုရင် ၂၀၁၀ခုနှစ် လောက်မှာ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး smart phone အဖြစ် Android
ရဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ် နှစ်တော်တော်ကြာ နေရာယူလာတဲ့ Nokia ကို ကျော်လွှားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒီထက်ကောင်းတဲ့ ဗားရှင်းတွေကို ဆက်လက်ထုတ်ဝေလာခဲ့တာဟာ အခုအချိန်အထိပါ။
version code name
1.0 -
1.1 -
1.5 Cupcake
1.6 Donut
2.0,2.1 Eclair
2.2,2.2.2 Froyo
2.3,2.4 Gringebrerad
3.0 Honey Comb
4.0,4.0.4 Ice Cream Sandwich
4.1.1,4.1.2,4.3 Jelly bean
5.0 Key Lime Pie
Android အတွက် သင်ခန်းစာ (၂)
Android Phone တစ်လုံးမှာ Mode (၅)မျိုးရှိပါတယ်
အဲဒီ (၅)မျိုးကတော့
(၁)Power mode
(၂)Charging mode
(၃)Recovery mode
(၄)Bootloader mode(or)Downloading mode(or)fastboot mode
(၅)Adb mode တို့ဘဲ ဖြစ်ကြပါတယ်
(၁)Power mode
Power mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါ။
(၂)Charging mode
Charging mode ဆိုတာကတော့ ဖုန်းတစ်လုံးကို ပါဝါပိတ်ပြီး အားသွင်းရင် charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည် အဲဒါကို Charging mode လို့ခေါ်ပါတယ်။
(၃)Recovery mode
Recovery mode ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ key တွေနဲ့ ပေါင်းစပ်ထားပါတယ် HUAWEI မှာဆိုရင် Vol up + Power,
Samsung မှာဆိုရင် Home+Volume up+Power ,Sony မှာဆိုရင်တော့ သူ့အတွက် Partation မပါပါဘူး , HTC မှာဆိုရင်လည်း သူ့အတွက် partation
က သက်သက် မထည့်ပေးထားပါဘူး အဲဒီအတွက် သက်ဆိုင်ရာ key ကိုနှိပ်ပြီး မှ ၀င်လို့ ရမှာ ဖြစ်ပါတယ် ဒီကောင်အတွက် အကျယ်ချုပ်ကိုတော့ နောက်မှ
ရှင်းပြပါမယ်
(၄)Bootloader mode(or)Downloading mode(or)Fastboot mode
bootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်။
ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်။
Vol Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါ
လိမ့်မည် အဲကောင်လေးကို bootloader mode(or)Fastboot mode လို့ခေါ်
ပါတယ် Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်
Vol Down+ Home +Power key ကိုနှိပ်ပြီး Vol Up ကိုတစ်ချက်နှိပ်လိုက်တာနဲ့
စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေးပေါ်နေတာကို Downloading mode
လို့ခေါ်ပါတယ် Fastboot mode ကျတော့ Sony,Huawei,Htc တွေမှာ အသုံးများ
ပါတယ် အကျယ်ချုပ်ကို နောက်မှ ရှင်းပြပေးပါမည်။
(၅)ADB mode
ADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ်ရပါတယ်
bridge ဆိုတာကတော့ developerသမားတွေ အလုပ်လုပ်တဲ လုပ်ဆောင်ချက်တွေကို
ရည်ညွန်းတဲ့သဘောဖြစ်ပါတယ် အဲဒါကြောင့်မို့လို့adb ဆိုတာကတော့ PC Comment Line
တွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်.အလွယ်ပြောရရင် USB debuging on ထားတယ်
ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။
Android အတွက် သင်ခန်းစာ (၃)
ဒီသင်ခန်းစာမှာဆိုရင်တော့
အဓိက အခြေခံ ဖြစ်တဲ့ what is recovery?
အကြောင်းလေးကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။
what is recovery?
