Sunday, June 29, 2014

Paypal Account Verified and Making Money Online Tick
































ကဲ့ ကျွန်တော်လည်း အင်တာနက်မှာ ပိုက်ဆံရှာသော လောကထဲသို့ ဝင်ရောက်လာပါပြီခင်ဗျား။

ဒီအကြောင်းက အသစ်တော့ မဟုတ်ပါဘူး။

အရင်တစ်ခါကလည်း ကျွန်တော် ရေးပြီးသားပါ။

အရင်က ရေးပြီးသားကို ကြည့်ချင်ရင် ဒီနေရာလေးမှာ  သွားကြည့်နိုင်ပါတယ်။

အဲ့ဒီတုန်းကတော့ ကျွန်တော် သိပ်ပြီးတော့ မရှာဖြစ်သလို သိပ်ပြီးတော့လည်း နားမလည်ပါဘူး။

အခု ချိန်မှာတော့ နည်းနည်းနားလည် သလို ဖြစ်နေတာမို့ ပို့စ်အသစ်လေး ပြန်ရေး ဖြစ်ပါတယ်။

အင်တာနက်မှာ ပိုက်ဆံရှာဖို့ ဆိုရင်တော့ အွန်လိုင်းဘဏ်အကောင့်တစ်ခုတော့ အနည်းဆုံးလိုအပ်ပါတယ်။

ကျွန်တော်တို့ အသုံးများတာတော့ Paypal Account ပေါ့နော်။


၁) သူ့ကို အကောင့်ဖောက့်ချင်ရင်တော့ https://www.paypal.com/ သွားရောက်ပြီး  အကောက့်ဖွင့်နိုင်ပါတယ်ခင်ဗျား။

၂) Paypal Website ကို ရောက်ရင်တော့ ကိုယ်က အကောင့် အသစ်ဖွင့်မှာ မို့ Sign Up ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ။

၃) Sign Up ကို ကလစ်လုပ်ပြီးရင် Account Type ကို ရွေးခိုင်းပါတယ်။ Personal ( or ) Business  ဆိုပြီးတော့ပါ။ ကျွန်တော်တို့က Personal ကို ရွေးပြီး Continue  ကို ကလစ်လုပ်ရမှာ ဖြစ်ပါတယ်။

၄) ကျွန်တော်ကတော့ ရှင်းရှင်းပဲ နိုင်ငံနေရာမှာ United Stage ကို ရွေးပါတယ်။ နောက် အီးမေးလ်နေရာမှာ ကိုယ့် အီးမေးလ်၊ ပက်စ်ဝက်နေရာမှာ နည်းနည်းခက်သော ပက်စ်ဝက်ကို ပေးလိုက်မှာပါ။ ပက်စ်ဝက်က နှစ်ခါ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Continue  ကို ကလစ်လုပ်ရမှာပါ။

၅) နောက် တစ်ဆင့်ကတော့ နည်းနည်းခက်ပါတယ်။ အမှန်အကန်တွေ ထည့်သွင်းရမည့်နေရာ သို့ရောက်ပါပြီ။

First Name , Last Name မှာ ကြိုက်ရာ အမည်ရိုက်ထည့်နိုင်ပါတယ်။

Stress Address မှာ နံပါတ်တစ်ခုခုရိုက်ထည့်ပေးပါ။ ကျွန်တော်တော့ 20 ဆိုပြီးရိုက်ထည့်ပါတယ်။

Apt/Suite  မှာလည်း ကျွန်တော်တော့ နှစ်သက်ရာ နေရာလေးကို ရိုက်ထည့်ပေးပါတယ်။ ကျွန်တော်ကတော့ Near Towndown လို့ရိုက်ထည့်လိုက်ပါတယ်။

City , Stage , Zip ကတော့ အရေးပါပါတယ်။ ကျွန်တော်တော့ အဲ့ဒီ ကိစ္စကို ဖြည့်စွက်ဖို့ http://www.phaster.com/zip_code.html   က ဒေလ်တာတွေကို အသုံးပြုပါတယ်။

City နေရာမှာ Killington ၊ Stage နေရာမှာ VT ၊ Zip Code နေရာမှာ 05751  လို့ရိုက်ထည့်လိုက်ပါတယ်။ အဲ့ဒီ ဒေလ်တာတွေက အကုန်လုံး http://www.phaster.com/zip_code.html   မှာ ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်ခင်ဗျား။

ဖုန်းနေရာမှာတော့ ကျွန်တော်က US က အကောင့်ဖွင့်တာမို့   ဂဏ္ဏန်းဆယ်လုံးပါသော နံပါတ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်က 2063378174  ကို အသုံးပြုပါတယ်။အဲ့ဒီနံပါတ်က K7 Website က ရထားတာပါ။

၆) ပြီးရင်တော့ စာလုံးစောင်းလေးတွေ မှန်အောင် ရိုက်ထည့် စာလုံးစောင်းလေးတွေအောက်က Yes,I've read and agree to.  ဘေးက အမှန်ခြစ်လေး ခြစ်ပေးပါ။

၇) အကုန်ပြီးရင်တော့ Agree and Create Account ကို သာ ကလစ်လုပ်လိုက်ပါ။

၈) Account Activation ဆိုပြီး ကျလာပါတယ်ဗျာ။ အဲ့ဒီ Page မှာ Bank Acount , Credit Card တွေပါသော စာမျက်နှာပါ။ အခုလော်လော်ဆယ် ကျွန်တော်တို့ လုပ်ရမှာက ကိုယ့် အီးမေးလ်ကို စစ်ဖို့ပါပဲ။

၉) ကိုယ့် အီးမေးလ် Inbox ကို ရှိုးလိုက်တော့ Paypal က ပို့ထားသော အီးမေးလ်တစ်စောင်ရောက်နေတာကို တွေ့ပါမယ်။ Inbox မှာ မရှိရင်တော့ Spam ထဲမှာ စစ်ပါ။ အဲ့ဒီ Paypal က ပို့ထားသော အီးမေးလ်ကို ဖွင့်ကြည့်ပါမယ်။

၁၀) ကျွန်တော်တို့ စစ်လိုက်သော အီးမေးလ်မှာ Activate ဆိုတာလေးကို ရှာပါ။ ကျွန်တော်တို့ Paypal Account ကို Activate ( Comfirm ) လုပ်ရအုံးမယ်။ Activate ဆိုတာလေးကို ကလစ်လုပ်ပါမယ်။

၁၁) ကဲ့ Activate Link ကို ကလစ်လိုက်တာနဲ့ Paypal Account ဆီကိုရောက်သွားပြီး Comfirm လုပ်ဖို့ Paypal Password ရိုက်ထည့်ရပါမယ်တဲ့ဗျ။ ကိုယ့် Paypal Password ကို သာရိုက်ထည့်လိုက်ပါ။

၁၂) ကဲ့ Security Question တွေ မေးသော နေရာသို့ရောက်လာပါပြီ။ မေးခွန်းနှစ်ခု မေးပြီး ကိုယ့်ဘာသာ ပြန်ဖြေရမှာပါ။ အဲ့ဒီ မေးခွန်းအဖြေတွေကို သေသေချာချာ မှတ်ထားရမှာပါ။ တကယ်လို့ အကောင့်က တစ်ခုခုဖြစ်သွားရင် အဲဒီ မေးခွန်း၊ အဖြေတွေက ကိုယ့်ကို ပြန်ကယ်ပါလိမ့်မယ်။ ကဲ့ ကိုယ့်ဘာသာ မေး၊ ကိုယ့် ဘာသာ ဖြေပြီး Submit  ကို ကလစ်လုပ်လိုက်ပါတယ်။

၁၄) အဲ့ဒါတွေ ပြီးသွားရင်တော့ ကိုယ့်အကောင့်က Activate ဖြစ်သွားပါပြီ။ Go to My Account ကို ကလစ်လုပ်ကြည့်ပါမယ်။

၁၅) ကိုယ့် အကောင့်က ပိုက်ဆံတွေရလာလို့ ပြန်ထုတ်ချင်ရင်တော့ Verified လုပ်မှရမှာပါ။ Verified ကို ကျွန်တော်တို့ မြန်မာမှာ လုပ်လို့ရပါတယ်။ မြန်မာမှာ နာမည်ကြီး Shwe Money ကို ဆက်သွယ်ပြီးလုပ်ရမှာပါ။ www.shwemoney.com မှာ Visa Card ပြုလုပ်ပြီး အကောင့်ကို Verified ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၁၆) အကောင့်ကို Verified မလုပ်လဲ အွန်လိုင်းမှာ ငွေပြောင်း၊ငွေလွဲကတော့ လုပ်လို့ရနေပြီးမို့ ကျွန်တော်တို့ အခုဆိုရင် အင်တာနက်မှာ ပိုက်ဆံရှာဖို့အတွက် စတင်လို့ရပါပြီ။ တကယ်လို့များ ကိုယ့်အကောင့်မှာ ပိုက်ပိုက်တွေများလာမှ Shwe Money နဲ့ ဆက်သွယ်ပြီး ထုတ်ရုံပါပဲ။ ဒီကြားထဲ အင်တာနက်က ငွေလွဲ၊ ငွေချေတာတော့ အကောင့် Verified မဖြစ်လည်း အသုံးပြုလို့ရပါတယ်။



#######

Paypal Account Verified ဖြစ်အောင်ကို ကျွန်တော် ရန်ကုန်ရောက်မှ လုပ်ရမှာ ဖြစ်ပါတယ်။ အခုက တောထဲမှာ ဆိုတော့ တိုင်ပတ်နေတာပေါ့ဗျာ။ Paypal Account Verified ဖြစ်အောင်လုပ်ဖို့ ကျွန်တော် နည်းလမ်းလေးတစ်ခုတော့ တွေ့ထားပါတယ်။ Try တော့ မကြည့်ရသေးပါဘူး။

http://www.myanmarvirtualcc.com

ပဲ ဖြစ်ပါတယ်။ Visa Card ဝယ်လို့ရတယ်လို့ ပြောပါတယ်။ Myanmar IP နဲ့ Paypal Account Verified ဖြစ်အောင် လုပ်နိုင်တယ်လို့ ဝက်ဆိုဒ်က ညွန်းဆိုပါတယ်။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။ စမ်းသပ်လိုသူများအတွက် ကျွန်တော် မျှပေးလိုက်တာ ဖြစ်ပါတယ်။




ကျွန်တော်ကတော့ လုပ်ဆောင်ချက် အကြဉ်းကို ပြောပြပါမယ်။

အခုလိုမျိုး ပိုက်ဆံရှာတယ်ဆိုတာက ကျွန်တော်တို့ PTC ( Paid to Click ) ဆိုသော ဝက်ဆိုဒ်တွေမှာ မှတ်ပုံတင်ပြီး သူ့ဆိုဒ်က ကြေငြာတွေကို ကလစ်လုပ်ပြီး အဲ့ဒီဆိုဒ်က သူ့ကြေငြာအတွက် ပိုက်ဆံပြန်ပေးတဲ့ သဘောပါပဲ။

ကျွန်တော်လည်း အခြားကျွန်တော်ထက်တော်သော သူများ လမ်းညွန်ချက်အတိုင်း လိုက်လုပ်တာ နည်းနည်းတော့ အဆင်ပြေတာလေးတွေရှိပါတယ်။

ကျွန်တော်သိလိုက်တာကပေါ့နော်။

တကယ်လို့များ မိတ်ဆွေတို့က PTC Site တွေကို သွားပြီး ကြေငြာတွေကို ကလစ်လုပ်ကာ ပိုက်ဆံရှာမယ်ဆိုရင် သိထားသင့်တာတွေ ရှိပါတယ်။


၁) ဆိုဒ်တစ်ခုတည်းမှာ ကွန်ပျူတာ တစ်လုံးတည်းက အကောင့်နှစ်ခု သုံးခု မလုပ်ရပါဘူး။ မဟုတ်ရင် အဲ့ဒီအကောင့် နစ်ခု၊ သုံခုလုံး ဖျက်ခံရတက်ပါတယ်။

၂) Bot , Auto Click တွေကို ဘလောက်ဇာတွေ ထည့်မသုံးသင့်ပါဘူး။ Probux မှာ Bot နဲ့ အော်တို ကလစ်လုပ်နည်းတွေရှိပါတယ်။ ကျွန်တော်ကတော့ မသုံးစေချင်ပါဘူး။ ကျွန်တော် အဲ့လိုလုပ်လိုက်တာ အကောင့်ကို ပိတ်ခံရပါတယ်။ အခုတော့ အကောင့်အသစ်နဲ့ ပြန်လုပ်ထားပါတယ်။

၃) ကျွန်တော်တို့က ကြေငြာတွေကို ကလစ်လုပ်ရင်ပိုက်ဆံရတာတော့ မှန်ပေမဲ့ အမျာကြီးတော့ ရတာမဟုတ်ဘူးဗျ။ ကျွန်တော်ကလစ်လုပ်ရသလောက်ကတော့ တစ်ခုကို 0.001$ ဆိုတော့ မြန်မာငွေနဲ့ဆိုရင် တစ်ကျပ်လောက်ပဲရပါတယ်။ တစ်နေ့မှ ကြေငြာက သုံးဆယ်လောက်ဆိုတော့ ဆိုဒ်တစ်ခုကို ငွေ သုံးဆယ်လောက်ပဲ ရမယ်လို့ ဆိုလိုပါတယ်။ တစ်ခါတစ်လေတော့ ကြေငြာအကောင်းစားများ 0.01$ , 0.05$ တွေဆိုရင်တော့ လန်းတာပေါ့နော်။ ဒါပေမဲ့ စိတ်တော့ လျှော့စရာမလိုပါဘူး။ ကိုယ့်ဆီမှာ 1$ လောက်ရရင် ရှယ်ရာတွေ ဝယ်လိုက်ရင်တော့ ပိုက်ဆံတွေက အရများလာမှာပါ။ ရှယ်ရာဝယ်နည်းတွေကို ကျွန်တော်တင်ပေးထားသော စာအုပ်တွေမှာ လေ့လာလို့ရပါတယ်။ ဆိုဒ်တွေက သာ ကွဲပေမဲ့ လုပ်ဆောင်ချက်တွေက တူတာမို့ လုပ်တက်မယ်လို့ဆိုလိုပါတယ်။ စိတ်ရှည် သည်းခံ နည်းလမ်းမှန်ပေါ့ဗျာ။ အစမှာတော့ ပိုက်ဆံက အရနည်းပေမဲ့ ရေရှည်သမားတွေအတွက်တော့ အဆင်ပြေပါတယ်။

၄) အွန်လိုင်းပေါ်မှာက PTC Site တွေက အများကြီး အများကြီးရှိပေမဲ့ တကယ်ပိုက်ဆံထုတ်ပေးသော ဆိုဒ်ကတော့ နည်းပါတယ်။ ကျွန်တော်ကတော့ တကယ်လည်း ပိုက်ဆံပေး၊ အသုံးပြုရလွယ်သော ဆိုဒ်တွေကို ပြန်မျှပေးပါမယ်။

၅) နောက်တစ်ခု သတိထားစရာက ကြေငြာတစ်ခုကို ကလစ်လုပ်ပြီးရင် သူ့ကို ကြည့်နေမှ ပိုက်ဆံရမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက် ကြေငြာတွေကိုလည်း ကြည့်လို့မရပါဘူး။ သူ့ကြေငြေလေးကို ကြည့်နေရင် ခဏလေးပဲဗျ ။ ကြေငြာက ပြီးသွားပြီး ကိုယ့်အကောင့်ထဲမှာ ကြေငြာခရမှာပါ။










Posted By


<<  HTAR WAIE THAR  >>


Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

1 comment:

  1. Get daily ideas and methods for generating THOUSANDS OF DOLLARS per day ONLINE for FREE.
    CLICK HERE TO FIND OUT

    ReplyDelete