Monday, February 10, 2014

ပရိတ်ရွတ်ဆိုခြင်း အကျိုးကျေးဇူးနှင့် ရှိသင့်သည့် အင်္ဂါရပ်များ


















(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)


(မေး) (ပရိတ်ရွတ်ရာ၌)
အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(ဦးမောင်ဦး-တောင်ငူ)


(ဖြေ) ပရိတ်တရားတော်များသည် ရွတ်ဖတ်နာယူဖို့ရန် အဓိကဖြစ်ပါသည်။ ရွတ်ဖတ်နာယူရာ၌ပင် ရွတ်ဖတ်သူ၏အင်္ဂါနှင့် နာယူသူ၏တို့အင်္ဂါများ သတ်မှတ်ရာတွင် အင်္ဂါတခုအနေဖြင့် ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုရမည်ဟု ပါရှိသဖြင့် ရွတ်ဖတ်မှသာ ပရိတ်အကျိုးတရား အပြည့်အဝ ရနိုင်ပါသည်။ စိတ်ဖြင့် (နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့်) တရားနှလုံးသွင်း ဆင်ခြင်သော မနောကံကုသိုလ် ဖြစ်ပါသည်။
ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုပါလေ။

ရွတ်ဖတ်သူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။
(၂) အနက် အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။
(၃) ပရိတ်နာယူသူတို့အပေါ် မေတ္တာကရုဏာရှိခြင်းတို့ ဖြစ်ပါသည်။

နာယူသူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပဥ္စာနန္တရိယကံကြီး ၅-ပါးမှ လွတ်ကင်းခြင်း။
(၂) နိယတမိစ္ဆာဒိဋ္ဌိ အယူမှား မရှိခြင်း။
(၃) ပရိတ်တရားတော်ကို အလေးအနက် ယုံကြည်ခြင်းတို့ ဖြစ်သည်။
ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံမှ ပရိတ်တန်ခိုးတော် ထက်မြက်ပါသည်။
...................................

မင်္ဂလာသတင်းစဉ် မှ ကူးယူဖော်ပြသည်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment