Friday, March 14, 2014

US Phone Number တစ်ခု ဖရီးရယူခြင်း























ကျွန်တော် Google Voice ကို မြန်မာမှ အသုံးပြုခြင်းမှာ ပါဝင်မည့် US Phone Number ဖန်တီးပုံလေးကို ရေးသားလိုက်ပါတယ်။
တကယ့် ဖုန်းအစစ်လိုမျိုးပဲ ဖုန်းအဝင်များကို လက်ခံနိုင်ပါတယ်။
တကယ်လို့များ Credit Card သုံးပြုနိုင်ရင်တော့ အထွက် Call တွေပါ ခေါ်ဆိုနိုင်မှာပါ။ ကျွန်တော်အနေနဲ့ ငွေကြေးတစ်စုံတစ်ရာမှ စိုက်ထုတ်ခြင်း မရှိတာကြောင့် အဝင် Call လက်ခံနိုင်သော ဖုန်းလေးကိုပဲ ပိုင်ဆိုင်ပါတယ်။
သို့သော်လည်း အကျိုးအမြတ်ကတော့ မဆိုးဘူးဗျ။ Google Voice Number တစ်ခုတော့ရသွားတာပေါ့ဗျာ။

ပြုလုပ်နည်း အကျဉ်း။  ။

၁) https://www.callcentric.com/login/ ကို သွားရောက်ပြီး အကောင့်ဖွင့်ရပါမယ်။ အီးမေးလ် အစစ်တစ်ခုကို အသုံးပြုရမှာပါ။ ဒါမှ အကောင့်ကို Verified လုပ်လို့ရမှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်လိုက်ပါက ကိုယ့် အီးမေးလ်ကို အကောင့် Verified လုပ်ဖို့ မေးလ်တစ်စောင် ပို့ပါတယ်။ အဲ့ဒီ မေးလ်က Verified Link ကို ကလစ်နှိပ်ပါက  US City, Stage, Postal Code တွေ ဖြည့်စွက်ဖို့ နေရာကို ရောက်သွားမှာပါ။ အဲ့ဒီနေရာမှာ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့အတွက်  http://www.phaster.com/zip_code.html  လင့်ခ်ကို သွားရောက်ပြီး အဲ့ဒီက ကိုယ်နှစ်သက်ရာ မြို့တစ်မြို့ရဲ့ အချက်လက်တွေကို ယူသုံလိုက်ပါနော်။ အဲ့လိုအချက်လက်တွေ ဖြည့်လိုက်ရင်တော့ ပထမ အဆင့်ပြီးဆုံးတယ်လို့ ပြောရမှာပါပဲ။ ကိုယ့်အီးမေးလ်ကို ပြန်စစ်ကြည့်လိုက်ပါ။
https://www.callcentric.com က နောက်ထပ် အီးမေးလ်တစ်စောင် ထပ်ပို့ထား ပါတယ်။ အဲ့ဒီ မေးလ်မှာ SIP Number ပါဝင်မှာပါ။ SIP Number က 177 နဲ့စပါတယ်။ အဲ့ဒီ နံပါတ်ကို မှတ်သားထားပါ။
ကျွန်တော် မေ့တော့မလို့ https://www.callcentric.com  မှာ အကောင့်ဖွင့်တုန်းက ပက်စ်ဝက်ကို သေချာမှတ်ထားပါ။ အဲ့ဒီ ပက်စ်ဝက်ကို နောက်အဆင့်တွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

၂) နောက်ထပ် တစ်ဆင့် အနေနဲ့ SIP Number ကနေပြီး ဖုန်းနံပါတ်ရယူဖို့အတွက် http://phone.ipkall.com/ သို့ သွားရောက်ပါ။
အဲ့ဒီဆိုဒ်မှာ Area Code နေရာမှာ ဘာမှ မပြင်ပဲ ထားလိုက်ပါ။
ဒုတိယ အကြောင်းက SIP URI: မှာ
User Name : SIP Number 177 နှင့်စသော ကိုယ့် SIP Number ကို ရိုက်ထည့်ပါ။
Host Name or IP Address :  callcentric.com  လို့ပဲ ရိုက်ထည့်လိုက်ပါ။
Email:  https://www.callcentric.com  မှာ အကောင့်ဖွင့်တုန်းက အီးမေးလ်ကို ရိုက်ထည့်ပါ။
Password : https://www.callcentric.com  မှာ အကောင့်ဖွင့်တုန်းက ပက်စ်ဝက်ကို ရိုက်ထည့်ပါ။

အဲ့လိုမျိုး အချက်လက်အမှန်တွေကို ဖြည့်လိုက်ရင်တော့ http://phone.ipkall.com/  မှာ အကောင့်ဖွင့်တာ အဆင်ပြေကြောင်း ပြောပါလိမ့်မယ်။ ကိုယ့်အီးမေးလ်ကို တစ်ချက် ပြန်စစ်ပေးပါ။ အဲ့မှာ http://phone.ipkall.com/  က အီးမေးလ်တစ်စောင်ပို့ ထားပါတယ်။ အီးမေးလ်ထဲ့မှာ ဖုန်းနံပါတ် ပါဝင်ပါတယ်။ သေချာရှာကြည့်ပါ။ အပေါ်ဆုံးလောက်မှာ ပါဝင်မှာပါ။

၃) ကဲ့ အခုတော့ ဖုန်းနံပါရသွားတော့ ဟုတ်ပြီဗျ။ ကွန်ပျူတာမှာ အဲ့ဒီဖုန်းနဲ့ အဝင်ခေါ်ဆိုမှုတွေ လက်ခံနိုင်အောင် Express Talk ဆိုသော Soft Phone လေး တပ်ဆင်ရပါမယ်။
Express Talk ကို http://download.cnet.com/Express-Talk/3000-2349_4-10400187.html?tag=mncol;1  မှာ သွားရောက် ဒေါင်းလုပ်ခ်ရယူနိုင်သလို အခြား အဆင်ပြေရာ လင့်ခ်များကိုလည်း အင်တာနက်က ရှာဖွေနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 6MB ကျော်ကျော်ပဲ ရှိတာပါ။

ဆော့ဝဲလ်ကို Install ပြုလုပ်ရတာ မခက်ပါဘူး။ SIP Setup ရောက်မှ “Yes, I already have a SIP account” 
ဆိုတာလေးကို ရွေးပြီး ကိုယ်ရထားသော SIP အချက်လက်တွေကို ထည့်သွင်းလိုက်ပါနော်။


အသေးစိတ်အချက်လက်တွေကို ပုံနှင့်တကွ သိချင်ရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်လေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖိုင်ဆိုဒ်က နည်းပါတယ်။ 617KB ပဲရှိပါတယ်။



Download 



Posted By

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment