Monday, March 4, 2013

Download and Upload ဆိုတာ


















ကျွန်တော်တို့ အင်တာနက် အသုံးပြုသူများ အနေဖြင့် Download , Upload ဆိုတာကို ကြားဖူးမှာပါ ။

Download ဆိုတာဘာလဲ ?

Download ဆိုတာတော့ ရှင်းပါတယ် ။

ကျွန်တော်တို့ အင်တာနက် ကြည့်ရှု့နေသော Website ကို ကြည့်တာလည်း Download ပါပဲ ။

ကွန်ပျူတာ လောကမှာ ကျွန်တော်တို့ အသုံးပြုနေသော OS များ ၊ Hard Disk Drive များကို Offline သုံးစွဲမှုလို့ အမည်တပ်ပါတယ်။

အင်တာနက်ဆိုတာတော့ World ပေါ့ ။ တကမ္ဘာလုံးမှာ ရှိသော Netowork ချိတ်ဆက်ထားသော ကွန်ပျူတာများကို ဆိုလိုပါတယ်။

သူတို့ဆီမှ Website တခုခုကို ကြည့်ချင်ပါက သူ့ဆီမှာ ရေးသားဖော်ပြထားသော Information များကို Browser Software များကို Download လုပ်ကာ ကျွန်တော်တို့ မြင်တွေ့နိုင်အောင် ပြသပါတယ် ။

အင်တာနက် စာမျက်နှာများကို ကြည့်ခြင်း ၊ File များကို ကိုယ့်ကွန်ပျူတာမှာ ရရှိအောင် မြင်ရအောင် လုပ်သော Process ကို Download လုပ်တာလို့ခေါ်ပါတယ် ။

Download Process မှာ Page များ ကြည့်ခြင်း ၊ ရယူခြင်း အကုန် ပါဝင်ပါတယ် ။


Upload ဆိုတာ ဘာလဲ?

Upload ဆိုတာတော့ အရှင်းဆုံး ပြောရရင် Website များဆိုတာ ကွန်ပျူတာ အသုံးပြုသူများက အင်တာနက်မှာ အများသူများ မြင်တွေ့နိုင်အောင် ပြုလုပ်ထားသော အရာတွေပါပဲ ။

အရှင်းဆုံးပြောရရင်တော့ ကိုယ့်ကွန်ပျူတာကနေ အင်တာနက်ဆိုသော တကမ္ဘာလုံးဆိုင်ရာ Network မှာ တခုခု ( Text , File ) များကို Stroage ပြုလုပ်ခြင်းကို ဆိုလိုပါတယ် ။

ကျွန်တော်တို့ အသုံးပြုနေသော Email ဆိုတာလည်း အင်တာနက် အပေါ်မှာ Upload ပြုလုပ်တာပါပဲ ။

ကွန်ပျူတာတွင် ရှိနေသော Word , Picture များကို Internet အပေါ်ကို ရောက်ရှိအောင်လုပ်သော ဖြစ်စဉ်အကုန်လုံးကို Uploading Process လို့ခေါ်နိုင်ပါတယ် ။


Download ၏ အရှင်းဆုံး ဖြစ်စဉ်မှာ အင်တာနက်တွင် ဖော်ပြထားသော စာများ၊ ဖိုင်များကို ကိုယ့်ကွန်ပျူတာတွင် သိမ်းဆည်းခြင်းဖြစ်ပါတယ် ။

Upload ဆိုတာတော့ Email ပို့ခြင်း ၊ Chatting ၊ File Sharing စတာတို့ပဲဖြစ်ပါတယ် ။သူတို့ အတွက် သက်ဆိုင်ရာ Service များက ကိုယ် ပေးပို့သော Data များကို သိမ်းဆည်းကာ ကိုယ်ရည်ရွယ်ရာ အခြားသူများဆီ ပို့ပေးဆောင်ရွက်ပါတယ် ။



**  Htar Waie Thar

0 comments:

Post a Comment