Sunday, July 27, 2014

Viber ကို US Phone Number နဲ့ ဖွင့်ချင်သူများအတွက် Talkatone APK




























ကျွန်တော် အရင်တစ်ခါတုန်းက Google Voice Number ကို မျှဝေဖူးပါတယ်။

Google Voice Number က IP ကျော်ရတာနဲ့ နောက် တစ်ခါတစ်လေ IP Detect ဖြစ်ရတာတွေကြောင့် အဆင်သိပ်မပြေတာကို တွေ့ရပါတယ်။

ကျွန်တော်ကတော့ Google Voice Number ဖွင့်တာ နှစ်ခုရလိုက်ပါတယ်။ နောက်ထပ်ဖွင့်တာ မရတော့ပါဘူး။ ကျွန်တော့်ကို သိသွားလို့နဲ့ တူပါတယ်။

Google Voice Number ကတော့ အားလုံးကို Support လုပ်တဲ့ အပြင် သူ့ဖုန်းနံပါတ်ရရှိထားပါက ဖေ့ဘုတ်၊ ဂူဂယ်၊ ဗိုင်ဗာသာမက မည်သည့် ဝက်ဆိုဒ်က ကုဒ်တောင်းတာတွေကို အီးမေးလ်ကနေပြီး နိုင်ငံမကျော်ပဲ SMS ကို ရရှိပါတယ်။

Google Voice Number ဖွင့်နည်းကို သိချင်ရင် ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ http://www.htarwaiethar.blogspot.com/2014/03/us-google-voice.html


အခု ကျွန်တော်မျှဝေမဲ့ Talkatone Software ကတော့ ကွန်ပျူတာမှာ သုံးလို့မရပါဘူး။ စက်ရုပ်ဖုန်းတွေမှာ သုံးရမှာပါ။

ဘာမှ ကျော်ခွစရာမလိုပါဘူး။

ဖုန်းနံပါတ် တစ်ခုအတွက် အီးမေးလ်တစ်ခု လိုအပ်ပါတယ်။

Talkatone Software ကို ဖွင့်လိုက်တာနဲ့ မှတ်ပုံတင်ဖို့ First Name, Last Name တွေကို သင်တော်သလို ထည့်ပေးလိုက်ပါ။

Phone Options ဆိုတဲ့နေရာမှာ ဘာမှ မဖြည့်ပါနဲ့။

အီးမေးလ်နေရာမှာ အမှန်တကယ်ရှိတဲ့ အီးမေးလ်ကို သုံးပါ။ အီးမေးလ်က Verified လုပ်ရမှာ မို့ပါ။

ပက်စ်ဝက်နေရာမှာ နှစ်သက်ရာ ပက်စ်ဝက်ထားပေးပါ။ အနည်းဆုံး ရှစ်လုံးထားပါ။

Register လုပ်ပြီးတာနဲ့ ဖုန်းနံပါတ် ရွေးဖို့ နေရာ Zip Code တောင်းတဲ့ နေရာရောက်လာပါတယ်။

202, 205 , 2 နဲ့စသော ကိန်းဂဏန်းသုံးလုံးရိုက်ထည့်လိုက်ပါ။

ဖုန်းနံပါတ်များ ကျလာပါတယ်။ နှစ်သက်သော ဖုန်းနံပါတ်တစ်ခုခုကို ယူလိုက်ပါ။

ဖုန်းနံပါတ်ရရှိသွားပါက အသုံးပြုလို့ မရသေးပါဘူး။

မိမိ အကောင့်ဖွင့်တုန်းက အီးမေးလ်ကို တစ်ချက် ပြန်ဖွင့်ကြည့်လိုက်ပါ။

Talkatone က ပို့ထားသော အီးမေးလ်ကို ဖွင့်လိုက်ပါ။

Verifie ဆိုတာလေးကို ရှာပြီး နှိပ်လိုက်ပါ။ Conguration ဆိုတာလေး ပေါ်လာပါက ဖုန်းနံပါတ်ကို စတင်ပြီး အသုံးပြုနိုင်ပါတယ်။


ကျွန်တော် စမ်းကြည့်တာတော့ Viber Account သေချာပေါက်ရပါတယ်။ ဗိုင်ဗာဖွင့်ရင် တစ်ခါတစ်လေ SMS မလာပဲ Miss Call ပဲလာတက်ပါတယ်။ အဲ့ Miss Call ကနေပြီးလည်း ကုဒ်လေးလုံး ထုတ်လို့ရပါတယ်။

ဉပမာ။ ဗိုင်ဗာဖွင့်လိုက်လို့ Talkatone ဆီ Miss Call ဝင်လာရင် ဖုန်းနံပါတ်ကို သေချာကြည့်ပါ။ +12056662345 ဖြစ်တယ်ဆိုပါတော့။ နောက်ဆုံး နှစ်လုံးကို ဖြုတ်လိုက်ပါ။ အဲ့ရှေ့က လေးလုံးက ဗိုင်ဗာကုဒ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ပြောတဲ့နံပါတ်မှာဆို 6623  ပေါ့ဗျာ။

Gmail Account SMS Verification ကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ဖေ့ဘုတ်မှာ စမ်းတာတော့ မရပါဘူး။ ဒါကျွန်တော် စမ်းတဲ့ ရလဒ်ပါ။ မိတ်ဆွေများ စမ်းသပ်အသုံးပြုနိုင်ပါတယ်။

ရရှိလာသော ဖုန်းနံပါတ်က US Phone Number မို့ Country Code +1 ဖြစ်ပါတယ်။

ဗိုင်ဗာ၊ ဂူဂယ် သေချာပေါက်ရပါတယ်။ ဖေ့ဘုတ်ကတော့ စမ်းကြည့်ပေါ့နော့်။


လိုချင်တယ်ဆို အောက်မှာ စက်ရုပ်အတွက် ကျွန်တော် ဒေါင်းလုပ်ခ်လင့်ခ်များ ပေးထားပါတယ်။

တကယ်လို့များ Apple and Kindle Fire တွေမှာ သုံးချင်ရင် မူရင်းလင့်ခ်မှာ သွားလေ့လာနိုင်ပါတယ်။ Offical Link :   http://www.talkatone.com/

အဆင်ပြေပါစေဗျာ။



Download From GooglePlay  

Download From Solidfiles  



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

0 comments:

Post a Comment