Sunday, June 2, 2013

Format Factory Software တင်နည်း အသုံးပြုနည်း






















Format Factory Software ကတော့ ကွန်ပျူတာ အသုံးပြုမှုများတွင် ပါဝင်သော ဗွီဒီယို၊သီးချင်း၊ဓါတ်ပုံဖိုင်တွေကို တစ်ခုကနေပြီး နောက်ဖိုင်ပုံစံ တစ်ခုသို့ ပြောင်းချင်သော အချိန်မှာ အသုံးပြုသော ဆော့ဝဲလ်ပါ။

File Converting Software အမျိုးအစားပါ။

ဒီလိုမျိုးဆော့ဝဲလ်တွေက ကွန်ပျူတာ အသုံးပြုသူများအတွက် လိုအပ်သော ဆော့ဝဲလ်အမျိုးအစားပါ။

စျေးကွက်မှာ ဝယ်ယူလိုရသော သီချင်း၊ဗွီဒီယို အခွေတွေက ကွန်ပျူတာ ၊ EVD Player တို့မှာ ကောင်းမွန်စွာဖွင့်နိုင်သော်လည်း MP3 Player , MP4Player and Portable Media Player တွေမှာတော့ အဲ့လို အခွေမျိုးတွေကို ဖွင့်နိုင်ခြင်းမရှိပါဘူး။

နောက် အင်တာနက်မှာရလာသော Flash Video Files တွေကိုလည်း အများသူတွေ အသုံးပြုလို့ရအောင် ဖိုင်တွေကို ပြောင်းလဲနိုင်တာပေါ့ဗျာ။

ကွန်ပျူတာဆိုတာက ဖိုင်များစွာကို ဖွင့်နိုင်သော စက်ဖြစ်သော်လည်း ကျွန်တော်တို့ အပြင်ဘက်မှာအသုံးပြုနေသော စက်လေးတွေက ကွန်ပျူတာလိုမျိုး မဟုတ်ပဲ သူတို့စက်က ဖွင့်နိုင်သော ဖိုင်ပုံစံက သက်သက်တည်ရှိပါတယ်။

ကွန်ပျူတာ စနစ်က ဖိုင်တွေကို ဖွင့်နိုင်ဖို့ စိတ်ကြိုက်ဆော့ဝဲလ်တွေ တင်နိုင်ပေးမဲ့ အခြားသော အီလက်ထရော့နစ်စက်တွေက သူနဲ့သက်ဆိုင်သော ဖိုင်တွေကိုပဲ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။
File Extension တွေကို တစ်ခုကနေ နောက်တစ်ခုသို့ ပြောင်းလဲသော ဆော့ဝဲလ် အမျိုးအစား တစ်ခုဖြစ်ပါတယ်။

File တွေကို ပြောင်းလဲနိုင်တာက

Video >> Video : Video File တစ်ခုကနေ နောက် ကိုယ်လိုအပ်သော Video File တစ်ခုသို ပြောင်းနိုင်ပါတယ်။

Video >> Music : Video File တစ်ခုကနေ သီချင်း အသံတစ်ခုသာ ပါဝင်သော ဖိုင်သို့ ပြောင်းနိုင်ပါတယ်။

Music >> Music : Music File ပုံစံ တစ်ခုကနေပြီး နောက် ကိုယ်လိုအပ်သော Music File ပုံစံတစ်ခုသို့ ပြောင်းလဲနိုင်ပါတယ်။

Photo >> Photo : ဓါတ်ပုံဖိုင်တစ်ခုကနေ နောက် ဓါတ်ပုံဖိုင်ပုံစံ တစ်ခုသို့ ပြောင်းလဲနိုင်ပါတယ်။

အပေါ်က ပုံစံအတိုင်း ဖိုင်တွေကို တစ်ခုကနေ နောက်တစ်ခု သို့ပြောင်းလဲနိုင်ပါတယ်။

တကယ်က ဆော့ဝဲလ် အသုံးပြုရတာ လွယ်ကူပါတယ် ခက်ခဲမှု မရှိပါဘူး။ တကယ်တမ်း သိရမှာ က ဘယ်လို စက် အမျိုးအစားတွေက ဘယ်လိုမျိုး ဖိုင်တွေကို ဖတ်တယ်ဆိုတာပါပဲ။

စက်တိုင်းမှာ ဖွင့်နိုင်သော Music File ဆိုရင် *.mp3

MP4 , Phone တွေမှာ ဖွင့်နိုင်သော ဗွီဒီယိုဖိုင်တွေဆိုရင် *.3gp , *.mp4 , *.avi

Photo ဖိုင်ဆိုရင် *.jpg , *.jpeg   အစရှိသလိုမျိုး ဖြစ်ပါတယ်။

ဆော့ဝဲလ်ကို မူရင်းလင့် http://www.pcfreetime.com မှာ ဖရီးဒေါင်းနိုင်ပါတယ်။

အခုတော့ဆော့ဝဲလ်က ဗားရှင်း ၃ ကျော်ကျော်ထွက်နေပါပြီ။ အသုံးပြုလို့အတော်ကို ကောင်းသောဆော့ဝဲလ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော် သူ့အကြောင်းလေးကို နည်းနည်းရေးထားမိပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ကျွန်တော် ဒေါင်းဖို့ပေးထားပါတယ်။

ကျွန်တော် ရေးထားတာကတော့ ဆော့ဝဲလ်ကို ကွန်ပျူတာမှာတပ်ဆင်တာ၊ နောက် ဆော့ဝဲလ်ကို အသုံးပြုတာ နည်းနည်းပါးပါးပါပဲ။

စာအုပ်ဖိုင်ဆိုဒ်ကတော့ 4.7 MB လောက်ရှိပါတယ်။

Download  


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment