Sunday, October 5, 2014

PaidVerts မှာ ငွေရှာနည်း အပြည့်အစုံ






















Paidverts မှာ ငွေရှာနည်း

Paidverts Website မှာ ငွေရှာသူတွေက မြန်မာပြည်မှာ အတော်ကို များပြားလာပြီ ဖြစ်ပါတယ်။
ဒီဆိုဒ်က ဖုန်းနဲ့လည်း ကလစ်လို့ရတာလည်း အပါဝင်တစ်ခုပါပဲ။

ကျွန်တော်အရင်တုန်းကလည်း တစ်ခါတင်ပေးဖူးပါတယ်။ အဲ့တုန်းက စမ်းသပ်ဆဲမို့ ပြည့်စုံမှုမရှိပါဘူး။ အခု ငွေရှာနည်း၊ ဂိမ်းဆော့နည်း၊ ငွေတိုးအောင်လုပ်နည်း စတာတွေကို ဆွေးနွေးထားပါတယ်။

အပြိုင်ဆိုင် ရင်ခုန်စရာလည်းကောင်းသော ငွေရှာတဲ့ ဝက်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။

သမာရိုးကျ PTC Website တွေလိုမျိုးမဟုတ်ပဲ သူ့ဆိုဒ်မှာက ကြေငြာများကို BAPs Points များဖြင့်ထိန်းချုပ်ထားပါတယ်။

သာမာန်အားဖြင့် အကောင့်ဖွင့်ခါစမှာ BAPs 25 တန် ၁၆ ခု ပေးပြီး နောက်ပိုင်းမှာ BAPs 25 တန် ရှစ်ခုပဲ ပေးတာကို ကျွန်တော်လေ့လာပြီးပါပြီ။

အရင်က ၅၀ တန်တွေပေးတာပါ။ နောက်ပိုင်းမှာ ၂၅ တန်တွေပေးတာမျိုးဖြစ်ပါတယ်။

သူ့ဆီမှာ ပိုက်ဆံတွေက တကယ်လည်းရတဲ့အပြင် ကိုယ်ရထားတဲ့ ပိုက်ဆံတွေကလည်း တည်မြဲနိုင်အောင် ကြိုးစားရမှာပါ။

ရှင်းရှင်းပြောရရင် မိမိအားထုတ်မှုအပေါ်မူတည်ပြီး ပိုက်ဆံကို ရှာနိုင်မှာ ဖြစ်ပါတယ်။



ကဲ့ နိဒါန်းက ရှည်နေပါတယ်။ အကောင့်ဖွင့်နည်းကို သွားရအောင်။

အကောင့်ဖွင့်နိုင်အောင်

https://www.paidverts.com/ref/kokozawbeec

သို့သွားရောက်ပါ။

ကျွန်တော်ပေးထားတဲ့ လင့်ခ်ကပဲ ဖွင့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော် ကော်မရှင်ရမှာမို့ပါ။ မဟုတ်ရင်လည်း မိတ်ဆွေတို့ရဲ့ ကော်မရှင်တွေကို နိုင်ငံခြားက မသိသော သူတစ်ယောက်က ရသွားမှာပါ။



ပုံ(၁)

ပုံ(၁) မှာလိုမျိုးမြင်ရရင် Register or Create Account နှစ်သက်ရာ တစ်ခုခုကို ကလစ်လုပ်လိုက်ပါ။ အဲ့ နှစ်ခုက အတူတူပဲ ဖြစ်ပါတယ်။


 


ပုံ(၂)

ပုံ(၂) မှာ ကျွန်တော် အကောင့်ဖွင့်တဲ့ ပုံစံ နမူနာပြပေးထားပါတယ်။ အဲ့မှာ အရေးကြီးတာက အကောင့်ဖွင့်မည့် အီးမေးလ်၊ အီးမေးလ်က ကိုယ်ငွေထုတ်မဲ့ အီးမေးလ်နဲ့ တူမှ ရပါမယ်။ မတူရင် ငွေထုတ်လို့ရမှာ မဟုတ်ပါဘူး။ အကောင့်အီးမေးလ်နှင့်တူသော အွန်လိုင် Payment ကပဲ ငွေနိုင်တာမျိုးပါ။ အဲ့ဒါ အရေးကြီးပါတယ်။

ဒုတိယတစ်ခုက မွေးနေ့ပါ။ Date of Brith အဲ့ဒါကို သေချာမှတ်ထားဖို့ လိုအပ်ပါတယ်။ ငွေထုတ်ရင် အကောင့်ဖွင့်တုန်းက မွေးနေ့ကို မေးပါတယ်။ ကိုယ့်မွေးနေ့အစစ်ဆိုရင်တော့ မမေ့တော့ဘူးပေါ့ဗျာ။ အိုကေ အချက်လက်တွေစုံသွားရင် Open Account ကို ဖွင့်လိုက်ပါ။
ဒီကောင်က လန်းတယ်ဗျ။ အကောင့်ဖွင့်တာရသွားရင် ဘာ Activation မှ လုပ်ပေးစရာမလိုဘူးဗျ။ ( အခုချိန်ထိ )

တစ်ခါတည်းကြေငြာကြည့်တဲ့နေရာကို ရောက်သွားပါတယ်။ မရောက်ရင်လည်း အောက်က ပုံအတိုင်း ကြေငြာကြည့်တဲ့နေရာကို သွားရောက်နိုင်ပါတယ်။



ပုံ(၃)




ပုံ(၄)

ပုံ(၃) နှင့် (၄) က ကျွန်တော့်အကောင့်ဝင်တဲ့ ပုံစံကို ပြပေးထားပါတယ်။ အကောင့်အသစ်ဆိုရင်တော့ ကြေငြာ ၁၆ ခု ဖြစ်နေတက်ပါတယ်။ BAPs Points တွေပဲ ကြည့်ရမှာ ဖြစ်ပါတယ်။


 
ပုံ(၅)

ပုံ(၅) မှာ မြင်ရတဲ့အတိုင်း View Actication ad ဆိုတာလေးကို ကလစ်လုပ်ပါ။



ပုံ(၆)

ပုံမှာလိုမျိုးမြင်နိုင်ပါတယ်။

အဲ့မှာရေးထားသော စာများကို အောက်က လွတ်နေသော အကွက်မှာ ရေးရမှာပါ။ အရင်တုန်းကတော့ ကျွန်တော်တို့က စာတွေကို Copy/Paste လုပ်၊ ဒါမှမဟုတ် ကိုယ်တိုင်ရိုက်ရတာပါ။ အခု နောက်ပိုင်းမှာ ပုံမှာပါသော စာရွက်ပုံလေးကို သေချာကြည့်ပါ။ အဲ့ဒါလေးကို တစ်ချက်ကလစ်ကြည့်ပါ။ စာက အော်တိုကူးပေးသွားတာကို တွေ့ရမှာပါ။ ကျွန်တော်တောင် မနေ့က အဲ့စာရွက်က ဘာလုပ်တာလဲ စမ်းကြည့်မှ သိတာပါ။ အရင်ကမသိတော့ စာတွေကူးရတာမောနေတာပဲ။ အကောင့်သစ်ဖွင့်တဲ့ လူတွေ အဆင်ပြေတာပေါ့နော့်။ ပုံ(၆) က ဝိုင်းပြထားသော စာရွက်လေးတွေကို ကလစ်လုပ်သွားပါ။



ပုံ(၇)



ပုံ(၈)

စက္ကန့်သုံးဆယ်စောင့်ရတဲ့ ပုံပဲ ဖြစ်ပါတယ်။



ပုံ(၉)

စက္ကန့်သုံးဆယ်စောင့်ပြီးရင်တော့ စာလုံးလေးတွေမှန်အောင်ရိုက်ပြီး Comfirm ဆိုတာလေးကို ကလစ်လုပ်ပါ။


ပုံ(၁၀)

ပုံကအတိုင်းပေါ်လာရင်တော့ ကြေငြာကြည့်တာ အောင်မြင်သွားပါပြီ။ Close window ကို ကလစ်လိုက်ပါ။ အဲ့စာမျက်နှာ ပျောက်သွားပါတယ်။


ပုံ(၁၂)

အခုလိုမျိုး ပုံစံအတိုင်း ကြေငြာများကို ကြည့်ပြီး BAPs Point များကို ကြည့်သွားလိုက်ပါ။ အားလုံးပြီးသွားရင်တော့ ကြေငြာတစ်ခုမှ ကြည့်စရာ ရှိတော့မှာ မဟုတ်ပါဘူး။ ဒီလိုဆို ဘာဆက်လုပ်မလဲပေါ့။

