Saturday, April 27, 2013

DATA STORAGE သမိုင်း


















Data Storage ၁​၉​၅​၆ လောက်​က IBM ကုမ္ပဏီ​က​နေ RAMAC 305 ဆို​တဲ့ ကွန်ပျူတာ​ကြီး​ကို ထွင်​တယ်။ ​ဟာ့​ဒ်​ဒ​စ်​သုံး​တဲ့ ပထမ​ဦး​ဆုံး ကွန်ပျူတာ​လို့ ပြော​နိုင်​တယ်။ အလေး​ချိန်​က တစ်​တန်​ကျော်​လောက် ရှိ​တယ်။ ​၂​၄ လက်မ disk ပေါင်း ​၅​၀ ချပ်​လောက်​နဲ့ run ရ​တယ်။ မတ်​တပ်​ဗီရို​ကြီး တစ်​လုံး​စာ​လောက် ထောင်ထား​တဲ့ ကွန်ပျူတာ​နဲ့ ဒီ​ခေတ်​နှိုင်းယှဉ် လိုက်​ရင် ကလေး​ကစား​စရာ​လောက် ဖြစ်​သွား​မယ်။ အဲ​ဒီ disk တွေ​ပေါ်​မှာ မောင်း​တံ (arm) နှစ်​ခု​စီ​ရှိ​ပြီး မှတ်တမ်း တင်​ထား​တဲ့ track တွေ​ကို လိုက်​ပြီး ဖတ်​ပေး၊ ရှာ​ပေး​တယ်။ အားလုံး စက်​တစ်​လုံး​ကို မောင်း​နှင်​ရ သ​လို​မျိုး မောင်း​နှင်​ပေး​ရ​တယ်။ စုစုပေါင်း အဲ​ဒီ ကွန်ပျူတာ​ကြီး​ထဲ​မှာ သို​လှောင် (storage) လုပ်​နိုင်​တဲ့ ပမာဏ​ဟာ 7-bit character ပေါင်း လုံး​ရေ ​၅ သန်း၊ ပမာဏ​အား​ဖြင့် တွက်​ရင် (4.4 MB) လောက်​ပဲ​ရှိ​တယ်။

၁​၉​၆​၂ ခု​နှစ်​လောက်​ရောက်လာ​တော့ IBM က​ပဲ IBM 1311 ကို ထပ်​ထုတ်​တယ်။ ဒီ​တစ်​ခါ storage လုပ်​တဲ့ disk တွေ​ကို ပြောင်းရွှေ့​ထုတ်​သွင်း​လို့ ရ​လာ​ပြီ။ အဲ​ဒီ disk ပြား​တစ်​ပြား​ကို character ပေါင်း ​၂ သန်း​လောက် သိမ်းထား​နိုင်​တယ်။ ကိုယ်​သုံး​ချင်​တဲ့ application တွေ​ကို သီးခြား disk တစ်​ချပ်​ချင်း​စီ​မှာ သိမ်းထား​နိုင်​တဲ့ အဆင့်​ကို ရောက်လာ​တယ်။
ထ​ရန်စ​စ္စ​တာ နည်း​ပညာ​က ယခင်​မီး​လုံး​ကြီး​တွေ (vacuum tube) နည်း​ပညာ​နေရာ​ကို အစားထိုး​လိုက်​တယ်။ ကွန်ပျူတာ​ဟာ့​ဒ်​ဝဲ အပိုင်း​ကို ထ​ရန်စ​စ္စ​တာ​တွေ​နဲ့ လျှော့​ချ​လို့ ရ​လာ​တော့ အရွယ်​အစား​လည်း လိုက်​သေး​လာ တယ်။ ဈေး​လည်း သက်သာ​လာ​တယ်။

IBM 3330 ကွန်ပျူတာ ​၁​၉​၇​၁ ခု​နှစ် ထွက်​လာ​တယ်။ Disk တွေ​ကို ပြောင်း​ထုတ်​နိုင်​ပြီး တစ်​ချပ်​ကို 100 MB လောက် ဝင်​ဆန့်​လာ​တယ်။ ​၁​၉​၇​၃ ခု​နှစ်​ထုတ် ကွန်ပျူတာ​မှာ disk တစ်​ချပ်​ကို 200 MB လောက် သိမ်း​နိုင် နေ​ပြီ။ သိမ်း​ချိန် access က​လည်း 30 ms နဲ့ data transfer နှုန်း​က 800 kb/s ရ​လာ​တယ်။

၁​၉​၇​၁ ခု​နှစ်​မှာ floppy disk တွေ ပေါ်လာ​တယ်။ Data သို​လှောင်​တဲ့​အပိုင်း မှာ​တော့ တော်​လှန်​ပြောင်းလဲ​လိုက်​တဲ့ နည်း​ပညာ​တစ်​ခု​လို့ ပြော​နိုင်​တယ်။ သေး​ပြီး အိပ်​ဆောင်၊ ခရီး​ဆောင် လုပ်​လို့​ရ​တဲ့ အဆင့် ဖြစ်လာ​တယ်။ အစော​ပိုင်း​ထုတ် floppy disk က ​၈ လက်မ​လောက်​ရှိ​တယ်။ နောက်မှ ​၅ လက်မ​ခွဲ​အရွယ်​တွေ ​၁​၉​၇​၀ နှစ်​ပိုင်း လောက်​မှာ ထွက်​လာ​တယ်။ ​၃ လက်မ​ခွဲ အရွယ်​တွေ​က ​၁​၉​၈​၀ နှစ်​ပိုင်း​လောက်​မှ ရောက်လာ တာ။

IBM 3380 ကွန်ပျူတာ ​၁​၉​၈​၀ လောက်​မှာ ထွက်​လာ​တယ်။ အဲ​ဒီ မိန်း​ဖ​ရိ​န်​ကျ​တော့ drive ၈ ခု လောက်​ပဲ ပါ​တော့​တယ်။ တစ်​ခု​ကို 2.5 GB လောက် သိမ်း​နိုင်​တယ်။ Drive တွေ​မှာ high-performance ကို ရ​တဲ့ cache memory တွေ ထည့်​လာ​နိုင်​ပြီး transfer speed က 3MB/s လောက်​ဖြစ်လာ​တယ်။ ကွန်ပျူတာ​တွေ​ရဲ့ အရွယ် အစား​က​လည်း ရေခဲ​သေ​တ္တာ​လောက် ဖြစ်လာ​ပြီး အလေး​ချိန် ​၅​၅​၀ ပေါင် (၂​၅​၀ ​ကီ​လို​ဂ​ရ​မ်) လောက်​ပဲ လေး တော့​တယ်။ ဈေးနှုန်း​အနေ​နဲ့​ကြည့်​ရင် ဒေါ်လာ ​၆​၄​၈,၀​၀​၀ က​နေ ​၁,၁​၃​၆,၀​၀​၀ လောက်​အထိ​ပဲ ရှိ​တော့​တယ်။

၁​၉​၈​၀ နှစ်​ပိုင်း​လောက်​မှ အိမ်​သုံး​ကွန်ပျူတာ​တွေ ပေါ်လာ​တာ။ အရွယ်​သေး​သေး၊ ဈေး​သက်သက်သာသာ၊ disk-drive တွေ​က​လည်း ဈေး​ကွက်​မှာ ဝယ်​နိုင်​တဲ့ အနေအထား ရောက်လာ​တယ်။ ပထမ​ဦး​ဆုံး သို​လှောင် ​ဟာ့​ဒ်​ဒ​စ်​ပမာဏ​ကို အိမ်​သုံး​မှာ 5MB လောက်​ပဲ ရ​သေး​တယ်။ ​၁​၉​၉​၀ လောက်ကျ​မှ 100 MB လောက်​အထိ သုံး​လာ​နိုင်​တယ်။

၁​၉​၉​၀ နောက်​ပိုင်း​မှာ data storage အပိုင်း အံ့ဩ​လောက်​အောင် တက်​လာ​တယ်။ Floppy disk တွေ နေရာ​မှာ CD-ROM တွေ နေရာ​ယူလာ​တယ်။ CD-ROM တွေ ခေတ်​မှိန်​ပြီး DVD-ROM တွေ ထပ်​ထွက်​ပြန်​တယ်။ နောက်ထပ် Blu-ray တွေ ထပ်​ထွက်​တယ်။ အိမ်​သုံး PC တွေ​မှာ 100 GB လောက်​ဆို​တာ သာမန်​သုံး​လောက် ဖြစ်လာ​တယ်။ ​၂​၀​၀​၅ လောက်​ကတည်းက ပြောင်းလဲ​လာ​တာ​ပါ။ ​၂​၀​၁​၀ ကျ​ပြန်​တော့ 1 terabyte (1 TB) လောက် ရောက်လာ​တယ်။

၂​၀​၀​၀ ပြည့်​နှစ်​ပိုင်း​လောက်​မှာ SD (Secure Digital) ကတ်​တွေ ထွက်​လာ​ပြီ။ အရွယ်​အစား​က​လည်း လက်မ လက်သည်းခွံ​လောက်​ပဲ ရှိ​တော့​တယ်။ ဒ​စ်​ဂျစ်​တယ် ကင်​မ​ရာ၊ ဖုန်း၊ MP3 player တွေ​အပြင် အခြား လက်ကိုင် သုံး​ပစ္စည်း အ​တော်​များ​များ​မှာ ထည့်​သုံး​နိုင်​လာ​တယ်။

နောက်​ပိုင်း Micro-SD ကတ်​တွေ ပေါ်လာ​တယ်။ လက်သည်းခွံ​ထက်​တောင် သေး​သွား​သေး​တယ်။ ၂​၀​၁​၀ လောက်​မှာ ​ဒေ​တာ​တွေ​ကို 32 GB လောက် သိမ်း​နိုင်​တယ်။ အရွယ်​အစား​က​လည်း 11 x 15 mm လောက်​အထိ ​ကျုံ​ ့​သွား​တယ်။ အလေး​ချိန်​က ​၀.​၅ ဂ​ရ​မ်​နဲ့ ဒေါ်လာ ​၁​၀​၀ လောက်​ပေး​ရင် ရ​နိုင်​တယ်။
ကဲ... ကျွန်တော်​တို့ နောက်​အနာဂတ်​ကို မှန်း​ကြည့်​လိုက်​စမ်း​မယ်။ နောက် နှစ်​ပေါင်း ​၃​၀ အ​ကွာ​လောက်​ကို​ပဲ မှန်း​မှာ​ပါ။ ယခု​လက်​ရှိ ကတ်​တွေ​ထက် အဆ ​၃ သန်း​လောက် ပို​သေး​ပြီး၊ အဆ တစ်​သောင်း​လောက် ပို​ဈေး​ပေါ​တဲ့ ပစ္စည်း​တွေ ထွက်​မ​လာ​ဘူး​လို့ မ​ပြော​နိုင်​ပါ​ဘူး။ လူ​တွေ​က အစ​အစ​အရာ​ရာ စိတ်​ဓာတ်​က အစ ​ကျုံ​ ့​နေ​ကြ​တာ မဟုတ်​လား။

အနာဂတ်​မှာ ကွန်ပျူတာ​နဲ့ ပတ်သက်​ပြီး သို​လှောင်​နိုင်​စွမ်း​တွေ​ဟာ ထပ်​ညွှန်း​ကိန်း​တွေ​နဲ့ ယှဉ်​ပြ​လို့​ရအောင် အဆ​တွေ တိုး​လာ​မှာ သေချာ​တယ်။ မ​ကြာ​ပါ​ဘူး။ နောက်ထပ် ရာ​စု​တစ်ဝက်​လောက်​ပဲ စောင့်​ရ​တော့​မှာ​ပါ။ လူ​တွေ​က ပစ္စည်း​တွေ​ကို သေး​အောင်​ချုံ​ ့​ပြီး စွမ်းအား​တွေ​ကို အဆ​တိုး​အောင် လုပ်​လာ​ကြ​မှာ​လည်း သေချာ တယ်။ ကာ​ဗွ​န်​နာ​နို​ကျု ဆို​တဲ့ နည်း​ပညာ​က အစိတ်​အပိုင်း​တွေ​ကို atom-by-atom စီစဉ်​လာ​နိုင်​ပြီ ဆို​တော့ ဆန်စေ့​လေး တစ်​စေ့​လောက်​နဲ့​လည်း အစွမ်း​ထက်​မှာ သေချာ​တယ်။

လူ့​ဦးနှောက်​မှာ မှတ်​ဥာ​ဏ်​သိမ်းဆည်း​နိုင်​စွမ်း​ဟာ သုံ​ည​နဲ့ တစ်​ဆယ်​ကြား သူ့ အကန့်​အသတ်​နဲ့ သူ ရှိ​နေ​တယ်။ အကြမ်း​ဖျင်း ပြော​ရ​ရင် 3 terabytes လောက် သိမ်းဆည်း​နိုင်​စွမ်း ရှိ​တယ်​လို့ ဆို​တယ်။ နောက်​ပိုင်း ​ဟာ့​ဒ​စ်​တွေ ကို​လည်း အဲ​ဒီ ပမာဏ​အတိုင်း​ရအောင် တီထွင်​လာ​နေ​ကြ​တာ တွေ့​ရ​တယ်။

၂​၀​၁​၁​၁ မှာ 128 GB micro-SD ကတ်​တွေ ထုတ်​တော့​မယ်။ သူ့​ရဲ​ ့pipeline ​က 2 TB လောက်​အထိ ထုတ်​ဖို့ လည်း မ​ဖြစ်​နိုင်​စရာ​အကြောင်း မ​ရှိ​ဘူး။

၂​၀​၂​၀ မ​ကုန်​မီ​မှာ မိုက်​ခ​ရို SD ကတ်​တွေ​ဟာ လူ့​ဦးနှောက်​က သိမ်းဆည်း​ဝင်​ဆန့်​နိုင်​တဲ့ ပမာဏ​အတိုင်း​လောက် ကို ထုတ်​လုပ်​နိုင်​လိမ့်​မယ်​လို့ ခန့်​မှန်း​ထား​ကြ​တယ်။

၂​၀​၃​၀ လောက်​ရောက်​ရင် မိုက်​ခ​ရို SD ကတ်​တွေ​မှာ လူ​သား ဦးနှောက်​ပေါင်း ​၂​၀,၀​၀​၀ လောက်​နီးပါး သို​လှောင်​နိုင်​စွမ်း​တဲ့ မှတ်​ဥာ​ဏ်​မျိုး​ကို ရ​လာ​လိမ့်​မယ်။

၂​၀​၄​၃ လောက်ကျ​ရင် မိုက်​ခ​ရို SD ကတ်​တွေ​မှာ 500 billion gigabytes လောက် သိမ်းဆည်း​လာ​နိုင်​ပြီး ​၂​၀​၀​၉ ခု​နှစ်​က အင်​တာ​နက်​မှာ သိမ်းဆည်း​နိုင်​တဲ့ ပမာဏ​စွမ်းအား​လောက်​ကို ရ​လာ​လိမ့်​မယ်။

၂​၀​၅​၀ လောက်ကျ​ရင် လူ​သားဦး​နှောက် သိမ်းဆည်း​နိုင်​တဲ့ ပမာဏ​ရဲ​ ့ ​သုံး​ဆ​လောက်​ကို မိုက်​ခ​ရို SD ကတ်​တွေ က သိမ်းဆည်း​နိုင်​လိမ့်​မယ်။

အင်​တာ​နက် သုံးစွဲ​သူ​ပေါင်း
၂​၀​၂​၀ လောက်ကျ​ရင် အင်​တာ​နက် သုံးစွဲ​သူ​ပေါင်း 5 billion လောက် ရှိ​လာ​လိမ့်​မယ်။ ၁​၉​၈​၇ ခု​နှစ် က​မ္ဘာ့ လူ​ဦးရေ ခန့်​လောက်​ကို ရှိ​လာ​တာ။ ​၂​၀​၁​၀ မှာ ​၁.​၇ ဘီ​လီ​ယံ​လောက်​ရှိ​လာ​ပြီး ​၂​၀​၀​၀ ပြည့်​နှစ်​က​မှ သန်း ​၃​၆​၀ လောက်​ပဲ ရှိ​သေး​တာ​နဲ့ နှိုင်းယှဉ် ကြည့်​နိုင်​တယ်။

ဖွံ့ဖြိုး​ဆဲ နိုင်ငံ​တွေ​မှာ​ပါ အင်​တာ​နက်​ကို သုံးစွဲ​ခွင့် ရ​လာ​တဲ့​အပြင် ဈေးနှုန်း​က​လည်း သက်သာ၊ နည်း​ပညာ က​လည်း အစွမ်း​ထက်​လာ​တာ​ကြောင့် သုံးစွဲ​သူ​ဦးရေ တိုး​နေ​ဦး​မှာ သေချာ​တယ်။ နောက်​ပိုင်း laptop တစ်​လုံး​ကို ​၁​၀ ဒေါ်လာ​လောက်​နဲ့ ဝယ်​သုံး​နိုင်​တဲ့​ခေတ် ရောက်လာ​လိမ့်​မယ်။ Mobile broadband ကို​ပဲ လူ​တွေ သုံး​လာ​ကြ မှာ​ဆို​တော့ ကြိုး​ရှုပ်​တဲ့​ခေတ် ဖြစ်​စရာ မ​လို​တော့​ဘူး။ ကမ္ဘာ​မှာ အင်​တာ​နက် မ​ရှိ​တဲ့​နေရာ၊ မ​သုံး​နိုင်​တဲ့​နေရာ မ​ရှိ အောင် ကမ္ဘာ​ကြီး​က ​ဖွံ​ ့​ဖြိုး​တိုးတက်​လာ​ပါ​လိမ့်​မယ်။ ရုပ်​ပတ်ဝန်းကျင် ဖွံ့ဖြိုး​တိုးတက်​လာ​သ​လို စိတ်​ဓာတ် တွေ​လည်း ဖွံ့ဖြိုး​တိုးတက်​လာ​ဖို့ မျှော်လင့်​မိ​ပါ​တယ်။

**  Htar Wiae Thar

# ကိုဝင်းဘလော့မှာ ပို့စ်ကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment