Saturday, March 15, 2014

US မှာပဲ အသုံးပြုလို့ရသော Google Voice ကို မည့်သည့်နိုင်ငံက မဆို အသုံးပြုခြင်း

















ကျွန်တော် ဒီ အကြောင်းလေးရေးမယ် ရေးမယ်နဲ့ အတော်ကြာအောင် မရေးဖြစ်ပါဘူး။

အခုမှပဲ ရေးဖြစ်သွားတာ နောက်ကျသွားတာမို့ ခွင့်လွတ်ပါနော်။

ကဲ့ Google Voice ကို ဘယ်လိုအသုံးပြုရမှာလဲ?

မိတ်ဆွေကသာ US မှာ နေထိုင်သူဖြစ်ပါက၊ နောက် မိတ်ဆွေဆီမှာ Google Email ( Gmail ) Account တစ်ခုရှိပါက Google Voice Service ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ Google Voice မှာ ဖုန်းနံပါတ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ထို့အပြင် ထိုဖုန်းနံပါတ်ဖြင့် US, Canada နှစ်နိုင်ငံကို Free Call, Free Message တွေ ကြိုက်သလောက် ပို့နိုင်မှာ ဖြစ်ပါတယ်။

US, Canada က ရိုးရိုး အိမ်ဖုန်း၊ မိုဘိုင်းလ်ဖုန်းများကို တရားဝင် ကြိုက်သလောက်ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး Google Voice Number ကိုလည်း ကြိုက်သည့်နိုင်ငံက ဖုန်းအဝင်၊ မက်ဆေ့အဝင်များကို ဖရီးလက်ခံနိုင်ပါတယ်။

ဘယ်လောက်မိုက်လဲနော့်။ ကျွန်တော့်လိုမျိုး တောထဲမှာ ဖုန်းမရှိပဲ၊ အင်တာနက်ပဲ ရတဲ့လူတွေကတော့ အကြိုက်ပဲ။

အခုဆိုရင် ကျွန်တော် အဲ့ဒီ Google Voice Number နဲ့ Viber တွေတောင် ဖွင့်ထားပြီးပြီဗျ။



- ပထမဆုံး ကျွန်တော်တို့လိုအပ်တာက US Phone Number တစ်ခုပဲ ဖြစ်ပါတယ်။ တကယ့်ဖုန်းအစစ်လိုမျိုး အဝင်ခေါ်ဆိုမှုလက်ခံနိုင်သော ဖုန်းဖြစ်ရပါမယ်။

အဲ့ဒီအတွက် US Free Phone Number ရယူပုံကို ကျွန်တော် မနေ့က Tutorial ရေးထားပါတယ်။ PDF File လေးကို ဒီနေရာလေးမှာ   ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။


- ကွန်ပျူတာမှာ US Softphone လေးကို ရှိထားရင် ဒုတိယ လိုအပ်ချက်က ကိုယ်က US မှာ နေထိုင်သူမဟုတ်တာကြောင့် IP ကျော်သော ဆော့ဝဲလ်လိုအပ်ပါတယ်။

အဲ့ဒီအတွက် ကျွန်တော်က ဖရီးလည်းရ၊ အဆင်လည်းပြေသော HotspotShield   ကို အသုံးပြုပါတယ်။ http://hotspotshield.com/  မှာ တိုက်ရိုက်ဒေါင်းလုပ်ချနိုင်ပါတယ်။


- ကွန်ပျူတာမှာ အသုံးပြုသော ဘလောက်ဇာကို History Clear လုပ်လိုက်ပါ။ အဲ့ဒါရေးကြီးပါတယ်။


- ကွန်ပျူတာမှာ အင်တာနက် လိုင်း အတော်သင့်ကောင်းဖို့လိုအပ်ပါတယ်။ Download Speed အနည်းဆုံး 20Kbs လောက်ရှိရင်ရပါတယ်။ ကျွန်တော်မှာတော့ ည ၁၂ လောက်မှ အဲ့လို Speed ရတာပါ။ မိတ်ဆွေတို့ မြို့မှာ နေထိုင်လို့ကတော့ နေ့ဘက်တွေမှာလည်း အဲ့လောက် Speed ရှိလောက်ပါတယ်နော့်။


- ကွန်ပျူတာမှာ US အဝင်ခေါ်ဆိုမှုရသော ဖုန်းကို ဖွင့်ထားပါ။ Express Talk Software ကို ဖွင့်ထားဖို့ ပြောတာပါ။


- HotspotShield  ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ ဆာဗာနဲ့ သွားချိတ်ပါတယ်။ ခဏလောက် စောင့်ပြီးပါက ဆာဗာနဲ့ ချိတ်မိသွားပြီး HotspotShield ဆော့ဝဲလ်လေး အစိမ်းရောင်လေး ဖြစ်သွားပါက ကွန်ပျူတာက US Sever ကို ချိတ်မိသွားတယ်လို့ ဆိုလိုပါတယ်။

စမ်းသပ်ဖို့ ဆိုရင် ကွန်ပျူတာ ဘလောက်ဇာ တစ်ခုခုမှာ www.google.com လို့ရိုက်ထည့်လိုက်ပါ။ မြန်မာမှာ နေထိုင်သူများ ဖြစ်ပါက www.google.com.mm ကို မရောက်ပဲ ဟိုးအရင်က အသုံးပြုဖူးသော Google Server www.google.com ကို တိုက်ရိုက်ရောက်သွားရင် အဆင်ပြေပါပြီ။


- Google Voice ကို စမ်းသပ်ဖို့ Gmail မှာ ပြဿနာ နည်းနည်းရှိတယ်ဗျ။ ကိုယ်အသုံးပြုမည့် အီးမေးလ်က အနည်းဆုံး ၃၊၄ ရက်လောက် မသုံးထားသော အီးမေးလ် ဖြစ်ရပါမယ်။ နောက်မို့ဆိုရင် အရင်နေ့က မြန်မာက အသုံးပြုတယ်၊ အခု US က သုံးမည်ဆိုပါက Google က မိမိကို မယုံကြည်တော့ပဲ အကောင့်ကို Security Question တွေမေးတက်ပါတယ်။ တကယ်က Google Voice ကို စမ်းသပ်မည့် အီးမေးလ်က အသစ်ဖွင့်လိုက်သော အကောင့်က အဆင်ပြေဆုံး ဖြစ်ပါတယ်။ နောက်မို့ဆိုရင် အကောင့် Lock ကျတက်တယ်ဗျ။ Primary Email တွေဘာတွေ ဖြည့်စွက်ရမှာ တွေ ဖြစ်တက်တယ်နော်။ သတိသာ ထားပြီး ချပေါ့ဗျာ။ ကျွန်တော်လည်း အခုလက်ရှိသုံးနေသော အီးမေးလ်ကို မသုံးဘူးဗျ။ အကောင့်အသစ်နဲ့ သုံးတာ။


- အကုန်လုံး အဆင်သင့် ဖြစ်ပါက ကွန်ပျူတာ ဘလောက်ဇာမှာ https://voice.google.com ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Google Voice Sing In Page ကို ရောက်သွားမှာ ဖြစ်ပြီး၊ Google Voice အသုံးပြုမည့် Gmail ဖြင့် အကောင့်ကို ဝင်လိုက်ပါ။


- Google Voice Setup ကို တန်းရောက်သွားပါတယ်။ အဲ့မှာ I want a new Number ဆိုတာလေးကို ရွေးလိုက်ပါ။ အဲ့လိုမျိုး မပေါ်ပါက Google Voice အောက်ဘက်နားမှာ Get a Number ဆိုတာလေးကို ကလစ်လိုက်ရင်လည်းရပါတယ်။ နောက် တစ်ဆင့်အနေနဲ့ကတော့ ကိုယ်ရရှိထားသော ဖရီး US Phone Number ကို ရိုက်ထည့်ရမဲ့ အလှည့်ဖြစ်ပါတယ်။ Country Code မလိုအပ်ပါဘူး။ ဖုန်းနံပါတ် သီးသန့်ရိုက်ထည့်လိုက်ပြီး Next လိုက်ပါ။ နောက် တစ်ဆင့်က ကိုယ့်ဆီကို ဖုန်းခေါ်ဖို့ အတွက် Call Me ဆိုတာလေးကို ကလစ်နှိပ်ပါ။ အဲ့ဒီ စာမျက်နှာမှာ နံပါတ်နှစ်လုံးပေးထားပါတယ်။ Google က မိမိကို ဖုန်းခေါ်တာကို လိုက်ခံပြီး Key Pad က အဲ့ဒီနံပါတ်ကို ရိုက်ထည့်လိုက်ပါ။ တစ်ခါတစ်လေ ဖုန်းက လိုင်းကျသွားရင်တော့ နောက် တစ်ကြိမ် ပြန်ခေါ်ပြီး အဲ့ဒီ နံပါတ်လေးကို မှန်ကန်အောင် ရိုက်ထည့်လိုက်ပါ။ အဆင်ပြေသွားပါ Zip Code တွေ ဘာတွေ ဖြည့်စွက်ရသော ဖုန်းနံပါတ် ရှာဖွေသော နေရာသို့ရောက်သွားပါတယ်။ အဲဒီနေရာမှာ ပထမအကွက် Zip Code နေရာမှာ 201 လို့ရိုက်ထည့်ပြီး Search Phone Number ကို ကလစ်လိုက်နော့်။ 201 နဲ့မရရင် 202,203,.... အစသဖြင့် လိုက်ရှာနိုင်ပါတယ်။ အဲ့ဖုန်းနံပါတ်ရှာတွေသွားရင်တော့ ကိုယ်ကြိုက်ရာ နံပါတ်ကို ရွေးလိုက်ရုံပါပဲ။


- အဲ့လိုမျိုး Google Voice က ဖုန်းနံပါတ်ရှိသွားရင်တော့ Google Voice စာမျက်နှာမှာ မိမိ Google Voice Phone Number ကို မြင်တွေ့နိုင်သလို အရင် ပုံစံနဲ့ မတူတော့ Call, Message စသော နေရာလေးတွေလည်း ပိုလာတာကို တွေ့နိုင်ပါတယ်။ Call ဆိုသော နေရာကနေပြီး ဖုန်းခေါ်နိုင်မှာ ဖြစ်ပြီး Message ဆိုသော နေရာက SMS တွေ ပို့နိုင်ပါတယ်။ Gmail မှာလည်း ဖုန်းခေါ်ဆိုနိုင်သော ဖုန်းပုံစံလေး တစ်ခု ပိုပါလာပါတယ်။


- ကဲ့ စမ်းသပ်လိုသူများ စမ်းသပ်အသုံးပြုကြပေါ့နော့်။ တစ်ခုတော့ရှိတယ်ဗျ။ GV က US IP ဖြစ်မှ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုလိုသည့် အချိန်တိုင် IP ကျော်ရတာ တစ်ခုပဲ တိုင်ပတ်ပါတယ်။



အားလုံး အဆင်ပြေပါစေနော့်....



Posted By

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

0 comments:

Post a Comment