Wednesday, October 1, 2014

Blogspot ကို Custom Domain ထည့်သွင်းခြင်း

























ကျွန်တော်ဘလော့ဂ်ရေးနေတဲ့ Blogger ( .blogspot.com ) လေးကို နှစ်သက်ရာ .com , .org , .net , .biz , .asia စသော ဒိုမိန်းလေးကို ထည့်သွင်းသော နည်းလမ်းလေးကို ကျွန်တော် ရေးလိုက်ပါတယ်။

Blogger Tick လေး တစ်ခုပေါ့ဗျာ။

ပထမဆုံး ကျွန်တော်တို့ နှစ်သက်သော ဒိုမိန်း၀ယ် (သို့) ဝယ်ပြီးသားရှိရပါမယ်။

ကျွန်တော် WorldWideMyanmar မှာ သွားဝယ်တာပါ။ လွယ်ကူမြန်ဆန်ပြီး မြန်ပေးလေးနဲ့ ငွေရှင်းလို့ရတာလဲ ပါပါတယ်။

http://www.worldwidemyanmar.com/  ပဲ ဖြစ်ပါတယ်။ ဒိုမိန်းဝယ်ရတာလွယ်ကူပြီး မြန်မာဆိုဒ်တစ်ခု ဖြစ်တာမို့ မသိတာတွေကို သေချာရှင်းလင်းစွာ မေးမြန်နိုင်ပါတယ်။

အီးမေးလ် inquiry@worldwidemyanmar.com

ဖုန်း ၀၉ ၄၅၀၀ ၄၃၉၁၉ သို့ ဆက်သွယ်ပြီး သိချင်တာများ မေးမြန်းနိုင်ပါတယ်။


ကိုယ့်မှာ ဒိုမိန်းလေးဝယ်ပြီးသား အသစ်စက်စက်ဆိုရင်တော့ တစ်ရက် နှစ်ဆယ့်လေးနာရီစောင့်ပြီးမှ Blogger မှာ ဒိုမိန်းပေါင်းထည့်ပါမယ်။


-  ပထမဆုံး www.blogger.com သို့ မိမိအကောင့်နှင် ဝင်လိုက်ပါ။

-  Setting > Basic မှာ လုပ်ရမှာဖြစ်ပါတယ်။

Publishing အောက်က ဘလော့ဂ်လိပ်စာအောက်က + Setup a 3rd party URL for your blog  ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ။

-  အဲ့မှာ မိမိဝယ်ယူထားသော ဒိုမိန်းက ရိုက်ထည့်ပါ။ ဉပမာ www.anyone.com ( www ပါမှရပါမယ် ) အဲ့လိုရိုက်ထည့်ပြီး Save ကို ကလစ်လုပ်ပါ။ အဲ့မှာ Error တွေကျလာပြီး CNAMEs နှစ်ခု ရလာမှာ ဖြစ်ပါတယ်။

Name, Label or Host  နဲ့ Destination, Target or Points ဆိုပြီးတော့ ဖြစ်ပါတယ်။

ဒိုမိန်းတစ်ခုနဲ့ တစ်ခု တူညီမှာ မဟုတ်ပါဘူး။ အဲ့ဒီ နှစ်စုံကို မှတ်သားထားဖို့ လိုအပ်ပါတယ်။
























-  နောက် တစ်ခုအနေနဲ့ A Records IP လေးခု လိုအပ်ပါတယ်။

အဲ့အတွက် ပုံမှာ မြင်သော DNS Setting File ဆိုတာလေးကို ဒေါင်းလုပ်ခ်ရယူပြီး Notepad နှင့်ဖွင့်ပါ။ အဲ့ဖိုင်မှာ အိုင်ပီလေးခုပါလာမှာပါ။

216.239.32.21
216.239.34.21
216.239.36.21
216.239.38.21

အဲ့ဒါတွေပဲ ဖြစ်ဖို့များပါတယ်။ ကျွန်တော့်မှာတော့ အဲ့အိုင်ပီလေးခုပါ။ WorldWideMyanmar Tutorial မှာလည်း အတူတူပဲ ဖြစ်ပါတယ်။

CNAMEs နှစ်စုံပဲ ကွဲပြားမှာ ဖြစ်ပါတယ်။

အဲ့ဒါတွေကို ထည့်သွင်းဖို့အတွက် မိမိဒိုမိန်းဝယ်ယူထားသော Control Panel မှာ DNS Setting တွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ WorldWideMyanmar က ဝယ်ယူထားတာမို့ မိမိဒိုမိန်းကို ပြုပြင်ဖို့ အောက်က အဆင့်တွေကို ကျွန်တော် လုပ်လိုက်ရပါတယ်။





































































ကျွန်တော်က www.anyone.com အတွက် CNAMEs ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အတွက်ဆိုရင်တော့ မိတ်ဆွေတို့ ဝယ်ယူထားသော ဒိုမိန်း CNAMEs ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။




























ကျွန်တော် A Records ထည့်နည်းကို တစ်ခုပဲ ပြပေးလိုက်ပါတယ်နော့်။ အဲ့အတိုင်းပဲ ကျန်တဲ့ သုံးခုကိုလည်း ထည့်ပေးရပါတယ်။

CNAMEs , A Records စတာတွေကို ထည့်သွင်းပြီးပါက အချိန်နာရီဝက်ခန့် စောင့်လိုက်ပါ။

ပြီးသွားပါက Blogger မှာ Setting > Basic > 3rd domain မှာ ကိုယ့်ဒိုမိန်းလေးကို ပြန်ရိုက်ထည့်ကြည့်ပါ။ အိုကေမှာ စိုပြေသွားပါမယ်။

သတိထားစရာ တစ်ခုက မိမိအသုံးပြုမည့် ဒိုမိန်းကို ရိုက်ထည့်ပြီး CNAMEs ရယူရမှာ ဖြစ်ပြီး Blogger ကလည်း အဲ့ ဒိုမိန်းအတွက် CNAMEs ကို ထုတ်ပေးတာ ဖြစ်ပါတယ်။ နောက် သူထုတ်ပေးလိုက်သော CNAMEs က နှစ်ဆယ့်လေးနာရီအတွင်းပဲ အသက်ဝင်ပါတယ်။ တကယ်လို့များ ဒိုမိန်းက နှစ်ဆယ့်လေးနာရီအတွင်း အဆင်မပြေရင် CNAMEs နောက်ထပ် အသစ်ထုတ်ပေးပါတယ်ခင်ဗျာ။

အဆင်မပြေတာတွေကို Domain ရောင်းသော သူများကိုလည်း ဆက်သွယ်ပြီးလည်း မေးမြန်းနိုင်ပါတယ်။

WorldWideMyanmar က ဒိုမိန်းပြောင်းနည်းကို သိချင်ရင် ဒီနေရာလေးက နေပြီး သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျား။




DNS Setting ဝင်နည်းကို ဒီနေရာလေးကနေပြီး သွားရောက်လေ့လာနိုင်ပါတယ်။




အားလုံးအဆင်ပြေနိုင်ပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )          www.htarwaiethar.org

1 comment:

  1. Domain ဝယ်ရင်ဈေးဘယ်လောက်လဲမသိဘူး

    ReplyDelete