Sunday, August 16, 2015

Window တွင် boot record error ဖြေရှင်း ခြင်း























 Windows Operating System အသုံးပြုသူတွေ အနေနဲ့မိမိ ကွန်ပျူတာမှာ Dual Boot တင်ထားပြီး Linux ကို
ဖျက်ပစ်လိုက်တဲ့ အခါနဲ့ Boot Record မှာ Error ဖြစ်တဲ့အချိန်မျိုးမှာ Windows Boot ပြန်မတက်နိုင်တဲ့
အခြေအနေမျိုးကို ကြုံရမှာ ဖြစ်ပါတယ်။ ဒီလို Boot File တွေ ပျက်စီးသွားတဲ့ အခါမျိုးနဲ့ Boot Record Error ဖြစ်တဲ့ အချိန်မျိုးတွေမှာ
Windows ရဲ့ Boot File တွေကိုပြန်လည် ပြင်ဆင်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက် ပါတယ်။

Boot Record ပြဿနာကို ကြုံတွေ့ရပြီဆိုရင် Command Prompt ကနေ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ Command Prompt ကို
အသုံးပြုဖို့အတွက် Windows Opearting System ကို စတင် Install ပြုလုပ်တဲ့အခါမှာ မြင်ရတဲ့ Install Windows Now ဆိုတဲ့နေရာကို သွားရပါမယ်။
ဒီနေရာမှာ Install Now ဆိုတဲ့ Button ကို နှိပ်ရမှာ မဟုတ်ဘဲ၊ Repair your Computer ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် System Recovery Option ဆိုတဲ့ Box လေးပေါ်လာမှာ ဖြစ်ပါတယ်။

System Recovery Option Box မှာ Windows 7 ဒါမှမဟုတ် မိမိတင်ထားတဲ့ Windows 8 အစရှိတာတွေကို ရွေးချယ်ပေးပြီး၊ Next Button ကို
နှိပ်ရပါမယ်။ နောက်တစ်ဆင့် ရောက်သွားရင် Boot Record File တွေကို Command

Prompt ကနေ ပြင်ဆင်မှာ ဖြစ်တဲ့အတွက် Command Prompt ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

စတင်ပြင်ဆင်မယ့် အပိုင်းမှာ Command Prompt ထဲရောက်ပြီဆိုရင် လမ်းကြောင်းက X:\Sources>ဆိုတဲ့ လမ်းကြောင်းအောက်ကို
ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ Boot Record တွေကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် bootrec ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။
bootrecနဲ့ ပထမဦးဆုံး Master boot record ကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် bootrec /fixmbr ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။

ပြီးသွားရင် Boot ကို ပြန်လည် ပြင်ဆင်မှာဖြစ်တဲ့အတွက် bootrec /fixboot ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Boot Configuration Data ကို ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် bootrec /rebuildbcd ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် အချိန်အနည်းငယ်ခန့် စောင့်ပေးလိုက်ပါ။ လုပ်ငန်းပြီးစီး သွားပြီဆိုရင် နောက်တစ်ဆင့် သွားရမှာ ဖြစ်ပါတယ်။
ဒါကတော့ Dual Boot တင်ထားတဲ့ လူတွေအတွက်သာ ဖြစ်ပါတယ်။ Dual Boot တင်ထားတဲ့ သူတွေအတွက် မိမိ Boot အတွင်း OS တွေကို
Scan ပြုလုပ်ပေးပြီး Boot Configuration Data တွေ ပြန်လုပ်နိုင်ဖို့အတွက် bootrec / scanos ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Boot Record Error ကို ပြန်လည် ပြင်ဆင်တဲ့ လုပ်ငန်းစဉ် ပြီးစီးသွားပြီ ဖြစ်ပါတယ်။


Credit : လွမ်း ( နည်းပညာ )  


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.org

0 comments:

Post a Comment