ဘာမှ လုပ်စရာမလိုပါဘူး။ အကောင့်သစ်ဖွင့်တာမို့ အစပိုင်းမှ ပိုက်ဆံမပေးပါဘူး။ ပွိုင့်တွေပဲ ပေးတာများပါတယ်။

ပွိုင့်ကလည်း အစပိုင်းမှာပဲ တစ်နေ့လေးရာပေးပြီး နောက်ပိုင်းမှာတော့ နှစ်ရာပဲ ပေးပါတော့တယ်။

မိမိဆီမှာ ပွိုင့်တွေများလာပါက နောက်နေ့များမှာ ပိုက်ဆံရသော ကြေငြာများပေးပါတယ်။ အဲ့ဒါတွေကို ကြည့်ရင်တော့ ပိုက်ဆံရမှာ ဖြစ်ပါတယ်။

ဒါပုံမှန်ဖြစ်စဉ်ပါပဲ။



ကဲ့ ပိုက်ဆံတွေ အများကြီးရလာအောင် ဘယ်လိုလုပ်မလဲ။ ?????????????????????????????
လွယ်လွယ်လေးပဲဗျ။ အခုဆိုဒ်က ကြေငြာကို ပွိုင့်နဲ့ချိတ်ထားတာမို့ မိမိဆီမှာ ပွိုင့်တွေအများကြီးရှိရင် ကြေငြာစျေးကြီးတာတွေကို ရမှာပါ။ ကြေငြာတွေက 0.0005$-200$ အထိရပါတယ်။ တစ်ခုက ဘယ်ကြေငြာပဲ ကြည့်ကြည့် စက္ကန့်သုံးဆယ်ပုံမှန်ပါပဲ။
ဒီတော့ဗျာ ပွိုင့်တွေအများကြီးရအောင် ဘယ်လိုလုပ်မလဲ။



နည်းလမ်း(၁)

ဂိမ်းကို နိုင်အောင်ဆော့ပြီး ပွိုင့်တွေ တိုးအောင်လုပ်ပါမယ်။
မိမိအကောင့်မှာ Games ဆိုတာလေးကို ကလစ်လုပ်ပါ။ အဲ့မှာဗျာ ဂိမ်းတွေမှ အများကြီးပဲ။ ပွိုင့်တွေထိုးရမှာပါ။ နိုင်ရင်တော့ ကိုယ်ရမှာပေါ့။ ရှုံးတော့လည်း ဘယ်တက်နိုင်မလဲနော့်။


ပုံ(၁၃)


 
ပုံ(၁၄)

ကျွန်တော်ကတော့ ခေါင်းပန်းလှန်တဲ့ Coin Flip Game လေးကို ကြိုက်ပါတယ်။ ဆော့လည်းဆော့ပါတယ်။ နိုင်လည်း နိုင်သလို ရှုံးတာတွေလည်း ရှိပါတယ်။

ကဲ့ အသင်းဝင်အသစ်များအနေနဲ့ ဂိမ်းဆော့မယ်လို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ အရင်ဆုံး Paidverts မှာ တစ်နေ့ပုံမှန်ပေးသော BAPs Points တွေကို စုသွားပါ။ နောက်ပိုင် တစ်နေ့လေးရာ မပေးတော့ပဲ ၂၀၀ ပဲ ပေးသော အချိန်ရောက်ပြီးဆိုမှ ဂိမ်းကို စဆော့ပါ။

 အဲ့လိုမျိုးဆို အစပိုင်းမှာ ဝက်ဆိုဒ်က ပေးသော အရင်းလေးနဲ့ ဂိမ်းကို အေးဆေးဆော့နိုင်တာပေါ့ဗျာ။

ကျွန်တော့်မှာ ကိုထက်နိုင်လင်းရေးတဲ့ ခေါင်းပန်းလှန်တဲ့ ဂိမ်းလျှို့ဝှက်ချက် စာအုပ်လေးရှိပါတယ်။ အဲ့စာအုပ်လေးကို ဒေါင်းလုပ်ခ်ရယူပြီး ကိုယ်တိုင် စမ်းကြည့်လေ့လာနိုင်ပါတယ်။


http://www.solidfiles.com/d/b2d6cdd0c1/Secret_of_Paidverts_coin_flip.rar

http://pro.downloadmm.com/mzy0p83tbwfq/Secret_of_Paidverts_coin_flip.rar.html


ကျွန်တော်လည်း အဲ့စာအုပ်က နည်းလမ်းလေးနဲ့ဆော့သလို တစ်ခါတစ်လေတော့လည်း ကံကိုအားကိုပြီး ဆော်လိုက်တက်တာမျိုးရှိပါတယ်။

