Wednesday, January 15, 2014

Andriod ဖုန်း ဗီဒီယို ကာရာအိုကေ စာတန်းထိုး နှင့် Video တည်းဖြတ်ချင်တယ် ဆိုရင်



















Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် VideoShow Pro  လေး တင်ပေး လိုက်တာပါ။ VideoShow Pro က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့  ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊ နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။

 VideoShow Pro နဲ့ ကာရာအိုကေစာတန်းထိုးတာအရမ်းလွယ်တာမို့ အချိန်လည်း သိပ်မရတာကြောင့် စာတန်းထိုး နည်းလေး မတင်တော့ဘူးနော်။ ဆော့ဝဲလ်လောက်ပဲ တင်ပေးလိုက်တော့မယ်။ ကျနော်အစမ်း စာတန်းထိုးပြထားတဲ့ ဗီဒီယိုဖိုင်ပါ တင်ထားပေးပါတယ်။ အောက်မှာနမူနာ ကြည့်နိုင်ပါတယ်။ Andriod Version 2.2 အထက်တွေမှာ အသုံးပြုလို့ရပါတယ်။

ဖုန်းဆောဝဲ ဖြစ်တာမို့ကွန်ပြူတာလို အားလုံး ဖန်တီးလို့မရပေမဲ့ အတိုင်းတာ တခုထိတော့ တည်းဖြတ်လို့ အဆင်ပြေပါတယ်။ ဖုန်းထဲမှာပဲ ဗီဒီယိုတွေ ကိုယ်တိုင်ရိုက် ဖုန်းမှာပဲပြန်တည်းဖြတ် အရမ်းကို အဆင်ပြေပါ တယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးကြည့်ပြီးမှ တင်ပေးလိုက်တာပါ။ VideoShow Pro - Video Editor က Playstore မှာ US$0.99 ပေးဝယ်ရပါတယ်။

ကျနော့်ဆိုဒ်မှာ Free ဒေါင်းယူနိုင်ပါပြီ။ နောက်ဆုံးထွက် Version ဖြစ်တဲ့ v2.2.7 ကို တင်ပေးလိုက်တာပါ။ စိတ်ဝင်စားရင် အောက်ကလင့်မှာ စိတ်ကြိုက်ဒေါင်းယူနိုင်ပါပြီ။ 



ဒီနေရာမှယူပါ    

ဒီနေရာမှာယူပါ-၂   



ကိုမြတ် ( BE-MC )   http://mcmyatkyawthu.blogspot.com/

0 comments:

Post a Comment