Tuesday, April 8, 2014

'This Connection is Untrusted Error ဖြေရှင်းနည်း


















ကျွန်တော် ဒီနေ့တွေ့ခဲသော ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။

ကွန်ပျူတာက အင်တာနက် ချိတ်လိုက်ရင် 'This Connection is Untrusted '' Error  ဆိုပြီး စာတန်းများပါသော ဘောက်စ်တစ်ခု ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါနဲ့ ကွန်ပျူတာကို သေသေချာချာ ပြန်စစ်တော့ အမယ် သူက ကွန်ပျူတာ အချိန်မမှန်လို့ ဖြစ်တာကို သိလိုက်ရပါတယ်။

ကျွန်တော် သွားကြည့်သော ကွန်ပျူတာက CMOS Battery အားကုန်သွားပြီး အချိန်တိုင်းတိုင်း ၂၀၀၂ ကို ရောက်နေတာတဲ့ဗျ။

ဒီတော့လာ ဘာမှလုပ်စရာ မလိုပါဘူး။ System Casin ကို ဖွင့်ပြီး CMOS Battery လေးလဲ နောက် အချိန်နာရီလေး ပြန်တိုက်လိုက်ရင် အိုကေသွားမှာပါ။

တကယ်က ကျွန်တော် တွေ့သော ကွန်ပျူတာက CMOS Battery အားကုန်လို့ဖြစ်တာပါ။ အားမကုန်လည်း ကွန်ပျူတာအချိန်နဲ့ အင်တာနက်က အချိန်နဲ့ ကိုက်ညီမှုမရှိပါကလည်း ဒီလိုမျိုး ပြဿနာတက်နိုင်ပါတယ်။

ဘာလို့လည်းဆိုတော့ အင်တာနက်မှာက နာရီက တိကျစွာလုပ်ဆောင်နိုင်တာ ဖြစ်ပြီး ကွန်ပျူတာကတော့ ကျွန်တော်တို့ဘာသာ ကြိုက်ရာ အချိန်တွေကို ပြောင်းလဲနိုင်တာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ခုကြားမှာ ကွဲလွဲမှုတွေ ရှိလာရင်တော့ အခုလိုမျိုး ပြဿနာတက်လာပါတယ်။

အချိန်နာရီ ပြင်တာက လွယ်ပါတယ်။ Notification Area က နာရီတွေ ပြသော နေရာကို Right Click > Adjust Date and Time ကို ကလစ်ပြီး သာသာယာယာ အေးဆေး ပြင်လို့ရပါတယ်။

ကျွန်တော် တစ်ခုပြောဖို့ ကျန်ခဲ့တာက မြန်မာ Time Zone ဆိုရင် +6:30 Yangoon ဆိုတာလေးပါ။ သူ့ကို ပထမဆုံးပြင်ပြီးမှာ နာရီး၊ အချိန်တွေကို ပြင်သင့်ပါတယ်။




တကယ်လို့များ အချိန်တွေပြင်လည်း နောက်တစ်ခါ ကွန်ပျူတာ ဖွင့်တာနဲ့ အချိန်က ၂၀၀၂ လိုမျိုး ဖြစ်ရင်တော့ CMOS Battery အားကုန်သွားတာမျိုးဖြစ်တာမို့ ဘက်ထရီသာ ဝယ်ပြီးလဲလိုက်ပါနော့်။

ဘက်ထရီလို့သာ ပြောတာပါ ။ တကယ်က နာရီ ဓါတ်ခဲလောက်ပဲ ရှိတာပါ။ စျေးလည်း သိပ်မကြီးပါဘူး။


**  ကိုကိုဇော် ( BE-EC )

3 comments:

  1. အစ်ကို......mediafire နဲ့ ပတ်သက်ရင်...This Connection is Untrusted ဖြစ်နေတယ်....အချိန်လဲမှန်တယ်.......ဘယ်လို လုပ်ရမလဲဗျာ........

    ReplyDelete
  2. အစ်ကို mediafire နဲ့ ပတ်သတ်ရင် This Connection is Untrusted ဖြစ်နေလို့ ပါ....
    အချိန်လဲမှန်ပါတယ်.......ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါအုံး.......

    ReplyDelete
    Replies
    1. Friend, you can try this following setps...

      1) On the warning page, click I Understand the Risks.
      2) Click Add Exception.... The Add Security Exception dialog will appear.
      3) Read the text describing the problems with this site.
      4) Click Confirm Security Exception if you want to trust the site.

      Delete