Friday, April 18, 2014

ဝက်ဆိုဒ် ဘလော့ဂ်တစ်ခုလုံးကို ဒေါင်းလုပ်ခ်ဆွဲပြီး ကြည့်နိုင်တဲ့ HTTrack Website Copier





















ဝက်ဆိုဒ် ဘလော့ဂ်တစ်ခုလုံးကို ဒေါင်းလုပ်ခ်ဆွဲပြီး ကြည့်နိုင်တဲ့ HTTrack Website Copier Software လေးကို ကျွန်တော် မိတ်ဆက်ပေးပါမယ်။

တစ်ခါတစ်လေဗျာ ကျွန်တော်တို့က ဝက်ဆိုဒ်တစ်ခုက အရမ်းကို ကောင်းလွန်းတယ်။

နောက်ပြီး အကြောင်းအရာတွေပဲ သီးသန့်ရေးတင်ထားတယ်၊ အကြောင်းအရာ တစ်ခုကိုပဲ သီးသန့်ရေးတင်တဲ့ ဘလော့ဂ်ဆိုပါတော့ဗျာ။

ကျွန်တော်တို့က အဲ့ဒီဘလော့ဂ်က အချက်လက်တွေကို အကုန်လုံးလိုချင်ရင် တစ်ခုချင်စီ လိုက်ပြီး ကူးရတဲ့ ပြဿနာ ရှိတက်တယ်။

အဲ့လိုမျိုး ပြဿနာတွေကို ကျွန်တော် အခု မိတ်ဆက်တဲ့ HTTrack Website Copier Software လေးက ဖြေရှင်းနိုင်မှာပါ။

အခု ကျွန်တော် ပြောတဲ့ HTTrack Software လေး အကူညီနဲ့ မိတ်ဆွေတို့ ဒေါင်းလုပ်ခ်ဆွဲချင်သော ဘလော့ဂ် ဝက်ဆိုဒ် တစ်ခုလုံးကို ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပြီး ဒေါင်းလုပ်ရယူပြီးပါက Offline မှာ အင်တာနက် မရှိပဲ တကယ့် အင်တာနက်မှာ ဘလော့ဂ်ကို ကြည့်နေရ သလို ခံစားနိုင်ပါတယ်။

ဆော့ဝဲလ်က Free Open Source Software ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဆော့ဝဲလ်အကြောင်းကို မူရင်း Official Website

http://www.httrack.com   မှာ သွားလေ့လာနိုင်ပါတယ်။

ဒေါင်းလုပ်ခ်ရယူသုံးစွဲမည်ဆိုပါက ဒေါင်းလုပ်ခ်လင့်ဖြစ်သော http://www.httrack.com/page/2/en/index.html   မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

Windows OS Platform သာမက Linux Based OS တွေကိုပါ ထောက်ပံ့ပေးပါတယ်။

အသုံးပြုပုံက သိပ်မခက်ခဲတာကြောင့် ကျွန်တော် အသေးစိတ် မရေးတော့ပါဘူး။

အသုံးပြုပုံကို http://www.httrack.com/page/20/en/index.html  မှာလည်း လေ့လာနိုင်ပါတယ်။

အသုံးပြုချင်ရင်တော့ http://www.httrack.com   မှာ သာ သွားရောက် ဒေါင်းလုပ်ခ်ရယူပါလို့ပဲ ပြောပါရစေ။


အဆင်မပြေပါက Comment ချန်ထားနိုင်ပါတယ်ခင်ဗျား။


အဆင်ပြေပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment