Wednesday, January 15, 2014

Group Ploicy ကို လေ့လာရအောင်














ကျွန်တော် Group Policy အကြောင်းရေးမယ်ရေးမယ်နဲ့ စဉ်းစားနေလိုက်တာ အခုမှပဲ ရေးဖြစ်တော့တယ်။

Group Policy ဆိုတာ ဝင်းဒိုးစ်စနစ်တွေမှာ စနစ်ပိုင်းဆိုင်ရာ ညွှန်ကြားချက်များကို ထိန်းချုပ်သော နေရာတစ်ခုပဲ ဖြစ်ပါတယ်။

အတော်များသော ကွန်ပျူတာ စနစ်ပိုင်းကျွမ်းကျင်သူများ လက်တွေ့အသုံးများဆုံးသော လက်နက်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

ကွန်ပျူတာကို အခြေခံရှိပြီး စနစ်ပိုင်းဆိုင်ရာ လေ့လာသူများအတွက် အလွန်ကို အဆင်ပြေသော Windows OS System Tool တစ်ခုပဲ ဖြစ်ပါတယ်။

သူက အသုံးပြုရတာ သိပ်မခက်သလို Registry Editor လိုမျိုးလည်း အန္တရယ် သိပ်မရှိပါဘူး။

Registry Editor ဆိုတာလည်း ကွန်ပျူတာ စနစ်ကို ထိန်းချုပ်နိုင်ပေမဲ့ အမှားမခံပါဘူး။ အနည်းငယ်မှားယွင်းမှုရှိပါက ကွန်ပျူတာ စနစ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ပျက်စီးသည်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

Group Policy ကတော့ အဲ့လောက်ထိ အန္တရယ်မများပဲ ကွန်ပျူတာ စနစ်ကို ထိန်းချုပ်နိုင်ပါတယ်။

သူ့ဆီမှာ ရှိသော အချက်အလက်တစ်ခုခုကို ပြုပြင်လိုက်လို့ အဆင်မပြေပါက ချက်ခြင်း အဆိုပါအချက်အလက်ကို ပြန်လည်ပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

နောက် ကွန်ပျူတာ စနစ်ပိုင်းဆိုင်ရာ ပျက်သွားသည့်အထိ ပြုပြင်နိုင်တာမျိုး မရှိပဲ ကွန်ပျူတာ စနစ်မှ အရေးပါသော Control Panel, Task Manager စသော Tools များကို ဖျောက်ခြင်း၊ ကွန်ပျူတာကို ပိတ်မရအောင် Shutdown Buttom ကို ပိတ်ထားခြင်း စသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါတယ်။

ရှင်းရှင်း ပြောရရင် Group Policy ဆိုတာက ဝင်းဒိုးစ်စနစ်ပိုင်းမှာ ပါဝင်သော အချက်လက်များကို လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်သော လက်နက်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကဲ့ ကျွန်တော် ရေးသားထားသော Group Policy စာအုပ်လေးကို လိုချင်ရင် ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 477 KB ပဲ ရှိပါတယ်။



Download 



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment