Saturday, June 22, 2013

Recuva File Recovery Software + အသုံးပြု​နည်း
















Recuva File Recovery Software ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကွန်ပျူတာမှာ မှားယွင်းစွာ ဖျက်လိုက်မိသော ဖိုင်တွေကို ပြန်လည်ရှာဖွေပေးမည့် ဆော့ဝဲလ်ကောင်းလေးပဲ ဖြစ်ပါတယ်။

ဆော့ဝဲလ်က ဖရီးရပါတယ်။

http://www.piriform.com/recuva မှာ ဖရီးသွားရောက် ဒေါင်းနိုင်ပါတယ်။

ကျွန်တော် ဆော့ဝဲလ်က ဘယ်လောက်အလုပ်လုပ်လည်းဆိုတာကို စမ်းသပ်ထားမိပါတယ်။

ဘယ်လောက်များ ဖိုင်တွေကို ပြန်ရှာနိုင်လဲဆိုတာပါ။

ကျွန်တော် စမ်းကြည့်ရသလောက်တော့ ဖိုင် အတော်များများကို ပြန်ရှာပေးနိုင်တာကို တွေ့မိပါတယ်။

၁၀၀ ရာခိုင်နှုန်းတော့ အာမခံလို့မရပါဘူး။

တစ်ချို့သော ဖိုင်တွေဆိုရင် ပြန်လည်းဆည်ယူလို့မရတာမျိုးကို တွေ့နိုင်ပါတယ်။

ကျွန်တော် စမ်းတာလေးကို လိုချင်ပါက အောက်မှာ ဒေါင်းနိုင်ပါတယ်။

ဖိုင်ဆိုဒ် 500 KB လောက်ပဲ ရှိပါတယ်။

ဆော့ဝဲလ်ကို ကွန်ပျူတာမှာ တင်သုံးတာ ၊ နောက် ဖိုင်လေးတွေ ပြန်လည်ရှာဖွေတာလေးတွေ နည်းနည်းစမ်းထားတာလေးပါ။


Download Tutorial

**  ကိုကိုဇော် ( BE-EC )

1 comment:

  1. Download Link is fail, so you can download this link :::: http://www.solidfiles.com/d/9b0c88a4ee/

    ReplyDelete