Sunday, October 5, 2014

Online Payment Service တစ်ခုဖြစ်တဲ့ Perfect Money Account ဖွင့်ကြည့်ရအောင်


















 PerfectMoney Account ဖွင့်နည်း

Online Payment Service တစ်ခုဖြစ်တဲ့ PerfectMoney အကောင့်က အခုဆိုရင် မြန်မာပြည်မှာလည်း အတော်ကို အသုံးပြုလာပါတယ်။

သူလည်းပဲ နာမည်ကြီး PayPal လိုမျိုး အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခုပဲ ဖြစ်ပါတယ်။

မိတ်ဆွေ၊ သူငယ်ချင်၊ နှင့် အခြားသူများထံ မိမိက ငွေပို့ချင်တာဖြစ်ဖြစ်၊ ထိုသူများထံမှ ငွေလက်ခံတာပဲ ဖြစ်ဖြစ် နိုင်ငံခြားငွေအတွက် ယုံကြည်စိတ်ချရသော အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခုသာ ဖြစ်ပါတယ်။

အရင်ကတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားငွေလွှဲဖို့ဆိုရင် PayPal ကိုပဲ အဓိက အားထားရပါတယ်။ ခက်တာက PayPal က မြန်မာအိုင်ပီဆို လော့ခ်ချလိုက်တာမျိုး၊ နောက် PayPal အနေနဲ့လည်း နိုင်ငံရွေးရင် မြန်မာနိုင်ငံလည်း ပါဝင်ခြင်းမရှိတာကို အကောင့်ဖွင့်သူတွေ တွေ့ရမှာပါ။ ကျွန်တော်လည်း PayPal Account ကို US နိုင်ငံသားပါဆိုပြီး အကောင့်ဖွင့်ထားရပါတယ်။ မလန်းဘူးပေါ့ဗျာ။ ဘယ်တက်နိုင်မလဲ။

နောက် PayPal Account က Bank , Credit Card တစ်ခုခုနဲ့ Verifed လုပ်ရတာလည်း ကွိုင်တစ်ခုပါပဲ။ Unverified ဖြစ်ရင် အကောင့်က လော့ခ်ကျတာလည်း ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံခြားက လူတွေအတွက် အဆင်ပြေကောင်းပြေပေမဲ့လည်း မြန်မာအတွက်တော့ ကသိကအောက်တော့ နည်းနည်းဖြစ်တာပေါ့ဗျာ။ အနာဂတ်တစ်ချိန်ချိန်မှာတော့ အဲ့ပြဿနာက အဆင်ပြေကောင်းပြေလာမှာပါ။

ကဲ့ အကောင့်ဖွင့်နည်းကို သွားလိုက်ရအောင်။

တကယ်တော့ အကောင့်ဖွင့်ရတာ အတော်ကို လွယ်ကူပါတယ်။ ဘာအိုင်ပီမှ ကျော်စရာလည်း မလိုသလို အချက်လက်တွေကလည်း စိတ်ကြိုက်ထည့်သွင်းနိုင်သလို ဖုန်းနံပါတ်တောင် ၀၉……… အစသဖြင့်ထည့်သွင်းနိုင်ပါတယ်။

နိုင်ငံမှာလည်း မြန်မာဆိုပြီး ရွေးနိုင်ပါတယ်။ မြို့ကတော့ ကိုယ်နေထိုင်တဲ့ မြိုပေါ့ဗျာ။ Zip Code မှာတော့ နှစ်သက်ရာ ကိန်းလေးလုံး ရိုက်ထည့်ရမှာပါ။ အဲ့တစ်ခုပါပဲ။


ကဲ့ အကောင့်ဖွင့်နိုင်အောင်………………


https://perfectmoney.is/signup.html?ref=7177386

သို့ သွားရောက်ပါ။

အောက်က ပုံလိုမျိုးတွေ့မြင်နိုင်ပါတယ်။



ပုံ(၁)

 
ပုံ(၂)



ပုံ(၃)


ပုံ(၂) နှင့် ပုံ(၃) မှာ ကျွန်တော် အကောင့်တစ်ခုဖွင့်တဲ့ပုံစံကို ဉပမာ ပြပေးထားပါတယ်။ အချက်လက်တွေကတော့ မိတ်ဆွေတို့ အချက်လက်တွေထည့်ပေါ့နော့်။ Zip Code မှာ တော့ ကိန်းလေးလုံးထည့်ရမှာပါ။


 
ပုံ(၄)


အကောင့်ဖွင့်လိုက်ရင် ပုံ(၄) လိုမျိုးမြင်ရပါတယ်။ မိမိအီးမေးလ်မှာ အိုင်ဒီနံပါတ်ပို့ထားတယ်လို့ ပြောတာပါ။ PerfectMoney Account က တစ်ခြားအကောင့်တွေလိုမျိုး အီးမေးလ်နှင့် ဝင်ရတာမျိုးမဟုတ်ပါဘူး။ အိုင်ဒီနံပါတ်နဲ့ ဝင်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။

အကောင့်ကိုဝင်ရင် အဲ့ အိုင်ဒီနံပါတ်ကို အသုံပြုပြီး ဝင်ရမှာ ဖြစ်ပါတယ်။ ပက်စ်ဝက်ကတော့ အကောင့်ဖွင့်တုန်းက ပက်စ်ဝက်ပဲ အသုံးပြုရမှာပါ။ ကဲ့ အီးမေးလ်လေးတစ်ချက် သွားစစ်ရအောင်။


 
ပုံ(၅)

ကျွန်တော့်အကောင့်ဆီတော့ အီးမေးလ်ပို့ထားပါပြီ။ တကယ်လို့များ အီးမေးလ်ကို Inbox မှာ မတွေ့ရင် Span Folder မှာ ရှာကြည့်ပါ။ ကျွန်တော်က Outlook သုံးထားလို့ အခုလိုမျိုး မြင်ရတာ ဖြစ်ပါတယ်။ Gmail အသုံးပြုရင်တော့ မိမိ Gmail Inbox မှာ PerfectMoney က ပို့တဲ့ အီးမေးလ်ကို ရှာရမှာပါ။ အခုပုံမှာဆို ဒုတိယမေးလ် Welcome to Perfect Money … အဲ့ မေးလ်ကိုဖွင့်ရမှာပါ။

 
ပုံ(၆)

ပုံမှာ မြင်တဲ့အတိုင်းပါပဲ။ အိုင်ဒီနံပါတ်ကို ရပါပြီ။ PerfectMoney Website ကို အသုံးပြုလို့ရပြီပေါ့နော့်။ ကဲ့ သူဆိုဒ်လေးကို သွားပါမယ်။

 
ပုံ(၇)

မိမိရထားတဲ့ အိုင်ဒီနံပါတ်ရယ်၊ အကောင့်ဖွင့်တုန်းက ပက်စ်ဝက်လေးကို အသုံးပြုပြီး စာလုံးစောင်းလေးတွေကို မှန်အောင်ရိုက်၊ Authorize ဆိုတာလေးကို ကလစ်လုပ်ပါ။

 
ပုံ(၈)

ပုံ(၈) မှာ ကျွန်တော် ဘောင်ခတ်ထားတာက မိမိဆီငွေလွှဲချင်တဲ့ အခါအသုံးပြုမဲ့ PerfectMoney Account ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာတစ်ခုက Perfect Money Account က အခြားအကောင့်တွေလိုမျိုး အီးမေးလ်၊ အသုံးပြုသူအမည် စတာတွေနဲ့ ငွေပို့၊ ထုတ်ယူလို့မရပါဘူး။ သူ့က နံပါတ်လေးတွေနဲ့ ငွေလွှဲရတဲ့ အမျိုးအစားဖြစ်ပါတယ်။

ပုံ(၈) မှာဆိုရင် အပေါ်ဆုံးတစ်ခုက ကျွန်တော်လည်း မသိလို့ချန်လိုက်ပါမယ်။ ဒုတိယ U7005913 ဆိုတာက မိမိ US Dollar Account Number ပဲ ဖြစ်ပါတယ်။ အောက်ဆုံးက E7743869 ဆိုတာကတော့ EU ပိုက်ဆံအကောင့်နံပါတ်ပဲ ဖြစ်ပါတယ်။

တကယ်လိုများ ကိုယ်က ငွေရှာတဲ့ဆိုဒ်၊ သူငယ်ချင်းတစ်ယောက်ယောက်ဆီက ငွေလွှဲလက်ခံချင်တယ်ဆိုရင် အဲ့နံပါတ်လေးပေးပြီး ငွေပို့ခိုင်းရမှာပါ။

ဉပမာ။  ။ ကျွန်တော်က ငွေရှာတဲ့ဆိုဒ်က ငွေထုတ်ချင်တယ်ဆိုရင် Payment မှာ Perfect Money ကို ရွေးပြီး မိမိအကောင့် U7005913 ကို ညွန်းပေးရမှာဖြစ်ပါတယ်။ အသုံးပြုသူအတော်များများကတော့ ဒေါ်လာပဲ ပို့ကြမှာလို့ထင်ပါတယ်။သို့သော်လည်း EU ပို့ချင်တယ်ဆိုရင်တော့ အောက်ဆုံးက ကုဒ်လေးကို ညွန်းပေါ့ဗျာ။

တစ်ခြားတစ်ယောက်ယောက်ကို ငွေလွှဲချင်တယ်ဆိုရင်လည်း အဲ့တစ်ယောက်ရဲ့ US Dollar Number လေးတောင်းပြီး အဲ့နံပါတ်ရယ်၊ ငွေပမာဏရယ်နဲ့ လွဲပေးနိုင်ပါတယ်။

အိုကေပေါ့။ ဒီလောက်ဆို အိုကေပါပြီနော့်။ အခုလောလောဆယ်တော့ အကောင့်မှာ ဘာပိုက်ဆံမှ မရှိသေးပါဘူး။ ရှိလာရင် အဲ့နံပါတ်တွေနောက်မှာ တန်ဖိုးတွေ ပြပေးမှာပါ။

ဒီကောင်က ဆန်းတော့ဆန်းတယ်နော့်။ အကောင့်ဝင်ရတာ အိုင်ဒီနဲ့ ဝင်ရတယ်။ ငွေလက်ခံမယ်ဆိုတော့ နောက်ကုဒ်နံပါတ်နဲ့ ပို့မှ ရတယ်။ အဆန်းပဲ။ အားလုံးအဆင်ပြေနိုင်ပါစေဗျာ။

စာအုပ်အဖြစ်သိမ်းထားချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်


Download From DownloadMM

Download  From Solidfiles





ပိုက်ဆံရှာတာတွေက အောက်ကလင်ခ်တွေမှာ ရောက်လေ့လာနိုင်ပါတယ်ခင်ဗျား။    


Link 1    

Link 2           





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                www.htarwaiethar.org
      

0 comments:

Post a Comment