Friday, August 14, 2015

ဘာလဲဟေ့ Engineer Council Law





















အင်ဂျင်နီယာကောင်စီ ဥပဒေထွက်လို့လိုတဲ့ဗျာ။

ကျွန်တော်လည်း ဘယ်ရမလဲ သွားကြည့်လိုက်တာပေါ့။

ဝက်ဆိုဒ်က

http://www.myanmarengineeringcouncil.org/

ကြည့်လို့လည်း မရဘူးဗျ။

ကျွန်တော်က ဘာတွေများ ရေးထားလဲ သိချင်လို့ပါ။

နောက်ဝက်ဆိုဒ်နဲ့ ရင်းနှီးတဲ့ လူဆိုရင်တော့ သိမှာပါ။

ကဲ့ Engineer Council Website တဲ့ဗျ၊ https လည်းမဟုတ်၊ နောက် Country Name လည်း မပါ။

ကဲ့ အခုတော့ ကြေငြာစာတွေမှာ ဝက်ဆိုဒ်ကြီးထည့်ထားပြီး ကြည့်လို့လဲမရဘူး။ ခက်ပြီပေါ့။


ပြီးတော့ လုပ်သေးတယ်။

အင်ဂျင်နီယာ ဥပဒေက အစိုးရ၀န်ထမ်းတွေ မပါဝင်ဘူးတဲ့ဗျ။ ခက်ပြီနော့်။

သင်တန်းကလည်း တက်ရအုံးမယ်။

မလွယ်တော့ တော်တော်ကို မလွယ်တာပဲဗျ။

နောက် တွေ့မိပါတယ်။ ဆောက်လုပ်ရေး၀န်းကြီးဌာနနဲ့ သဘောတူညီချက်နဲ့ ဆိုပဲ။

တကယ်ဆို အင်ဂျင်နီယာလောကမှာ လိုင်းခွဲတွေက အများကြီးရှိပါတယ်။

ဉပဒေကို သွားကြည့်တော့လည်း Civil, EP, Mech တွေအတွက်ပဲပါသလားလို့။ ( မျက်စေ့မှောက်တာလည်း ဖြစ်နိုင်တယ်။ )

အခုလိုမျိုးလုပ်တာက ကျွန်တော်တို့တွေက နည်းပညာတက္ကသိုလ်တွေမှာ ကျောင်းတက်တာက အဆင့်မမှီတာ၊ စာသင်တဲ့ ဆရာတွေက မတော်တာ၊ မတက်တာများလား။

ဘွဲ့လက်မှတ်ထုတ်ပေးတဲ့ ပါမောက္ခကပဲ မှားနေတာလား စဉ်းစားစရာ ဖြစ်နေပါပြီ။

သိပ္ပံနဲ့ နည်းပညာ၀န်ကြီးဌာနကပဲ တရားဝင် အဖွဲ့အစည်းမဟုတ်ဘူးဆိုရမလိုလို။

နိုင်ငံရပ်ခြားမှာလည်း အဲ့လိုမျိုးပဲ လုပ်တာပဲလားပေါ့။

တော်တော်လေးတော့ တော်တော်လေးပါပဲ။




PE ရရှိမဲ့သူတွေကလည်း အနည်းဆုံး လုပ်သက်အနှစ်နှစ်ဆယ်ရမှာ ရမှာဆိုတော့ အခုခေတ်ပေါ် အင်ဂျင်နီယာလိုင်းတွေဖြစ်တဲ့ EC, IT, MC တွေကတော့ ဘယ်လိုလုပ်ရမလဲ။

သေချာတာကတော့ ကျွန်တော်က EC သမားပါ။

နည်းပညာလောက က အမြဲလိုလိုတိုးတက်နေတာ။ အခုခေတ်နည်းပညာတွေက အမြဲလိုလို လေ့လာနေမှ တော်ကာ ကျပါတယ်။

အခု ၂၀၁၅ ကို အနှစ် ၂၀ ပြန်နှုတ်လိုက်ရင် ၁၉၉၅ ကိုရောက်ပါတယ်။

၁၉၉၅ မှာ မြန်မာပြည်မှာ ICT တွေ အတော်ကို ခေတ်မှီနေတယ်လို့များ ပြောချင်တာလားမသိ။

ကွန်ပျူတာလောကကိုပြန်ကြည့်ရင် Windows 95 ထွက်တဲ့နှစ်ဖြစ်ပါတယ်။

Microsofts Company တောင် အောင်မြင်မှုတွေနဲ့ လှမ်းကွာနေဆဲ၊ ကွန်ပျူတာတွေတောင် မတွင်ကျယ်သော အချိန်ပါပဲ။

ပြောစရာတွေ ပြောနေရင်တော့ ကုန်တော့မှာမဟုတ်ပါဘူး။

ပြင်ပလောကမှာ အင်ဂျင်နီယာတွေ ဘယ်လောက် လှုပ်ရှားရုန်းကန်နေရတယ်ဆိုတာ အလုပ်လုပ်ဖူးတဲ့လူတိုင်းသိပါတယ်။

အလုပ်ရှင်တွေ ကျေနပ်မှုရသည်အထိ English, Computer Skills အတော်များများကို ကျွမ်းကျင်အောင် သင်ယူထားရပါတယ်။



ကဲ့ကဲ့ ပြောနေရင်တော့ ပြီးတော့မှာ မဟုတ်ပါဘူး။

ကျွန်တော် ရရှိထားသော ဒေလ်တာတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်နော့်။

ဘာတွေဆက်ဖြစ်မယ်ဆိုတာမျိုးကိုသာ စောင့်ကြည့်နေပေါ့နော့်။




































အင်ဂျင်နီယာလောက အမြဲလိုလို အောင်မြင်မှုတွေ ရနိုင်ပါစေလို့ ဆန္ဒပြုပါတယ်နော့်။

လေးစားလျှက်


Posted By

<< Zaw Lay  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.org


Fake Account လို့တော့ မပြောလိုက်နဲ့နော့်။ ဘလော့ဂ်မှာ ကျွန်တော့် Profile တင်ပြီးသားပါ။

0 comments:

Post a Comment