Wednesday, October 1, 2014

MyanPay Account ဖွင့်နည်း၊ Verified ဖြစ်အောင်လုပ်နည်း၊ အသုံးပြုနည်း ( အတွေ့ကြုံ )






























နိုင်ငံခြားက PayPal ပုံစံလိုမျိုး မြန်မာနိုင်ငံက မြန်ပေးလေးအသုံးပြုပုံ အကောင့်ဖွင့်ပုံလေးကို ကျွန်တော် မျှပေးလိုက်ပါတယ်။

MyanPay Account ဖွင့်တော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သိသင့်တာလေးတွေ နည်းနည်းပါးပါးရှိတာမို့ ကျွန်တော်အကောင့်ဖွင့်တုန်းက အတွေ့ကြုံလေးနဲ့ရောထွေးလိုက်မိပါတယ်။

မြန်ပေးအကောင့်ကိုဖွင့်တော့မယ်ဆိုရင်

၁) မှတ်ပုံတင်ရှိရပါမယ်။

၂) ပြည်တွင်းမှာ အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းတစ်ခုခုရှိရပါမယ်။

၃) ငွေဖြည့်သွင်းဖို့ နီးစပ်ရာ ဘဏ်တစ်ခုခု ( ဉပမာ KBZ ) ရှိရပါမယ်။

၄) အီးမေးလ်အကောင့်တစ်ခု ရှိရပါမယ်။


အပေါ်တွင် ဖော်ပြချက်တဲ့ အချက်လေးခုလုံးရှိရင် မြန်ပေးအကောင့်တစ်ခုကို ဖွင့်ပြီး Verified ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက မြန်ပေးမှာ အကောင့်ဖွင့်ဖို့ User Name ရွေးရင် သတိထားဖို့လိုအပ်ပါတယ်။ မိမိအမည်အစစ်ကို အသုံးပြုသင့်ပါတယ်။ Nick Name တွေ မသုံးပြုသင့်ပါဘူး။

အခုလိုမျိုး အွန်လိုင်းငွေပေးချေမှုစနစ်တွေက လုံခြုရေးကို တင်းကြပ်ထားတာမို့ တကယ်လို့များ အကောင့်က ပျက်တာတို့ တစ်ခုခုဖြစ်တာတို့ဆို မှတ်ပုံတင်အမှတ်စတာတွေနဲ့ တိုက်စစ်မှာမို့ အမည်တွေက မတူရင် အဆင်မပြေနိုင်ပါဘူး။

User Name က ဖွင့်ပြီးသားတစ်ယောက်ယောက်ရှိရင်တော့ အဲ့အမည်နဲ့ပဲ နံပါတ်လေးတွေရောပြီး အကောင့်ဖွင့်နိုင်ပါတယ်။

ကဲ့

-  အကောင့်ဖွင့်ဖို့ https://www.myanpay.com.mm   သို့သွားရောက်ပါ။

-  Create an account ဆိုတာလေးကို ကလစ်လုပ်ပါ။

- Account Type မှာ Personal ဆိုတာကို ရွေးပါ။

-  ကိုယ်ဖန်တီးမဲ့အကောင့်နှင့်သက်ဆိုင်သော အရာများကို ဖြည့်စွက်ပါ။ User Name , Display Name , Password , Security Question စတာတွေကို ဖြည့်စွက်ပါ။

Security Question and Answer ကို သေချာမှတ်သားထားပါ။ ဖုန်းနံပါတ်ထည့်သွင်းတဲ့နေရာမှာ နိုင်ငံကုဒ်ထည့်စရာမလိုပါဘူး။ ရိုးရိုး 09250...... အစရှိသလိုပဲ ရိုက်ထည့်ရမှာပါ။

အကောင့်နှင့်သက်ဆိုင်တာများဖြည့်စွက်ပြီးပါက Sign Up လုပ်လိုက်ရင် အကောင့်ကို Activate ပြုလုပ်ရအုံးမှာပါ။

အကောင့်ဖွင့်တုန်းက အီးမေးလ်ကို ဖွင့်လိုက်ပါ။ မြန်ပေးက ပို့ထားသော အီးမေးလ်ကို ဖွင့်ပြီး အဲ့က Activate or Comfirm Link ကို ကလစ်လုပ်ပါ။ တစ်ခါတစ်ရံ အီးမေးလ်က Spam Folder မှာ ရောက်နေတက်ပါတယ်။

အကောင့် Activate ဖြစ်သွားပါက မြန်ပေးကို ဝင်ရောက်ကြည့်ရှု့လိုက်ပါ။

အကောင့်က Unverified ဆိုတာလေးကို တွေ့မိမှာပါ။

အကောင့်က Verified မဖြစ်သေးပါဘူး။


အကောင့် Verified ဖြစ်အောင်လုပ်ဖို့ အဆင့်သုံးဆင့်ကျန်ပါတယ်။

၁) မှတ်ပုံတင်ပို့ပေးရပါမယ်။

ကိုယ်မှတ်ပုံတင်ကို Scan ( or ) ဓါတ်ပုံရိုက်ပြီး support@myanpay.com.mm  သို့ အီးမေးလ်ပို့လိုက်ပါ။ နှစ်ဆယ့်လေးနာရီ အတွင်း မှတ်ပုံတင် ပို့ပေးတာ အဆင်ပြေကြောင်း အီးမေးလ်အကြောင်းပြန်ပါတယ်။


