Tuesday, April 29, 2014

Eject လုပ်ရတာ ခက်ခဲသော PC DVD Drive တွေကို အလွယ်ဖြေရှင်းရန်နည်းလမ်း
























တစ်ချို့တစ်ချို့သော PC DVD Drive တွေမှာပေါ့ဗျာ။

အခွေက အတော်ကို ထုတ်ရခက်တယ်ဗျ။

အသုံးပြုမှု နည်းနည်းကြာသွားသော စက်တွေကို ပြောပါတယ်။

အသစ်တွေမှာတော့ ဖြစ်လေ့မရှိပါဘူး။

ကျွန်တော် သိသလောက်တော့ အဲ့လိုမျိုး DVD Drive တွေကို အခွေထုတ်လို့ရအောင် သွားကြားထိုးတံ၊ သွားကြားထိုးတံလောက်ရှိတဲ့ သံချောင်း သေးသေးလေးနဲ့ DVD Drive က အပေါက်သေးသေးလေးမှာ ထိုးပြီး ဖွင့်လေ့ရှိတယ်ဗျ။

အဲ့လိုမျိုးဆိုတော့ ဖြင့် မလန်းသေးဘူးနော့်။

ကျွန်တော် နောက်တစ်မျိုး တွေ့မိတယ်ဗျ။

အဲ့လိုမျိုး DVD Drive တွေက သူ့ဆီကို အခွေ တစ်ခွေထည့်ပြီးသား ဖြစ်ရင် ပြန်ထုတ်တော့ လွယ်ကူနေတာမျိုးပါ။

ဒါနဲ့ ကျွန်တော်လည်း အစမ်း သဘောနဲ့ အခွေတစ်ခွေ ထည့်ထားပြီး စမ်းကြည့်တာ အတော်ကို အဆင်ပြေပါတယ်။


Eject လုပ်ရတာ ခက်ခဲသော DVD Drive တွေကို ပထမဆုံး နှစ်သက်ရာ အခွေ တစ်ခွေကို အမြဲတမ်းထည့်ထားလိုက်ခြင်းအားဖြင့် ကိုယ်လိုအပ်သော အချိန်တွင် နောက် တစ်ခွေကို ထည့်နိုင်တာကို တွေ့မိလို့ အားလုံးကို မျှဝေမိပါတယ်။

အလွယ်နည်းလေးပေါ့ဗျာ။

အခွေကို ထည့်ရခက်တယ်ဆိုရင် ပထမဆုံး သွားကြားထိုးတံလေးနဲ့ DVD Drive ကို Eject လုပ်၊ အဆင်ပြေရာ အခွေ တစ်ခွေကို ထည့်ထားလိုက်၊ အဲ့လိုဆို DVD Drive က ထုတ်ရတာလွယ်တယ်ဗျ။ အမြဲတမ်း သူ့ဆီမှာတော့ အခွေ တစ်ခွေထည့်ထားဖို့လိုတယ်။





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

0 comments:

Post a Comment