Monday, March 4, 2013

Thirty Party Software ဆိုတာ




















ကျွန်တော်တို့ ကွန်ပျူတာလောက မှာ Third Party Software , Third Party Software ဆိုပြီး အသုံးနှုန်းတခုကို ကြားဖူးမှာပါ ။

ကျွန်တော်လည်း သိချင်တာပါပဲ ။

Thirty Party Software ဆိုတာဘာလဲပေါ့နော့် ။

Thirty Party Software ဆိုတာတော့ ကျွန်တော်သိလိုက်ရတာ ရှင်းပါတယ် ။

Operating System ကို ထောက်ပ့ံပေးသော ဆော့ဝဲလ်များဖြစ်ပြီး OS မှာ မူရင်းပါသော ဆော့ဝဲလ်များမဟုတ်သော ဆော့ဝဲလ်များကို ဆိုလိုပါတယ် ။

ကျွန်တော်တို့ OS တခုကို အသုံးပြုလိုက်တာနဲ့ OS နဲ့အတူ ကိုယ်အလွယ်တကူ အသုံးပြုလို့ရသော ဆော့ဝဲလ်များပါ တခါတည်းပါလာတက်ပါတယ် ။

ဥပမာ ။ ။  Windows OS မှာဆိုရင် သီချင်းဖွင့်ဖို့ Windows Media Player , ဖိုင်များကို ဖျက်ဖို့ ကူးဖို့ အတွက် My Computer ( File Explorer ) , Interner ကြည့်ဖို့ Internet Explorer , အစရှိသော ဆော့ဝဲလ်များ တခါတည်းပါလာပါတယ် ။

အဲ့ဒါမျိုးကို First Party Software လို့ခေါ်ပါတယ် ။ System နဲ့အတူ တခါတည်းပါလာသော ဆော့ဝဲလ်ပေါ့ဗျာ ။

Thirty Party Software ဆိုတာတော့ OS ကို မူတည်ပြီး OS က Support လုပ်သော ပြန်တင်ပေးရသော ဆော့ဝဲလ်များကို ဆိုလိုပါတယ် ။

ဥပမာ ။   ။ Windows OS မှာဆိုရင် pdf file များကို ဖတ်လို့မရပါဘူး pdf reader software များ တင်ကာ ဖတ်ရပါတယ်။

နောက် ကျွန်တော်တို့ အများဆုံးအသုံးပြုနေသော Firefox Browser , CCleaner , Photo Shop , Power DVD အစရှိသော ဆော့ဝဲများ အကုန်လုံးသည် Thirty Party Software တွေပဲ ဖြစ်ပါတယ် ။

ဒါဆို Second Party Software ဆိုတာရော မေးလာ စရာရှိလာပါတယ် ။

Second Party ဆိုတာတော့ ကွန်ပျူတာကို အသုံးပြုနေသော ကျွန်တော်တို့ပါပဲ ။

အဓိပ္ပါယ်က ရှင်းပါတယ် OS တွင်ပါလာသော ဆော့ဝဲလ်များကို First Party Software

ကိုယ်က Second Party Software

နောက် ကိုယ်က လိုအပ်ပြီး OS တွင် တင်သုံးလို့ရသော ဆော့ဝဲလ်ကို Thirty Party Software လို့ခေါ်တာပါ ။

မူရင်းဖော်ပြချက်ကို အောက်မှာ ကျွန်တော် ဖော်ပြထားပါတယ် ။


Third party applications are programs written to work within operating systems, but are written by individuals or companies other than the provider of the operating system. For example, Microsoft® systems come packed with several software applications. Of these, any program authored by Microsoft is a first party application. Any program authored by a different company or an individual is a third party application; the same being true for Apple™ and Linux™ systems. In this equation the second party is the user.


**  Htar Waie Thar

0 comments:

Post a Comment