ဂိမ်းဆော့ရင် သတိပြုစရာရှိတာက များများထိုးတာ ရှုံးလို့ဆိုပြီး ဇွတ်မလိုက်သင့်ပါဘူး။ အဲ့လိုမျိုးဆို အကုန်လုံး လစ်သွားတက်ပါတယ်။ အခု ကျွန်တော်တော့ အတော်ကို နေတက်သွားပါပြီ။ ကုန်ပေါင်းလည်းများနေပြီကိုး။

အိုကေ ဂိမ်းတွေဆော့ပြီး ပွိုင့်တွေနိုင်လိုကတော့ မိတ်ဆွေတို့ အကောင့်ဝင်ရင် အံသြဖွယ်ရာ ကြေငြာတွေက ကြိုဆိုနေပါလိမ့်မယ်။



နည်းလမ်း(၂)

ပိုက်ဆံရင်းပြီး ငွေထည့်ကာ ပွိုင့်တွေဝယ်မယ်။

ဒီနည်းကလည်း ဆိုးတော့မဆိုးဘူးဗျ။ တစ်ခါတစ်လေတော့လည်း ဂိမ်းကဆော့တယ်။ အစကတော့ နိုင်တယ်။ နောက်ပိုင်း လစ်သွားတယ်ဆိုရင် ပွိုင့်တွေကလည်း တစ်နေ့မှ ၂၀၀ စိတ်မရှည်တော့ဘူးဆို ပွိုင့်တွေ တစ်ခါတည်းအများကြီးရအောင် ဝယ်လိုက်တာ အကောင်းဆုံးပါပဲ။ တစ်ဒေါ်လာက စပြီး ပွိုင့်တွေကို ဝယ်နိုင်ပါတယ်။

ပွိုင့်ဝယ်နည်းကို သိချင်ရင် အောက်မှာ ကိုထက်နိုင်လင်းရေးထားသော မြန်မာငွေဖြင့် ပွိုင့်ဝယ်ထည့်နည်းလေးကို လေ့လာပေါ့နော့်။


http://www.solidfiles.com/d/cce094d4af/Buying_BAP_Point.rar

http://pro.downloadmm.com/y4ujamd61kx7/Buying_BAP_Point.rar.html


ကျွန်တော့်ဆီဆက်သွယ်ပြီး မေးမြန်းပြီး ဝယ်လည်းရပါတယ်။ တကယ်တမ်းတော့ ပွိုင့်ဝယ်နိုင်အောင် မြန်မာပိုက်ဆံကို PerfectMoney Account ဆီပို့ပြီး PM တစ်ဆင့် ဝယ်တာမျိုးပါ။ Paypal ကလည်း ဝယ်နိုင်ပါတယ်။ တကယ်လိုများ မိမိအကောင့်မှာ ပိုက်ဆံရှိတယ်ဆိုရင်လည်း အဲ့ပိုက်ဆံနဲ့ ပွိုင့်ဝယ်လို့ရပါတယ်။



နည်းလမ်း(၃)

အသင်းဝင်များအောင် လုပ်ပါ။

တကယ်လို့များ မိမိဆီမှာ သူငယ်ချင်းတွေ အများကြီးရှိပြီး သူတို့ကလည်း ငွေရှာဖို့ စိတ်ဝင်စားတယ်ဆိုရင် မိမိအကောင့်လင့်ခ်ကနေပြီး အကောင့်ဝင်ခိုင်းခြင်းဖြင့် သူတို့ဆီက ကော်မရှင်ကို ရနိုင်ပါတယ်။


 
ပုံ(၁၅)

 
ပုံ(၁၆)

တကယ်တော့ အခု ကျွန်တော်ပြောတဲ့ Paidverts Website က ပွိုင့်ကိုပဲ အဓိကခြေခံပါတယ်။ ဉပမာဗျာ မိတ်ဆွေက 1 $ AD Pack ကို ဝယ်လိုက်ရင် ချက်ခြင်းဆိုသလို ပွိုင့် ၃၁၀၀ ကို ရလာပါတယ်။ ဝက်ဆိုဒ်က ပြောတာတော့ တစ်ဒေါ်လာတန်တစ်ခုဝယ်ရင် 1.55 $ ရပါမယ်လို့ ဆိုပါတယ်။ တကယ်လည်းရပါတယ်။ အဲ့ပွိုင့်သုံးထောင်တစ်ရာ အတိုင်း ကြေငြာများကိုချပေးပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာခွဲရပါတယ်။ ဘာဖြစ်လို့ရတာလဲ။ သူပေးထားတဲ့ ပွိုင့်အတိုင်း ကြေငြာများစွာကို မိတ်ဆွေက ကလစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ အဲ့အချိန်မှာ မိတ်ဆွေအနေနဲ့ ပွိုင့်တိုးအောင် ဂိမ်းမဆော့ခဲ့ရင် တစ်ဒေါ်လာခွဲရောက်တဲ့အချိန်မှာ ပွိုင့်တွေလည်း မရှိသလောက် ဖြစ်နေပါပြီ။ နောက်ပြီး ကြေငြာတွေကလည်း ပွိုင့်နည်းလာသည်နှင့်အမျှ 0.0005 $ တွေပဲ များနေမှာပါ။ ကလစ်ရတာလက်ညောင်းပါတယ်။ ဒါကြောင့်လည်း ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ပိုက်ဆံတွေပုံမှန်ရချင်ရင်တော့ ဂိမ်းလေးကို ထိန်းဆော့သင့်ပါတယ်လို့ပဲ ပြောပါရစေ။ ဂိမ်းကလည်း လိုက်တာများရင် ရှုံးတက်ပါတယ်။ ဒါကြောင့် ပုံမှန် နိုင်သွားတာနဲ့ အနိုင်နဲ့ ပိုင်းပေါ့ဗျာ။ ကိုထက်နိုင်လင်းပေးထားတဲ့ နည်းလမ်းနှင့် ဆော့တာ အတော်များများနိုင်တာကို တွေ့မြင်မှာပါ။

အိုကေပါစေနော်။

နောက်ဆုံးအနေနဲ့ ကျွန်တော် ကိုထက်နိုင်လင်းနှင့်အတူ အခြားသောငွေရှာသူတွေ ကျင်လည်နေသော Facebook Group ကို ညွန်ပေးလိုက်ပါမယ်။

https://www.facebook.com/groups/1454658108151617/

အဲ့ကိုရောက်သွားရင် မိမိနှင့် ဝါသနာတူသော သူတွေ ဘယ်လောက်များတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ငွေရှာတာကို အဖွဲ့လိုက်လှုပ်ရှားတာဖြစ်ပြီး တကယ်လို့များ မရှင်းလင်းတာများကို ဂရုမှာ မေးမြန်ဆွေးနွေးနိုင်ပါတယ်။

ဖေ့ဘုတ်ဂရုမှာ ကျွန်တော့်အကောင့်က https://www.facebook.com/zaw.lay.96343
Zaw Lay ဆိုတဲ့အကောင့်ပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို အွန်လိုင်းမှာ ပိုက်ဆံရှာတာကို အတော်ကို အိုကေပြီလို့ ဆိုရပါမယ်။

အင်တာနက်အသုံးပြုပြီး အားလပ်သော အချိန်လေးတွေကို လက်တွေ့အသုံးချကြတာပေါ့ဗျာ။

ငွေထုတ်ချင်တယ်ဆိုရင် Cashout Earnings ဆိုတာလေးကို ကလစ်လုပ်၊ အဲ့မှာ မွေးနေ့၊ ငွေထုတ်မဲ့အကောင့် စတာတွေကို ဖြည့်ပြီး ငွေထုတ်ယူနိုင်ပါတယ်။

Perfect Money Account ကို အသုံးပြုမယ်ဆိုရင်တော့

http://www.solidfiles.com/d/0c3414c545/PerfectMoney_Account.pdf   ကို ဒေါင်းပြီးလေ့လာနိုင်ပါတယ်။


အခုပို့စ်လေးကို စာအုပ်လေးအဖြစ်လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


http://www.solidfiles.com/d/2c05aca4fa/Paidverts.rar

http://pro.downloadmm.com/o2rcjwjzt3do/Paidverts.rar.html




အားလုံးအဆင်ပြေနိုင်ပါစေနော့်။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                  www.htarwaiethar.org

1 comment:

  1. The best things about Clixsense's Get Paid To Click Program:
    1. Up to $0.02 per click.
    2. 5 secs lowest timer.
    3. Repeat every 24 hours.

    ReplyDelete