Thursday, February 6, 2014

ဘလော့ဂ်မှာ ကိုယ့်ဆီကို အီးမေးလ်ပို့နိုင်သော Gadget လေးထည့်သွင်းခြင်း





















အခု Gadget လေးကတော့ ဘလော့ဂ်မှာ တပ်ဆင်သင့်သော Gadget လေးတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော့် ဘလော့ဂ်မှာ တပ်ထားပါတယ်။

ဟုတ်တယ်လေ မိတ်ဆွေ ဘလော့ဂ်ဂါတို့ပဲ စဉ်းစားကြည့်လေ။ ဘလော့ဂ်ကို လာကြည့်တဲ့လူတစ်ယောက်က ကိုယ့်ဆီကို ဆက်သွယ်ချင်တယ်ဆိုရင် ကိုယ့်အီးမေးလ်ကို လိုက်ရှာရမယ်။ နောက် သူ့ အီးမေးလ်ကို ဖွင့်ပြီး ကိုယ့်ဆီကို အီးမေးလ်ရေးရမယ်။ နည်းနည်း အဆင့်များသွားတာပေါ့။

အခုလိုမျိုးလေး ဘလော့ဂ်မှာ တပ်လိုက်တော့ တကယ်လို့များ ဘလော့ဂ်ကို လာကြည့်သူတစ်ယောက်ယောက်က ကိုယ့်ဆီကို အလွယ်လေး စာပို့လို့ရတာပေါ့ဗျာ။

ပို့လိုက်သော စာကတော့ ဘလော့ဂ်ကို ပိုင်ဆိုင်သော၊ ဘလော့ဂ်ကို ရေးသားသော Author တွေ အားလုံးကို ပို့ပေးမှာ ဖြစ်ပါတယ်။

အဲ့ဒီ Gadget လေးက တပ်ရတာ လွယ်ကူပါတယ်။ ဘာ Java Script မှ မလိုပါဘူး။

Blogger မှာ အော်ရဂျင်နယ်လ်ပါဝင်ပါတယ်။

ကျွန်တော်ကတော့ မနေ့ကမှ ဒီ Gadget လေးကို တွေ့မိတာပါ။


ဘလော့ဂ်မှာ အဲ့လိုမျိုး Gadget လေးတပ်ချင်ရင်


>>  www.blogger.com မှာ မိမိအကောင့် ဖြင့်ဝင်ရောက်ပါ။

>> Dashboard ကို သွားပါ။

>> Layout ကို သွားပါ။

>> ကိုယ်တပ်စေချင်သော နေရာမှာ Add Gadget လေးကို ကလစ်လုပ်ပါ။

>> Gadget Windows တက်လာပါတယ်။ အဲ့မှာ ပါဝင်တာ သုံးခုရှိပါတယ်။

Basic
More Gadgets
Add your own

ဆိုပြီးတော့ပါ။

More Gadgets ဆိုတာလေးကို ကလစ်တစ်ချက်နှိပ်ပါ။

ကျွန်တော့်ဆီမှာတော့ အပေါ်ဆုံးမှာ မြင်ရပါတယ်။ Contact Form ဆိုသော Gadget လေးပဲ ဖြစ်ပါတယ်။

စာအိပ်ပုံစံလေးနဲ့ပဲ ဖြစ်ပါတယ်။

သူ့ကို ကလစ်တစ်ချက် နှိပ်ပါ။


Contact Form ဆိုသော စာသားနေရာမှာ ကိုယ်ကြိုက်ရာ တစ်ခုခုရိုက်ထည့်နိုင်ပါတယ်။

ပြီးရင်တော့ Save Buttom လေးကို ကလစ်လုပ်လိုက်ရင် ကိုယ့်ဘလော့ဂ်မှာ လိုချင်သော Gadget လေးကို တပ်ဆင်ပြီးသွားပြီ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ Layout မှာ Save arrangemet ကို ကလစ်လုပ်လိုက်ပါ။


အဆင်ပြေပါစေနော်.........



<< HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment