Sunday, August 16, 2015

OnePlus 2 OxygenOS v2.0 Firmware





















OnePlus 2 ကိုင်သူတွေအတွက် OxygenOS v2.0 Firmware ကိုတင်ပေးလိုက်ပါတယ်။ ဒီ Firmware က OnePlus 2 H2OS Firmware ထက် သုံးရတာပိုမြန်ပြီး Google Service Apps တွေလည်းပါပြီးသားပါ။ OnePlus ကနေ Official ထုတ်ပေးထားတဲ့ Firmware လည်းဖြစ်ပါတယ်။ မိမိတို့ရဲ့ဖုန်းက China Edition ဖြစ်နေလို့ Google Service apps တွေမပါသေးဘူးဆိုရင် အခုပေးထားတဲ့ ROM ကိုပြောင်းသုံးသင့်ပါတယ်။ ကျွန်တော်ကတော့ Google Apps တွေမပါတဲ့ OnePlus2 (China edition) မှာ ဒီ ROM ကိုတင်ကြည့်ပြီးပါပြီ။ အဆင်ပြေပါတယ်။ Firmware ကိုအောက်က Link မှာရယူပါ။


OnePlus 2 OxygenOS v2.0 Firmware [Download Link]





Firmware တင်နည်းကတော့

– အပေါ်မှာ Download ရယူခဲ့တဲ့ Firmware ဇစ်ဖိုင်ကို ဖုန်းရဲ့ Internal Storage ထဲကိုထည့်ထားပါ။
-ပြီးလှ ျင်ဖုန်းကို Power ပိတ်ပါ။ Vol Down Key နဲ့ Power ခလုတ်ကိုတွဲနှိပ်ပါ။ Recovery ထဲရောက်သွားပါမယ်။ Language သုံးမျိုးနဲ့ပြပါလိမ့်မယ်။ English Language ကိုရွေးပါ။ (Vol Key များနဲ့ အထက်အောက်ဆင်းပြီး Power Key ဖြင့် Select လုပ်ရပါမည်)

-Install from built-in SD Card upgrade file ကိုရွေးပါ။ ခုနက Storage ထဲမှာထည့်ထားခဲ့တဲ့ Firmware ဇစ်ဖိုင်ကိုရွေးပေးလိုက်ပါ။ OK ကိုနှိပ်ပါ။ Firmware စတင်ပါပြီ။

Firmware တင်ပြီးရင်တော့ ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ Firmware အသစ်ကိုအောင်မြင်စွာတင်ပြီးပါပြီ။







စမ်းသပ်ကြည့်လိုက်ကြပါဦး။ အားလုံးပဲအဆင်ပြေကြပါစေ။




Credit :    Payephyokyaw(ပုသိမ်အိုင်တီ)            


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

0 comments:

Post a Comment