၂) Mobile Phone Verified ဖြစ်အောင်လုပ်ရပါမယ်။

www.myanpay.com.mm မှာ Sign In ဝင်ရောက်ပြီး Unverified ဆိုတာလေးကို ကလစ်လုပ်ပါ။ Mobile Verifie ဆိုတာလေးကို ကလစ်လုပ်ပါ။ အကောင့်လုပ်တုန်းက ဖုန်းနံပါတ်ကို မှန်မမှန်မေးပါတယ်။ Accept လုပ်လိုက်ပါက ကုဒ်တွေထည့်သွင်းဖို့နေရာသို့ရောက်သွားပါတယ်။ အချိန် အနည်းငယ် နှစ်မိနှစ်၊ သုံးမိနှစ်၊ ငါးမိနှစ်လောက်အတွင်း မိမိဖုန်းကို ကုဒ်ပို့ပေးပါတယ်။ အဲ့ကုဒ်ကို ထည့်သွင်းလိုက်ရင် အဆင်ပြေသွားပါပြီ။


၃) နောက်ဆုံးအဆင့်အနေနဲ့ မြန်ပေးအကောင့်ကို ငွေထည့်သွင်းတာပဲ ဖြစ်ပါတယ်။

ငွေထည့်သွင်းဖို့ www.myanpay.com.mm မှာ Sign In ဝင်ရောက်ပြီး Add Fund ဆိုတာလေးကို ကလစ်လုပ်၊ ငွေသွင်းမဲ့ ဘဏ်တွေဖြည့် အကုန်ဖြည့်စရာတွေပြီးရင် Add Fund ဆိုတာလေးကို ကလစ်လိုက်တာနဲ့ အီးမေးလ်ကို ငွေထည့်သွင်းရမဲ့ ဘဏ်၊ ဘဏ်ခွဲ၊ transaction ID စတာတွေကို ပို့ပေးပါတယ်။ transaction ID ၊ ဘဏ်အကောင့်တွေကို သေချာမှတ်သားထားလိုက်ပြီး ဘဏ်ကို သွား၊ မြန်ပေးကို ငွေဖြည့်ချင်လို့ပါလို့ပြော၊ အကောင့်နာမည်တွေ၊ transaction ID စတာတွေမေးလိမ့်မယ်။ အဲ့အတိုင်းငွေဖြည့်လိုက်ပြီးရင် support@myanpay.com.mm  ကို အီးမေးလ် ပို့ ဘယ်တုန်းက  transaction ID အတွက် ငွေပို့လိုက်တယ်ပြောလိုက်တာနဲ့ မြန်ပေးက ကိုယ့်အကောင့်မှာ ငွေထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။

အဲ့လိုမျိုးအဆင့်လေးဆင့်လုံး ပြီးသွားရင်တော့ ကိုယ့်အကောင့်လေးက Verified ဆိုတာလေးကို တွေ့မှာပါ။


အသေးစိတ်သိချင်ရင် http://help.myanpay.com.mm  မှာ သွားရောက်လေ့လာနိုင်ပါသေးတယ်နော့်။

တစ်ခုခု အဆင်မပြေရင် support@myanpay.com.mm  ကိုလည်း အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

ကျွန်တော်ဆို အဲ့လိုပဲ အီးမေးလ်ကိုမှ နည်းတာမဟုတ်ဘူး။ အတော်များများကို သိချင်တာတွေ မေးမြန်း၊ http://help.myanpay.com.mm  မှာလည်း ဝင်ဖတ်ပြီး အတော်ကိုကြာမှ အကောင့်တစ်ခုကို ရရှိတာ ဖြစ်ပါတယ်။ မြန်မာလိုတွေပဲ ရှင်းပြထားတာမို့ သိပ်တော့ မခက်ပါဘူးနော့်။

မြန်ပေးရှိသွားပြီဆိုရင်တော့ ကိုယ့်ဆီ အခြားလူတွေက ဘဏ်ကလည်း ငွေထည့်ပေးနိုင်တယ်။ နောက် မြန်ပေးအကောင့်အချင်းချင်းလည်း ငွေပို့နိုင်တယ်။ နောက်ပြီး ကိုယ့်အကောင့်ကလည်း ငွေတွေကို ဘဏ်အကောင့်တွေက ပြန်ထုတ်နိုင်ပါတယ်။

မြန်ပေးအကောင့်အချင်းချင်း ငွေပို့ချင်ရင် Send Money , Bank ကို ငွေထုတ်ချင်ရင် Withdraw ပေါ့ဗျာ။ တစ်ခုခုမသိရင်လည်း အေးဆေး သူတို့ဆီ အီးမေးလ်ပို့ ဖုန်းဆက် အငြိမ်ပဲ။ အသုံးပြုရတာ အဆင်ပြေပါတယ်။

အားလုံးအဆင်ပြေနိုင်ပါစေနော်။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

1 comment:

  1. ကျေးဇူးတင်တယ်ဗျာ အခုလို explain လုပ်ပေးတာ ဝမ်းသာမိပါတယ် ခင်မျာ

    ReplyDelete