Sunday, July 27, 2014

Android ဖုန်းကိုစိပ်ပုတီးအဖြစ်အသုံးပြုနိုင်စေမယ့် MM Tally Counter APK































ကိုသက်နိုင်စိုးလက်စွမ်းပြထားတဲ့ ဆော့ဝဲလ်လေးကို တွေ့မိလို့ ကျွန်တော့်ဘလော့ဂ်က မျှပေးလိုက်ပါတယ်။ မူရင်းရေးသားမှုအတိုင်း အောက်မှာ ရေးပေးလိုက်ပါတယ်။


ကျွန်တော် ဒီဆော့ဝဲလေးကို ရေးသားထားတာကြာပါပြီ။ ဒီနေ့မှထုတ်ပေးဖြစ်ပါတယ်။
MM Tally Counter သည် Android ဖုန်းအား စိပ်ပုတီးအဖြစ်ပြောင်းလဲအသုံးပြုနိုင်စေရန် ရည်ရွယ်ရေးသားထားပါသည်။
MM Tally Counter တွင် Option ၄ ခုပါရှိပါသည်။
- အရေအတွက်ကို မှတ်သားသိရှိနိုင်ရန် သာမန် Counter
- ပုတီးစိပ်လိုသူများအတွက် ၉ လုံးပုတီး
-၂၇ လုံးပုတီး
-၁၀၈ လုံးပုတီး စသည်ဖြင့်ပါရှိပါသည်။

App တွင်ပါရှိသော "Tap" ခလုတ်ကိုနှိပ်၍လည်း ပုတီးစိပ်နိုင်သလို ဖုန်းရဲ့ Vol Key (up,down) ခလုတ်များကိုအသုံးပြု၍လည်း ပုတီးစိပ်နိုင်ပါသည်။ ပုတီးအပတ်ရေတစ်ကြိမ်ပြည့်တိုင်း Vibration နှင့် အသံ တစ်ကြိမ် notification ပေးပါမယ်။ ဒီ app မှာအသုံးပြုထားတဲ့ icon တွေ ၊ Background Design တွေကိုတော့ Graphic Designer 'John Phoenix' (ကိုသူရကျော်) ကရေးဆွဲပေးထားပါတယ်။ သူငယ်ချင်းတွေကိုလည်းပြန်လည်မျှဝေပေးကြပါဦး။

MM Tally Counter for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=info.mmas.tallycounter

(or)

http://apk-dl.com/store/apps/details?id=info.mmas.tallycounter

အားလုံးပဲအဆင်ပြေကြပါစေ။


Thet Naing Soe (Myanmar Mobile App Store)

https://www.facebook.com/thetnaing.mmas



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )          www.htarwaiethar.blogspot.com

1 comment:

  1. Wow thats really amazing I have heard a new app flvto mp3 this app is great and I have started looking at it.Thanks for the help and suggesting the matter I will go forward with it.Keep publishing and writing new article.

    ReplyDelete