Recovery ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေရမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က key တွေနဲ့ ပေါင်းစပ်ထားတာပါ
ဖုန်းတစ်မျိုးစီရဲ့ သက်ဆိုင်ရာ key တွေကို တွဲနှိပ်မှ တက်လာတာပါ
အများစုကတော့ (volume up + power)ပါ
Huawei မှာဆိုရင်တော့ (volume up + power) ဖြစ်ပါတယ်
Samsumg မှာဆိုရင်တော့ (volume up+Home+powerr)ဖြစ်ပါတယ်
Sony မှာဆိုရင်တော့ recovery partation မပါပါဘူး
HTC မှာဆိုရင်လည်း recovery partation က သက်သက်မပါပါဘူး
သက်ဆိုရာ Key နှိပ်မှ တက်လာပါလိမ့်မည် recovery ၀င်တာကတော့ တစ်သွေတစ်မှတ်တည်း သတ်မှတ်လို့မရပါဘူး အပြောင်းအလဲတွေ
ရှိတတ်ပါတယ်။
Recovery မှာ (၂)မျိုးရှိပါတယ်
(၁)Android System Recovery(or)Stock recovry
(၂)Clock work mod recovery(or)Custom recovery ဟူ၍ နှစ်မျိုးရှိပါတယ်။
(၁)Android System Recovery(or)Stock recovry
ဆိုတာကတော့ ဖုန်းမှာ စစဝယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည် Stock recovery မှာဆိုရင်
reboot system now
apply update from external storage
wipe data/factory reset
wipe cache partition
apply update from cache
အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်
Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက ကိုယ့်သွင်း
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ် update.zip
ကတော ကိုယ့်လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ wipe cache လုပ်တာကတော့ အနောက်
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ ဥပမာ စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားတယ်ပေါ့
အဲဒီသဘောမျိုးပါ wipe cache လုပ်ပေးလိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး။
(၂)Clock work mod recovery(or)Custom recovery(CWM)
ကတော့ နဂိုပါတဲ့ Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ် ပြောရမယ်
ဆိုရင်တော့ Hacker တွေ ထွင်ထားတာကို သုံးထားတဲ့ သဘောပေါ့ နဂိုတည်း
က Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ကျွန်တော်က cwm လည်း မထွင်တတ်ဘူး ဒါပေမဲ့ သူများ
လုပ်ထားတာတော့ သုံးတယ်ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင်Stock Recovery ရဲ့လုပ်ဆောင်ချက်တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ် Clockworkmod recovery မှာပါတွေပါလဲဆိုရင်
reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage
advanced အဲဒီအချက်တွေ အပြင် ဒီပြင်အချက်တွေလည်း ပါပါတယ် ကျွန်တော်
က အများစုကို ရှင်းပြပေးထားတာပါ Clockworkmod recovery ကို လူအများစု
က cwm လို့ သုံးကြပါတယ် အတိုကောက်ပေါ့ cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်
ပြောရမယ်ဆိုရင်တော့ အထဲက system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့ သဘောပေါ့ တကယ်လို့ အထဲက systemကို ကိုယ့်က ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်လို့ ရတာပေါ့ cwm ကနေ
ပြီးတော့လည်း root ,မြန်မစာတွေ သွင်းနိုင်ပါတယ် ဥပမာ အနေနဲ့ ပြောရရင် ကျွန်
တော်တို့ huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ haceker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖို်င်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ဒီနေရာမှာ custom rom ဆိုတာလေးကို ရှင်းပြပေးချင်ပါတယ် custom
rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware)ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Heacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ် custom rom မှာဘာနဲ့
လာလဲဆိုရင်တော့ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ သွင်းလို့ရမှာဖြစ်ပါတယ် custom rom သွင်းမယ်ဆိုရင် format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖို်င်လေး ကိုထည့်ပြီးတော့
install sd card ကနေ သွားပြီးတော့ သွင်းပေးရမှာ ဖြစ်ပါတယ် ပြီးတော့ အထဲက
system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ် factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ် ဒါပေမဲ့ Huawei ဖုန်းတွေမှာ ဆိုရင်တော့ တစ်ချို့ဖုန်းတွေ
မှာဆိုရင် cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့ official firmware ကို ပြန်တင်ပေးရပါတယ် ကျန်တဲ့ ဖုန်းတွေမှာ
ကတော့ အဆင်ပြေသလို ကြည့်လုပ်လို့ရပါတယ် CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကို်ယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ် Fastboot mode ၀င်နည်းကိုတော့ သင်ခန်းစာ (၂) မှာရှင်းပြပြီး
သားပါ နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်
Android အတွက် သင်ခန်းစာ (၄)
ဟိုတလောက recovery အကြောင်း ပြောပြီးပြီဆိုတော့ ဒီတဘက်တော့ cwm သွင်းနည်း အကြောင်းပြောပြပေးမှာ ဖြစ်ပါတယ် cwm သွင်းနည်းမှာ (၂)မျိုး ရှိပါတယ် (၁)Fastboot ကနေသွင်းနည်း (၂)Rom Manager ကနေသွင်းနည်း ဖြစ်ပါတယ်။ (၁) Fastboot ကနေသွင်းနည်း ဒါတွေမလုပ်ခင်မှာ ဒီကောင်တွေ သုံး ဖို့အတွက် ဒါလေး တွေ ဒေါင်းထားပေးပါ ဒါလေးတွေ ရှိမှဘဲ အပေါ်က ကောင်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် Fastboot ကနေ သွင်းဖို့အတွက် Fastboot and adb folder လေးကို ဒေါင်းထားလို်က်ပါ အပေါ်က ဟာ ဒေါင်းနေချိန်မှာ Computer ထဲက Cအောက်ထဲမှာ new folder တစ်ခု ဆောက်ပြီးတော့ adb လို့ ပေးထားလိုက်ပါ ဒေါင်းလို့ရလာတဲ့ဖိုင်ကို zip ဖြည့်ပြီးတော့ အထဲက ဖိုင် (၄)ဖိုင်ကို adb folder ထဲ ထည့်လိုက်ပါ စစဦးဆုံ cwm သွင်းတော့မယ်ဆိုရင် (cwm အကြောင်းကို အခန်း(၃) တွင်လေ့လာပါရန်) မိမိဖုန်းနှင့် သက်ဆိုင်သည့် cwm(.img) ဖိုင်ကို ရှာပြီး ဒေါင်းထားလို်က်ပါ ရှာနည်းကတော့ လွယ်ပါတယ် ကိုယ့်ဖုန်းက Huawei U8825D ဆိုပါစို့ www.google.com မှာ Huawei U8825D cwm recovery လို့ ရိုက်ရှာလိုက်ယုံပါဘဲ သူနှင့် သက်ဆိုင်သည့် cwm ကျလာပါလိမ့်မည် ဥပမာ ဒီလိုလေး ကျလာပါမည် u8825d recovery.img ဒါမှ မဟုတ်ရင် cwm recovery.img ဒါမှမဟုတ်ရင် recovery.img လို့ ကျလာပါလိိမ့်မည် အဲဒီဖိုင်လေးကို ဒေါင်းလင့်ဆွဲပြီးတော့ recovery.img လို့ ပြန်ပြင်ထား လိုက်ပါ ဘာလို့ ပြန်ပြင်ခိုင်းတာလဲဆိုရင်တော့ သွင်းတဲ့ နေရာမှာ အခက်အခဲ ရှိနေလို့ပါ အဲဒါကြောင့်ပါ တစ်ခါတစ်လေကျရင် bat.file လေးနဲ့ ကျလာတတ်ပါသည် သိတဲ့ သူကတော့ တစ်ခါတည်း သွင်းတတ်သလို မသွင်းတတ်တဲ့ သူကတော့ အဲဒီ bat.file လေးကို ဖြည့်ပြီး တော့ အထဲက recovery.img ဖိုင်ကို ယူတတ်ကြပါတယ် ဘာဘဲ ဖြစ်ဖြစ်တူတူပါဘဲ တစ်ချက် ရှင်းပြပါမယ် အဲဒီbat.file နဲ့ကျလာတတ်တဲ့ ဖိုင်လေးက ကျွန်တော်တို့ရဲ့ recvoery.img ဖိုင် လေးကို comment လိုင်းနဲ့ သွင်းရင် ကြာမှာစိုးလို့ 0ne click ပုံစံလေး ဆောက်ထားတာပါ အဲဒီ bat.file လေး သုံးမယ်ဆိုရင် ကိုယ့်ဖုန်းက fastboot အနေအထား ထားပြီးတော့ အဲဒီ bat.file လေးကို ဖွင့်ပြီးတော့ enter လေး ခေါက်လိုက်ယုံပါဘဲ comment လို်င်း သုံးစရာ မလိုတော့ဘူးပေါ့ အခုရှင်းပြမှာက recovery.img ဖိုင်နဲ့လာရင် comment လိုင်းနဲ့ သုံးတတ် အောင်လို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်၊ကဲပြောနေကြာပါတယ် ဆက်ပြောပါမယ် ရလာတဲ့ recovery ဖိုင်က (.img) ဖိုင် ဖြစ်ရပါမယ် အဲဒီဒေါင်းထာတဲ့ ဖိုင်လေးကို C အောက်ထဲက adb folder လေးထဲ ထည့်လို်က်ပါ၊ ပြီးရင် ဖုန်းကို fastboot ၀င်မယ် (fastboot အကြောင်းကို တော့` သင်ခန်းစာ (၂) တွင် ပြန်လေ့လာရန်) ပြီးရင်ဖုန်းကို ကွန်ပြုတာနဲ့ ကြိုးထိုးလိုက်ပါ C ထဲက adb folder ထဲ ၀င်ပြီးတော့ key board က shift key နဲ့ mouse က Right click ကို နှိပ်ပေးပါ၊ ချက်ဘောက်တစ်ခု တက်လာပါလိမ့်မည်၊Open commend window here ကို ရွှေး ပေးပါ၊ cmd commend ဘောက်လေး ကျလာပါလိမ့်မည်၊အဲထဲမှာ fastboot devices လို့ရိုက် လို်က်ပါ 123xxxxx device လို့ ပြရင် ဖုန်းနဲ့ cmd ဘောက်နဲ့ သိသွားပါပြီ၊မပြပါက driver မသိ လို့ ဖြစ်ပါတယ်၊အခု ကျွန်တော်တို့ လုပ်မှာက cwm recovery သွင်းမှာ ဖြစ်ပါတယ် အဲဒီအတွက်ကြောင့် ဒီ comment လေး ရိုက်ပေး ပါ fastboot flash recovery recovery.img လို့ရိုက်လိုက်ပါ၊ ပြီးရင် enter တချက်ခေါက်လို်က်ပါ finished ok လို့ ပြသွားပါလိမ့်မည်၊တကယ်လို့ failed ဖြစ်နေပါက မိမိဆွဲထားတဲ့ recoery ဖိုင်က မှားနေတာ ဒါမှမဟုတ် မိမိဖုနး်က locked အလုံးကြီး ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် Huawei မှာဆိုရင်တော့ နောက်ထွက်တဲ့ Huawei U8818 ကနေစပြီးတော့ locked ခံထားတာ ဖြစ်ပါတယ် ဘာ ဖြစ်လို့ locked ခံထားလဲဆိုရင် သူရဲ့ ဖုန်းကို လုပ်ချင်တာ လုပ်လို့မရအောင် locked ခံထားချင်း ဖြစ်ပါ တယ်(ကျွန်တော်သိသလောက်ပါ) samsung,HTC,Sony ဆိုမှာဆိုရင်လည်း အဲဒီအတို်င်းပါဘဲ Locked ဖြည့်ပြီးမှ ထည့်လို့ရတာတွေ ရှိပါတယ်၊အဲဒီအတွက် recovery မမှန်ရင် ပြန်ဆွဲပါ Locked ဖြစ်နေပါက Unlocked လုပ်ပြီးမှ သွင်းပါ ဒီနည်းကတော့ Samsung အတွက် အသုံးမဝင်ပါဘူး ဘာဖြစ်လို့လဲဆိုရင် Samsung မှာ သုံးဖို့ အတွက် odin ဆိုတဲ့ အရာလေး သုံးပေးရတာပါ samsug သုံးတော့မယ်ဆိုရင် ဖုန်းကို downloading mode အနေအထားမှာ ထားပေးရမှာ ဖြစ်ပါတယ် ပြီးရင် Odin ရဲ့ PDA ဆိုတဲ့နေရာမှာ cwm ဖိုင်လေး ထည့်ပေးရမှာ ဖြစ်ပါတယ် အဲဒီမှာ သတိထားရမှာက ှSamsung ရဲ့ cwm က tar,rar,md5 ဖိုင်နဲ့ လာတာဖြစ်ပါတယ် ထည့်ပြီးရင် Start ဆိုတာလေးကို နှိပ်လိုက်ရင် သွင်းပေးနေပါလိမ့်မည် အပေါ်က ချက်ဘောက်သေးသေးလေး တစ်ခုမှာ pased လို့ ပြ ရင် သွင်းပြီးသွားပါပြီ failed ပြနေပါက သွင်းတာ မှားနေလို့ ဖြစ်ပါလိမ့်မည် နောက်တစ်ခေါက် ပြန်သွင်း ပေးပါ (၂) Rom Manager ကနေသွင်းနည်း ဒီနည်းကတော့ သူထဲ့မှာ support ပေးတဲ့ မော်ဒယ်တွေလောက်ဘဲ ရပါတယ် ဒီနည်းကတော့ လူသုံးနည်းပါတယ် သိအောင်လို့ ပြောပြပေးပါမယ် Rom Manager.apk လေးကို ဖုန်းထဲကို သွင်းပါ ပြီးရင် မိမိဖုန်းမော်ဒယ်နှင့် သက်ဆိုင်သည့် မော်ဒယ်နံပတ်ကို ဒေါင်းပါ အဲဒီအချိန်မှာ မိမိဖုန်းမှာ အင်တာနက် ဖွင့်ထားဖို့လိုပါတယ် ပြီးရင် အဲဒီကနေဘဲ သွင်းရမှာ ဖြစ်ပါတယ် ဒီနည်းးကိုတော့ လက်တွေ့စမ်းသပ်ကြည့်ကြပါ လွယ်ပါတယ် ဘာ error မှ သိပ်မရှိပါဘူး အကျဉ်းချူပ်ပြောပြပေးတာ ဖြစ်ပါတယ် ADB အကြောင်းနဲ့ Fastboot ရဲ့ အသုံးဝင်ပုံကိုတော့ နောက်မှဘဲ အကျုယ်ချုပ် ရှင်းပြပါတော့မယ် လောလောဆယ် သိချင်ပါက အဲဒီ ဘောက်လေးမှာဘဲ adb လို့ရိုက်လိုက်ပါ အသုံးဝင်ပုံတွေ တက်လာ ပါလိမ့်မည် Fastboot ရဲ့ အသုံးဝင်ပုံကို သိချင်ပါကလည်း fastboot လို့ရို်က်လိုက်ပါ သူရဲ့အသုံးဝင် ပုံတွေ တက်လာပါလိမ့်မည် အဆင်ပြေပါစေ
Fastboot and ADB အားဒေါင်းရန်
Rom Manager အားဒေါင်းရန်
** Myat Kyaw Thu ( BE-MC ) www.mcmyatkyawthu.blogspot.com
0 comments:
Post a Comment